Jul 22, 2008

သူငယ်ချင်း တစု အပိုင်း(၁)


ရေးသူ- အောင်ခင်မြင့်

zhlaingmaths.jpg
(ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ သချာင်္အသင်းရဲ့ ၁၉၉၅ ခုနှစ် မန္တလေး ခရီးစဉ်)

မှတ်မှတ်ရရ အာဇာနည်နေ့မှာ ကျနော်တို့ လှိုင်နယ်မြေ တုံးက သချာင်္အဓိကယူခဲ့တဲ့
သူငယ်ချင်း တွေနဲ့ အင်တာနက်မှာ စကားပြောဖြစ်ကြတယ်။ လူတွေကတော့ တော်တော်
စုံပါတယ်။ ပြည်ပ ရောက်နေတဲ့ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ဥရောပနှင့် အမေရိကန် ဘက်
တွေရော အစုံပဲ၊ မြန်မာပြည် ဘက် အတွင်းက … လေး .. ငါး …ယောက်လောက် အွန်
လိုင်းပေါ် တက်လာလိုက် ပြန်ပြုတ်ကျသွားလိုက်နဲ့ တော်တော်ကြာအောင် စကားပြော
ဖြစ်ကြတယ်။ အင်္ဂလန် ရောက်နေတဲ့ မီးကွင်း (ကျောင်းတုံးက သချာင်္မေဂျာ မှာ ချောလို့
queen ဘွဲ့ ပေးထားတာ၊) က ကလေး နှစ်ယောက်နဲ့ တဗိုက် ဖြစ်နေပြီး။ ယူအက်စ်
ရောက် နေတဲ့ ကျော်ကြီးက မိန်းမ ရတာ ရေတွက် လို့မရ ဖြစ်နေတာ ရော အစုံပဲ ဟို
အကြောင်းရောက်သွားလိုက် ဒီအကြောင်း ရောက်သွားလိုက် ဆူညံ နေရောပဲ။ အော်
အချိန်တွေ ကုန်လွန်း လိုက်တာ တော်တော် မြန်ပါလား။ ဘာလိုလိုနဲ့ လှိုင်နယ်မြေကို
ခွဲခွါခဲ့ရတာ (၁၂)နှစ်တောင် ပြည့်တော့မယ်။

အားလုံး မဖြေနိုင်တဲ့ မေးခွန်းတစ်ခု ကတော့ … မြန်မာပြည် ကို ဘယ်တော့ ပြန်ကြ မလဲ …။
ကျနော်က လွဲရင် ပြည်ပရောက်နေတဲ့ သူငယ်ချင်း အများစုက အလုပ်လုပ်ဖို့ ကျောင်း
ဆက်တက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ထွက်လာကြတာ။ တချို့လဲ အိမ်ထောင်သည် ဘ၀နဲ့
ထွက်လာကြတဲ့ သူတွေလဲ ရှိပါတယ်။ မြန်မာပြည် နဲ့ ပက်သက်ပြီး နိုင်ငံရေး အကြောင်း၊
နာဂစ် မုန်တိုင်းအကြောင်း သူတို့ ထင်ရာ မြင်ရာ မှန်းဆ မှုတွေကို ပြောကြပါတယ်။

အသံတွေက ….
“ မြန်မာပြည် ဒီမိုကရေစီ ဘယ်တော့ရမယ် ထင်လဲ … ”
“ အမေရိကန် စစ်တပ် ၀င်တိုက်ရင် ရမယ်လို့ ငါ ထင်တယ် ”

“ အမေရိကန် က သူ့စစ်သားတွေ အသေခံပြီး တကယ် တိုက် ပေး မှာလား ”




“ ငါတော့ မင်း ထင်သလို မထင်ဘူး၊ လုံခြုံရေးကောင်စီ မှာ တရုပ်နဲ့ ရုရှားကို ကြားနေ
မဲ ပေးဖို့ စည်းရုံးနိုင်တဲ့ အချိန်ရောက်ရင် ယူအမ် ငြိမ်းချမ်းရေး တပ် ၀င်လို့ရပြီး၊အဲဒါဆို
ရင် ရနိုင်တယ်”
“အဲဒါမျိုးက ဘယ်တော့ဖြစ်မှာလဲ ကမ္ဘာ လဆန်း တစ်ရက်နေ့ လား ”
“နင် စကားကို အဲလို ကပ်ပြီး မပြောနဲ့၊ နင်လို လူမျိုးတွေ ရှိလို့ မြန်မာပြည် ဒီမိုကရေစီ
မရတာ”
“မိေ.. …. တော်တော် သတ္တိရှိနေပါလား၊ စစ်တပ်ထဲက နင့်အကိုရော ဘယ်အဆင့်
ရောက်နေပြီးလဲ”
“ ငါ့အကို စစ်သံမှူးရဲ့ လက်ထောက်ဖြစ်နေပြီးဟ၊ အခုချိန် ဗုံးသွားကျဲလဲ သူ အပြင်
ရောက်နေပြီး၊ ငါတောင် ပြောနေသေးတယ်၊ နှစ်ပြည့်ရင် မပြန်နဲ့ ခိုလှုံခွင့်လျောက်
လို့၊ ဘယ်ရမလဲ၊ ငါ့နာမည်ေ.. …. လေ ”

“အေး အမေရိကန် က ဗုံးသွားကျဲမယ် ဆိုရင်၊ နင်တို့ အိမ်လိပ်စာ ငါပေးလိုက်မယ်၊
နင့်အမ အပျိုကြီးတွေ ရန်ကုန်က အိမ်မှာ နေတယ် မလား”
“သေနာ၊ မသာ ကောင်၊ ငါ့အမ အပျိုကြီးတွေ နာဂစ် ဖြစ်တုံးက သူတို့ အလုပ်လုပ်
တဲ့ ကုမ္ပဏီတောင် ဆန် သွားဝေတယ်၊ သူတော်ကောင်း တွေဟဲ့၊ သေနာရဲ့”
“ဗုံးကွဲ တဲ့ သတင်းတွေ ရော ဘာကြားသေးလဲဟေ့”
“ဟိုတလောက က ရွှေပြည်သာ ကြံဖွတ်ရုံးမှာ ဗုံးကွဲ တယ်ဆို”
“စစ်တပ်ထဲမှာ ဗုံးပေါက်ရင် ကောင်းမယ်နော်”
“နင်သွား ခွဲ ပါလား၊ လွယ်မလားလို့၊ ဒီလိုနေရာမျိုး ဗုံးသွားထောင်ဖို့ မလွယ်ဘူး”

