Jan 2, 2010

လမ်းသရဲဂိုဏ်း ယဉ်ကျေးမှုကို လက်ခံလိုက်ပြီလား!

ရေးသူ- စစ်ငြိမ်းဒီရေ



ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးသော “ဒိန်းဂျား” ဗွီဒီယိုဇာတ်လမ်း
ကို “မေနှင်းအေး” စာမျက်နှာမှာ အခမဲ့ကြည့်လို့ ရပါတယ်။
ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်း တစ်ခုမှာ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့
အေးဝတ်ရည်သောင်းက …
“ဒီနေရာမှာ နင့်ကို လက်အုပ်ချီပြီး တောင်းပန်မဲ့လူ မရှိဘူး၊ ပါးရိုက်မယ့်
လူတွေကြည့်ပဲ”
လို့ ပြောပါတယ်။

ဇာတ်ဝင်ခန်း အတော်များများရဲ့ စကားလုံး အသုံးအနှုန်းတွေဟာ
ဆန်းသစ်လာတယ်လို့ ပြောရမလား၊ ခေတ်မှီတယ်ပဲ ပြောရမလား၊
ရိုင်းတယ်ပဲ ပြောရမလား တော်တော်လေးကို ထူးခြားတဲ့ အသုံးအနှုန်း
တွေပါ။ ကလပ်ထဲက ဘိလိယက်ခုံမှာ ကားတစ်စီးကြေး စနူကာထိုး
တာကလည်း ဇာတ်လမ်းကို ကြည့်ရူနေမယ့် လူငယ်တွေ သွားရည် ယို
လောက်ပါတယ်။

အချစ်၊ မိဘနဲ့ သားသမီးကြားက မေတ္တာတရား၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊
လေလွင့်ပျက်စီးမှု၊ အုပ်စုလိုက် ရမ်းကားမှုတွေ ပြည့်နှက်နေတဲ့ ဇာတ်လမ်း
တစ်ခုလုံးမှာ အစိုးရ ဥပဒေ ၀န်ထမ်း “ရဲ” ဆိုလို့ တစ်ယောက်တစ်လေတောင်
မမြင်လိုက်ရပါဘူး။ Free Fire Zone ထဲ ရောက်များ ရောက်နေကြသလား။
ဇာတ်လမ်းရဲ့ နောက်ဆုံးမှာ အချစ်နဲ့ ဂလဲ့စား ချေဖို့ လူနေရပ်ကွက်ထဲက
(မြို့ပြင် မဟုတ်၊ မြို့ထဲမှာ) အိမ် တစ်အိမ်ထဲကို အုပ်စုလိုက် ဇွတ်အတင်း
ဝင်ရောက် သောင်းကျန်း ကြပါတယ်။ အိမ်နီနားချင် ပတ်ဝန်းကျင်က လူတွေ
ဆွံ့အ နားမကြားတွေလား မပြောတတ်ပါ။

ဇာတ်လမ်းအဆုံးမှာ တချိန်က “နှင်းဆီဝိုင်” ဇာတ်လမ်းကြောင့် ကျောင်းသား
ကျောင်းသူအမြောက်အများရဲ့ ထောက်ခံအားပေးမှုကို ရရှိခဲ့တဲ့ ဒါရိုက်တာ
မောင်မျိုးမင်း တစ်ယောက် လမ်းသရဲဂိုဏ်း ယဉ်ကျေးမှုကို လုံးဝလက်ခံ
လိုက်ပြီလားလို့ မေးရမလို့ ဖြစ်မိပါတယ်။

အဆိုတော် မျိုးကျော့မြိုင်နဲ့ နီးစပ်တဲ့ “ကောင်းမြတ်” တို့ အုပ်စု လွန်ခဲ့တဲ့
(၁၀)နှစ် ကျော်က ရန်ကုန်မြို့ရဲ့ နာမည်ကြီး ကလပ်တစ်ခုမှာ မူးယစ် ရမ်းကား
ပြီး ကလပ်ကို လာတဲ့ ကားအစီးရေ (၅၀) နီးပါး၏ ကားမှန်တွေ ရိုက်ခွဲခဲ့တာ
ကို ဒါရိုက်တာ မောင်မျိုးမင်း အပါအ၀င် လူတော်တော်များများ သိကြမှာပါ။
ဒါတွေဟာ ခေတ်လူငယ်တွေအတွက် အတုခိုးစရာတွေ မဖြစ်သင့်ပါဘူး၊
မိဘအရှိန်အ၀ါနဲ့ ဥပဒေကို သောက်ဂရု မစိုက်ဘူးဆိုတဲ့ သဘောတွေပါ။
ဒါမျိုးတွေကို ရှုံ့ချတဲ့ ပညာပေး ဇာတ်လမ်းတွေရော ရိုက်ကူးဖို့ အစီအစဉ်
လေး ဘာလေး လုပ်ပါအုံး။

ဥပမာ … မ.ဆ.လ ခေတ်က ကျော်ဟိန်းတို့ “စိန်ဂေါ်လီ” ဂိုဏ်းကို အဲဒီ
ခေတ်က ကုန်းမြင့်သာယာမှာ တွဲဖက်အထွေထွေအတွင်းရေးမှူးတာဝန်
ကို ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး တင်ဝင်းညို နူတ်မိန့်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။
ရပ်ကွက်အလိုက် “လမ်းသရဲဂိုဏ်း” ၀င်တွေကို ရိုက်သတ်ရင် တရားဥပဒေ
အရ လုံးဝ အရေးမယူဘူး ဆိုတာမျိုးပါ။

လူငယ်တွေ အုပ်စုလိုက် နိုင်ငံရေးက လွှဲရင် ကြိုက်တာလုပ်၊ လမ်းသရဲ
ဂိုဏ်းပဲ ဖွဲ့မလား၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေပဲ လုပ်မလား
ဆိုတဲ့ အမှောင်ကျနေတဲ့ ခေတ်တစ်ခေတ်ကို အနုပညာနဲ့ အလင်းရောင်
ပေးနိုင်ကြပါစေ။

37 comments:

မေဓာဝီ said...

ကျမတော့ မြန်မာ ရုပ်ရှင်တွေကြည့်ရင် စိတ်ပျက်ရလွန်းလို့ မကြည့်တော့ဘူး။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းက တဖြည်းဖြည်းနိမ့်နိမ့်လာသလိုပဲ။ ရှက်ဖို့လဲ ကောင်းပါတယ်။ ဒါရိုက်တာမောင်ဝဏ်ဏတို့လို တကားဆိုတကား သေချာရိုက်တဲ့ ဒါရိုက်တာ ခုခေတ်မှာ ရှားနေပြီ။

Nge Naing said...

မြန်မာရုပ်ရှင်တွေက ရန်ဖြစ်ထိုးကြိတ် သွေးထွက်သံယိုမဖြစ်တဲ့ကား တကားမရှိမရှိပါဘူး။ မိန်းကလေးတွေကို အနှောင့်အယှက်ပေးတာ တယောက်က ၀င်ကူရင်းနဲ့ ရန်ဖြစ်ကြတာ၊ ဘာမဟုတ်တဲ့ စကားလေးတခွန်းနဲ့ လေလုမျှောပါး ဖြစ်အောင် ထိုးကြိတ်ရန်ဖြစ်ကြတာ ဒါတွေက တကယ်ပဲ ရပ်ကွက်ထဲမှာ ဖြစ်နေကြတာလား ပြောမတတ်ဘူး ကြည့်လိုက်တဲ့ ကားတိုင်းက အချစ်ကားပဲဖြစ်ဖြစ် စစ်ကားပဲ ဖြစ်ဖြစ် ဒါမျိုးတွေချည်းပဲ တွေ့ရတော့ သားသားဆို Criminal များတဲ့ တိုင်းပြည် Aggressive များတဲ့လူတွေ နေတဲ့ တိုင်းပြည်လို့ အမြဲ ပြောတယ်။ ဒါပေမဲ့ ကျွန်မက ဒါတွေပါလို့ဆိုပြီး မကြည့်ပဲနေတာလည်း မဟုတ်ဘူး မကြည့်ရမနေနိုင်တော့ အမြဲတမ်း ငှားကြည့်ဖြစ်တော့ ပြီးတော့ ကားတွေ အားလုံးက ဆင်တူကြတော့ ဇာတ်လမ်း သုံးပုံတပုံလောက်ဆိုရင် သားက အဆုံးမှာ ဘာဖြစ်မယ်ဆိုတာ သိနေပြီ။

ကလူသစ် said...

