Mar 8, 2008

ဂိုလ်ဒါ မယ်ယာ သို့ မဟုတ် ဘုရား သခင် ရဲ့ လက်ဆောင်

ဘာသာပြန်သူ - စစ်ငြိမ်းဒီရေ

အပိုင်း(2)

( အထက်တန်း ကျောင်းသူဘ၀ ဂျူး အမျိုး
သားရေး ဇီယွန် ၀ါဒီ ဂိုလ်ဒါ မယ်ယာရယ့်
ဓါတ်ပုံ)

ဂိုလ်ဒါ တို့ ပါလက် စတိုင်း ဒေသ ကို ရောက်
ရှိချိန်မှာ အခြေ အနေ တချို့  ပြောင်းလဲ နေ
တာကို တွေ့ ရ ပါတယ်။ 1914 ခုနှစ် မှ 1918
ခုနှစ် အထိ ဖြစ်ပွားခဲ့တဲ့ ပထမ ကမ္ဘာစစ်
အတွင်း တူရကီ အော်တိုမန် အင်ပါယာနဲ့
သြစတြီးယား ဟန်ဂေရီ အင်ပါယာ တို့ အဆုံး သတ် ခဲ့ ပါတယ်။
1917 ခုနှစ် ခရစ်စမတ် အချိန်ကာလ မှာ ဗြိတိန် စစ်တပ်သည် ဂျေရု စလင်နဲ့ တူရကီ
မြို့ တော် ‘ဒမတ်စကပ်‘ ကို သိမ်းယူ လိုက် သဖြင့် အော်တို မန် အင်ပါ ယာကျဆုံး ခန်း
ရောက်ရှိ ခဲ့ ပါတယ်။

ပထမ ကမ္ဘာစစ် အပြီ ဗြိတိသျှ နိုင်ငံ ခြားရေးဝန်ကြီး လော့ ဘဲလ်ဖို့ က ပါလက်
စတိုင်း ဒေသ တွင် ဂျူးလူမျိုး များ၏ အခွင့်အရေး ကို စောင့်ရှောက် မည် ဟု
ကြေငြာ ခဲ့တယ်။ 1921 ခုနှစ် တွင် ပါလက် စတိုင်း ဒေသရဲ့ အာရပ် ခေါင်းဆောင်
်တစ်ဦး ဖြစ်သော ဟတ်ခ်ျ အာမင် အာလ်း ဟူစိန်ဏီ (Hadj Amin EI Husseini)
က ဂျူး လူမျိုး များ အား တိုက်ခိုက်ရန် တပ်လှန့် လိုက် သဖြင့် သွေးထွက် သံယို မှု
များပိုမို များပြား ခဲ့ပါ တယ်။





getimage9.jpg
(1969 ခုနှစ် အမေရိကန် ပြည်ထောင်စု သို့  ရောက်ခဲ့စဉ် သူမ တက္ကသိုလ်ကျောင်းသူ
ဘ၀က အသုံးပြုခဲ့သော စာသင်ခုံလေး ကို အောက်မေ့ တသစွာဖြင့် ထိုင်နေသော ၀န်ကြီးချူပ်
ဂိုလ်ဒါ မယ်ယာ)

ဂိုလ်ဒါ မယ်ယာ နဲ့ မော့ရစ်စ် တို့ နှစ်ဦးသည် ဂျူး လူမျိုး များ၏ ဟီဗရူး ဘာသာ စကားအား
ဖြင့် ‘ကီဘုရှ် ‘( Kibbutz ) ခေါ် စုံပေါင်း ဘုံရိပ် သာ သို့  ရောက်ရှိ ခဲ့ ပါတယ်။ (စုပေါင်း ဘုံ
ရိပ်သာ ဆိုသည်မှာဆင်းရဲသား အလုပ် သမား မိသာ စုများ အတူ တကွ နေထိုင် ပြီး
စိုက်ပျိုး ရသ မျှ ကို ညီတူ မျှတူ ခွဲဝေယူသော ကျေးရွာ အငယ် စား လေးများ ဖြစ်ပါတယ်။
သူတို့ အားလုံး သည် အချိန် နဲ့ အမျှ အာရပ် တွေ ရဲ့ ခိုးယူ အကြမ်း ဖက်မှုတွေကိုလည်း
စုပေါင်း တွန်းလှန် နေကြ ရပါတယ်။) ဘုံရိပ်သာကို ဇီယွန် အလုပ်သမား အစည်းအရုံး
က အုပ်ချုပ် ထားသော်လည်း ရိပ်သာရှိ အလုပ် သမား မိသားစု များ အတွင်း နှစ် အုပ်စု
ကွဲလျက် ရှိပါတယ်။ ညနေပိုင်းများ တွင် ဇီယွန် အမျိုးသား ရေး ၀ါဒီ အနည်း ငယ်သာ
‘ဟာတစ်ဗာ‘ (Hatikva) ခေါ် မျှော်လင့် ခြင်း (Hope) အမည် ရှိ အမျိုးသား သီချင်းကို
သီဆိုပြီ လက်ဝဲ၀ါဒီ လူအများ စုက ‘အင်တာ နေရှင် နယ်‘
(International ) သီချင်းကို
သီဆို ကြ ပါတယ်။ ဂိုလ်ဒါ တို့  ရောက်ရှိ ချိန်အထိ ပါလက်စတိုင်း ဒေသ တွင် ဂျူးလူမျိုး
စုစု ပေါင်း တစ်သိန်း ခန့် နေထိုင်ပြီ‘ဟာရှိုမာ‘ (Hashomer) ခေါ် ဂျူး ကာကွယ်ရေး
တပ်အင်အား မှာလဲ လေးထောင် ကျော်ခန့် သာရှိခဲ့ ပါတယ်။

