Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Mar 2, 2010

ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကျင်းပမည်



၂၀၁၀ ပြည့် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရက်တ္တပတ်
အထူးအစီအစဉ် အနေဖြင့် ပြည်တွင်း ကဗျာဆရာများမှ ဦးဆောင်
၍ ပွဲနှစ်ပွဲ ကို နှစ်နေရာ ခွဲ၍ကျင်းပမည် ဖြစ်သည်။

ကဗျာစာအုပ် အထူးရောင်းပွဲနှင့် ရာစုသစ် ဆယ်စုနှစ် ကဗျာ
စာအုပ်ပြပွဲ (၂၀၀၀-၂၀၀၉) ကို ၁၉ ရက်နေ့မှာ ၂၂ ရက်နေ့
အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

စာပေလောက(၅) စာအုပ်ဆိုင်နေရာ၌ မတ်လ ၁၉ ရက်နေ့မှ ၂၂
ရက်နေ့အထိ ကဗျာနှင့် သက်ဆိုင်သူများ အားလုံးပူးပေါင်း ပါဝင်
သည့် (ကဗျာ သရုပ်ဖော် ပန်းချီဆရာ၊ ကဗျာရေးသူ၊ ထုတ်ဝေသူ၊
အယ်ဒီတာ၊ အွန်လိုင်း ကဗျာဆရာများ) ကဗျာ စာတမ်းဖတ်ခြင်း
( တရက်လျှင် ကဗျာစာတမ်း ၇ စောင် )၊ ကဗျာရွတ်ခြင်း (တရက်
လျှင် ကဗျာဆရာ ဆယ်ဦးခန့်)များ ကို ၃ ရက် ကျင်းပမည်ဖြစ်ပြီး။

ကဗျာ၊ လက်ရေးကဗျာပြပွဲကို ပန်းဆိုးတန်း ပန်းချီပြခန်းတွင်
မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကဗျာဆရာများ၏
လက်ရေးမူများကို မှန်ဘောင်သွင်း၍ ခင်းကျင်း ပြသမည် ဖြစ်ပြီး၊
ကဗျာချစ်သူ အမှတ်တရ စုဆောင်း ထားလိုသူများ ဝယ်ယူလိုက
ကဗျာဆရာကိုယ်တိုင် လက်မှတ် ရေးထိုး၍ ရောင်းချပေးသွားမည်
ဟု သိရှိရပါသည်။


နွယ်ဦးသစ်













(အီမေးလ်မှ တဆင့် လက်ခံရရှိမှုကို ထပ်ဆင့်ဖြန့်ဝေပါသည်။)

Feb 22, 2010

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော (ဘလော့ ၂-နှစ်ပြည့်)

ဘလော့ ၂-နှစ်ပြည့်

“သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းနဲ့ တကွ
ကွယ်လွန်သူ သမိုင်းပညာရှင်အားလုံး ကောင်းရာ သုဂတိ
ရောက်ရှိကြပါစေ”

အခု (၂၄၊ ၂၊ ၂၀၁၀)နေ့မှာ ကျနော့် “ပျူနိုင်ငံ” ဘလော့လေး
သက်တမ်းအားဖြင့် ()နှစ်ပြည့်ခဲ့ပါပြီ။ ကျနော့်ကို ဘလော့လုပ်ဖြစ်
အောင် တိုက်တွန်းခဲ့ကြတဲ့ ကိုမိုးမောင်မောင် (အော်စလို၊ နော်ဝေးလ်)၊
ကျနော့်ဘလော့ကို လူသိများအောင် ကူညီပံ့ပိုးပေးကြတဲ့ အကိုကြီး
ဦးအေးဝင်း (မာယာမဂ္ဂဇင်း)ကိုသက်ဦး တို့ကို များစွာကျေးဇူး
တင်ပါတယ်။ ကျနော့်ဘလော့ကို ဦးစွာပထမ လင့်ခ်ချိတ်ပြီး အခြား
သူများ သိအောင် ကူညီခဲ့ကြတဲ့ ကိုအောင်သာငယ်ကိုလူသစ်
မကေသွယ်နဲ့ ဘလော့ဂါ ညီအကို မောင်နှမ အားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။ ကျနော့် စာမျက်နှာမှာ စာလာဖတ်ကြသော၊
လမ်းကြုံလို့ ၀င်ရောက်ကြည့်ရူ အားပေးသူ အပေါင်းကို ကျေးဇူး
တင်ကြောင်း ပြောပါရစေ …. ။

ဘလော့ ()နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်က ပို့စ်ကို
ရေးသား ဖော်ပြလိုက်ပါတယ်။ ဒီပို့စ် ရေးသားရာမှာ သတင်းအချက်
အလက်များကို စေတနာနဲ့ ၀ိုင်းဝန်းကူညီ ရှာဖွေပေးတဲ့ သူက
အကိုတစ်ယောက်လို ခင်မင်ရင်းနှီးသော ကိုဒူကဘာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ သတိဖြင့် ဖတ်ရူကြပါ။)



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား
ရှိစဉ်က နေထိုင်ခဲ့သော ဗဟန်းမြို့နယ်၊ တာဝါလိန်လမ်း ခြံအမှတ်
(၂၅) ကို ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်မှာ
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပါ။ ထို ဗိုလ်ချုပ်အောင်ဆန်း
ပြတိုက်တွင် သရဲခြောက်လန့် ခံရသည် ဖြစ်စဉ် အချို့ ရှိခဲ့ဖူးကြောင်း
ယဉ်ကျေးမှု ၀န်ကြီးဌာန၊ နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်
ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနခွဲ၏ မှတ်တမ်းတချို့နှင့် စစ်အစိုးရ
ထောက်လှမ်းရေး ဌာန တစ်ခုဖြစ်သော SB (Special Branch) တို့၏
လျှို့ဝှက် အစီရင်ခံစာ တချို့တွင် ရှိခဲ့ဖူး ပါတယ်။

ဗိုလ်ချုပ် ပြတိုက်အဖြစ် ရှိနေသော ထို ခြံဝန်းအတွင်း၌ ဗိုလ်ချုပ်အိမ်၊
ကားဂိုဒေါင်တို့အပြင် မ.ဆ.လ အစိုးရလက်ထက်တွင် ယဉ်ကျေးမှု
ဝန်ကြီးဌာန နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်း
စောင့်ရှောက်ရေး ဌာနမှ ၀န်ထမ်းများ နေထိုင်ရန် အလုပ်သမား
တန်းလျား (၂)ခုနှင့် အရာရှိ နေအိမ် လုံးချင်း အဆောက်အဦး တစ်ခုကို
ထပ်မံ တိုးချဲ့ ဆောက်လုပ် ခဲ့ပါတယ်။ အလုပ်သမား တန်းလျား (၂) ခု
ကို ဗိုလ်ချုပ် ပြတိုက် ခြံဝန်းအတွင်းသို့ ၀င်ဝင်ချင်း ကားဂိုဒေါင်၏ အနီး
တွင် ဆောက်လုပ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ရှိရာ ကုန်းမြင့်၏
အနောက်ဖက် တစ်နေရာတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အဆင့်မြင့်
ညွှန်းကြားရေးမှူး အဆင့် နေထိုင်ရန် လုံးချင်းအိမ် တစ်အိမ်ကိုပါ
တည်ဆောက် ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် ကာလများ၌ အဆိုပါ ဗိုလ်ချုပ်ပြတိုက်ခြံဝန်း
အတွင်း နေထိုင်ကြသော ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းများ
သည် ယင်းပြတိုက် ခြံဝန်းအတွင်း နေထိုင်မှုတွင် မပျော်ရွှင်ကြောင်း၊
အခြားတနေရာသို့ ရွှေ့ပြောင်းချင်ကြောင်း နီးစပ်ရာ မိတ်ဆွေ သဂ်ဟ
များထံ မကြာခဏ ရင်ဖွင့် ပြောဆိုခဲ့ကြပါတယ်။ မည်သည့်အတွက်
ကြောင့် မပျော်မရွှင် ဖြစ်ရခြင်းကို မေးမြန်းသောအခါ အဖြေကို တိတိ
ကျကျ မပေးနိုင်ပဲ ဖြစ်နေကြပါတယ်။ ထိုသတင်းစကားများ၏ အဖြေကို
ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောဆိုခဲ့သော ၀န်ထမ်းတစ်ဦး၏ ဇနီး
သည်က …

