Nov 19, 2008
ခွင့်လွှတ်ပါ... ပြင်မယ်ဗျို့
(ဖြေရှင်းချက်။ ။)
မြန်မာပြည် အတွင်းတစ်နေရာက ကျနော့် သင်ဆရာ၊ မြင်ဆရာ
တစ်ဦး အင်တာနက်ပေါ်က ကျနော့် ဘလော့လေးကို မျက်စိလည်
လမ်းမှားပြီး တွေ့သွားပါတယ်။ ပြီးတော် စာ မတို မရှည် တစ်စောင်
ရေးပြီး အမှားတွေ များနေတယ် ပြင်ပါတဲ့။ သတ်ပုံ အမှား၊ ချပြမှု
အမှား၊ အယူအဆ ကောက်ကြောင်းဆွဲပုံ အမှား၊ ဒေါသ သင့် စာပေ
အမျိုးစုံပါပဲ။ အဓိက က ရွေးချယ်ခြင်း နဲ့ ရုန်းကန်ခြင်း ဆောင်းပါးများ
အပါအ၀င် ကဗျာ တစ်ပုဒ်၊ နုတ်ဆက်ခြင်း တစ်ပုဒ်တို့ပါ။
ကျနော့်ဘလော့မှာ အဲဒီ ပို့စ်တွေ စ’တင်တုန်းက စီဘောက်အတွင်း
အားပေးခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ ကော်မန့် ရေးကြတဲ့
အရင်းနှီဆုံး မိတ်ဆွေတွေ အားလုံးကို အထူး တောင်းပန် ပါတယ်။
ခွင့်လွှတ်ပါ … ။
ကဗျာလေး တစ်ပုဒ် လောက် ရေးခြင်း သပါ့။
“လူ့ဂွစာ”
သူ့လွယ်အိတ်ထဲ ပေတံအပြည်နဲ့
လူ့ဂွစာ။ ။
-စစ်ငြိမ်းဒီရေ
Nov 15, 2008
စစ်အာဏာရှင် အကျဉ်းသား သံဃာ့အာဇာနည် စာရင်း
တရားလို/စွပ်စွဲခံရသူ/အကြောင်းအရာ(ပုဒ်မ)/အမှုနံပါတ်/တရားရုံး
(၁)ဒုရဲမှူးမျိုးသန့်/ဦးစန္ဒာသီရိ/၂၉၅-က/၅၀၅(ခ)/၂၄၂/၀၈/
အင်းစိန် အကျဉ်းထောင် သီးသန့်အထူးရုံး
(၂)ဒုရဲမှူးသန်းစိုး/ဦးပဏ္ဍိတ/၂၉၅-က/၅၀၅(ခ)/ ၃၈၃/၀၈/ အင်းစိန်
အကျဉ်းထောင် သီးသန့် အထူးရုံး
(၃)ဒုရဲမှူးသန်းစိုး/ဦးစန္ဒာသီရိ/၁၄၃/၁၄၇/၅၀၅(ခ)/၂၄၄/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၄)ဒုရဲမှူးမျိုးသန့်/ဦးပဏ္ဍိတ/၁၄၃/၁၄၅/၁၄၇/၅၀၅(ခ)/၂၄၃/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၅)ဒုရဲမှူးမျိုးသန့်/ ဦးကောဝိဒ/၁၄၇/၅၀၅(ခ)/၅၁၉/၀၈/ အင်းစိန်
အကျဉ်းထောင် သီးသန့်အထူးရုံး
(၆)ရဲမှူးမျိုးညွန့်/ဦးကေသာလ/ပုံနိုပ် ၁၇/၂၀/ ၇၁၁/၀၈/အင်းစိန်
အကျဉ်းထောင် သီးသန့်အထူးရုံး
(၇)ရဲအုပ်အောင်ကျော်စိုးဝင်း/ဦးစန္ဒာဝရ/၁၄၃/၁၄၅/၁၅၂/၅၀၅(ခ)/
၁၇/၀၈/ အရှေ့ပိုင်းခရိုင် အမှတ်(၇) တရားရုံး