အပြင်ကလက်တွေ့ဘ၀တွေကို ရိုက်ပြတာလဲဖြစ်မှာပေါ့။ တကယ်ဖြစ်နေတယ်ဆိုတာ မသိချင်ယောင်ဆောင်နေတတ်တဲ့သူတွေကို ပြချင်တာလဲဖြစ်ချင်ဖြစ်နိုင်တယ်။

Anonymous said...

အပြင်မှာတော့ ဒီလိုမဟုတ်ကြပါဘူး။ ဒါ့ပေမယ့် အခုခေတ်လူငယ်တွေက အရင်ခေတ်ကထက် ပိုပြီးမိုက်ကန်းကန်းပုံပေါက်တယ် ။ ရန်လိုနေကြတာတော့ အမှန်ပဲ ။ အဲဒီလိုရန်လိုနေပုံကိုပဲ စတိုင်လုပ်ပြီးသဘောကျနေကြတာ ။ ကိုယ်တို့ ငယ်ငယ်ကလည်းဒီလိုပါပဲ ။ ဒါပေမယ့် အခုခေတ်က ပိုဆိုးနေတယ် ။

ရွှေရတုမှတ်တမ်း said...

ကိုအောင်ပြောတာမှန်တယ်

ဖုန်းမြင့် said...

မငယ်နိုင်ဆိုသူခင်ဗျား မြန်မာရုပ်ရှင် မကောင်းဘူးဆိုရင်
မြန်မာရုပ်ရှင် မကောင်းဘူးပဲ ပြောပါဗျာ
(Criminal များတဲ့ တိုင်းပြည် Aggressive များတဲ့လူတွေ နေတဲ့ တိုင်းပြည်လို့ အမြဲ ပြောတယ်။) အဲဒီလို မှတ်ချက်ချတာကတော့ ဆိုးရွားလွန်းပါတယ် အခုအချိန်မှာ ခင်ဗျားတို့တွေဟာ တခြားနိုင်ငံသားတွေ ဖြစ်နေပေမယ့် ခင်ဗျားတို့ ဇာတိက မြန်မာပြည်ပါ အဲ့ဒါကို မမေ့ပါနဲ့။ တကယ်ကောင်းတဲ့မြန်မာဇတ်ကားတွေလဲ ရှိပါတယ် သေချာလေ့လာကြည့်ပါဦး မရှိမဲံရှိမဲ့လေးတွေနဲ့ ကြိုးစားနေကြတဲ့ လူငယ်ဒါရိုက်တာလေးတွေလဲ ရှိပါတယ် အားလုံးကို ဝါးလုံးရှည်နဲ့တော့ အဝေးကနေ မရမ်းပါနဲ့ ထဲထဲဝင်ဝင် လေ့လာကြည့်လိုက်ပါဦး ။

မြစ်ကျိုးအင်း said...

သူများတွေထက်ဆန်းသစ်အောင် ရိုက်ကူး လာရင်းနဲ့ ကိုယ်ပေးတဲ့အရာတွေက ဘယ်အဆင့်ကို ရောက်သွားတယ်ဆိုတာ ကိုယ်ကိုတိုင် ပြန်မမြင်နိင်တော့သလိုပါပဲ အကိုရေ .....။

နွေဆူးလင်္ကာ said...

ဟုတ်တယ်ဗျ။ အမှန်တော့ အဲလို လမ်းသရဲဆန်ဆန် မိုက်မဲမှုတွေက သူတို့ လူကြီးသားသမီးနဲ့ အပေါင်းအပါတွေ များပါတယ်။

ကလူသစ် said...

ကိုအောင်ရေ.... ဟိုတလောက ဖတ်မိတဲ့သတင်းလေး ပြန်ရှာတာမတွေ့တော့လို့ မှတ်မိသလောက် သဘောလေးပဲ ပြန်ပြောပြချင်ရဲ့။ ခေါင်းစဉ်ကလဲ စာလုံးမဲကြီးနဲ့ ဓားပြတိုက်ခံရတဲ့သူ လူသတ်မှုနဲ့ထောင်ဒဏ်ကျခံရတယ်ဆိုတာမျိုး ရေးထားတော့ ဒေါ်အောင်ဆန်းစုကြည်အမှုလိုမျိုး သူတို့ဆီမှာလဲရှိသလားဆိုပြီး ဖတ်ကြည့်မိတာပါ။ အိမ်တအိမ်ကို လူ၃ယောက်က ဓားပြ၀င်တိုက်သတဲ့။ မည်သို့မည်ပုံလုပ်လိုက်သည်မသိပေါ့ဗျာ။ ဓားပြ၂ယောက်က အိမ်သားတွေပြန်ခုခံတာ အိမ်ထဲမှာ လဲကျန်ခဲ့ပြီး တယောက်ကတော့ လက်လွတ်ထွက်ပြေးသတဲ့။ ထွက်ပြေးတဲ့ဓားပြကို သားအဖလား တူဝရီးလား မသိ အိမ်သား၂ယောက်က ၀ိုင်းရိုက်လိုက်တာ မာလကီးယားပါလေရော။ အိမ်ထဲမှာ သေတာဆိုရင်တော့ အမှုက တမျိုးဖြစ်ချင်ဖြစ်မှာပေါ့လေ။ ခုတော့ လမ်းထိပ်အထိ လိုက်ရိုက်တာဆိုတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာထက်ပိုသွားတာပေါ့။ တရားရုံးက အဲ့ဒီ ၂ယောက်ကို လူသတ်မှုနဲ့ တရားစွဲတော့တာပေါ့။

ကလူသစ်ကတော့ အဲ့ဒါမျိုးကို ကြိုက်တယ်။ ပြစ်မှုကျူးလွန်ရင် တရားရုံးနဲ့ ရဲနဲ့ သက်ဆိုင်ရာတွေက စီရင်လိမ့်မယ်။ တရားဥပဒေကို ကိုယ့်လက်ထဲ လိုအပ်တာထက်ပိုမထားစေချင်ဘူး။

ခုလဲ ဗိုလ်မှူးကြီးပေးတဲ့ နုတ်မိန့်မျိုးက မကောင်းဘူး။ သူ့လိုတာဝန်ရှိသူအနေနဲ့ လမ်းသရဲဂိုဏ်းသားတွေကို ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေအရ နှိပ်ကွတ်လို့ရတယ်။ ပြည်သူတွေကို “သတ်လိုက်၊ အရေးမယူဘူး”ဆိုတာမျိုးက ခုခေတ် စွမ်းအားရှင်တွေကို ညွှန်ကြားထားသလိုမျိုးဖြစ်နေတယ်။ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါလောက်ပါပဲ။

ကိုအောင်(ပျူနိုင်ငံ) said...