“ကျမတို့ ပြောပြရမှာ အရမ်းခက်ပါတယ်၊ ဒီပြတိုက်က သာမန်ပြတိုက်
မဟုတ်ဘူး၊ တစ်နိုင်ငံလုံး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အတော်များများ
ရိုသေ ချစ်ခင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ အိမ်ပါ၊ ဒါပေမဲ့
ဒီအိမ်ကြီးမှာ တခုခုတော့ မဟုတ်သလိုပဲ၊ ပထမတော့ ကျမတို့ မယုံ
ကြပါဘူး၊ အပြင်မှာလည်း ထုတ်မပြောရဲဘူး၊ အိမ်ထဲကို တစ်ယောက်တည်း
မသွားရဲဘူး၊ ညဖက်တွေဆိုရင် အရိပ်တွေ မြင်နေရတယ်၊ အပေါ်ထပ်က
ပရိဘောဂ အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ နေ့ခင်းဘက် သွားတဲ့
လက်သမား (၂) ယောက်ဆိုရင် သတိတောင် မေ့သွားတယ်၊ အပြင်မှာ
အဲဒီသတင်း လျှောက်ပြောရင် ထောက်လှမ်းရေးက ပြင်းပြင်းထန်ထန်
အရေးယူလိမ့်မယ်လို့ ကျမတို့ အထက်အရာရှိက ပြောတယ် …။

သူမက ဆက်လက်၍ …
လက်သမား(၂) ယောက် သတိလစ်သွားတော့ ၀န်ထမ်းတွေကြားမှာ
သတင်းက တားမရဘူး၊ ဒါနဲ့ ထောက်လှမ်းရေးက လူတွေ ရောက်
လာတယ်၊ သူတို့ အဲဒီအိမ်မှာ တညလုံး လာနေမယ် ပြောတယ်၊
မိုးတောင် မလင်းသေးဘူး၊ မျက်စိပျက် မျက်နှာပျက်နဲ့ သူတို့အားလုံး
ကျမတို့ အခန်းတံခါးကို လာခေါက်တယ်၊ သူတို့ ပြောတာက ကုလား
ကြီး တစ်ယောက်တဲ့၊ အရပ်က တော်တော် ရှည်တယ်၊ (၆) ပေ ကျော်
လောက် ရှိတယ်၊ အပေါ်ထပ်က ဆင်းလာတာ၊ ရုတ်တရက် ဆိုတော့
သူတို့ အားလုံး ကြောင်သွားတယ်၊ ပြီးတော့ အဲဒီ ကုလားကြီးက
အပေါ်ထပ်ကို ပြန်တက်သွားသတဲ့၊ ဒါနဲ့ အားလုံး အပြေးအလွှား
အပေါ်ကို တက်ကြည့်ကြတာပေါ့၊ အပေါ်ထပ်ရောက်တော့ ဘာမှ
မရှိဘူး၊ အဲဒီအချိန်မှာ အောက်ထပ်က ငိုသံ ကြားရပြန်ရော၊ ဒါနဲ့
အောက်ထပ်ကို ပြေးဆင်းလာတော့ ကုလားမ ၀၀ကြီး တစ်ယောက်
တဲ့ ကုလားမတွေ ခြုံတဲ့ ဆာလီတစ်ခု ပတ်ထားတယ်တဲ့၊ ငိုပြီး အိမ်ထဲ
ကနေ ထွက်သွားတယ်၊ ဒါနဲ့ သူတို့အားလုံး နောက်က လိုက်ကြသေး
တယ်၊ တံခါးဆီ ရောက်တော့ တံခါးက သော့ခတ်ထားတယ်၊ ကုလား
မ ၀တုတ်ကြီးက ဘယ်လို အပြင်ကို ထွက်သွားသလဲ မသိဘူးတဲ့။
ဒီခြံက ဗိုလ်ချုပ်တို့ မနေခင်က ကုလားတွေ နေတဲ့ ခြံပါ၊ ဟိန္ဒူတို့
မူစလင်တို့မှာ ဒီသဘောမျိုးတွေ ရှိ မရှိဆိုတာ ကျမလည်း မပြော
တတ်ဘူး” ဟု ရှင်းပြပါတယ်။



၁၉၈၈ ခုနှစ် ပတ်ဝန်းကျင် နှစ်များအတွင်း အာဇာနည်နေ့ နီးကပ်သော
နေ့များ၌ ထောက်လှမ်းရေး အချို့လည်း အလားတူ ဖြစ်ပျက်ခဲ့ကြပါတယ်။

ထောက်လှမ်းရေး အုပ်စုက စုစုပေါင်း (၁၀) ယောက်ကျော်ပါ၊ အောက်
ထပ်က ထမင်းစားခန်း တစ်ခုတည်းမှာပဲ သူတို့ အိပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊
ဂျူတီလာတဲ့ သူတွေထဲမှာ ဂစ်တာတီးတတ်တဲ့ သူတွေက ဂစ်တာတွေ
သယ်လာလို့ ဂစ်တာ (၂)နှစ်လက်နဲ့ ဟိုသီချင်း ဆိုလိုက်၊ ဒီသီချင်း ဆို
လိုက် လုပ်နေတုန်း အပေါ်ထပ်က ဆူဆူညံညံ အသံတွေ ကြားရတယ်၊
ဒါနဲ့ အားလုံး အပေါ်ကို တက်ကြည့်တော့ ကုမလားမ အပျိုအရွယ်လေး
တွေ (၂)ယောက် သတ်ပုတ်လုံးထွေး နေတာကို တွေ့ရတယ်၊ ဒါနဲ့
သူတို့လည်း “မင်းတို့ ဘယ်သူတွေလဲ …” မေးလိုက်တော့ စကား
တောင် မဆုံးဘူး သူတို့ ရှေ့တင် ပျောက်သွားတာ၊ သူတို့ အားလုံး
ပြတိုက်အိမ်ကြီးမှာ မအိပ်ရဲတော့ဘဲ ခြံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့
“ရွှေကြက်ယက်” ဘုန်းကြီးကျောင်းမှာ နေရာပြောင်းပြီး ဂျူတီ စောင့်ခဲ့
ကြပါတယ်။