(၈)ရဲအုပ်အောင်မြင့်ဦး/ဦးဇာဏေယျ/၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၉)ရဲအုပ်အောင်မြင့်ဦး/ဦးဝိလာသဂ္ဂ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၀)ရဲအုပ်အောင်မြင့်ဦး/ဦးအဂ္ဂဓမ္မ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၁)ရဲအုပ်အောင်မြင့်ဦး/ဦးဣသာရိယ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၂)ရဲအုပ်အောင်မြင့်ဦး/ဦးနန္ဒ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၄)ရဲအုပ်သန်းဌေးအောင်/ဦးဇဋိလ/ ၁၄၃/၁၄၅/၅၀၅(ခ)/၂၉၅-က/
၃၃၇/၀၈/ မရမ်းကုန်းမြို့နယ် တရားရုံး
(၁၅)ရဲအုပ်သန်းဌေးအောင်/ဦးဃောဘိတ/ ၁၄၃/၁၄၅/၅၀၅(ခ)/၂၉၅-က/
၃၃၈/၀၈/ မရမ်းကုန်းမြို့နယ် တရားရုံး
အထက် ဖော်ပြပါ သံဃာတော်များ အနက် အချို့သံဃာတော်များသည်
ငယ်စဉ် ဘ၀ ကတည်းက ကိုရင်ဝတ်ဖြင့် သာသနဘောင်သို့ ၀င်ရောက်
ခဲ့သော မြတ်ဗုဒ္ဓ၏ သားတော် (ငယ်ဖြူ)များ ဖြစ်ကြပါသည်။ ဆရာတော်
များ၏ မိသားစုများတွင် ဆရာတော်များ၏ လူဝတ်ဘ၀က အမည်စာရင်းပါ
ရှိ သော ပုံစံ(၁၀) ခေါ် မိသားစု သန်ကောင်စာရင်းများ မရှိတော့ပါ။ ကျန်ရစ်
သူ မိသားစုဝင်များ ထောင်ဝင်စာ လာတွေ့ရန် ယင်းပုံစံ(၁၀) လိုအပ်ပါသည်။
ဆရာတော်များ၏ မိသားစုများမှာ မြန်မာနိုင်ငံ ကျေးလက်ဒေသမှ ဖြစ်ကြောင်း
သိရ ပါသည်။ အင်းစိန် အကျဉ်းထောင် အတွင်း စားသောက်ရမှုမှာ များစွာ
စိတ်ပျက်ဖွယ်ရာ ကောင်းလှပါသည်။ တခါတရံ နံနက်စာ သည် နေ့လည်
၁၂-နာရီ ကျော်မှ လာလေ့ ရှိပါသည်။ ဆရာတော်များသည် ရဟန်းသိက္ခာဖြင့်
ပင် ရှိနေသောကြောင့် နေ့လည် ၁၂-နာရီ ကျော်လျှင့် ဆွမ်းဘုန်းပေးလို့
မဖြစ်နိုင်ပါ။ ထိုကြောင့် ထောင်ဝင်စာ လာမှ မုန့်ပဲသရေစာ အချို့ ရနိုင်ပါ
သည်။ ၂၀၀၇- ခုနှစ် စက်တင်ဘာမှ စ၍ ယနေ့တိုင် ထောင်ဝင်စာ လာမတွေ့
နိုင်သော စစ်အာဏာရှင် အကျဉ်းသား သံဃာ့အာဇာနည် များစွာ ရှိနေကြောင်း
သိရှိရပါသည်။

Nov 14, 2008
အမိန့်ချတော့မည့် နိုင်ငံရေး အကျဉ်းသားစာရင်း
တရားလို/စွပ်စွဲခံရသူ/အကြောင်းအရာ(ပုဒ်မ)/အမှုနံပါတ်/တရားရုံး
(၁)ဒုရဲမှူးကြီးဇော်မင်းအောင်/ မင်းကိုနိုင် ပါ(၃၇)/ အမျိုးသားညီလာခံ
ပုဒ်မ(၄)/ ၅၄/၀၈ / အင်းစိန်အကျဉ်ထောင် သီးသန့် အထူးရုံး
(၂)ဒုရဲမှူးကြီးဇော်မင်းအောင်/ မင်းကိုနိုင် ပါ(၂၃)/ အီလက်ထရောနစ် ၃၃-က/