စိတ်ဝင်တစား ကော်မန့်လာရေးကြတဲ့ ဘလော့ဂါ ညီအကို မောင်နှမများ
အားလုံးကို အထူးကျေးဇူးတင်ပါတယ်၊ ခေတ်အလိုက် တရားစီရင်ရေး စနစ်တွေ၊
လူ့အဖွဲ့အစည်းရဲ့ စိုးရိမ်းကြောင့်ကြမှု အနည်းအများတွေအပေါ် အားလုံးမှာ တာဝန်ရှိပါတယ်၊ ကျနော်တို့ အားလုံး ဒီဖြစ်ရပ်
တွေကို ထောက်ခံတဲ့ ဖက်မှာ ရပ်မလား၊ ကန့်ကွက်
ဆန့်ကျင်တဲ့ဖက်မှာ ရပ်ကြမလား ဆိုတာ ပိုပြီး
အဓိက ကြပါတယ် ...။

ကျနော့်ရဲ့ လက်ရှိဆောင်းပါးထဲမှာ ကွယ်လွန်သူ ဗိုလ်မှူးကြီး တင်ဝင်းညိုရဲ့ အမည်ကို ဖော်ပြမိတာနဲ့
ပက်သက်ပြီး သမီးဖြစ်သူ စာရေးဆရာမ ဒေါက်တာ
မြနှောင်းညိုနှင့် ကျန်ရစ်သူ မိသားစုဝင်များ ကျနော့်
အပေါ် နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။

ဖုန်းမြင့် said...

အင်း.. ကွန်မန့်တွေကတော့ စိတ်ဝင်စားစရာပါပဲ...
ဒါပေမဲ့ ပြောနေကြတာတွေက မကော့င်းဘူးဆိုတာတွေကြီးပဲ ကောင်းအောင်ဘယ်လို လုပ်ကြမလဲဆိုတာတော့ ဝေဘန်အကြံပြုတာတွေမပါကြဘူး အပေါ်ယံအမြင်နဲ့ သုံးသပ်ဆုံးဖြတ်ကြတာတွေများနေတယ် လက်ရှိ တကယ် ကြိုးစားလုပ်ကိုင်နေကြတဲ့ လူငယ် ဒါရိုက်တာလေးတွေ ပြီးတော့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ပီးတော့ သူတို့ရတဲ့ အခြေအနေလေးကနေ ဖန်တီးနေရတဲ့ အနုပညာတွေ ဒါတွေကိုကြတော့ နားမလည် မစာနာကြပါလား....ကဲကောင်းပြီ တခုမေးမယ် ခင်ဗျားတို့တွေ သူတို့နေရာမှ သူတို့လောက် ကောင်းအောင် ဖန်တီးနိုင်ပါမလား ? ကိုယ့်ကိုယ်ကိုယ် မလိမ်ကြေး မညာကြေးဖြေကြပါ .. လူငယ် ဒါရိုက်တာလေးတွေ ဖန်တီးပြတဲ့ ကားတွေကိုရော ကြည့်ဘူး ကြပါသလား ....း) အဲ့ဒါအဖြေပါပဲ ။

Anonymous said...

မောင်ဖုန်းမြင့်ပြောတဲ့ ခုခေတ် လူငယ်တွေရိုက်တယ်ဆိုတဲ့ မြန်မာဇာတ်ကားကောင်းကောင်းလေးတွေရှိရင် ပြောပြပါဦး။ ကြည့်ရအောင်လို့။ :)

mie-vo said...

သူတို့နေရမှာ သူတို့လောက်ကောင်းအောင် မဖန်တီးနိုင်တာနဲ့ မဝေဖန်ရတော့ဘူးလား။ ဝေဖန်သူတိုင်းဟာ ဖန်တီးနိုင်သူမဟုတ်ဘူး။ ရုပ်ရှင်ဝေဖန်ရေးဆရာ စိန်ခင်မောင်ရီဟာ ဒါရိုက်တာမဟုတ်ဘူး။ သူရုပ်ရှင်ဇာတ်ကားတကား မရိုက်တတ်ဘူး။ ဒါပေမဲ့ ဝေဖန်တတ်တယ်။ ဘယ်သူက ကောင်းတယ် ဘယ်သူကမကောင်းဘူး။ ဘယ်နေရာ ဘာလိုတယ်ဆိုတာ သူပြောတတ်တယ်။ ဒါပဲလေ။ ဝေဖန်သူရဲ့ အလုပ်က ဝေဖန်ဖို့ပဲ ဖန်တီးဖို့မှ မဟုတ်တာ။
ဖန်တီးသူတွေက ကောင်းအောင် ဖန်တီးနိုင်ရမယ်။ အခုဝေဖန်နေကြတာက အများစု မကောင်းလို့ မကောင်းဘူးပြောနေကြတာ။ အနည်းစု ကောင်းချင်ကောင်းမယ်။ ဒါပေမဲ့ မကောင်းတာက ၉၉% ဖြစ်နေတော့ ၁% က မပေါ်လွင်ဘူး။

နောက်တခု မေးချင်တာက သူတို့ရဲ့ အခြေအနေဆိုတာ ဘာလဲ။ ၃ ရက် တကား ပြီးအောင် ရိုက်ရတဲ့ အခြေအနေလား။ :)

လူငယ်ဒါရိုက်တာတွေ ရိုက်တဲ့ကား လုံးဝ မကြည့်ဖူးပါဘူး။ အလွန်ကောင်းတယ်ဆိုရင် ဘယ်ကားတွေလဲ ဇာတ်ကားနာမည်နဲ့ ဒါရိုက်တာနာမည်ပြောပါ။ ရှာဖွေကြည့်ပါမယ်။ ကောင်းရင် ကောင်းတယ် ပြောမှာပေါ့။ ခုဟာက မကောင်းတဲ့ဟာကို မကောင်းဘူးပြောနေတာလေ။ မပြောရဘူးလား။

Anonymous said...

ဟူးဟဲ ... မောင်ဖုန်း ...
အပေါ်ယံအမြင်နဲ့ သုံးသပ်ကြတာမျိုးတော့ မဟုတ်ရပါဘူးကွာ၊ ရတဲ့အခြေအနေနဲ့ စိတ်ကူးစိတ်သန်း
ဆိုတာ ခေတ်တိုင်းပါပဲ၊ ဘယ်ခေတ်က အကြပ်ဆုံးဖြစ်ပြီး
ဘယ်ခေတ်က အချောင်လည်ဆုံးဆိုတာ ဘယ်လိုသတ်မှတ် ကြမလဲ၊ ဖန်တီးမှုတစ်ခုနဲ့ အဲဒီဖန်တီးမှုကို လက်ခံမယ့် အုပ်စုတို့ဟာ တကယ်ပဲ အံ့ဝင်ဂွင်ကျ ရှိနေကြပြီးလား၊

တိမ်တိုင်းကတော့ မိုးပေါ်မှာ ရှိကြတာပေါ့ ...
မိုးရွာပေးခဲ့တဲ့တိမ်နဲ့ ရွာမပေးခဲ့တဲ့ တိမ်လိုပေါ့ ...
ရှက်တတ်တဲ့ တိမ်တွေက ဘောင်းဘီတွေတောင် ၀တ်ကြတယ်ဆိုပဲ ..
(စိတ်မဆိုးနဲ့ နောက်တာနော် ...း) )

ဖန်တီးမှုအသစ်လေးတွေ ရှိရင် ကြည့်ချင်ပါတယ်
လုပ်ပါအုံး ...။

ဖုန်းမြင့် said...

ကိုအမည်မဲ့ရေ အမေးရှိတော့လဲ အဖြေရှိပါတယ် ခင်ဗျားကြည့်ချင်တယ်ဆိုရင် ကျနော့် မေးလ်ကို လှမ်းအက်လိုက်ပါ ထပ်ပြောပါ့မယ် ခင်ဗျား မသိတဲ့ Under ground ကားတွေပါ ရှိတယ်ဆိုတာပါပဲ.....း)) ခင်ဗျားက အမည်မဲ့နဲ့ မေးပေမယ့် ကျနော့်က ကျနော့်အမည်နဲ့ တရားဝင်ဖြေပါတယ် ။

mie-vo said...

မောင်ဖုန်းမြင့်ရေ ...
အန်ဒါဂရောင်းဆိုမှ လူများစုက သိမှာလား။ ပတ်ဘလစ်မှာ တရားဝင်လွှင့်နေတဲ့ ရုပ်ရှင်တွေကိုသာ ပြောပါလေ။
အိုဗာဂရောင်းတွေပေါ့။

Kan said...