ဒီအဖြစ်အပျက် သိုးသိုးသဲ့သဲ့ ထွက်လာချိန်မှာ အုပ်ချုပ်ရေး အာဏာ
ပိုင်များနဲ့ ဆွေးမျိုးတော်စပ်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်
က လုံးဝ မယုံကြည်ဟု ဆိုပြီး သွားရောက် စမ်းသပ်ခဲ့ပါတယ်။

သူက သူ့သူငယ်ချင်းတွေကို ခြံစည်းရိုးနဲ့ ကပ်လျှက်က ၀န်ထမ်းတွေ
ဆီမှာ ထားခဲ့ပါတယ်၊ သူ တစ်ယောက်တည်း ပြတိုက် နေအိမ်သော့ကို
ယူပြီး၊ ထွက်ခွာသွားပါတယ်၊ (၄၅) မိနစ်လောက်ကြာတော့ ချွေးတလုံး
လုံးနဲ့ သူ ပြန်ပြေးလာပါတယ်။ သူ ပြန်ပြောပြပုံက …၊ အိမ်ထဲကို စ’၀င်
လိုက်ပါတယ်၊ အောက်ထပ်က မီးတွေ အကုန်လုံး ဖွင့်ကြည့်တယ်၊
အပေါ်ထပ်ကို တက်မယ်အပြုမှာ သူဖွင့်ထားတဲ့ မီးတွေက ပိတ်လိုက်
ပြန်လင်းလိုက် ဖြစ်လာပါတယ်၊ ဒါနဲ့ မီးခလုတ်ဆီကို ကြည့်လိုက်တော့
ဘာမျှ မရှိပဲ သူ့အလိုလို တချောက်ချောက် ဖြစ်နေတာကို တွေ့ရတယ်၊
အခန်းအားလုံးမှာ အဲလို ဖြစ်နေပြီး နှာခေါင်းထဲမှာ ကွမ်းယာနံ့
မွှေးနေအောင် အနံ့ရပါတယ်၊ အဲဒီအချိန်မှာ လှေကားအတိုင်း
အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာတဲ့ လမ်းလျှောက်သံ
တစ်ခုကို သူ ကြားလိုက်ရတယ်၊ “ဘယ်သူလဲလို့” မေးတော့ ပြန်
ဖြေသံ ထွက်မလာဘူး၊ ဒါနဲ့ သူလည်း အပြင်ကို အမြန်ပြေးထွက်
ခဲ့တယ်လို့ …. သိရပါတယ်။

သမိုင်းနောက်ခံ …

ဗိုလ်ချုပ်အောင်ဆန်းဇနီးသည်ဖြစ်သူ ကွယ်လွန်သူ ဒေါ်ခင်ကြည်၏
တူမ ၀မ်းကွဲ တော်စပ်သူ တစ်ဦးရဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံ
တွင်လည်း …
အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က
ပြောကြတာ … ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆို
အိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး
ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က
ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။
ဟု ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းအချို့ …

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာရှ
တော်ဝင်ဆေးခန်းတွင် ဆေးဝါးကုသမှု မခံရယူခင် ရက်အနည်းငယ်
အလိုက အဆိုပါ ဗိုလ်ချုပ်ပြတိုက်အတွင်းသို့ စစ်အစိုးရ အာဏာပိုင်
များ ၀င်ထွက် သွားလာမှု အများအပြား ပြုလုပ်ခဲ့ကြောင်း ၀န်ထမ်း
အချို့က ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူ မိသားစုဝင်
များ ကံနိမ့်စေရန် ရည်ရွယ်၍ ပရောဂ အောက်လမ်းနည်းတချို့ကို
ဗိုလ်ချုပ်ပြတိုက်အတွင်း စီရင်ခဲ့ကြောင်း စစ်အာဏာပိုင်များနှင့် နီးစပ်
သော အသိုင်းအ၀ိုင်းက ဆိုပါတယ်။

လောလောဆယ် …



မျိုးဆက်ပေါင်း များစွာတို့၏ အကျိုးစီးပွားအတွက် သက်စွန့် ကြိုးပမ်း
ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ပြတိုက်ကို (၁)နှစ်တွင်
ရက်အနည်းငယ်လောက်သာ ဖွင့်လှစ်ပြသခြင်းဖြင့် ဗိုလ်ချုပ်ပြတိုက်
သည် နေ့ခင်းကြောင်တောင်တွင် လူသူကင်းမဲ့ပြီး သရဲခြောက်သလို
ဖြစ်နေဆဲပါ …။


မှီငြမ်း။ ။
ကျမ သိတဲ့ မစုတို့ဝန်းကျင်” (ချစ်တဲ့မနောမြေဘလော့)။


(မှတ်ချက်။ ။
ပြောပြခဲ့သူအပေါင်း၏ ဘ၀လုံခြုံရေးအတွက် ယင်းအဖြစ်အပျက်
များရဲ့ ခုနှစ်၊ ရက်စွဲ အတိအကျကို မဖော်ပြနိုင်ပါ။ -စာရေးသူ …)


Jan 18, 2010

လေ့လာစရာ မြန်မာ့နိုင်ငံရေး ပြောဆိုမှုများ (၁/၂၀၁၀)

NLD ခေါင်းဆောင် အပြောင်းအလဲအပေါ် စမ်းစစ် ဝေဖန်ကြည့်ခြင်း
(ဦးကျော်ဇံသာ- VOA၊ ဦးအောင်တင်၊ ဦးမင်းဇော်ဦး)

NLD ပါတီ EC (၉)ဦး ထပ်တိုးခြင်းဖြင့် မည်သို့ထူးခြားလာမည်နည်း
(ကိုထက်အောင်ကျော် DVB၊ အင်တာဗျူး)
(၁၇.၀၁.၂၀၁၀ နေ့ DVB ညဖက် ရေဒီယို အစီအစဉ်)

ဦးဘိုဘိုကျော်ငြိမ်း ရေးသားသော ဗိုလ်မှူးချုပ်ကျော်ဇော ဆောင်းပါး

Dec 17, 2009

၁၇ ဒီဇင်ဘာ ၂၀၀၉၊ ရာသီဥတု ညီလာခံ

နှင်းထူထပ်စွာ ကျဆင်းနေသည့်ကြားမှ ဆန္ဒပြနေသော ဒိန်းမတ်ရောက်
မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ ...





ကမ္ဘာအရပ်ရပ်မှ အကြောင်းမျိုးစုံဖြင့် လာရောက် ဆန္ဒပြနေသူများ ...





Dec 16, 2009

၁၆ ဒီဇင်ဘာ ၂၀၀၉၊ ဒိန်းမတ်နိုင်ငံ ဆန္ဒပြပွဲ

ဒိန်းမတ်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ ကိုပင်ဟေဂင်
မြို့တော်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘဲလာစင်တာရှေ့တွင်
ဆန္ဒပြသည့် သတင်း ....





နိုင်ငံတကာ NGO အဖွဲ့အချို့သည် ညီလာခံအတွင်း ဆူပူသောင်းကျန်းမှု
ကြောင့် ညနေပိုင်းတွင် အစည်းအဝေးခန်းမထဲသို့ ၀င်ရောက်ခွင့် ပိတ်ပင်ခဲ့ရာမှ
ညီလာခံအတွင်းသို့ ဇွတ်အတင်း ပြေးဝင်ရန် ကြိုးစားကြသော ရာသီဥတု
ထိန်းသိမ်းစောင့်ရှောက်လိုသည့် နိုင်ငံတကာမှ လူငယ်များ ...