“မလွယ်တာတော့ နင်ပြောမှလား ငါလဲ သိတာပေါ့၊ ပါလက်စတိုင်းတွေ လို
အသေခံပြီး ဗုံးခွဲ ရဲရင် ကောင်းမယ်နော်၊ လူတွေလဲ သနားပါတယ်၊ ဒီအစိုးရကို
ဘုရားလဲ နိုင်ပုံ မရဘူး၊ နတ်တွေ သကြားတွေလဲ ဘယ်ရောက်ကုန်ပြီးလဲ မသိဘူး”
“ဟဲ့ေ.. …း၊ ငါတို့ပြောနေတဲ့ အသံ ကြားရလား၊ နင် အခု မြန်မာပြည်မှာ ဘာ
လုပ်နေလဲ”
“ဗိုလ်ချုပ် မယားငယ် တစ်ယောက်ပိုင်တဲ့ ကုမ္ပဏီမှာ အ၀ယ်တော် လုပ်နေတယ်”
“တကယ်”
“ဘာ အ၀ယ်တော်လဲ၊ အတွင်းခံ အ၀ယ်တော် လား”
“နင်တို့ ညစ်ညစ်ပက်ပက် တွေ ပြောရင် ငါတို့ လိုင်းပေါ်က ဆင်းမှာနော်၊ ဒီမှာ
မိန်းကလေးတွေ အများကြီး ရှိတာ သတိ ထားအုံးနော်”
“ကဲ့ နင်တို့ ငြင်းကြမှာလားေ.. ..း ပြောတာ နာထောင်းမှာလား”

“ငါ အလုပ်လုပ်တဲ့ ကုမ္ပဏီ က ပြည်လမ်းမှာ နာမည်က ...၊ ငါတို့ လုပ်ငန်းက လျှပ်
စစ် ပစ္စည်း ရောင်းဝယ်ရေး၊ နာဂစ် ဖြစ်တော့ အစိုးရ က တရုပ်ပြည်နဲ့ သွပ်တို့
ဘိလပ်မြေ တို့ open trade ပေးထားလို့ အခု အဲဒါတွေ လုပ်နေတယ်”
“မင်းလစာ ဘယ်လောက်ရလဲ၊ မင်း ကလေး တစ်ယောက်နဲ့ဆို”
“ဘယ်ကလာ နှစ်ယောက်ကွ၊ အကြီးမ တောင် သူငယ်တန်း တက်နေပြီး၊ ပုံသေ
လစာ က တစ်လကို တစ်သိန်း နှစ်သောင်းရတယ်၊ အရောင်းအ၀ယ် အပေါ်မှာ
ကော်မရှင်ထပ် ပေးရင် နှစ်သိန်းကျော်လောက် ရတယ်၊ ဒီလောက် ရနေလို့ နမို့
သာ ဆိုရင် မလွယ်ဘူး”

“နင့်သမီး အကြီးမ လေးက ချောလားေ.. ..း၊ ငါ့သား အကြီးကောင်လေး နဲ့ ပေး
စားမယ်၊ နင့်သမီး က နင့်မိန်းမ … ..င် နဲ့ တူရင် တော်တော် ချောမယ်နော်”
“တော်ပါဟာ နင်တို့ စစ်မျိုးစစ်နွယ် တွေနဲ့ ပေးစားမယ့် အတူတူ၊ ခွေးကို အမြှီးဖြတ်
ပြီး၊ ပေးစားမယ်”
“ …. … ” (ရယ်သံများ)
“အံ့မယ်၊ နင်ကများ နင်အခု ဗိုလ်ချုပ် မယားငယ် ကုမ္ပဏီမှာ အလုပ်လုပ်နေပြီး
စစ်တပ် မကောင်းကြောင်း ပြောနေသေးတယ်”
“တော်စမ်းပါဟာ မတတ်သာလို့ သူတို့စီမှာ အလုပ်လုပ်နေရတာ၊ နင်တို့လို နိုင်ငံ
ခြားနဲ့ အဆက်အသွယ် ကောင်းကောင်းမရှိလို့၊ ပြီးတော် မိန်းမယူတာ စော သွားလို့
နမို့ ဆိုရင် ဒီတိုင်းပြည်မှာ နေတောင် မနေချင်ဘူး၊ ဒီလောက် ယုတ်မာတဲ့ သတ္တ၀ါ
တွေ လက်အောက်မှာ ဘယ်သူမှ မနေချင်ဘူး၊ ရှင်းပြီးလား”

(ဆက်လက်ဖော်ပြမည်)

Jul 19, 2008

ကောင်းရာ သုဂတိ ရောက်ရှိကြပါစေ

61 notes.jpg

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အားလုံး ကောင်းရာ
သုဂတိ ရောက်ရှိကြပါစေ။

Jul 16, 2008

သခင်မြ သို့မဟုတ် မြန်မာပြည် မြေအောက်တော်လှန်ရေးဖခင် - အပိုင်း(၂)

ရေးသူ- အောင်ခင်မြင့်

02ThakhinMya.jpg
အာဇာနည် သခင်မြ (၁၈၉၇- ၁၉၄၇)