၉၂/၀၈ / အင်းစိန်အကျဉ်းထောင် သီးသန့် အထူးရုံး
(၃)ဒုရဲမှူးကြီး ကျော်စိုး/ မင်းကိုနိုင် ပါ(၃၇)/ ပြစ်မှုပုဒ်မ ၅၀၅(ခ)/ ၁၁၆/၀၈ /
အင်းစိန်အကျဉ်းထောင် သီးသန့် အထူးရုံး
(၄)ရဲမှူးရဲညွန့်/ ဦးဂမ္ဘီရ ပါ-၁၁/ ၂၉၅-က/၅၀၅-ခ/ ၁၆၅/၀၈ / အင်းစိန်
အကျဉ်းထောင် သီးသန့်အထူးရုံး
(၅)ရဲမှူးရဲညွန့် / ဦးဂမ္ဘီရ /၂၉၅-က/၅၀၅-ခ /၅၀၈/၀၈ /အင်းစိန် အကျဉ်း
ထောင် သီးသန့် အထူးရုံး
(၆)ရဲမှူးမျိုးသန့်/ မျိုးရန်နောင်သိန်းပါ-၂/ ၅၀၅(ခ)/ ၁၁၃/၀၈ /အင်းစိန်
အကျဉ်းထောင် သီးသန့် အထူးရုံး
(၇)ဒုရဲမှူးမျိုးသန့်/မင်းဟန်(ခ)မီရှဲလ်/ ၁၄၃/၁၄၅/၁၄၇/၁၅၂/၂၁၄/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၈) ဒုရဲမှူးမျိုးသန့်/မင်းဟန်(ခ)မီရှဲလ်/၅၀၅-ခ/၂၉၅-က/၂၁၅/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၉)ရဲအုပ်ကျော်သာဦး/စည်သူမောင်/၁၄၃/၁၄၅/၁၄၇/၅၀၅/ ၉/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၀)ရဲအုပ်ကျော်သာဦး/ဇင်လင်းအောင်(ခ)ရခိုင်/ ၁၄၃/၁၄၅/၁၄၇/၅၀၅/
၉/၀၈/ အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၁)ရဲအုပ်ကျော်သာဦး/မျိုးသန့်/ ၁၄၃/၁၄၅/၁၄၇/၅၀၅/ ၉/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၂)ရဲမှူးရဲညွန့်/အောင်ကျော်ကျော်/လ၀က ၁၃-(၁)/၁၇၁/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၁၃)ရဲအုပ်အောင်မြင့်ဦး/ဇော်ဇော်အောင်/၁၄၃/၁၄၅/၁၄၇/၅၀၅(ခ)/၁၅၂/
၂၁/၀၈/ အရှေ့ပိုင်းခရိုင် အထူးတရားရုံး
(၁၄)ရဲအုပ်လှသိန်း/ခင်မောင်လှ(ခ)ရှဖီး/၁၄၃/၁၄၅/၁၅၂/၅၀၅(ခ)/
၃၅/၀၈/ အရှေ့ပိုင်းခရိုင် အထူးတရားရုံး
(၁၅)ဒုရဲအုပ်ဇင်မိုး/ကျော်ကိုကို/ဗွီဒီယို ၃၂/(က)(ခ)/၃၀၄/၀၈/
မရမ်းကုန်းမြို့နယ် တရားရုံး
(၁၆)ရဲအုပ်ဝင်းနိုင်ထွန်း/ကျော်သူထိုက်/လ၀က ၁၃-(၁)/၅၀၅-၁/
၂၉၆/၀၈/ မရမ်းကုန်းမြို့နယ် တရားရုံး
(၁၇)ရဲအုပ်မြအောင်/ မမြမြသိမ့်/၅၀၅(ခ)/လှိုင်မြို့နယ်တရားရုံး
(၁၈) ရဲအုပ်မြအောင်/ မမြမြသိမ့်/၂၉၅(က)/လှိုင်မြို့နယ်တရားရုံး
(၁၉)ရဲအုပ်မြင့်မောင်/စိုးလွင်+လှိုင်မျိုး/လ၀က ၁၃-(၁)/၇၂၂/၀၈/
မြောက်ဒဂုံ တရားရုံး