ဘာလည်းကွာ တိုင်းပြည်ကိုကြည့်နေတာက မျက်မှန်စိမ်းတပ်ပြီးတော့ကြည့်နေကြတယ် ကိုယ်နဲ့ သက်တူရွယ်တူပညာတူအရွယ်တွေက တိုင်းပြည်အတွက် မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ အရာထင်တဲ့အကြောင်းရာတိုင်းကိုလုပ်နေကြတာ ခွေးတွေကြနေတာဘဲ ၀ိုင်းပြီးတော့ ဝေဖန်ရေးနဲ့ လေကန် ရေးကိုလုပ်နေတာ။
ဘာတွေမှန်းကိုမသိဘူး အကျိုးပြုလေကန်ဝေဖန်ရင်တော့ လမ်းဘေးက ဖါသည်မဖြစ်ပါစေ၊ လမ်းဘေးကသူတောင်းစားဖြစ်ပါစေ ကြီးငယ်မရွေး ပေါ့ လက်ခံပေးပါတယ်၊ ဒီတော့လည်း ကြာလာတော့
အဲ့ဒါကိုပြောတာပေါ့
ဝေဘန်တယ်ဆိုတာကလဲ အဆိုးမြင်စိတ်ကြီးနဲ့ ဆိုတာတွေကို အားလုံးကသတိပြုလာတော့ မှုမဟုတ်တော့ဘူး တစ်စုံတစ်ခုသော အကြောင်းရာကို ဦးတည်နေတယ်ဆိုတာသိသာတယ်။

အခုက ပြောလိုက်ကြတာ.မျိုးဆက်တွေကွာခြားခြင်းတို့  ၊ မြန်မာနိုင်ငံလူငယ်ပညာတတ်တွေကအပြင်အကုန်ထွက်ပြီးနေတာတို့ ၊ တိုင်းပြည်မှာသောက်သုံးလုံးလုံးမကျ၊ ကိုယ်လောက်တောင် ပညာကော၊ အသိဥာဏ်ကော မရှိတော့တဲ့အတိုင်း ၊ ပြောနေကြတာ၊ ကိုယ်သာလျှင် ပညာတတ်တယ်၊ အတွေ့ အကြုံကြီးတယ်ဆိုတာတွေ၊ ကိုယ်သာလျှင်မှန်တယ်ဆိုတာတွေ၊ ကောင်းစေချင်လို ဝေဖန်တယ်ဆိုတာတွေသာပြောတယ်၊ ဒါတွေကိုဘယ်လိုပုံတွေနဲ့ တိုးတက်အောင် လက်တွေ့  စလူးရှင်း တော့ မပြောမထုတ်ကြဘူး။ ပြောနေကြတာကတိုင်းပြည်အတွက်မပြောနဲ မိမိကို မွေးပေးလိုက်တဲ့မိသားစုကိုတောင်ဘာတွေတာဝန်ကျေပြီးပြီလည်းလို့ မေးရင် အဖြေမရှိဘူး။
ကန်တော့ပါရဲ့ ဖအေတွေလည်း ဒူးနာတယ် မအေတွေလည်းဝမ်းစပ်တယ် အဖြစ်ရောက်အောင်တော့ တွန်းမပို့ ကြနဲ့ ဗျာ။

မောင်မိုး said...

ဒီလို ဇာတ်လမ်းတွေများလာတာ ဘာကြောင့်ဆိုတာရှင်းပါတယ်။ မြန်မာလူငယ်တွေ နိုင်ငံရေးနဲ့ ဆက်နွယ်မှုမရှိအောင်၊ စိတ်ပါဝင်စားမှုမရှိအောင် အဓိကလုပ်လိုတဲ့ရည်ရွယ်ချက်ပဲ။ အစိုးရပြောတဲ့ တစ်မျိုးသားလုံးစိတ်ဓာတ်ကြံ့ခိုင်ရေးနှင့်ယဉ်ကျေးမှုမြင့်မားရေးဆိုတဲ့ အချက်ဟာ ဒါတွေထင်တယ်။ လူငယ်တွေက ကလပ်တွေမှာ၊ အရက်ဘီယာဆိုင်တွေမှာ၊ ဇိမ်ခန်းတွေမှာ စိတ်လှည့်လေလေ လက်ရှိအစိုးရအတွက် ကောင်းလေလေပဲ။ ဒါဟာ လူငယ်တွေရဲ့ အနာဂတ်ကို စနစ်တကျဖျက်ဆီးနေတာပဲ။

Nge Naing said...

ကိုအောင် ကျွန်မ ရေးထားတဲ့ အပေါ်က မှတ်ချက်ကို ဖြစ်အောင် ထည့်ပေးနော့်။

Nge Naing said...

ကျွန်မ အခုမှ ပြန်လာဖတ်ဖြစ်လို့ နောက်ထပ်ရေးထားတဲ့ မှတ်ချက်တွေကို အခုမှ တွေ့ရပါတယ်။ မောင်ဖုန်းမြင့်ကို အကြောင်းပြန်လိုတာက ကျွန်မက ထွက်တဲ့ ရုပ်ရှင်၊ ဗွီဒယို ဒီကို ရောက်လာသမျှ အကုန် ငှားကြည့်ပါတယ်။ အရင်က ရုပ်ရှင်တွေကို ပြန်ရိုက်ထားတာလည်း ကြည့်ဖြစ်ပါတယ်။ အရင်ကကားတွေ ဒီလောက် မဆိုးပေမဲ့ အခုကားတွေမှာ အခွေ ၁၀ ခွေ ငှားကြည့်ရင် ဒီလို ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ ထိုးကြကြိတ်ကြတဲ့ ကားတွေက အနည်းဆုံးတော့ ၈ ခွေလောက်ရှိနေလို့ တွေ့တာကို တွေ့တဲ့အတိုင်း ပြောတာသာ ဖြစ်တယ်။ ပြီးတော့ Criminal များတဲ့တိုင်းပြည်၊ Aggressive များတဲ့ လူတွေနေတဲ့ တိုင်းပြည်ဆိုတာ ကျွန်မ ပြောတာ မဟုတ်ဘူး။ ကျွန်မသားက ရုပ်ရှင်ထဲမှာ သူမြင်တာကို မြင်တဲ့အတိုင်း ပြန်ပြောတာသာ ဖြစ်တယ်။ သူပြောတဲ့အတိုင်း ဟုတ်မဟုတ်ဆိုတာ ကျွန်မကိုယ်တိုင် မသိလို့ အပြင်မှာလည်း ဒီလိုပဲ ဖြစ်နေလားမသိလို့ ကျွန်မ ပြောထားတာကို မောင်ဖုန်းမြင့်က သိရင် မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူး ဟုတ်တယ်ဆိုရင်လည်း ဟုတ်တယ်ဆိုတာ ပြောရုံပဲ တခြားဘာမှ မလိုအပ်တာတွေ ပါစရာမလိုဘူး။ ဒီလို ဖြစ်နတယ်လို့ ကျွန်မက တပ်အပ်ပြောတာလည်း မဟုတ်ပါဘူး။ ကျွန်မ သားက အခုမှ ၁၀ နှစ်ပဲ ရှိပါသေးတယ်။ သူဒါကို ပြောလာတာ ငါးနှစ် ၆ နှစ်အရွယ်ကတည်းက ပြောလာတာပါ။ ကလေးဆိုတာ သူမြင်တဲ့အတိုင်း ပြောတာပါပဲ။ မြင်တာကို မြင်တဲ့အတိုင်း ပြောတာသာဖြစ်တယ်။ ကျွန်မတို့ကို ဘယ်သူမှ ပါးစပ်ပိတ်လို့ မရဘူး။ ကျွန်မသားကို ကျွန်မ ရှင်းပြချင်ပေမဲ့ ကျွန်မမှာ အချက်အလက်မရှိဘူး။ မောင်ဖုန်းမြင့်က သိလို့ မဟုတ်ဘူးဆိုရင် မဟုတ်ဘူးဆိုတာ အကျိုးသင့်အကြောင်းသင့် ရှင်းပြရင် လက်ခံမယ်။ အခုဘာမှ မရှင်းပြပဲ ၀ါးလုံးရှည်နဲ့ ရမ်းတယ်လို့ ပြောတော့ ဘာကိုရမ်းတယ်ဆိုလိုမှန်း ကျွန်မ မသိဘူး။ ကိုယ်နဲ့ အမြင်မတူသူကို ယဉ်ယဉ်ကျေးကျေး မတုံ့ပြန�

ဖုန်းမြင့် said...