ဂိုလ်ဒါတို့ လင်မယား စတင်နေထိုင် တဲ့ နေရာ က ယခု အစ္စရေး နိုင်ငံ မြောက်ပိုင်း
နယ်စပ်၊ အနောက်ဘက် ကမ်း ဒေသက ‘ဂျီစ်ရီးလ်‘ (Jezreel) မှာပါ။ ဂိုလ်ဒါက
နေ့ ခင်း ဘက် တွင် စိုက်ခင်း တွေ ကြက်မွေး မြူးရေး ခြံ တွေမှာ အလုပ် လုပ်ပြီး
ည ဘက်မှာ ခေါင်းစဉ်မျိုးစုံ ပါရှိတဲ့ အစည်း အဝေးတွေကို တက်ရောက် ခဲ့တယ်။
စိတ်ဓါတ် ကျဆင်း နေတဲ့ ပြောင်းရွေ့  အခြေ ချ လာသူ တွေကို အစ္စရေး နိုင်ငံသစ်
ဖြစ်ပေါ် ရေး အတွက် စည်းရုံးရေးလုပ် ခဲ့ ပါတယ်။ ဒါကြောင့် 1922 ခုနှစ် နှစ်ကုန်
ပိုင်း မှာဘဲ ‘ဟစ်စ်တာဒုသ့်‘(Histadrut) ခေါ်ဂျူးအလုပ် သမား အဖွဲ့  ချူပ် (General
Federation of Laborers in the Land of Israel ) က ဘုံရိပ်သာရဲ့ ကိုယ်စားလှယ်
အဖြစ် ဂိုလ်ဒါ မယ်ယာကို ခန့် အပ် ခဲ့ပါတယ်။ အဖွဲ့ မျိုးစုံ အယူ အဆ မျိုးစုံကြားထဲ
တွင် နေရ သော်လည်း ဂိုလ်ဒါက စိတ်ဓါတ်မကျ သွားဘဲ ပို၍ပင် ကြံခိုင် လာခဲ့ ပါတယ်။

1924 ခုနှစ် တွင် ဂိုလ်ဒါ သည် ကိုယ်ဝန် နေ့ စေ့ လစေ့ ကြီးနဲ့  ပင် ဂျေရုစလင်
( Jerusalem ) မြို့ သို့  ပြောင်းရွေ့  လာရာ သားဖြစ် သူ မန်နာခမ်း ( Menachem )
ကို တဲလ်အဗစ်(Tel Aviv- 1909 ခုနှစ်တွင် ဂျူး ခေါင်းဆောင် များ စတင် ထူထောင်
သော စမ်းရေ တောင်ကုန်း အမည် ရှိတယ် ) မြို့ တွင် မွေးဖွား ခဲ့တယ်။ တဲလ် အဗစ်
မြို့ တွင် ခဏ သာ နေထိုင်ခဲ့တယ်။ 1926 ခုနှစ် တွင် သမီး ဖြစ်သူ ဆာရာ(Sarah)
ကို ဂျေရု စလင် မြို့ တွင် မွေးဖွား ခဲ့ ပါတယ်။ 1928 ခုနှစ် ဂျူးအမျိုးသမီး အလုပ်သမား
ကောင်စီရယ့် အတွင်းရေးမှူး အဖြစ် အရွေး ခံရ ပါတယ်။ အဲဒီ နှစ် မှာဘဲ အိမ်ထောင်
ရေး ပြိုကွဲမှုကြောင့် ကလေး နှစ်ယောက်နဲ့  တဲလ် အဗစ်မြို့  သို့ ပြန်လည် ပြောင်းရွေ့
နေထိုင် ခဲ့ပါတယ်။ 1930 ခုနှစ်တွင် အစ္စရေး လွတ်လပ် ရေး သမိုင်း မှာ အရေး ပါတဲ့
ယခု လေဘာ ပါတီ ဟီဗရူး ဘာသာ စကား ဖြင့် မေပိုင်(MAPAI – Mifleget Poalei
Eretz Israel ) ခေါ် လေဘာ ပါတီ ( The Labor Party of the Land of Israel )
ကို ဒေးဗစ် ဘင်ဂူ ရီယန် ၊ အိဇက် ဘင်ဇဗီ တို့ နဲ့  အတူ ဂိုလ်ဒါ မယ်ယာ တစ်ယောက်
ပါတီ ကို စတင် တည်ထောင် သော အဓိက လူ စာရင်း တွင် ပါဝင် ခဲ့ ပါတယ်။