(၂၀)ရဲအုပ်မြင့်မောင်/မိုးထက်လျှမ်း+အောင်ကိုကိုလွင်/ လ၀က ၁၃-(၁)/၇၇၆/၀၈/
မြောက်ဒဂုံ တရားရုံး
(၂၁)ရဲအုပ်မြင့်မောင်/ ကျော်မျိုးဆက်+ရဲညွန့်/ လ၀က ၁၃-(၁)/၇၂၂/၀၈/

Nov 13, 2008
မိတ်ဆက်သီချင်း
ကျွန်တော့်လက်ကို ဖွဖွလေးဆုပ်ထားတယ်
ခင်ဗျား ယူလာရမှာက
နူးညံ့သိမ်မွေ့တဲ့
နှလုံးသားတစ်စုံသာ။ ။
အာကာသြရ
(၁၉၆၅- … … … …)
(၁၉၆၅- … … … …)
အေးစက်နေတဲ့ လပြည့်ည
ရေးသူ- စစ်ငြိမ်းဒီရေ

ရှေးယခင် ဆေးပေါင်းခတဲ့ ညမှာ
အောက်လမ်းဆရာက … …
ရက်မှမလည် ဆုံးရှာသူရဲ့
သင်္ချိုင်းဂူထိပ်
န’ငယ် နကွင်းပိတ်ကို ရေးဆွဲ
သနားဖွယ် ဖုတ်သွင်း သရဲမကို
ဥစ္စာစောင့် သိုက်နန်း သော့ဖွင့်ခိုင်းတယ်။
ရှေးယခင် ဆေးပေါင်းခတဲ့ ညမှာ
အထက်လမ်းဆရာက … …
သိုင်း’ဆင်း ပွဲတပည့်များရဲ့
ချက်’ အထက် ကိုယ်ခန္ဓာတလျှောက်
ယုံကြည်ခြင်း ဆေးမန်းတွေကို ပေါက်ပြီး
လ’ရောင်ခံ လင့်စင်စောင်းမှ
ကန်ချမှုနဲ့ ဂုဏ်ပြုခဲ့တယ်။
ဒီတခါ ဆေးပေါင်းခတဲ့ ညတော့
အမျိုးမြတ်တဲ့ ညီအကို’တသိုက် အတွက်
အေးစက်နေတဲ့ လ’ကို
၆၅ ကြိမ် မတွေ့ရစေဖို့
တောင်းဆု ချွေတယ်။ ။

Nov 9, 2008
အဆိပ်သောက် ပြိုင်ပွဲ
မာရ်နတ်က ထာဝရဘုရားကို
ကမ္ဘာမြေပေါ်မှာ နေရာအလွတ်မရှိ
ဂါရ၀ ပြုပြီး ဆုတွေတောင်းတယ်၊
အကျွန်ုပ်ကို လူတကာရဲ့
သွေးသားထဲထိ နှောက်ယှက်ခွင့် ပေးပါ။
ဤသတင်းစကား အကျွန်ုပ် ကြားတော့
နေ့စဉ် နေ့တိုင်း ဒီလိုကျင့်တယ်။

အဆိပ်တွေကို နည်းနည်းခြင်းစီ ငါစ’မျိုတယ်
မှော်ရုံတောမှာ ငါစ’မျိုတယ်
နာရီမရှိတဲ့ အခန်းထဲမှာ ငါစ’မျိုတယ်
စားပွဲနဲ့ ကုလားထိုင်မရှိတဲ့ နေရာမှာ ငါစ’မျိုတယ်
အသံတွေကြားပြီး ရုပ်မမြင်ရတဲ့ လူ့ငရဲမှာ ငါစ’မျိုတယ်။
ရာသီစက်ဝိုင်းတိုင်း အဆိပ်မျိုချတယ်
သက်ပြင်းချမိတိုင်း အဆိပ်မျိုချတယ်
ရှုံးနိမ့်မှုနဲ့ လဲကျသွားတိုင်း အဆိပ်မျိုချတယ်
ဘိုးဘွားတွေကို သတိရမိတိုင်း အဆိပ်မျိုချတယ်။
ဝိုင်ချိုချိုနဲ့ အဆိပ်မျိုပြီးပြီ
သူယောင်မယ်တွေနဲ့ အဆိပ်မျိုပြီးပြီ
လှောင်ရယ်သံတွေနဲ့ အဆိပ်မျိုပြီးပြီ
အဆိပ်တွေကို ငါမြိုပြီးပြီ။
ဟဲ့ … မာရ်နတ်
ငါ့သွေးသားတွေ အဆိပ်ဖြစ်နေပြီ၊
အဆိပ်သောက် ရဲရင်
ဝင်လာခဲ့။ ။

Subscribe to:
Posts (Atom)