ကိုအောင် ခင်ဗျား ကျနော့်အပေါ်က ကွန်မန့်ကို မဖြစ်ဖြစ်အောင် ထည့်ပေးပါ ။

ဖုန်းမြင့် said...

မငယ်နိုင် ဆိုသူခင်ဗျား အီမိုရှင်းဖြစ်တာ မဖြစ်တာထက် မငယ်နိုင်ပြောသလို (ိမိသိတဲ့ အသိတရားတွေကို အများအတွက် တစုံတရာ မျှဝေနေတဲ့ ဘလော့ဂါတယောက် အနေနဲ့ ဒီလောက် Emotion ဖြစ်ဖို့မလိုအပ်ပါဘူး။ ) စကားကို ပြရှင်းပြပါ့မယ် မငယ်နိုင်ရဲ့သားက အသိဥာဏ် မပြည့်ဝသေးလို့ပြောတာကိုလက်ခံနိုင်ပေမယ့် မငယ်နိုင်လို အသိတရားတွေ မျှဝေနေတဲ့ ဘလော့ဂါကြီးတယောက်က ဒီစကားကို လူအများဖတ်တဲ့ စာမျက်နှာပေါ်မှာ မတင်သင့်ပါဘူး မငယ်နိုင်ရဲ့ အယူအဆ နဲ့အပြောအဆိုက မြန်မာပြည်မှာ နေထိုင်နေဲ့ လူအများစုကြီးကို ထိခိုက်ပါတယ်ဆိုတာာကိုရောလက်ခံပါသလား မငယ်နိုင်ကိုကျနော်ပြောတာက ရုပ်ရှင်မကောင်းဘူးဆိုရင် မကောင်းဘူးလို့ဝေဘန်ဘို့ပါပဲ ဘာလို့ မြန်မာပြည်မှာနေထိုင်နေတဲ့ လူအများစုကို ပုတ်ခတ်ချင်ရတာလဲ .. . မငယ်နိုင်ပြောခဲ့သလိုပါပဲ အကျိုးသင့်အကြောင်းသင့် ပြန်ရှင်းပြပါလား အမှန်အတိုင်းပြောရရင် မငယ်နိုင်တို့က ဒီတိုင်းပြည်နဲ့ ကင်းကွာနေတာ ကြာပါပြီ ဒီမှာရှိနေတဲ့ လူငယ်တွေရဲ့ လှုပ်ရှားပုံဖော်နေရတဲ့ အခြေအနေမှန်ကို တကယ်မသိပါဘူး အဲ့တော့ မသိပဲနဲ့ အဝေးကနေ အပြစ်တင်နေမှာထက် ဒီလူငယ်တွေ ဒီလိုအခက်အခဲကြားကနေ လုပ်ရတာပါလားဆိုတာကို နားလည်ပေးစေချင်တယ် . . အပြစ်ပြောရတာ လွယ်ပါတယ် အပြုသဘော ဝေဘန်ဘို့ပြောတာပါ ဒီကွန်မန့်ကို နောက်ဆုံးပြန်ချင်းပါပဲ အားတိုင်း ကိုယ့်စိတ်ထဲထင်နေတာတခုကို ကျနော် ဘယ်တော့မှ အလွယ်တကူမပြောပါဘူး မငယ်နိုင်ပြောတာတာတွေက အားလုံးကို စော်ကားနေသလိုဖြစ်နေလို့ပါ အလကားနေရင်း ကွန့်မန့်လိုက်ရေးနေသူတိုင်းမှာ ကျနော်မပါပါဘူး ။ ကိုယ်မှသိ ကိုယ်မှတတ် ကျန်တာတွေက အလကား တခြားလူပြောတာတွေက ငါ့ကိုစော်ကားတာ ငါနဲ့မတူ ငါ့၇န်သူဆိုတဲကအယူအဆမျိုး ရှိတယ်ဆိုရင်တော့ ဆောရီးပါ နောက်ကွန်မန့်တွေ မပြန်ပါဘူး ။ နှစ်ပေါင်းများစွာ ကြ�

Anonymous said...

Bloggerတွေ ရေးချင်ရာ ရေးဖို့အတွက် Blog Website ဖန်တီးခဲ့တယ်လို့တော့ မထင်ပါဘူး။ မြန်မာနိုင်ငံသားတွေ ကတော့ ရေးချင်တာ ရေးနေကြတာပါဘဲ။ နောက်ဆုံးရေးစရာ မရှိရင် ကိုယ့်အကြောင်းကိုယ် ရေးနေကြတော့တယ်။

Nge Naing said...

မောင်ဖုန်းမြင့်ရဲ့ ကျွန်မကို ပြောထားတဲ့ အရင်မှတ်ချက်မှာ ကျွန်မ မှတ်ချက်အပေါ် ဘာဖြစ်လို့ ဒီလောက် ဒေါသထွက်ခဲ့လဲဆိုတာ နားလည်လို့ မရခဲ့ဘူး။ ဒါပေမဲ့ နောက်လာရေးထားတဲ့ မှတ်ချက်ကို ကြည့်ပြီး နားလည်လို့ ရသွားတယ်။ အဓိကက မြန်မာလူမျိုးတွေကို အထင်သေးတယ်လို့ ကျွန်မကို ထင်သွားပုံ ရပါတယ်။ ကျွန်မက ကိုယ့်လူမျိုးကို ကိုယ်အထင်သေးတယ် မသေးဘူးဆိုတာထက် ကြည့်ရတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ အပေါ်မှာပဲ ပြောသွားတာသာ ဖြစ်တယ်။ ရုပ်ရှင်တွေ ဇာတ်လမ်းတွေဆိုတာ ခေတ်စနစ်ကို နောက်ခံထားပြီး ရိုက်တယ်လို့ ကျွန်မ နားလည်ထားလို့ ဒီရုပ်ရှင်တွေအထဲက အတိုင်း အပြင်မှာ တကယ်ဖြစ်နေပြီဆိုရင်တော့ မကောင်းတာကို ကောင်းတယ်လို့ ဘယ်လိုမှ သွားပြောလို့ မဖြစ်နိုင်ပါဘူး။ ကျွန်မသားက ရုပ်ရှင်တင် မဟုတ်ဘူး သတင်းတွေလည်း ကြည့်တယ်။ မြန်မာ သတင်းဆိုရင်လည်း ဖမ်းဆီးတဲ့အကြောင်း၊ သတ်နေဖြတ်နေတဲ့ အကြောင်းပဲ ပါတာများတယ်၊ တွေ့နေရတာကို ပြောတာဖြစ်ပြီး လေ့လာဆန်းစစ် သုံးသပ်ပြီး ထွက်လာတဲ့ အဖြေကရတာကို ပြောတာ မဟုတ်တဲ့အတွက် နားလည်တယ် မလည်ဘူးဆိုတာနဲ့ မဆိုင်ဘဲ သူမြင်တွေ့ရတဲ့ အချက်နဲ့သာ ဆိုင်ပါတယ်။ သူပြောတာကို မဟုတ်ဘူး ပြောပြီး ဖုံးကွယ်ရလောက်အောင်ကလည်း ကျွန်မ မြန်မာပြည်ကနေ အပြင်ရောက်နေတာ ကြာပြီ ဆိုတာ မောင်ဖုန်းမြင့် ပြောတာမှန်တယ် ဒါကြောင့် ကျွန်မမှာ အပြင်မှာ ဒီလို မဟုတ်ဘူးသား ရုပ်ရှင်ထဲမှာမို့ ဒီလို ရိုက်ပြတာသာ ဖြစ်တယ်လို့ ဟုတ်မှန်းမဟုတ်မှန်းမသိ လိမ်ပြောဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ ရပ်ကွက်တွေထဲမှာ တကယ်ဒီလိုပဲ ဖြစ်နေမနေ ကျွန်မမသိဘူး။ ကျွန်မအနေနဲ့ အပြင်မှာ တကယ်ဒီလို ဖြစ်နေလို့ ဒီလိုရိုက်ပြရင် ပကတိ အခြေအနေကို ပြသတာသာ ဖြစ်လို့ ရုပ်ရှင်ဒါရိုက်တာတွေကို မကောင်းဘူးလို့ ဘာမှ မပြောလိုဘူး။ ဒါပေမဲ့ မြန်မာလူမျိုးတွေမှာ ဒီလို တကယ်

ဖုန်းမြင့် said...