(ကျနော်တို့၏ ရှေ့တွင် ရုန်းရင်ဆန်ခတ် ဖြစ်ပွားနေပုံ ...)



Dec 14, 2009

စစ်ရာဇ၀တ်ကောင် ဥာဏ်ဝင်း ဒိန်းမတ်ရောက်နေပြီ

ရေးသူ- စစ်ငြိမ်းဒီရေ

ပြည်သူလူထုအပေါ် အကြမ်းဖက်ပြီး စစ်ရာဇ၀တ်မှုတွေ ဆက်တိုက်
ကျူးလွန်နေတဲ့ န.အ.ဖ စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း
ဦးဆောင်တဲ့အဖွဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်သို့ ရောက်ရှိ
နေပြီ ဖြစ်ပါတယ်။



ကလိန်ကကျစ် ဥာဏ်ဝင်းနှင့် အဖွဲ့သည် လာမည့် ဗုဒ္ဓဟူးနေ့
(၁၆.၁၂.၂၀၀၉) ညနေပိုင်းနှင့် (၁၇.၁၂.၂၀၀၉)နေ့တွင် ကမ္ဘာ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံအတွင်း မြန်မာ့ နိုင်ငံရေး လက်ရှိ အခြေအနေ
တွေနဲ့ ပက်သက်ပြီး နိုင်ငံတကာက ခေါင်းဆောင်များကို လက်တွေ့
ဆောင်ရွက်နိုင်ခြင်း ကင်းမဲ့သော စကားလုံးများဖြင့် လိမ်ညာလှည့်ဖြားမှာ
ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရောက် ဥာဏ်ဝင်းနှင့်အဖွဲ့အား
ဆန့်ကျင် ဆန္ဒပြလိုသူများ အနေဖြင့် မြန်မာ့ဒီမိုကရေစီအရေး
ကြိုးပမ်း ဆောင်ရွက်နေသူ ကိုမြင့်ဝေ (NLD-LA) နဲ့ ဆက်သွယ်၍
(၁၆/၁၇. ၁၂. ၂၀၀၉)နေ့တို့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲ အစီအစဉ်များ
အကြောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။



ဒိန်းမတ်နိုင်ငံသို့ ရောက်ရှိနေသော န.အ.ဖ စစ်အုပ်စု၏ ထိပ်တန်း
လူယုတ်မာများ၏ စာရင်းမှာ ….

Nyan Win
Mister Ministry of Foren Affairs

Thant Kyaw
Director General
Internation Organization and Economic
Department
Ministry or Foreign Affairs

Nay Win
Ambassador
Dipomatic Mission of Myanmar to Denmark

Khin Minn
Second Secretary
Diplomatic Mission of Myanmar to Denmark

Htin Lynn Maung
Head of Branch
Ministry of Foreign Affairs

Sann Lwin
Director General, Planning and Statistics
Department/ Secretary, National
Commission for Environmental Affairs
Ministry of Foresty

Thein Tun
Acting Director General, Department of Meterology and Hydrology
Ministry of Transport

San Win
Joint Secretary, national Commission for Enviromental affairs
Ministry of Forestry


Dec 6, 2009

ဗိုလ်သိန်းစိန်သတင်း ဒိန်းနစ်ရှ်ဘားမား မသိသေးဟုဆို

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်
နှင့်အဖွဲ့ တက်ရောက်မည်ဟု ထွက်ပေါ်နေသော သတင်း အချက်အလက်
များနှင့် ပက်သက်၍ သေသေချာချာ မသိရှိသေးကြောင်း ဒိန်းနစ်ရှ် ဘားမား
ကော်မတီ (Den Danske Burma Komités) ပြောဆိုနေပါတယ်။

န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်နှင့် အဖွဲ့ ဒိန်းမတ်နိုင်ငံတွင် ကျင်းပသော
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန်
လာရောက်တော့မည်ဆိုသော သတင်းကို ...
လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာဌာန နှင့်
VOA မြန်မာဌာန တို့၏
အင်တာနက် စာမျက်နှာပေါ်တွင် (၃.၁၂.၂၀၀၉) နေ့က ဦးစွာစတင်
ဖေါ်ပြခဲ့ပါတယ်။

ဒိန်းနစ်ရှ်ဘားမားကော်မတီ (Den Danske Burma Komités) ၏
ထိပ်တန်းတာဝန်ခံတစ်ဦးက န.အ.ဖ ၀န်ကြီးချုပ်နှင့်အဖွဲ့ ကိုပင်ဟေဂင်
သို့ သီတင်းပတ်စဉ် (၅၀) (၇.၁၂.၂၀၀၉ နေ့မှ ၁၃.၁၂.၂၀၀၉နေ့အထိ)
အတွင်း လာရောက်မည် ဆိုသော သတင်းကို မိမိ အနေဖြင့် လုံးဝ မသိရှိ
သေးကြောင်း ပြောဆိုပါတယ်။ သီတင်းပတ်စဉ် (၅၁) တွင် ဖြစ်နိုင်ချေ
ရှိသည်ဟု (May be) သာ ပြောဆိုပါတယ်။

တိတိကျကျ သိလိုသူများအနေဖြင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီးဌာန၊ ညီလာခံနှင့် ပက်သက်သော အစီအစဉ်ဌာန များသို့
စုံစမ်းမေးမြန်းသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

(ဒိန်းနစ်ရှ်ဘားမား ကော်မတီ ဆိုသည်မှာ ဒိန်းမတ်ပါလီမန်တွင်
မြန်မာ့ဒီမိုကရေစီအရေး အကူအညီပေးရန် ဒိန်းမတ်အစိုးရ ဦးဆောင်မှု
ဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ရပ် ဖြစ်ပါတယ်။)

Dec 5, 2009

ဗိုလ်သိန်းစိန် တည်းခိုမည့် ဟိုတယ်လိပ်စာ မသိရသေး!



ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပသော ကမ္ဘာ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်လာမည့် န.အ.ဖ
ဝန်ကြီးချုပ် ဗိုလ်သိန်းစိန်နှင့်အဖွဲ့ တည်းခိုသော ဟိုတယ်လိပ်စာ
ကို သိရှိသူများ ကူညီကြပါ။ လုံခြုံရေးအစီအစဉ် တင်းကျပ်မှုကြောင့်
ဟိုတယ်လိပ်စာ စုံစမ်းမေးမြန်းမှု အခက်အခဲ ဖြစ်နေပါသည်။

Nov 18, 2009

ဘိုးတော်မောင်မောင်(ခ) သန့်ဇော်ရွှေ

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူလူထုတွေက မြန်မာနိုင်ငံ
ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ စစ်ကောင်စီက အုပ်ချုပ်
နေတာလို့ သိရှိထားကြပါတယ်။ အဲဒီ စစ်ကောင်စီ ဥက္ကဌဖြစ်တဲ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နောက်ကွယ်က ကြိုးကိုင်အုပ်ချုပ်နေသူ
တစ်ဦး ရှိနေတာကို သိရှိသူ မရှိသလောက်ပါ။