-ဘာသာပြန်

Mar 4, 2008

ဂိုလ်ဒါမယ်ယာ သို့ မဟုတ် ဘုရားသခင်ရဲ့ လက်ဆောင်

ဘာသာပြန်သူ- စစ်ငြိမ်းဒီရေ

အပိုင်း (1)


ဂိုလ်ဒါ မယ်ယာ ဆိုသည့် အမျိုး သမီး မှာ 1969
ခုနှစ် အစ္စရေးနိုင်ငံ သမိုင်း တွင် ပထမ ဦးဆုံး
အမျိုးသမီး ၀န်ကြီးချူပ် အဖြစ် တာဝန်ယူခဲ့တယ်။
ကမ္ဘာ ပေါ်တွင် သုံးယောက် မြောက် အမျိုး
သမီး ၀န်ကြီးချုပ် လဲ ဖြစ်ပါတယ်။ဂိုလ်ဒါမယ်
ယာ(Golda Meir) ခေါ် ဂိုလ်ဒါ မာဘို ဗစ်ခ်ျတပ်
ကို ယခင် ရုရှား အင်ပါယာ (ယနေ့  ယူကရိန်းနိုင်ငံ)
ရယ့် ကိ့ဖ်(Kiev ) မြို့ မှာ ဖခင် လက်သမား ဆရာ
မိုရှီ မာဘို ဗစ်ခ်ျတပ်နဲ့ မိခင် ကုန်ခြောက်သည် ဘူ
လမီး နိမ့် ဒစ်ခ်ျ တို့ မှ 1898 မေလ 3 ရက် နေ့ တွင်
မွေးဖွား ခဲ့ ပါတယ်။ မွေးချင် 8 ယောက် အနက် 5 ဦး မှာ ငယ်စဉ် ကပင် ကွယ်လွန် သွားခဲ့
ပြီး ရှေးနာနှင့် ဆစ်ခီ့ ဆိုသော ညီအမနှစ်ဦး ရှိ ပါတယ်။ ရုရှား အင်ပါယာ အတွင်း
လူမျိုးရေး ခွဲခြား မှုများ ကို စိတ်နာ သောကြောင့် 1903 ခုနှစ် မှာ ဖခင် မိုရှီ သည်
အမေရိ ကန် ပြည်ထောင်စု သို့ အလုပ် ရှာရန် ထွက်ခွာ သွားခဲ့တယ်။ 1906 ခုနှစ်
မှာ တမိသားစု လုံး ဖခင် နေထိုင်ရာ အမေရိကန် သို့ ပြောင်း ရွေ့ ခဲ့တယ်။




getimage.jpg

( ၀န်ကြီး ချူပ် ဂိုလ်ဒါ မယ်ယာ နဲ့  ကုလသမဂ္ဂ အထွေထွေ အတွင်း ရေး မှူး ဦးသန့်  1969
အမေရိကန် ပြည်ထောင်စု နယူး ယော့ခ် တွင် တွေ့ ဆုံ ခဲ့စဉ် က ဓါတ်ပုံ)