၁၉၄၀ ပြည်နှစ် မေလ ၁၂ ရက်နေ့ သာယာဝတီမြို့၌ ကျင်းပသည့် သခင်ကိုယ်တော်မှိုင်း
ဦးဆောင်သော တို့ဗမာအစည်းအရုံး၏ ပဉ္စမ အကြိမ်မြောက် ညီလာခံတွင် ဆုံးဖြတ်ချက်
၁၄(ဋ) တွင် “ ဗမာ့ လွတ်လပ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ နှင့် ဆက်သွယ်မှု ပြုလုပ်
ပြင်
ဆင်ရန်” စသည့် ဆုံးဖြတ်ချက်အရ လက်နက်ကိုင် တော်လှန်ရေး အတွက် စတင်စီစဉ်
ကြ
် ပါသည်။ ယင်း အစီအစဉ်တွင် သခင်မြခေါင်းဆောင်၍ သခင်နှင့်ကျောင်းသားလူငယ်
အချို့
ပါဝင်သော ယူဂျီ (U.G= Underground ) ခေါ် မြေအောက် လျို့ဝှက် အဖွဲ့တခုကို
လည်း
လျို့ဝှက် ဖွဲ့စည်းခဲ့ပါသည်။

၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် လက်နက်ကိုင် တော်လှန်ရေး အတွက် ဂျပန် နိုင်ငံမှ
ပြည်
တွင်းသို့ လျို့ဝှက်စွာ ပြန်လည် ၀င်ရောက် လာသော သခင်အောင်ဆန်း ပုသိမ်
ဆိပ်ကမ်းမှ ရန်
ကုန်သို့ မီးရထား ဖြင့် လာခဲ့ပြီး ရန်ကုန်၊ အနောက်ပိုင်း လှည်းတန်းလမ်း
အမှတ်(၉၃)တွင် နေ
ထိုင်လျက် ရှိသော သခင်မြ နှင့် လျို့ဝှက်စွာ ဆွေးနွေး ခဲ့ကြပါသည်။
သခင်အောင်ဆန်းရောက်
လာသည့် အခါ လက်နက် ကိုင် တော်လှန်ရေးအတွက်
လျို့ဝှက်ကြိုးပမ်း နေကြသော သခင်မြ
ခေါင်းဆောင်သည့် ရဲဘော် များ၏ ဆွေးနွေးပွဲ
တစ်ရပ် ကို သင်္ကန်းကျွန်းဘူတာ အနီး အိမ်တအိမ်
တွင် ပြုလုပ် ကြပါသည်။ ထိုဆွေးနွေး
ပွဲတွင်

(၁) သခင်မြ (လက်နက်ကိုင်တော်လှန်းရေး အတွက် ပြည်တွင်း ခေါင်းဆောင်)
(၂) သခင်အောင်ဆန်း (ပြည်ပဆိုင်ရာ ခေါင်းဆောင်)
(၃) ကိုဗဆွေ
(၄) ကိုကျော်ငြိမ်း
(၅) သခင်ချစ် (ဆရာချစ်)
(၆) မစ္စတာ ဆူဂီ (ဂျပန်လူမျိုး- မီနာမီကီကန် အဖွဲ့ဝင်)
တို့ တက်ရောက် ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲမှ အချက် (၆) ပါ သဘောတူညီမှုကို ရရှိခဲ့
ပါသည်။


သခင်မြ ခေါင်းသော လျို့ဝှက် တော်လှန် ရေးအဖွဲ့မှ ဂျပန်သို့လွှတ်ရန် လူငယ်များ ရွေး
ချယ်ရာ
တွင် နိုင်ငံရေး အရ အစိုးရက ဖမ်းဆီးရန် ၀ါးရမ်း ထုတ်ထား၍ အလုပ် မလုပ်နိုင်ပဲ
တိမ်းရှောင် နေရ
သူများ၊ နိုင်ငံရေး နယ်တွင် အစိုးရ အာရုံ စူးစိုက်ခြင်း နည်းပါး သေးသူ
သခင်နှင့်ကျောင်းသား
လူငယ် များထဲမှ မျိုးချစ်စိတ် ပြင်းထန်း၍ စစ်ရေးနှင့် သင့်တော် သူ
များကို ဦးစားပေး ရွေးချယ်ရန်
သတ်မှတ် ခဲ့ကြပါသည်။ သခင် အောင်ဆန်းအား ဗမာ့
လွတ်လပ်ရေး ကြိုးပမ်းရာ တွင် ပြည်ပဆိုင်
ရာ တာဝန်ခံ အဖြစ် ဆက်လက် ထမ်းဆောင်
ရန် ဆုံးဖြတ်ခဲ့ ကြပါသည်။


ပဲခူးမြို့ ၌ သခင် ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာ အစည်းအရုံး၏ နိုင်ငံလုံး
ဆိုင်ရာ အလုပ်
အမှုဆောင် အစည်းအဝေး ကျင်းပသည့် ၁၉၄၁ ခုနှစ်မတ်လ ၁၀ရက်
နေ့တွင် သခင်အောင်ဆန်း
နှင့်အတူ ပထမအသုတ် အဖြစ် သခင်လှဖေ (ဗိုလ်လက်ျာ)၊
သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်
အေးမောင် (ဗိုလ်မိုး)၊ ကျောင်းသား ခေါင်းဆောင်
ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့သည် ဂျပန်ပြည်
သို့ စစ်ပညာ သင်ရန် ထွက်ခွါ သွား
ပါသည်။


၁၉၄၁ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တို့ဗမာ အစည်းအရုံး၏ နိုင်ငံလုံး
ဆိုင်ရာ
အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေးကို ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်၊ မင်းလမ်း၊
တောင်ငူ တောင်ပိုင်း
အမတ် ဦးဘ၏ တိုက်တွင် တံခါးပိတ် ပြုလုပ် ခဲ့ပါသည်။ ထိုအချိန်
က တို့ဗမာ အစည်းအရုံး ဗဟို
ဌါနချုပ် ဥက္ကဋ္ဌ မှာ သခင်တင်မောင်(ပန်းတနော်) ဖြစ်
ပါသည်။သခင် တင်မောင်သည် သခင်အောင်
ဆန်းတို့ တရုပ်ပြည် သွားရာမှ ဂျပန်ရောက်
ကာ မလွှဲမရှောင် သာ ဂျပန်နှင့် အဆက် အသွယ်ပြုရ
သည်ကို လုံးဝ လက်မခံသူ တစ်ဦး
ဖြစ်ပါသည်။ သို့သော် သခင်တင်မောင်က ကျန် အလုပ်မှု
ဆောင် အဖွဲ့ဝင်များ အနေ
ဖြင့် လက်နက် ကိုင် တော်လှန်ရေး ကို ညီညွတ်သော တို့ဗမာအစည်း
အရုံးကြီး၏
ခေါင်းဆောင်မှု ဖြင့် ဆင်နွဲနိုင်ရန် သခင်မြ အား ဌါနချုပ် ဥက္ကဋ္ဌ တာဝန်နှင့် တော်လှန်