သူ့နာမည်က “မောင်မောင် (ခ) သန့်ဇော်ရွှေ” ပါ။ ဦးသန်းရွှေ၊
ဒေါ်မကြိုင်တို့ရဲ့ အငယ်ဆုံးသား ဖြစ်ပြီး၊ စိတ်ဝေဒနာ အနည်းငယ်
ခံစားနေရသူပါ။ ဒါပေမဲ့ သူ့ကို တစ်အိမ်သားလုံးက စိတ်ရောဂါရှင်
လို့ မသတ်မှတ်ကြဘဲ ဘိုးတော်ဝင်စားသူ တစ်ဦးအဖြစ် သတ်မှတ်
ကိုးကွယ်ကြပါတယ်။

ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေဟာ အသက်(၄၀)ခန့်ရှိပြီး
ဝတ်ဖြူစင်ကြယ်နဲ့ နူတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများ ထားရှိပြီး၊ ဘိုးတော်
လိုလို အောက်လမ်းဆရာလိုလို ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောကြား
ပြီး ဆောင်ရန်ရှောင်ရန်တွေကို ညွှန်ကြားလေ့ ရှိပါတယ်။

မိသားစုကိစ္စတွေသာ မကတော့ဘဲ၊ တဖြေးဖြေးနဲ့ တိုင်းပြည်ရဲ့ အရေး
ကြီးတဲ့ မူဝါဒရေးရာတွေပါမကျန် ဘိုးတော်မောင်မောင်ရဲ့ အခါပေး
ညွှန်ကြားချက်တွေအတိုင်း အဖေဖြစ်သူ ဦးသန်းရွှေက လိုက်လံဆောင်ရွက်
လေ့ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်ကို အလုပ်ရှိလို့လာကြရတဲ့ ဗိုလ်ချုပ်ကြီးတွေ
အပါအဝင် ဧည့်သည်အားလုံးဟာ ကြမ်းပြင်ပေါ်မှာဘဲ ထိုင်ကြရတာ
ဓလေ့ တစ်ခုလို ဖြစ်နေပါပြီ။ ဧည့်ခန်းအတွင်း အမြင့်တစ်နေရာမှာ
ရှေးဘုရင်များခေတ်က သလွန်လို ပြင်ဆင်ထားတဲ့ နေရာမှာ ဦးသန်းရွှေ
နဲ့ ဒေါ်မကြိုင်တို့က ထိုင်ပြီး ဧည့်သည်တွေကို လက္ခံတွေ့ဆုံပါတယ်။
အဲဒီအခြေအနေကို ဘိုးတော်မောင်မောင်က လျှို့ဝှက်ဗီဒီယို မှတ်တမ်းတွေ
ရိုက်ကူးပြီး၊ ဧည့်သည်တွေ ပြန်သွားတဲ့အခါ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို
ပြန်ဖွင့် ကြည့်ကြပြီး၊ ဘိုးတော်မောင်မောင်က ဝေဖန်သုံးသပ်ပြခါ
အဖေဖြစ်သူ ဦးသန်းရွှေကို လိုအပ်သလို ညွှန်ကြားမှုတွေ ပေးနေကြပါ။

အလားတူ ယတြာလုပ်ရမဲ့ ကိစ္စတွေကိုတော့ မိခင်ဖြစ်သူ ဒေါ်မကြိုင်ကို
ညွှန်ကြား လုပ်ဆောင်စေပါတယ်။ ဘိုးတော်မောင်မောင်အနေနဲ့အာရုံမှာ
သဘောမတွေ့သူ တွေမှန်သမျှ၊ နေရာပြောင်းရွှေ့ခံရတာ၊ ရာထူးချခံရတာ၊
အလုပ်ထုတ်ခံရတာတွေ ရှိသလို၊ သူသဘောတွေ့သူ မှန်သမျှကတော့
ကောင်းစားလေ့ ရှိပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်တွေအများစုကတော့ ဘိုးတော်မောင်မောင်ကို အလွန်ရွံရှာ
ကြောက်လန့်ကြပါတယ်။ အကြောင်းက ဘိုးတော်မောင်မောင်ဟာ လူသတ်
ရန် ဝန်မလေးတဲ့သူ တစ်ယောက် ဖြစ်လို့ပါ။ လူမသိအောင် ဖုံးဖိထားတဲ့ ဖြစ်စဉ်
တစ်ခုကို တင်ပြရရင် ကမ္ဘာအေးဘုရားလမ်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
အိမ် (၎င်းတို့အဆို အိမ်တော်) မှာ တပ်ချုပ်ကြီးဝတ်ရန် နေ့စဉ် ယူနီဖောင်း
ပြင်ဆင်ဝတ်ပေးရတဲ့ တာဝန်ကို ယူရသူ “ဗိုလ်ကြီးခင်မောင်လွင်”ကို
လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်က ဘိုးတော်မောင်မောင်က သေနတ်နဲ့
ပစ်သတ်ခဲ့ပါတယ်။ သူ့အာရုံမှာ သူ့အဖေကို လုပ်ကြံတယ်လို့ ပေါ်လာ
တာကြောင့် ပစ်သတ်လိုက်တာဆိုပြီး တိုးတိုးတိတ်တိတ် သတင်းထွက်ပေါ်
ခဲ့ပေမဲ့ တကယ်သတ်လိုက်ရတဲ့ အကြောင်းရင်းကို ဒီကနေ့အထိ ဘယ်သူ
မှ မပြောရဲသေးပါဘူး။

အဲဒီအချိန်တုန်းက ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဋ္ဌေးဝင်းနဲ့ မင်္ဂလာဒုံ
စစ်ဆေးရုံမှ တပ်မှူးတို့ ချက်ချင်း ရောက်ရှိလာပြီး တခြားကိစ္စတခုကြောင့်
သေသွားသလို ဖန်တီး ပေးခဲ့ရပါတယ်။ အသတ်ခံလိုက်ရတဲ့ ဗိုလ်ကြီး
ခင်မောင်လွင်ရဲ့ မိသားစုတွေကိုတော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ပါးစပ်ပိတ်
ထားကြဖို့၊ ပေါက်ကြားခဲ့ရင် မင်းတို့မိသားစုဝင်အားလုံး ထောင်ထဲ ပို့ထား
လိုက်မယ်လို့ အိမ်တော်မိသားစုဝင်များက ခြိမ်းခြောက်ထားခဲ့ ကြပါတယ်။