မငယ်နိုင် ခင်ဗျား .. ကျနော်ကွန်မန့်ရှည်ရှည် မရေးတော့ပါ . . . ရုပ်ရှင်တွေ ဝတ္ထုတွေမှာ ပါတာ တကယ့်ဘဝအစစ်တွေပါ တကယ့်ဖြစ်ရပ်မှန်တွေပါလို့ ဘယ်သူပြောလဲဗျာ . . . ရုပ်ရှင်တွေထဲမှာ ပါသလို ရပ်ကွက်တွေထဲမှာဖြစ်နေပြီလို့ ထင်ရင်တော့ မှားယွင်းတဲ့ သုံးသပ်ချက်ကြီးပါ မြန်မာလူငယ်တွေဟာ ရုပ်ရှင်တွေထဲကလိုမျိုးကြီးတော့မဟုတ်ပါ အဆိုးလဲရှိမှာပဲ အကောင်းတွေလဲရှိပါတယ် အခုဆိုရင် အသင်းအဖွဲ့လေးတွေစုဖွဲ့ပြီး ပရဟိတ လုပ်နေတဲ့ လူငယ်အဖွဲ့အစည်းလေးတွေတော်တော်များများ ရှိပါတယ် သိချင်တယ် လက်တွေ့ပြပါဆိုရင် ကျနော့်မေးလ်ကနေ အထောက်အထေားနဲကတကွပြပါ့မယ် အဲ့ဒါမျိုးတွေကို ရုပ်ရှင်ထဲမှာ မပါလို့ မရှိဘူး လက်မခံနိုင်ပါဘူးဆိုရင်တော့ မတတ်နိုင်ပါခင်ဗျား. ပြောချင်တာက လူအများနဲ့ဆက်စပ်လာတဲ့ အခြေအနေတခုအပေါ်မှာ သုံးသပ်ချက် ချတော့မယ်ဆိုရင် Point Of View ကို ကျယ်ကျယ်ပြန့်ပြန့်ထားနိုင်ဘို့ ပါပဲ အသေးစိတ် မစိစစ် မလေ့လာနိုင်ခဲ့ရင်တောင်မှ ရုပ်ရှင်အပေါကနေ မသု့းသပ်မဆုံးဖြတ်သင့်ပါဘူး ဒီလောက်ပါပဲ ။

Kan said...

စိတ်ထဲမှာ ပြောချင်တာလေးတစ်ခုရှိလို့ အလည်လာရင်းဝင်ပြောတာပါ။

အခုအပေါ်မှာပြောနေတဲ့သူတွေက( ကျွန်တော်အပါအ၀င်ပေါ့) အများဆုံး ပြန်ကြည့်ရင် ၁၉၇၀ နောက်ပိုင်းလောက်မှာမွေးကြတဲ့သူတွေများမယ်ထင်ပါတယ်။
နောက်ဆုံးပြန်ပြီးတွက်ကြည့်ရင်တော့ မဆလပါတီ အမြူတေနဲ့ ပါတီတည်ထောင်ခဲ့တဲ့ အချိန်တွေအတွင်းမှာ မွေးကြတဲ့သူတွေလို့ ပြောရင်လည်းရမယ်ထင်ပါတယ်။
အစမ်းသပ်ခံပညာရေး၊ အစမ်းသပ်ခံစနစ်ရဲ့ ကြားမှာ ကြီးလာကြတဲ့သူတွေလို့ ယုံပါတယ်။

စကားလုံးတင်းတင်းနဲ့ ပြောရင်ပေါ့ဗျာ မြန်မာနိုင်ငံမြေကထွက်တဲ့ ဆန်းစပါးလည်းစားခဲ့ပါတယ်။ ချီးလည်းဒီမြေပေါ်မှာပါခဲ့ပါတယ်။
ဒီမြေပေါ်က သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ သင်ကြားပေးလို့ လည်း အသိပညာနဲ့ အတတ်ပညာတွေရခဲ့တယ်လို့ ဆိုရင်လည်းမမှားပါဘူး၊
သို့ ပေမဲ့ ဒီမြေကိုတော့ စော်ကားတဲ့အနေအထားကိုတော့ မပြောကြစေချင်ဘူး။ သတိထားစေချင်ပါတယ်။ အလွန်သတိထားပါ၊
ဒီမြေကို ကောင်းအောင်ဘယ်လိုအပြုသဘောနဲ့ လုပ်ဆောင်ကြဖို့ ပြောကြစေချင်တယ်။

ဒီတော့ ဗျာ၊ ခင်ဗျားတို့ ကျွန်တော်တို့ မမှီတဲ့ ၊ ၁၉၄၈ -၁၉၅၈ အတိုင်းတာကိုမပြောဘဲ ၁၉၈၈ မတိုင်မှီ ၁၀ နှစ်နဲ့ ၁၉၈၈ နောက်ပိုင်း ၂၀ ကိုပြောရင်
ပြောဆိုနေတဲ့ ရုပ်ရှင်ပညာ အဆင့်အတန်း၊ သရုပ်ဆောင်တွေရဲ့ အဆင့်အတန်း၊ ရိုက်ကူးသူတွေရဲ့ အဆင့်အတန်း၊ ပရိသတ်တွေရဲ့ အဆင့်အတန်း
(စော်ကားပြောတာမဟုတ်ပါဘူုး ပရိသတ်မှာကိုက အတန်းအစားရှိပါတယ်၊ ) တွေကိုကြည့်ပြီးတော့ ဘာတွေလိုနေတယ် ဘာတွေပံ့ပိုးသင့်သလည်း
ဆိုတာက တတ်ကြွမ်းတဲ့ သက်ဆိုင်ရာနယ်ပယ်လိုင်းအသီးသီးအလိုက် မှာရှိတဲ့ အနုပညာသည်တိုင်းသိကြပါတယ်။

သို့ ပေမဲ့ ၁၉၈၈ မတိုင်မှီကနဲ့ ၁၉၈၈ နောက်ပိုင်းဘာတွေသိသိသာသာအလွန်အမင်းဖြစ်လာသလည်းဆိုတာထက် ဖြစ်လာတာက အစိုးရနဲ့ ပြည်သူဆိုတဲ့
ကြားမှာ အစိုးရ၊ ပြည်သူ၊ အတိုက်အခံဆိုတာသိသိသာသာကြ�

Anonymous said...

Kan ရဲ့ ဒုတိယကော်မန့် အတွက်တော့ ပြောစရာ မရှိပါဘူး၊ ပထမ ကော်မန့်မှာ ပါတဲ့
“ပြောနေကြတာကတိုင်းပြည်အတွက်မပြောနဲ မိမိကို မွေးပေးလိုက်တဲ့မိသားစုကိုတောင်ဘာတွေတာဝန်ကျေပြီးပြီလည်းလို့ မေးရင် အဖြေမရှိဘူး။
ကန်တော့ပါရဲ့ ဖအေတွေလည်း ဒူးနာတယ် မအေတွေလည်းဝမ်းစပ်တယ် အဖြစ်ရောက်အောင်တော့ တွန်းမပို့ ကြနဲ့ ဗျာ။”
အဲဒါကတော့ မှားနေတယ် ထင်တယ်။
တာဝန်တွေ အကျေလွန်းလို့ ပြည်ပကို တစ်မိသားစုလုံး ရောက်နေတဲ့သူတွေ၊ ခေါ်ထုတ်နိုင်သူတွေ အများကြီးဗျာ။

BoX said...