ရေး ခေါင်းဆောင် တာဝန်ကို ပူးတွဲ ထမ်းဆောင်ရန် ဆွေးနွေး တင်ပြခဲ့ ပါသည်။

သခင်မြ သည် ထိုအချိန်က တို့ဗမာ အစည်း အရုံး၏ ကိုယ့်မင်း ကိုယ့်ချင်း အဖွဲ့ဝင်
လက်ရှိ
ပါလီမန် တစ်ဦး ဖြစ်နေပါသည်။ တို့ဗမာ အစည်းအရုံး၏ ဥက္ကဋ္ဌ ရွေးကောက်မှု
ဆိုင်ရာ စည်းမျဉ်း
များတွင် “ဥက္ကဋ္ဌ သည် ပါလီမန် အမတ်တဦး မဖြစ်စေရ” ဟု ပါရှိနေ
ပါသည်။ နိုင်ငံလုံးဆိုင်ရာ
အမှုဆောင် အားလုံးက သခင်မြ၏ခေါင်းဆောင်မှုကို
သံသယ ကင်းစွာ လက်ခံကြသည်။သို့ရာတွင်
လက်နက်ကိုင် တော်လှန်ရေး
အတွက် သခင်မြနှင့် လျို့ဝှက်ရဲဘော်များ၏ လုပ်
ဆောင်ချက် များကို တို့ဗမာအစည်း
အရုံး နိုင်ငံလုံး ဆိုင်ရာ အလုပ် အမှုဆောင် အဖွဲ့ဝင်ရှေ့
တန်း ခေါင်းဆောင်
အချို့သာ တစိတ်တပိုင်း သိရှိကြပါသည်။ အစည်းအဝေးသို့ တက်ရောက်
လာသော
(၁၂) ခရိုင်မှ တို့ဗမာ အစည်း အရုံး၏ ခေါင်းဆောင် အချို့သည် သခင်မြ ဦးဆောင်

သော လျို့ဝှက်လုပ်ငန်း အစီ အစဉ်နှင့် ပက်သက်၍ သိသင့် သိထိုက်သည့် များကို
အစည်းအဝေး
အတွင်း မေးမြန်းရန် အခက်ကြုံ နေသဖြင့် “ဥက္ကဋ္ဌ ရွေးချယ်ရေး” စည်းမျဉ်း
ကို ထောက်ပြ၍
အပြင်း အထန်း ဆွေးနွေး လာပါသည်။

သခင်မြနှင့် ဌါနချုပ် အလုပ် အမှုဆောင် အဖွဲ့သည် ထိုအချက်ကို ကောင်းစွာ သိရှိ
သဖြင့်
(၁၂) ခရိုင်မှ ခေါင်းဆောင် အချို့ကိုသီးခြားခွဲကာ သခင်မြကိုယ်တိုင် အခြေအနေ
အရပ်ရပ်
ကို ရှင်းပြ ခဲ့ပါသည်။ သခင်မြက ဗမာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင်
တော်လှန်ရေးနှင့်
ပက်သက်ပြီး သခင် အောင်ဆန်း တရုပ်ပြည်သို့ ဦးစွာ ရောက်ရှိ ခဲ့
ကြောင်း၊ အဆက်အသွယ်
ရယူရန် အချိန် ကြာညောင်း မှုကြောင့် အခြေအနေ အရ ဂျပန်
အစိုး၏ အကူအညီဖြင့် လက်
နက်ကိုင် တော်လှန်ရေး ကို ဆောင်ရွက်ရန် စီစဉ်ခဲ့ရကြောင်း၊
ဗမာ့ လွတ်လပ်ရေးကို မိမိတို့
ကိုယ်တိုင် ကြေငြာမည် ဖြစ်ကြောင်း စသည့်တို့ကို ဖွင့်ဟ
ဆွေးနွေး ပါသည်။ ကိုယ်စားလှယ်
များက “အကယ်၍ ဂျပန်က ဗမာ့လွတ်လပ်ရေးကို
အသိအမှတ်မပြုလျင် မည်သို့ ပြုလုပ်မည်
နည်း” ဟု မေးမြန်းရသည့် အခါ သခင်မြ က
“ ဂျပန်က လွတ်လပ်ရေး အသိအမှတ် မပြုလျှင်
ဂျပန်ကို တိုက်မည်” ဟု တိုတိုတုတ်
တုတ် ဖြေကြားခဲ့ပါသည်။