အလားတူ ရဟတ်ယာဉ်ပျက်ကြပြီး သေဆုံးသွားတဲ့ အတွင်းရေးမှူး (၂)
ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့ သားဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာနက
ကိုဇော်ထွန်းဦးကို ဘိုးတော်မောင်မောင်နဲ့အဖွဲ့က ကမ္ဘာအေးဘုရားလမ်း
နဲ့ တက္ကသိုလ်ရိပ်သာလမ်းဆုံအနီး ဓါတ်ဆီဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့
ပိတ်ရပ်ပြီး၊ ဘိုးတော်မောင်မောင် ကိုယ်တိုင်မောင်းတဲ့ ကားအကြီးကြီးနဲ့
တိုက်သတ်ပါတယ်။ သေပြီလို့ ယူဆပြီးထားခဲ့ကြပေမဲ့ ကံကောင်းလို့
မသေဘဲ၊ ဆေးရုံပေါ်မှာ (၆) လခန့်ဆေးကုသခံခဲ့ရပါတယ်။ အဲဒီလို
တိုက်သတ်ရတဲ့ အကြောင်ရင်းက ဘိုးတော်မောင်မောင်ရဲ့ အမဖြစ်သူ
မပြုံး (ခ) ပြုံးပြုံးရွှေနဲ့ ဇော်ထွန်းဦးတို့ဟာ အိမ်ထောင်အသီးသီး ရှိလျက်
နဲ့ ဖောက်ပြန်နေကြတာကြောင့်လို့ ပြောဆိုနေကြပေမဲ့ ထုံးစံအတိုင်း
အကြောင်းရင်းအမှန်ကို ဘယ်သူမှ ခုချိန်ထိ မပြောရဲကြသေးပါဘူး။
သေချာတာတခုကတော့ အဲဒီဖြစ်စဉ်နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
ရဲ့ ဇနီး ဒေါ်ခင်သန်းနွဲ့တစ်ယောက် စစ်ဗိုလ်ချုပ်တွေရဲ့ ပွဲလမ်းသဘင်
အခမ်းအနားတွေကနေ ပျောက်ကွယ် သွားခဲ့တာပါဘဲ။

တပ်ချုပ်ကြီးမိသားစုတွေထဲမှာ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့်
နာမည်ဆိုးနဲ့ ထင်ရှားကျော် ကြားလှတဲ့ မပြုံး(ခ) ပြုံးပြုံးရွှေဟာ ယခုလက်ရှိ
မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်ရဲ့တရားဝင်
ဇနီးပါ။ ကိုဇော်ထွန်းဦးအပြင် ဟစ်ဟော့အဆိုတော် လူငယ်လေးတစ်ဦးကို
လည်း တိတ်တိတ်ပုန်း ချစ်သူအဖြစ် မွေးစားထားသေးတယ်လို့ သိရှိနေကြ
ပါတယ်။ အခြား သူအလိုရှိတဲ့အခါ လူငယ်လေးတွေကို ငွေကြေးအာဏာတွေ
နဲ့ ဖိအားပေး ခေါ်ခိုင်းကာ ညကလပ်တွေမှာ ရုပ်ဖျက်သွားရောက် ပျော်ပါးလေ့
ရှိပါတယ်။ သူမဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန်ရာထူး ရယူ
ထားပြီး၊ ရုံးတက်ခြင်းမရှိဘဲ လစာကိုတော့ နိုင်ငံခြားငွေ(ဒေါ်လာ) နဲ့ လစဉ်
ထုတ်ပေးရပါတယ်။

အဲဒီလို အကျင့်ပျက်၊ ဦးနှောက်ပျက်၊ ခြစားသူတွေ စုပေါင်းပြီး တိုင်းပြည်
ဖျက်နေကြတဲ့ စစ်အာဏာရှင်ကြီးရဲ့ မိသားစုဟာ မြန်မာ့သမိုင်းမှာ နာမည်ဆိုး
တွေနဲ့ ကျော်ကြားခဲ့ကြတဲ့ တရုပ်ပြေးမင်း၊ သိုဟန်ဘွားမင်း၊ သီပေါမင်းတို့
ထက်တောင် ပိုမိုဆိုးဝါးပါကြောင်း၊ အနီးကပ်လေ့လာနေသူတဦးက မှတ်ချက်
ချ ပြောဆိုခဲ့ပါတယ်။

ဂမ္ဘီရ အတွေးအခေါ်တွေအပြင် အောက်လမ်းနည်းများ အသုံးပြုပြီး
ထင်ရာစိုင်းနေကြတဲ့ တပ်ချုပ်ကြီး မိသားစုတွေရဲ့ အန္တရာယ်ကို နေ့စဉ်နဲ့
အမျှ ကြောက်ရွံနေကြရတဲ့ ဗိုလ်ချုပ်ကြီးများ အပါအဝင် သူတို့နဲ့ နီးစပ်သူ
တွေဟာ ဗိုလ်ကြီးခင်မောင်လွင်လို အဖြစ်ဆိုးမျိုးနဲ့ ကွေကွင်းရအောင်၊
ဘိုးတော်အမည်ခံ ဦးနှောက် ကျပ်မပြည့်တဲ့ ဦးသန်းရွှေ ဒေါ်မကြိုင်တို့
ရဲ့သား၊ မောင်မောင်(ခ) သန့်ဇော်ရွှေကို နေ့စဉ်မပျက် ရှိခိုးဦးချနေကြ
ကြောင်း အိမ်တော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။

(ရေးသားသူ - အတွင်းသိ)

(အီမေးလ်မှ လက်ခံရရှိသော စာတစ်စောင် ဖြစ်ပါတယ်။)

Nov 9, 2009

ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို မဲထည့်ပါ

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံအတွင်း သုံးနှစ်နှင့်အထက် နေထိုင်လျက်ရှိသူ၊ အသက်
(၁၈) နှစ်ပြည့်သူတိုင်း ဒေသဆိုင်ရာ မြူနီစပယ် ရွေးကောက်ပွဲတွင်
မဲပေးပိုင်ခွင့် ရှိပါသည်။



(Esbjerg , Denmark မြူနီစပယ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်
မည့် ဒေသဆိုင်ရာ ဆိုရှယ်ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ဦး)





(မဲရုံးတွင် မဲလာပေးရန် ဖိတ်ခေါ်ထားသည် ဖိတ်စာ)

Moving to Mars

Oct 10, 2009

ဒိန်းမတ်ဘောလုံးအသင်း ခြေစစ်ပွဲအောင်ပြီ

ရေးသူ- စစ်ငြိမ်းဒီရေ



၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ဒိန်းမတ် ဘောလုံးအသင်း သည်
ဥရောပဇုံ အုပ်စု (A) တွင် ဆွီဒင်ဘောလုံးအသင်းနှင့် (၁၀.၁၀.၂၀၀၉)နေ့တွင်
ယှဉ်ပြိုင်ကစားခဲ့ရာ (1:0) ဖြင့် အနိုင်ရခဲ့ပါသည်။ ဒိန်းမတ်ဘောလုံးအသင်းအတွက်
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည့် တောင်အာဖရိကနိုင်ငံသို့ သွားရောက်
ခွင့်ရရေး တစ်ဂိုးတည်းသော အနိုင်ဂိုးအား သွင်းပေးခဲ့သူမှာ (Jakob Poulsen)
“ယာခို့ ဖူးလ်စင်” (ဒိန်းမတ်အသံထွက်ဖြင့်) ဖြစ်ပါသည်။

Oct 7, 2009

စာဖတ်ဝိုင်းတွေ အားမပေးသင့်ဘူးလား



ပြည်တွင်းမှာ စာဖတ်ဝိုင်း စာဖတ်အသင်းတွေ ပျောက်ကွယ်သွားတာ
ဆယ်စုနှစ်ထက်မနည်း ရှိသွားပါပြီ။

စာဖတ်ဝိုင်း၊ စာဖတ်အသင်းတွေ ဘာကြောင့် နည်းပါးနေသလဲ။
စာဖတ်ဝိုင်း စာဖတ်အသင်းတွေက လူငယ်တွေကို ဘယ်လို အကျိုးပြု
နိုင်မယ်လို့ ထင်ပါသလဲ။