ဒီရုပ်ရှင်ထဲမှာထက်ဆိုးတဲ့ အဖြစ်အပျက်တွေ အပြင်မှာ အများကြီးရှိနေပါတယ်။ ၃၁ရက်နေ့ညက လုပ်ခဲ့တဲ့ပါတီက လူငယ်တွေကို သွားကြည့်လိုက်ပါ။ မိဘချမ်းသာတာကို အကြောင်းပြုပြီး ပါတီတက်၊ ကလပ်သွား၊ အချိန်တန် အိမ်ထောင်ပြု၊ လူကြားထဲမှာကြွား၊ သောင်းကျန်း၊ ပညာပြလုပ်နေကြတဲ့လူငယ်တွေ အများကြီးမှ အများကြီးရှိပါတယ်။ ရုပ်ရှင်ကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ဘာလို့ဆိုတော့ အဲလိုအပြင်မှာ သောင်းကျန်းကြတဲ့လူငယ်တွေက ဒီလိုရုပ်ရှင်မျိုးမကြည့်လိုပါ။ :P

အမှန်တော့ ရုပ်ရှင်ဆိုတာ ဘာပဲရိုက်ရမယ်။ ဘာအကြောင်းကိုတော့ မရိုက်ရဘူးလို့ မကန့်သတ်တန်ကောင်းပါဘူး။ လူငယ်တွေဆိုးတာပါနေလို့ အတုခိုးမှားမှာစိုးလို့ မရိုက်ပြရဘူးဆို ဂျပန်ကားတွေ၊ ကိုရီးယားကားတွေဘယ်နားမှာသွားထားမလဲ။

ရုပ်ရှင်ကို ရုပ်ရှင်လိုပဲကြည့်ပြီး ရုပ်ရှင်လိုပဲထားလိုက်ရင်ကောင်းပါလိမ့်မယ်။ ဒီမိုကရေစီ ဒီမိုကရေစီအော်နေကြတဲ့လူတွေက ဒါမျိုးရုပ်ရှင်ကို ခွင့်မပြုချင်တာ အံ့သြစရာပါပဲ။
(ဘလော့ဂ်ရေးပါတယ်။ နာမည်ကြီးချင်လို့ လာကောမန့်ပေးတယ်အထင်ခံရမှာစိုးလို့ တခြားမေးလ်နဲ့မန့်ပါတယ်။ မေးလ်ကိုဆက်သွယ်ရင် အကြောင်းပြန်ပါ့မယ်)

BoX said...

ဒီရုပ်ရှင်ထဲမှာထက်ဆိုးတဲ့ အဖြစ်အပျက်တွေ အပြင်မှာ အများကြီးရှိနေပါတယ်။ ၃၁ရက်နေ့ညက လုပ်ခဲ့တဲ့ပါတီက လူငယ်တွေကို သွားကြည့်လိုက်ပါ။ မိဘချမ်းသာတာကို အကြောင်းပြုပြီး ပါတီတက်၊ ကလပ်သွား၊ အချိန်တန် အိမ်ထောင်ပြု၊ လူကြားထဲမှာကြွား၊ သောင်းကျန်း၊ ပညာပြလုပ်နေကြတဲ့လူငယ်တွေ အများကြီးမှ အများကြီးရှိပါတယ်။ ရုပ်ရှင်ကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ဘာလို့ဆိုတော့ အဲလိုအပြင်မှာ သောင်းကျန်းကြတဲ့လူငယ်တွေက ဒီလိုရုပ်ရှင်မျိုးမကြည့်လိုပါ။ :P

အမှန်တော့ ရုပ်ရှင်ဆိုတာ ဘာပဲရိုက်ရမယ်။ ဘာအကြောင်းကိုတော့ မရိုက်ရဘူးလို့ မကန့်သတ်တန်ကောင်းပါဘူး။ လူငယ်တွေဆိုးတာပါနေလို့ အတုခိုးမှားမှာစိုးလို့ မရိုက်ပြရဘူးဆို ဂျပန်ကားတွေ၊ ကိုရီးယားကားတွေဘယ်နားမှာသွားထားမလဲ။

ရုပ်ရှင်ကို ရုပ်ရှင်လိုပဲကြည့်ပြီး ရုပ်ရှင်လိုပဲထားလိုက်ရင်ကောင်းပါလိမ့်မယ်။ ဒီမိုကရေစီ ဒီမိုကရေစီအော်နေကြတဲ့လူတွေက ဒါမျိုးရုပ်ရှင်ကို ခွင့်မပြုချင်တာ အံ့သြစရာပါပဲ။
(ဘလော့ဂ်ရေးပါတယ်။ နာမည်ကြီးချင်လို့ လာကောမန့်ပေးတယ်အထင်ခံရမှာစိုးလို့ တခြားမေးလ်နဲ့မန့်ပါတယ်။ မေးလ်ကိုဆက်သွယ်ရင် အကြောင်းပြန်ပါ့မယ်)

BoX said...

ဒီရုပ်ရှင်ထဲမှာထက်ဆိုးတဲ့ အဖြစ်အပျက်တွေ အပြင်မှာ အများကြီးရှိနေပါတယ်။ ၃၁ရက်နေ့ညက လုပ်ခဲ့တဲ့ပါတီက လူငယ်တွေကို သွားကြည့်လိုက်ပါ။ မိဘချမ်းသာတာကို အကြောင်းပြုပြီး ပါတီတက်၊ ကလပ်သွား၊ အချိန်တန် အိမ်ထောင်ပြု၊ လူကြားထဲမှာကြွား၊ သောင်းကျန်း၊ ပညာပြလုပ်နေကြတဲ့လူငယ်တွေ အများကြီးမှ အများကြီးရှိပါတယ်။ ရုပ်ရှင်ကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ဘာလို့ဆိုတော့ အဲလိုအပြင်မှာ သောင်းကျန်းကြတဲ့လူငယ်တွေက ဒီလိုရုပ်ရှင်မျိုးမကြည့်လိုပါ။ :P

အမှန်တော့ ရုပ်ရှင်ဆိုတာ ဘာပဲရိုက်ရမယ်။ ဘာအကြောင်းကိုတော့ မရိုက်ရဘူးလို့ မကန့်သတ်တန်ကောင်းပါဘူး။ လူငယ်တွေဆိုးတာပါနေလို့ အတုခိုးမှားမှာစိုးလို့ မရိုက်ပြရဘူးဆို ဂျပန်ကားတွေ၊ ကိုရီးယားကားတွေဘယ်နားမှာသွားထားမလဲ။

ရုပ်ရှင်ကို ရုပ်ရှင်လိုပဲကြည့်ပြီး ရုပ်ရှင်လိုပဲထားလိုက်ရင်ကောင်းပါလိမ့်မယ်။ ဒီမိုကရေစီ ဒီမိုကရေစီအော်နေကြတဲ့လူတွေက ဒါမျိုးရုပ်ရှင်ကို ခွင့်မပြုချင်တာ အံ့သြစရာပါပဲ။
(ဘလော့ဂ်ရေးပါတယ်။ နာမည်ကြီးချင်လို့ လာကောမန့်ပေးတယ်အထင်ခံရမှာစိုးလို့ တခြားမေးလ်နဲ့မန့်ပါတယ်။ မေးလ်ကိုဆက်သွယ်ရင် အကြောင်းပြန်ပါ့မယ်)

ကိုအောင်(ပျူနိုင်ငံ) said...