1908 ခုနှစ် အထက် တန်းကျောင်း တက်နေ စဉ် အတွင်း ကျောင်းသုံး ဖတ် စာအုပ်မ၀ယ်
နိုင်သော ဆင်းရဲသားကျောင်းသား များအား အကူ အညီ ပေးရေး အဖွဲ့  တွင် ခေါင်းဆောင်
အဖြစ် စတင် တာဝန် ယူခဲ့တယ်။1913 ခုနှစ် ဆရာ အတတ် သင် ကျောင်း တွင် ဆရာဖြစ်
ဘွဲ့ ယူ ရန် စိတ်ဓါတ် ပြင်းထန်း နေစဉ် မိဘ များ က အိမ်ထောင် ပြု ခိုင်း သောကြောင့်
မိသားစု နေထိုင် ရာ မိလ်ဝက်ခီး (Milwaukee ) မြို့ မှ ကော်လို ရာဒို ပြည်နယ် ဒမ်ဘားမြို့
ရှိ အိမ်ထောင်သည် အမ ဖြစ်သူ ရှေးနာ ထံ အိမ်ပြေး လုပ် ခဲ့တယ်။ ရှေးနာ နဲ့ အတူ
နေထိုင် စဉ် ဇီယွန် (Zion ) လှုပ်ရှားမူ တွေကို စတင် စိတ်ဝင် စားခဲ့ သလို ခင်ပွန်း
လောင်း မော့ရစ်စ် မယ်ရာ ဆန် (Morris Myerson ) နဲ့ လဲ တွေ့ ဆုံ ခဲ့တယ်။ 1915
မှာ ဆရာ အတတ် သင် သိပ္ပံ မှ ဘွဲ့ ရခဲ့တယ်။ 1916 မှာ ဇီယွန် အလုပ် သမား အစည်း
အရုံး သို့  ၀င် ရောက် ခဲ့ပြီ 1917 တွင် ချစ်သူ မော့ရစ်စ်နဲ့ သူမ မိဘ များ နေအိမ် တွင်
လက်ထပ် ခဲ့တယ်။ 1921 ခုနှစ် တွင် ဂိုလ်ဒါ မယ်ယာသည် ခင်ပွန်း ဖြစ်သူ မော့ရစ်စ်
အမ ဖြစ်သူ ရှေးနာ တို့ အား ဦးဆောင် ပြီး တူရကီ အော်တိုမန် အင်ပါယာ လက်အောက်
ခံ ပါလက်စတိုင်း ဒေသ သို့ မဟုတ် ဂျူး လူမျိုး တို့ အား ပျားရည် နှင့် နွားနို့ များ စီးဆင်း
ရန် ထာဝရ ဘုရားသခင် က ကတိ ပြုထား သော နယ်မြေ သို့  ထွက်ခွာ လာခဲ့တယ်။

Mar 2, 2008

ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ရှားပါး ဓါတ်ပုံ

image.jpg

လေလွင့်သူရဲ့  တိမ်

ရေးသူ - ဂျူး

မုန်းတီးမှုများ
နေ့ စဉ် စားသုံးရင်
ခွန်အားသစ် တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ် ကြာတဲ့ မီးလျှံများ
လေတိုက် စားလို့  ငြိမ်းလုပြီ။

လွဲချော သွားတဲ့ နာရီ များ အတွက်
အိပ်မက် တွေကို ရှက်တိုင်း
အနက်ရှိုင်း ဆုံးဆိုတဲ့ သောက များ
ဘုရားတ ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဘိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့ အခါ
ဘ၀ဆိုတာ ကောလဟာလ ပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူ များ
အားလုံးရဲ့ နောက်မှာ
ငါ…….
လေဆာရောင်ခြည် သေနတ်နဲ့ 
လူသတ်ချင်တယ်။

ဒါပင်မယ့်
ဘာတွေမှ မတွေးနဲ့ 
တိမ်တွေရဲ့  ကိစ္စ
ရာသီတွေရဲ့  ကိစ္စ
လောက ကို မတောင်းဆို လိုက်လေနဲ့ 
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။

(မာယာ အတွဲ 3 - အမှတ် 1 မှ ထပ်ဆင့် ကူးယူ ဖော် ပြ သည်။)

တံဆိပ်တု

ရေးသူ-ဌေးကြည် (စလင်း)

မုန့်ဝေ တုန်းက
ကျွန်တော် မသိ။

ဒုတ်ဝေ တော့ မှ
အဖော် ညှိ။ ။

[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့၊ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်း၊ မှ ကဗျာ]
မာယာ အွန်လိုင်း မဂ္ဂဇင်း စာမျက်နှာ http://mayaonlinemagazine.blogspot.com/ မှ ထပ်ဆင့် ကူးယူ ဖော်ပြ ထားပါ သည်။