သခင်မြ၏ ရဲဝင့် ပြတ်သားသည့် အဖြေကို ကိုယ်စားလှယ် များ ကျေနပ် ကြပြီး စည်းမျဉ်း
ဥပဒေ
ပါ “ဥက္ကဋ္ဌ သည် ပါလီမန် အမတ် တဦး မဖြစ်စေရ” အပိုဒ်ကို ယာယီ ရပ်စဲပြီး
သခင်မြ အား
တို့ဗမာ အစည်းအရုံး ဌါနချုပ် ဥက္ကဋ္ဌ အဖြစ်၎င်း၊ တော်လှန်ရေး အဖွဲ့
ခေါင်းဆောင်အဖြစ်၎င်း
တာဝန် ပေးအပ် ကြပါသည်။ ယင်း အစည်းအဝေး၏ နောက်ဆုံး
နေ့ဖြစ်သော ၁၉၄၁ ခုနှစ်
မတ်လ ၁၄ ရက်နေ့ မှစ၍ တို့ဗမာအစည်း အရုံးကြီး၏ ဒုတိယ
အကြိမ်မြောက် ဗမာနိုင်ငံ
လုံးဆိုင်ရာ တောင်သူလယ်သမား ညီလာခံ ကို ပဲခူးမြို့ ရွှေမော
ဓေါ စေတီတော် ခြေရင်းတွင်
ကျင်းပ ခဲ့ပါသည်။ တောင်သူ လယ်သမား အစည်း အရုံး
ကြီး၏ ဥက္ကဋ္ဌမှာ သခင်မြ ပင် ဖြစ်ပါ
သည်။ ထိုကြောင့် ကြီးလေး ခက်ခဲသော တော်လှန်
ရေး တာဝန် အရပ်ရပ်ကို တာဝန်ယူ
ခေါင်းဆောင် ရတော့မည် ဖြစ်ခြင်း တို့ကြောင့်
တောင်သူ လယ်သမား အစည်းအရုံး ဥက္ကဋ္ဌ
တာဝန်ကို သခင်တင် (သုံးဆယ်) အား
လွှဲအပ်၍ အစည်းအရုံး နာယက အဖြစ် သာ လက်ခံ
ရန် စီစဉ် ခဲ့ကြပါသည်။

သခင်မြ ခေါင်းဆောင်သော “ မြေအောက် ယူနစ် ဗဟို အာဏာပိုင် အဖွဲ့ (Supreme
Council of Underground Unit ) တွင်
(၁) သခင်မြ (ဥက္ကဋ္ဌ)
(၂) သခင်ထွန်းရွှေ ခေါ် ဆရာထွန်းရွှေ ( စည်းရုံးရေး ဌါန)
(၃) သခင်ချစ် ခေါ် ဆရာချစ် (စည်းရုံးရေး ဌါန)
(၄) သခင်ဗဟိန်း ခေါ် ကိုဗဟိန်း (၀ါဒ ပြန့်ပွားရေး ဌါန)
(၅) ကိုထွန်းအုံ - တက္ကသိုလ်သမ၀ါယမ (ဘဏ္ဍာရေး ဌါန)
(၆) သခင်ဗဆွေ ခေါ် ကိုဗဆွေ - တက္ကသိုလ် သမဂ္ဂ အတွင်းရေးမှူးဟောင်း
(လက်နက်စုဆောင်းရေး)
(၇) ကိုကျော်ငြိမ်း (နိုင်ငံခြား ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး)
တို့ ဖြစ်ကြပါသည်။

(တို့ဗမာအစည်းအရုံး သမိုင်း ပ-ဒု နှစ်တွဲ နှင့် သခင်တင်မြ ၏ ဘုံဘ၀မှာဖြင့် တို့မှ
မှီငြမ်း ရေးသားပါသည်။)

Jul 13, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ လူသိနည်းသော အဖြစ်အပျက် တစ်ခု


ရေးသူ- သခင်တင်မြ
ပြန်လည် တင်ပြသူ- အောင်ခင်မြင့်

bogyoke aungsan.jpg
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅- ၁၉၄၇)

-၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည (ရန်ကုန်၊ ကြည်မြင်တိုင်၊ ဟုမ်းလမ်း
မီးရထားဂုံးထိပ်ရှိ ဂျပန်ပြန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်မှူးမြင့်အောင် နေအိမ်)

ဖယောင်းတိုင်မှ ထွက်လာသည့် အလင်းရောင် မှိန်မှိန်တွင်ဖြစ်သဖြင့် ခေါင်းဆောင်
များ၏ မျက်နှာ အမူအရာများ မည်သို့ရှိနေသည် ကို အထင်အရှား မမြင်ရစေကာမူ
ကိုယ်ဟန်လှုပ်ရှားမူများကို ကြည့်ရခြင်းဖြင့်ပင် တက်ကြွဖျတ်လတ်နေကြောင်း၊
ဖက်ဆစ် တော်လှန်ရေးအတွက်အရေးကြီးသည့် သဘောထားများကို ဆွေးနွေး
ဆုံးဖြတ်ကြရန် စိတ်အာရုံစောလျက်ရှိကြ ကြောင်းကို အထင်အရှား တွေ့နေရပါ
သည်။ ကျွန်တော် (သခင်တင်မြ) ၏ အတွင်းစိတ်များလည်း တက်ကြွ လှုပ်ရှားလျက်
ရှိနေပါသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် သခင်စိုးတို့က စာပွဲဝိုင်းကလေး ပတ်လည်မှာရှိသော ကုလား
ထိုင်များတွင် အရင် ထိုင်လိုက်ကြသည်။ သခင်သန်းထွန်း က ကုလားထိုင်တစ်လုံးတွင်
နောက်မှ ၀င်ထိုက်လိုက်လေသည်။ ဗိုလ်မှူးရဲထွဋ် နှင့် ကျွန်တော်သည် ကိစ္စတစ်ခုကို
အခန်းထောင့်တွင် ဆွေးနွေးနေကြစဉ် သခင်စိုးက လှမ်းခေါ်သဖြင့် ကျွန်တော်တို့ နှစ်
ယောက် စကားစကို ဖြတ်ပြီးလူကြီးများ ၀ိုင်းထိုင်နေသော စားပွဲဆီသို့လာခဲ့သည်။
ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း ရှေ့ရှိ ကုလားထိုင်ပု ကလေးတွင် ထိုင်ရန် ခါးကို
ကိုင်းလိုက်မိပါသည်။ ထိုအခိုက် ကျွန်တော်စစ် အင်္ကျီဘယ်ဘက်အိတ် အတွင်းမှ
မော်ဇာ ပစ္စတိုကလေးမှာ လျှောခနဲထွက်သွားပြီး စားပွဲပေါ်ရှိ မှန်ချပ်ကြီးပေါ်သို့
ဖြန်းခနဲ ကျသွားပါသည်။ ပစ္စတိုပြောင်းဝမှ မီးလက်ခနဲ လင်းသွားပြီး၊ သေနတ်သံ
ဒိုင်းခနဲ မြည်ဟည်းသွားပါသည်။ ကျွန်တော်တို့ အားလုံး ကြက်သေ သေပြီး တိတ်
ဆိတ်သွား ပါသည်။ ကျွန်တော်လည်း ထူပူချောက်ချား သွားပါသည်။