ကို boxer ရေ ...
ကော်မန့် လာရေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အပြင်က ဖြစ်ရပ်ဟာ ရုပ်ရှင်ထက် ပိုပြီး ဆိုးနေတယ်
ဆိုတာ ကျနော်သိပါတယ်။ ဒါကို အရှိအတိုင်း လုပ်နေ
ကြရင် မြှောက်ပေးသလို ဖြစ်မနေဘူးလားဗျာ။ တချို့ ဒါရိုက်တာတွေ ထက် ဒါရိုက်တာမောင်မျိုးကို ပိုပြီး
သဘောကျလို့ ဝေဖန်တာပါ။ ရုပ်ရှင်ကို ရုပ်ရှင်လိုတော့
မကြည့်ပါရစေနဲ့ဗျာ၊ မီဒီယာတွေထဲမှာ ကြည့်ရဖို့အတွက် တန်းစီပြီး စောင့်နေရတဲ့ မီဒီယာဟာ ရုပ်ရှင်တမျိုးပဲ ရှိနေလို့ပါ။

ကို boxer ရေ ခင်မင်လျက်ပါ။

Shwe Yoe said...

To Ma Nge Naing & Ko Phone Myint,
My suggestion is both of you should go to Myanmar for short visit. It's very good experience (especially for children)and your point of view will change. By all means, please try go to Myanmar

Ko Htet said...

ကျွန်တော်လဲမြန်မာကားတွေကိုကြည့်ဖူးတယ်ဗျ။ဘယ်လိုပြောရမလဲ........နာမည်ကြီးမင်းသမီးတယောက်ပဲ.....အခုတော့သိပ်မ၈ိုက်တော့ဘူး.......ဇာတ်ဝင်ခန်းတခန်းမှာသူကချောင်းကမ်းဘေးမှာရေနဲမျောလာပြီးတင်နေတဲ့အခန်း.......ဒါပေမယ်.....အဲလိုဘာမဟုတ်တဲ့အခန်းကိုအပင်ပန်းမခံတော့ပဲနဲ့ လူစားထိုး၈ိုက်တယ်။......သူမဟုတ်ပဲတခြားတယောက်ဆိုတာကပေါ်တင်ကြီး....
နောက်ထပ်ကားတွေကကျတော့...ကိုရီးယားDVDတွေကိုထပ်တူကျခိုးချထားတယ်......ဇာတ်ညွန်းဖိုးသက်သာအောင်လား....ခေါင်းမ၈ှိလို့ လားတော့မသိဘူး.......မြန်မာပြည်ကသီချင်းတွေအများစုကလဲဒီလိုပါဘဲ...ဒါကိုလက်ခံပြီးနားထောင်နေတဲ့လူတွေကလဲနာထောင်နေတာပဲ..အစို(ဆို)တော်တွေကလဲခိုးကူးတဲ့လူတွေကိုကျတော့အပြစ်တင်တယ်.သူတိုကိုသူတို့ကျတောဘယ်လိုလုပ်မှာလဲ....ကျွန်တော်ဘာမှမပြောဘူးနော်....ဟီး

Ko Htet said...

ကိုရီးယားကားတွေကိုတိုက်၈ိုက်ခိုးချထားတဲ့ကားတွေလဲအများကြီးပါပဲ......တကယ်တော့မြန်မာအနုပညာဆိုတာခိုးတတ်ဖို့ ပဲလိုတယ်....အဆိုတော်အများစုကလဲသူထက်ငါဦးအောင်ခိုးနေကြတာပဲ......သူတို့ အခွေကိုခိုးကူးသမားတွေပြန်ခိုးတော့သူခိုးကပြန်ဟစ်သေးတယ်....အဲဒါကအခုမြန်မာပြည်ကလူတွေခံစားနေကြတဲ့အနူပညာပါဘဲ.....ကျွန်တော်ဘာမှမပြောဘူးနော်.......ဟီး။။

Ko Htet said...

ကိုရီးယားကားတွေကိုတိုက်၈ိုက်ခိုးချထားတဲ့ကားတွေလဲအများကြီးပါပဲ......တကယ်တော့မြန်မာအနုပညာဆိုတာခိုးတတ်ဖို့ ပဲလိုတယ်....အဆိုတော်အများစုကလဲသူထက်ငါဦးအောင်ခိုးနေကြတာပဲ......သူတို့ အခွေကိုခိုးကူးသမားတွေပြန်ခိုးတော့သူခိုးကပြန်ဟစ်သေးတယ်....အဲဒါကအခုမြန်မာပြည်ကလူတွေခံစားနေကြတဲ့အနူပညာပါဘဲ.....ကျွန်တော်ဘာမှမပြောဘူးနော်.......ဟီး။။

Ko Htet said...

ကျွန်တော်လဲမြန်မာကားတွေကိုကြည့်ဖူးတယ်ဗျ။ဘယ်လိုပြောရမလဲ........နာမည်ကြီးမင်းသမီးတယောက်ပဲ.....အခုတော့သိပ်မ၈ိုက်တော့ဘူး.......ဇာတ်ဝင်ခန်းတခန်းမှာသူကချောင်းကမ်းဘေးမှာရေနဲမျောလာပြီးတင်နေတဲ့အခန်း.......ဒါပေမယ်.....အဲလိုဘာမဟုတ်တဲ့အခန်းကိုအပင်ပန်းမခံတော့ပဲနဲ့ လူစားထိုး၈ိုက်တယ်။......သူမဟုတ်ပဲတခြားတယောက်ဆိုတာကပေါ်တင်ကြီး....
နောက်ထပ်ကားတွေကကျတော့...ကိုရီးယားDVDတွေကိုထပ်တူကျခိုးချထားတယ်......ဇာတ်ညွန်းဖိုးသက်သာအောင်လား....ခေါင်းမ၈ှိလို့ လားတော့မသိဘူး.......မြန်မာပြည်ကသီချင်းတွေအများစုကလဲဒီလိုပါဘဲ...ဒါကိုလက်ခံပြီးနားထောင်နေတဲ့လူတွေကလဲနာထောင်နေတာပဲ..အစို(ဆို)တော်တွေကလဲခိုးကူးတဲ့လူတွေကိုကျတော့အပြစ်တင်တယ်.သူတိုကိုသူတို့ကျတောဘယ်လိုလုပ်မှာလဲ....ကျွန်တော်ဘာမှမပြောဘူးနော်....ဟီး

Ko Htet said...

ကျွန်တော်လဲမြန်မာကားတွေကိုကြည့်ဖူးတယ်ဗျ။ဘယ်လိုပြောရမလဲ........နာမည်ကြီးမင်းသမီးတယောက်ပဲ.....အခုတော့သိပ်မ၈ိုက်တော့ဘူး.......ဇာတ်ဝင်ခန်းတခန်းမှာသူကချောင်းကမ်းဘေးမှာရေနဲမျောလာပြီးတင်နေတဲ့အခန်း.......ဒါပေမယ်.....အဲလိုဘာမဟုတ်တဲ့အခန်းကိုအပင်ပန်းမခံတော့ပဲနဲ့ လူစားထိုး၈ိုက်တယ်။......သူမဟုတ်ပဲတခြားတယောက်ဆိုတာကပေါ်တင်ကြီး....
နောက်ထပ်ကားတွေကကျတော့...ကိုရီးယားDVDတွေကိုထပ်တူကျခိုးချထားတယ်......ဇာတ်ညွန်းဖိုးသက်သာအောင်လား....ခေါင်းမ၈ှိလို့ လားတော့မသိဘူး.......မြန်မာပြည်ကသီချင်းတွေအများစုကလဲဒီလိုပါဘဲ...ဒါကိုလက်ခံပြီးနားထောင်နေတဲ့လူတွေကလဲနာထောင်နေတာပဲ..အစို(ဆို)တော်တွေကလဲခိုးကူးတဲ့လူတွေကိုကျတော့အပြစ်တင်တယ်.သူတိုကိုသူတို့ကျတောဘယ်လိုလုပ်မှာလဲ....ကျွန်တော်ဘာမှမပြောဘူးနော်....ဟီး