သောတရှင်တို့ရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေကို အောက်တိုဘာလ
၈- ရက် ကြာသာပတေးနေ့ ခေတ်အမြင် ခေတ်အရေး အစီအစဉ်မှာ ပါဝင်
ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်လိုတဲ့ သောတရှင်များ အနေနဲ့ ဒီစာမျက်နှာ ရဲ့
တဖက်မှာ ပါတဲ့ ကွက်လပ်ထဲမှာ သောတရှင်များရဲ့ ဖုန်းနံပါတ် အပါအ၀င်
အချက်အလက်တွေကို ဖြည့်ပြီး ပေးပို့နိုင်ပါတယ်။

(BBC မြန်မာဌာန၏ သတင်းစာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

Oct 5, 2009

ရန်ကုန်ပရိသတ် မန္တလေးမှာ အရိုက်ခံရ

ရန်ပိုင်


(ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းတို့ ဇူလိုင်လတွင်
အကြိတ်အနယ် ယှဉ်ပြိုင်နေပုံ - ဓာတ်ပုံ- ရိုက်တာ)

ရန်ကုန် ယူနိုက်တက်နှင့် ရတနာပုံ FC ပြိုင်ပွဲနေ့က ရန်ကုန်ဘောလုံး အသင်း
ကို လိုက်လံအားပေး သူများနှင့် မန္တလေး ပရိသတ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ကျင်းပခဲ့သော ယင်း ပြိုင်ပွဲတွင် ရန်ကုန်
ယူနိုက်တက်မှ ဘောလုံးသမား မျိုးမင်းထွန်း၏ ဘောလုံးဖျက်ထုတ်မှုကို ကြမ်းသည်
ဆိုပြီး ဒိုင်လူကြီးက ပြစ်ဒဏ်ဘော ပေးရာ ရန်ကုန်ပရိသတ်က အော်ဟစ် ဆူပူခဲ့သည့်
အတွက် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ပြီးနောက် ပရိသတ်အချင်းချင်း ဆက်လက်
ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်ယူနိုက်တက် ပရိသတ်တဦးက ပြောသည်။

“ရန်ကုန်ပရိသတ် ဆူတော့ ရဲရောက်လာပြီး တုတ်နဲ့ဝင်ရိုက်တယ်၊ ပြီးတော့ ဖမ်းသွား
တယ်” ဟု ၎င်းကပြောသည်။ ရန်ကုန်မှ လာရောက်အားပေးခဲ့ပြီး အဖမ်းခံခဲ့ရသူသည်
မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က အာဏာပိုင်များကို ဆက်သွယ်
ညှိနှိုင်းပြီးနောက် ပြန်လွတ်လာကြောင်း သိရသည်။

“ဦးဇော်ဇော်က သူ့ကို ငါးသောင်းပေးလိုက်တယ်၊ အင်္ကျီ တထည်လည်း ၀ယ်ပေး
လိုက်တယ်” ဟု အဖမ်းခံရသူနှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

ရန်ကုန်ယူနိုက်တက် ပရိသတ်များ တင်ဆောင်ပြီး မန္တလေးဘူတာကြီးသို့
ထွက်ခွာလာသည့် ရွှေမန်းမေ ယာဉ်တန်း ကိုလည်း ရတနာပုံ FC ကို အားပေး
သည့် မန္တလေး ပရိသတ်များက နောက်မှလိုက်လံ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဆိုင်ကယ် တစ်စီးမှာ လူ ၃ ယောက်စီ စီးလာပြီး လူ ၂၀လောက် နောက်က လိုက်လာ
တယ်၊ မီးနီတဲ့အချိန်မှာ ဝိုင်းချကြတာ” ဟု ၎င်းကပြောသည်။

ထို့အပြင် ရန်ကုန်ယူနိုက်တက် ပရိသတ် လိုက်ပါလာသည့် ရန်ကုန် - မန္တလေး အထူး
အမြန်ရထားကိုပါ လေးခွများ ခဲများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာ
ပြင်းထန်သဖြင့် မန္တလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်းနှင့် ကား
၁၃ စီး ပျက်စီးသွားကြောင်း သိရသည်။

ယခုအခါ မီးရထားကို ခဲနှင့် ပေါက်သူ ၃ ဦးနှင့် ကားကို ခဲနှင့်ပေါက်သူ ၁ ဦးအား
ဖမ်းဆီးရမိထားပြီး တရားဥပဒေအတိုင်း အရေးယူစေရန် ဆောင်ရွက်သွားမည်ဟု
ရန်ကုန်ယူနိုက်တက် အသင်း ၀က်ဘ်ဆိုက် တွင်ဖော်ပြထားသည်။

ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇ နှင့်နီးစပ်သူတဦးကလည်း
“ဥက္ကဋ္ဌကတော့ သက်သေတွေစုပြီး အပြတ် လုပ်ခိုင်း ထားတယ်၊ အထက်
အထိ စာတင်ပြီး စံပြဖြစ်အောင် လုပ်မယ်လို့ပြောတယ်” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ FC ကန်သည့်နေ့တွင် လာရောက်ကြည့်ရှုသူ
များပြားသောကြောင့် လမ်း ၃၀ မှ ၃၅ လမ်းအထိ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့
ကြောင်း မန္တလေးမြို့ခံ တဦးကပြောသည်။

“လုံခြုံရေး အပြည့်ဘဲ၊ စစ်တပ်၊ ရဲ၊ စွမ်းအားရှင် အကုန်ချထားတာ၊ ဒီလောက်
များတဲ့ လူအုပ်ကို တုတ်နဲ့ တားတာ လောက်တော့ ဘယ်ရမလဲ၊ ပရိသတ်မှာ
လည်း လက်နက်ရှိနေတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ အမှတ် ၈ အောင်မြေသာဇံ
ရဲစခန်းနှင့် အမှတ် ၉ ချမ်းအေးသာဇံရဲစခန်း တို့ကို ဧရာဝတီက ဆက်သွယ်
မေးမြန်းရာတွင် ယင်းရဲစခန်းများက မှန်ကန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းဘောလုံးပွဲတွင် ရတနာပုံ FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို
၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဤသို့ ဘောလုံးအားကစားတွင် ရိုင်းစိုင်းစွာအားမပေးသင့်ကြောင်း၊ မြန်မာ
ဘောလုံးလောက တိုးတက်ရန် ပြုပြင် နေချိန် တွင် ပြဿနာများတခုပြီး တခု
တိုးပွားလာခြင်းသည် အလားအလာမကောင်းကြောင်း၊ အားပေးသူ ပရိသတ်
များတွင် တာဝန်ရှိပြီး အချိန်မီတားဆီးရန် လိုအပ်ကြောင်း ရန်ကုန်အားကစား
ဂျာနယ် တစောင်မှ တာဝန်ခံတဦးက သုံးသပ်သည်။

ပြီးခဲ့သည် စက်တင်ဘာ ၂၃ ရက်နေ့က ရတနာပုံ FC နှင့် ဒဲလ်တာယူနိုက်တက်
အသင်းတို့ ကစားခဲ့သည့် ပွဲစဉ် ၅ တွင်လည်း ဒိုင်လူကြီး၏ အဆုံးအဖြတ်မှားယွင်း
သည် ဟုဆိုကာ မန္တလေးပရိသတ်များက အကြီးအကျယ် ဆူပူခဲ့ကြသည်။