ကျွန်တော် အသေအချာမြင်လိုက်ပါသည်။ ကျွန်တော်၏ ပွင့်နေသော အင်္ကျီအိတ်
ထဲမှ လျှောထွက်သွားသော ပစ္စတိုကလေးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုး
တို့ ယှဉ်ထိုင်နေသောဘက်ဆီသို့ ပြောင်းလှည့်၍ စားပွဲဝိုင်းတွင် ခင်းထားသည့်
မှန်ချပ်ကြီးပေါ် ကျသွားပြီး ဒိုင်းခနဲကျည်ဆံထွက်သွားခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်
အောင်ဆန်းမှာ ကုလားထိုင် လက်ရန်း နှစ်ဖက်ပေါ် လက်တင်ပြီး မှန်ချပ်ပေါ်တွင်
သေနတ်ပေါက်ကွဲမှု အရှိန်ဖြင့် ချာချာလည်နေသော ပစ္စတိုသေနတ် ကလေးကို
စိုက်ကြည့်နေပါသည်။




သခင်စိုး အသံက ရုတ်တရက် ထွက်ပေါ်လာပါသည်။ “ဘယ်သူ့ ထိသွားသလဲဟင်။
ဘယ်သူ့ထိသွားသလဲ” ဟု မေးရင် ကျွန်တော်ကို စူးစိုက်ကြည့်ပြီး “ခင်ဗျာ လုပ်လိုက်
ရင် သောက်ရမ်းချည်းပဲ။ ခင်ဗျာ တော်တော် အသုံးမကျတာပဲ” ဟု ကြိမ်းမောင်း
ပါသည်။

ကျွန်တော်က ဘာမျှပြန်မပြောနိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ငြိမ်သက်နေသဖြင့်
“သေနတ်ထိသွား ပြီးလား” ဟူသော စိုးရိမ်း ချောက်ချားစိတ်က လွှမ်းမိုးနေ
ပါသည်။

“ဗိုလ်ချုပ် ထိသွားသလား” ဟု ကျွန်တော်က စိုးရိမ်းသံဖြင့် မေးလိုက်မှ ဗိုလ်ချုပ်
အောင်ဆန်းသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး “ဘာမှ မဖြစ်ပါဘူး။ကျုပ်တော့
မထိဘူး” ဟု ဖြေပါသည်။

ဗိုလ်မှူးရဲထွဋ် က “ဟိုမှာ ဟိုမှာ။ ကျည်ဆံ ပေါက်သွားတဲ့နေရာ မှန်ကွဲနေတယ်”
ဟု လက်ညှိုး ထိုးပြ မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ နောက်ဘက်ရှိ ပြတင်း
ပေါက် မှန်တံခါးကွဲ နေသည် ကို တွေ့ရပါသည်။ ပေါက်ကွဲ ထွက်သွားသော ကျည်ဆံ
မှာ ဘယ်သူ့ကိုမျှ ထိမှန်ခြင်း မရှိသည်ကို သိရမှ စိုးရိမ်းစိတ်ဖြင့် ချွေးပြန်နေသော
ကျွန်တော်သည် စိတ်အေးသွားသည်။

တိုက်အောက်က လုံခြုံရေး တာဝန်ယူနေသော စစ်ဗိုလ်ကလေးမှာ အပေါ်ထပ်သို့
အူလျားဖား လျား ပြေးတက်လာပါသည်။ ဗိုလ်မှူး ရဲထွဋ် က မတော်တဆ သေနတ်
ထွက်သွားခြင်းဖြစ် ကြောင်းဆီးပြောလိုက်မှ ထိုဗိုလ်ကလေးမှာ ယောင်ချားချားနှင့်
အောက်သို့ ပြန်ဆင်းသွား ပါသည်။

သခင်စိုးသည် ကျွန်တော့်ကို ပေါ့ဆ ရပါမည်လားဟု ဆက်၍ ဆူပူနေပါသေးသည်။
ဤသို့ ဖြစ်ရသည်မှာ ကျွန်တော်၏ သတိလစ်ဟင်းမှုကြောင့် ဖြစ်ပါသည်။ ကျွန်တော်
သည် သွားလေရာရာတွင် ပစ္စတို သေနတ် နှစ်လက်ကို အမြဲတမ်း ယူဆောင်လေ့
ရှိပါသည်။ နှစ်လက်လုံးကို ကျည်ဆံထိုးပြီး မောင်းထိန်း ခလုပ်ပိတ်ကာ အသင့်လုပ်
ထား ပါသည်။ ၇ ဒဿမ ၅ ပစ္စတို အသေးကလေးကို အင်္ကျီအိတ်ထဲ ထည့်၍ ကြယ်
သီးပိတ်ထားပြီး၊ ပစ္စတို အကြီးကိုမူ သားရေလက်ဆွဲအိတ် ထဲတွင် ထည့်ထားပါသည်။
အရေးအကြောင်း ပေါ်ပါက အလွယ်တကူ ထုတ်သုံး နိုင်ရန် ဖြစ်ပါသည်။

အင်္ကျီကြယ်သီး ဘယ်အချိန်က ပြုတ်နေမှန်း မသိပါ။ ကုလားထိုင်ကို ထိုင်ရန် ခါး
အကုန်းလိုက်တွင် ပွင့်နေသော အိတ်ထဲမှ သေနတ်မှာ အလေးချိန်ဖြင့် လျှောထွက်
သွားပြီး မှန်ချပ်ပေါ်ကျ၍ မောင်းထိန်း ခလုတ် ပြုတ်ကာ ကျည်ဆံ ထွက်သွားခြင်း
ဖြစ်ပါသည်။

ကျွန်တော်သည် ပစ္စတို သေနတ်ပြောင်းထဲ အလိုအလျောက် ၀င်နေသော
ကျည်ဆံကို ထုတ်ယူလိုက်ပြီး သေနတ် ယမ်းကတ်များ နုတ်၍ သေနတ်ကို
သားရေလက်ဆွဲအိတ် ထဲသို့ ထည့်လိုက်ပါသည်။

သခင်စိုးသည် ကျွန်တော် (သခင်တင်မြ)၏ ပေါ့လျှော့မှုကို မကျေနိုင် မချမ်းနိုင်
ဖြစ်နေပါသေးသည်။ သေနတ်သံ ကြားသဖြင့် ဂျပန်တွေများ လာစုံစမ်းမလား
ဟု စိုးရိမ်းနေပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ ကမူ
သေနတ် မတော်တဆ ထွက်သွားခြင်းကို အရေးကြီး လှသည်ဟု သဘော
မထားကြပါ။ စစ်ဗိုလ်အိမ်က သေနတ်သံ တစ်ချက်ကြားရုံဖြင့်လည်း ဂျပန်
များက ဂရုစိုက်လာလိမ့်မည် မဟုတ်ဟု သဘောထားကြဟန် တူပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနှင့် သခင်သန်းထွန်းတို့သည် မဟာမိတ်
စစ်ဌာနချုပ်က ပေးလိုက်သော စာနှင့် ကိုသိန်းဖေထံမှ ပေးလိုက်သော စာပါ
သဘောထားများကို အခြေခံ၍ ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်၍ အမြန်
ဆုံး တော်လှန်တိုက်ခိုက်ကြရန် သင့်၊ မသင့် ဆွေးနွေး ကြပါသည်။

(သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် စာအုပ်မှ ကောက်နုတ် ဖော်ပြထားပါသည်
အကြောင်းကြောင်းကြောင့် စာရေးသူထံမှ တိုက်ရိုက် ခွင့်ပြုချက် မတောင်းခံ
ထားမှုကို ခွင့်လွှတ်ပါ။)

Jul 12, 2008

သခင်မြ သို့မဟုတ် မြန်မာပြည် မြေအောက်တော်လှန်ရေးဖခင် - အပိုင်း(၁)

ရေးသူ- အောင်ခင်မြင့်

thakhinmya.jpg
အာဇာနည် သခင်မြ (၁၈၉၇- ၁၉၄၇)

ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြ ကို ပဲခူးတိုင်း
ပြည်ခရိုင် ထုံးဘိုရွာ တွင် အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇
ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ ငယ်နာမည်မှာ
မောင်ဘရွှေ ဖြစ်ပါသည်။ ညီမ ဖြစ်သူ မမြငွေ တဦးသာ ရှိ၍ နောင်အခါ
သီလရှင် ၀တ်သွားပြီး ဒေါ်ခေမာဝတီ ဟု သိရပါသည်။ ဆရာကြီး သခင်မြ
သည် ငယ်စဉ်က သာယာဝတီ အေဘီအမ် ကျောင်းတွင် သတ္တမတန်း အောင်
မြင်ပြီး ဆယ်တန်းကို ရန်ကုန်ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့
ပါသည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကော်လိပ်နှင့် ကာလကတ္တားတက္ကသိုလ်
တို့မှ အိုင်အက်စီတန်း ကို ဓါတုဗေဒ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ၁၉၂၀
ပြည်နှစ် ပထမ ကျောင်းသားသပိတ် ကာလ အတွင်း တက္ကသိုလ် သပိတ်မှောက်
ကောင်စီတွင် ဒု-ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယင်းသပိတ် နောက်ပိုင်း
ပေါ်လာသော အမျိုးသားပညာ ရေး ကောင်စီတွင် အဖွဲ့ဝင် ဖြစ်ရုံမက ကြည့်မြင်
တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။
၁၉၂၄ ခုနှစ်တွင် ဘီအက်စီတန်းကို ဂုဏ်ထူးဖြင့် အမျိုးသား ကော်လိပ်မှ အောင်မြင်
ခဲ့ပါသည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ် ခဲ့ပါသည်။ ၁၉၂၇ ခုနှစ်
တွင် ဥပဒေ ၀ိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီ သို့ ပြန်၍ ရှေ့နေအလုပ်
ဖြင့် အသက်မွေးခဲ့ ပါသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံ
ရှုံးနိမ့်ချိန်တွင် အရေးတော်ပုံ အကျဉ်းစံ များဘက်မှ အခမဲ့ ရှေ့နေ လိုက်ရာမှ
ထင်ရှားလာခဲ့ ပါသည်။၁၉၃၄ ခုနှစ် မတ်လ နွေရာသီ တွင် စီစဉ် ပြုလုပ်ခဲ့သော
တို့ဗမာ အစည်းအရုံးကြီး၏ ခရီးရှည်





စည်းရုံး ကာလ အတွင်း သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်ဟောင်း
ဝတ်လုံ ကိုမြ သည် သခင်မြ ဟူသော သခင်ဘွဲ့ကို ခံယူခဲ့ပါသည်။ ၁၉၃၆ ခုနှစ်
ဇွန်လ မြင်းခြံမြို့ တွင် ကျင်းပခဲ့သော တို့ဗမာအစည်းအရုံး ရဲ့ ဒုတိယ အကြိမ်
ညီလာခံ က ရွေးချယ်သော ဗမာနိုင်ငံလုံး ဆိုင်ရာအမှုဆောင်အဖွဲ့ တွင်
သာယာဝတီ စီရင်စု ၏ ခေါင်းဆောင်အဖြစ် နံပါတ်စဉ် အမှတ်(၃၀) သခင်မြ
သည် သခင်စောကြီး၊ သခင်စိန့်၊ သခင်ခင်အောင်၊ သခင်ဗထွန်း၊ သခင်ထွန်း
ဆိုင်၊ သခင်ကျော်ဒင်၊ သခင်ချစ်လှိုင် တို့နှင့်အတူ ဦးဆောင် ပါဝင်ခဲ့ ပါသည်။