ယင်းကိစ္စကြောင့် ရန်ကုန်ယူနိုက်တက် အသင်းမှ နည်းပြအဖွဲ့နှင့် ဘောလုံးသမား
များ၊ ပရိသတ်များက လုံခြုံရေးအတွက် ရတနာပုံအသင်း၏ အိမ်ကွင်းဖြစ်သော
ဗထူးကွင်းတွင် မကစားလိုကြောင်း MFF သို့ စာရေးသားတောင်းဆို ခဲ့သော်လည်း
ပယ်ချပြီး ကစားစေခဲ့ကြောင်း၊ လုံခြုံရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ
ကိုလည်း ပြုလုပ်ထားသည် ဟု ပြန်ကြား ခဲ့ကြောင်း First – Eleven ဂျာနယ်
တွင် ဖော်ပြထားသည်။

မန္တလေးတွင် မကျင်းပရေးအတွက် MFF က ပြောဆိုခဲ့သော်လည်း မန္တလေး
တိုင်းမှူးက ခိုက်ရန်မဖြစ်ပွားရန် တာဝန်ယူသည် ဟု ဆိုသောကြောင့် ယခုကဲ့သို့
ရန်ကုန် ယူနိုက်တက် နှင့် ပွဲစဉ်ကို ဆက်လက်ကျင်းပခြင်း ဖြစ်ကြောင်း ဘောလုံး
အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် နီးစပ်သူ တဦးက ပြောသည်။

“မန္တလေးက ဘယ်သူလာလာ ချမှာပဲဆိုတဲ့ ပုံစံဖြစ်နေတာ။ ခုဟာက တိုင်းမှူး
ကိုယ်တိုင်က တာဝန်ယူတယ်လို့ အာမခံပြီး ခုလိုဖြစ်တာ။ ရန်ကုန်ဘက်က
မကျေနပ်ကြဘူး” ဟု ၎င်းက ဆိုသည်။

ယခုအခါ မန္တလေးမြို့ရှိ ဗထူးကွင်းတွင် မြန်မာနေရှင်နယ်လိဂ် (MNL)
ဘောလုံးပွဲစဉ်များကို မကျင်းပတော့ဘဲ ရန်ကုန်တွင်သာ ကျင်းပ တော့မည်
ဖြစ်ကြောင်း၊ ဦးဇော်ဇော်မှာ MFF ဥက္ကဌအဖြစ်မှ နှုတ်ထွက်တော့မည်ဟု
အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

MNL ဘောလုံးပွဲစဉ်စုစုပေါင်း ၁၄ ပွဲကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်
ကျင်းပခဲ့ရာ ယခုအခါတွင် ပွဲစဉ် ၇ သို့ ရောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။

ယင်း ဘောလုံးကလပ်အသင်းများကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး
လုပ်ငန်းရှင်ကြီးများက တည်ထောင်ထားခြင်း ဖြစ်သည်။

(ဧရာဝတီ သတင်းစာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

Sep 30, 2009

ဆူနာမီ သတိပေးချက်



(ကိုမိုးသီးဇွန်ဘလော့မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

-ကျော်ကျော် -ဂျာကာတာ

အင်ဒိုနီရှားနိုင်ငံ စူမတ်ထရာကျွန်းအနောက်ပိုင်းရှိ မြို့တော် မှ ၃၃ မိုင်
ကွာဝေးသော လူဦးရေ ၈ သိန်းကျော်နေထိုင်ရာ Padang ဒေသမှာ
ရစ်ချက်တာ ၇.၆ ရှိတဲ့ ပြင်းထန်တဲ့ မြေငလျင် လှုပ်ခဲ့ကြောင်း အမေရိကန်
ဘူမိဗေဒဆိုင်ရာလေ့လာမှုပြုနေကြသော အဖွဲ့ က ကြေညာခဲ့ ပါတယ်။
လူပေါင်း ၁၃ ယောက် သေဆုံးပြီး၊ ရာနဲ့ချီ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့တယ်။
ရာနဲ့ချီတဲ့ အဆောက်အဦးတော်တော်များများ နှင့်လူနေအိမ်များလည်း
ပျက်စီးသွားခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ သတင်းဌာန က အတည်ပြု
ပြောကြားခဲ့ပါတယ်။ ဒီပြင်းထန်တဲ့မြေငလျင်ကြောင့် ဒာင်ဒိုနီးရှား၊ မလေးရှား၊
ထိုင်း နှင့် အိန္ဒိယ နိုင်ငံ ကမ်းရိုးတန်းတွေမှာ ဆူနာမီ လှိုင်းလုံးကြီးများ
ဖြစ်ပေါ်လာနိုင်တယ်လို့ ကမ္ဘာ့လေထု နှင့် သမုဒ္ဒရာ ပတ်ဝန်းကျင်ဆိုင်ရာ
အခြေအနေကို လေ့လာနေကြတဲ့ ပစ္စိဖိတ်ဆိုင်ရာ ဆူနာမီ သတိပေးရေးဌာနက
ထုတ်ပြန်သတိပေးထားပါတယ်။ တောင်ပစ္စိဖိတ် သမုဒ္ဒရာမှာ ရှိတဲ့ စမိုအင်း
( Samoan) ကျွန်းနိုင်ငံမှာလည်း မနေ့က ရစ်ချက်တာ ၈.၀ ရှိတဲ့ ပြင်းထန်တဲ့
မြေငလျင်လှုပ်ခဲ့မှုကြောင့် လူပေါင်း ၁၁၁ ယောက်ထက်မနည်းသေဆုံးပြီး၊
အိမ် နဲ့ အဆောက်အဦးများ ပျက်စီးမျော်ပါ သွားခဲ့ကြကြောင်း ရုပ်မြင်သံကြား
သတင်းများမှာ ပြသထုတ်လွှင့်သွားခဲ့ကြပါသည်။

ဆူနာမီ စတင်ဖြစ်ပေါ်လာခြင်း ဟာ ပြင်းထန်းတဲ့ ရေအောက်ကြမ်းပြင်
မြေငလျင်လှုပ်ခတ်ရာမှာ စတင်ဖြစ်ပေါ်လေ့ရှိကြပြီး ၊ ဘယ် မြေငလျင်က
စတင် ဖြစ်ပေါ်လာမလည်း ဆိုတာက ခန့်မှန်းရခက်ကြောင်း သတိပေးပြော
ကြားထားပါတယ်။ ဂျပန်နိုင်ငံမှာ လည်း ပြင်းအား နဲသော မြေငလျင်များ
ဆက်တိုက် လှုပ်ခတ်နေပြီး၊ ဘယ်တော့ ပြင်းအားကြီးတဲ့ မြေငလျင်
လှုပ်လာမလား ဆိုတာ ခန့်မှန်းရခက်နေကြောင်း ဂျပန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ
လေ့လာမှု ပြုနေကြသော ပညာရှင်များက ပြောဆိုနေကြတယ်။

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

ဦးဖိုးသံချောင်း၏ ဆောင်းပါး …

KP090925

Sep 29, 2009