၁၉၃၆ ခုနှစ် ဇူလိုင်လ တွင် တို့ဗမာအစည်း အရုံး က အောက်လွှတ်တော်၏
၉၁ ဌါန အမတ် ခွဲတမ်း စနစ် ကို တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့သော ကိုယ့်မင်းကိုယ့်
ချင်း အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ ၏ တာဝန်ပေးချက်
အရ သာယာဝတီ တောင်ပိုင်း အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရပြီး
ဥပဒေပြု အောက်လွှတ်တော်၏ ပထမဆုံး အရွေးချယ်ခံ သခင်အမတ် သုံးဦး
အနက် တစ်ဦး အဖြစ် ပါဝင်ခဲ့ပါသည်။ ကိုယ့်မင်းကိုယ်ချင်း အဖွဲ့ကို စတင်
တည်ထောင်စဉ်က သခင်ဟန်နှင့် သခင်ကံတင့် တို့က ဥက္ကဋ္ဌ၊ အတွင်းရေးမှူး
တာဝန်များ ယူခဲ့သော်လည်း နောက်ပိုင်းတွင် သခင်မြ က ကိုယ့်မင်းကိုယ့်ချင်း
အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးမှု ကို ခံယူ ခဲ့ပါသည်။ ၁၉၃၈ ဇန်န၀ါရီ
(၈)ရက် နေ့ တွင် စတင်ခဲ့သော ချောက်ရေနံမြေ သပိတ်တိုက်ပွဲကာလ တွင်
အလုပ်သမားများ၏ တောင်းဆို ဆုံးဖြတ်ချက်များကို ဆောင်ရွက်ရန် တာဝန်ခံ
အမှုဆောင် တစ်ဦးအဖြစ် ရှစ်ဦးကော်မတီတွင် ပါဝင်ခဲ့ပါသည်။

တို့ဗမာ အစည်းအရုံးကြီး၏ တတိယအကြိမ်မြောက် ပြည်ညီလာခံတွင်
သခင်မြ သည် ဌါနချုပ်၏ အမှုဆောင် တစ်ဦးအဖြစ် တာဝန်ပေးခြင်း ခံ
ရပါသည်။ တို့ဗမာအစည်းအရုံးကြီး နှစ်အုပ်စုမကွဲခင် ၁၉၃၈ ခုနှစ် သြဂုတ်
လ မှာ ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့တဲ့ ဌါနချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့
တွင် သခင်မြ သည် စာရင်းစစ် အဖြစ် တာဝန်ယူခဲ့ပါသည်။ လစာမယူသော
ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ခေါင်းဆောင် အောက်လွှတ်တော် အမတ် သခင်မြ၊
သခင်အံ့ကြီး၊ဘုရင်ခံကိုယ်တိုင် ရွေးချယ်ထားသော အထက်လွှတ်တော်
အမတ် မြို့မကျောင်းအုပ်ကြီး ဦးဘလွင် တို့သည် ကျောင်းသားခေါင်းဆောင်
ဗိုလ်အောင်ကျော် ကျဆုံးခဲ့သော အတွင်းဝန်ရုံး(ယနေ့ ခေတ် ၀န်ကြီးများရုံး)
ပြဿနာ နှင့် စပ်လျဉ်း၍ ပါလီမန်အမတ် အဖြစ်မှ နုတ်ထွက်စာတင်းသွင်းခဲ့ပါ
သည်။ တို့ဗမာ အစည်းအရုံးကြီး၏ ဦးဆောင်မှုဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ
တောင်သူလယ်သမား အစည်းအရုံး ကို ၁၉၃၉ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့
သခင်မြ အား အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ရွေးချယ်ခဲ့ပါသည်။ အလုပ်မှုဆောင်
အဖွဲ့ဝင်များမှာ …
(၁)သခင်မြ -ဥက္ကဋ္ဌ
(၂)သခင်ခင်အောင်
(၃)သခင်သန်းထွန်း
(၄)သခင်အောင်ဆန်း
(၅)သခင်လှဘော်
(၆)သခင်တင် (သုံးဆယ်)
(၇)သခင်သိန်းဖေ (၀ါးခယ်မ)
(၈)သခင်းစိုးမင်း (ကြို့ပင်ကောက်)
(၉)သခင်ဗသော် (ကညွတ်ကွင်း)
(၁၀)သခင် ကျော်လူကလေး (သံလျင်)
(၁၁)သခင်လှထွန်း (ပဲခူး)
(၁၂)သခင်ဗငြိမ်း (မအူပင်) တို့ ဖြစ်ပါသည်။

(တို့ဗမာအစည်းအရုံး သမိုင်း ပ-ဒု နှစ်တွဲ နှင့် သခင်တင်မြ ၏ ဘုံဘ၀မှာဖြင့်
တို့မှ မှီငြမ်းရေးသားပါသည်။)

Jul 1, 2008

ဒီပရင်္ဂ

(ရေးသူ-ကြည်မောင်သန်း ၂၀၀၈ ဇွန်လ ထုတ် ချယ်ရီ မဂ္ဂဇင်းမှ)

ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲ မြို့လည်း မဟုတ်
ရာဇ၀င်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက ရှိတဲ့ မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်း လှည့်လည်ရင်း
မြောက်ဘက်အရပ် အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့် ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေ ပေါများ
ရဟန်း ပညာရှိ လူပညာရှိ တွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားရေး ကူးသန်း သွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသဓာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာ အရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။




ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန် ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဘူးတယ်။
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင် ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ
အမျိုးသမီးတယောက်
သေကံ မရောက် သက် မပျောက် ဖြစ်ခဲ့ရတယ်။
ဒီမြို့မှာ
အံကြိတ်ရ တောက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်း အခါသမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီး ရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုး မို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့ လေ။
မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်း ကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။

(ဘားမားတူးဒေး အင်တာနက် စာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြထားပါသည်၊
အကြောင်းကြောင်း ကြောင့်ကဗျာ ပိုင်ရှင်ထံမှ ခွင့်ပြုချက် မယူထားမှုကို နား
လည်း ခွင့်လွတ်ပါ ခင်ဗျာ။)