Mar 29, 2008

အုန်းသီး ထဲကို ‘ထောက်ခံမဲ‘ ဘယ်လို ရောက်လဲ

ရေးသူ။ ။ ကိုအောင်

ရေ ထဲမှာ ‘ငါး‘ ရှိတယ် …. ပင်လယ်ထဲမှာ ‘ငါး‘ ရှိတယ် ….
ချောင်း ထဲမှာ ‘ငါး‘ ရှိတယ် …. ကန် ထဲမှာ …. ‘ငါး‘ ရှိတယ်…
ထို့ ကြောင့် …. အုန်းသီး ထဲမှာ ‘ငါး‘ ရှိတယ်။




ပျိုးပင် ကို ရောင်းစားတဲ့ ……. ယဉ်ကျေးမှု အလွှာ ကြားမှာ …..
စားအုန်းဆီ တစ်ပိဿာ အတွက် …. ဈေးကြီးနေဆဲ အသက်ရှင်မှု ကို ….
ရောင်းစား ပြစ်တဲ့ .... ‘မောင်ကာလု‘ နဲ့ …..
နတ်ကနားပွဲ မှာ မွေး …… အခွန်လွတ် ဈေးမှာ ပညာသင် ….
ကိုးရီးယား အပြုံးနဲ့  …. ပေါက်စီ ကို စားပြီး….
အချိန်ပို မှာ ဂိုး လှူခဲ့တဲ့ …. မဟာကံထူးရှင် အကယ်ဒမီ ဆု ပိုင်ရှင် တို့  ….
သုံးဆယ့်လေးနှစ် ကြာတဲ့ အထိ …. မွဲပြာ ပုဆိုး ကြိုက်နေတုံး ဆို ….
အရူးသဘင် အတွက် .... ထောက်ခံမဲ တော့ မပေးကြနဲ့  ....
ဘိုးဘွားရိပ်သာ ရောက်မှ … ‘တောက်‘ ခေါက် နေရ အုံး မယ်။

Mar 25, 2008

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကို သတ်ခဲ့သူများ

zzz10.jpg



zzz8.jpg
(၀ဲ မှ ယာ သို့ - ထိုင် နေသူများ - ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်၊ သက်နှင်း၊
မောင်စိုး၊ မှုံကြီး (ခေါင်းတွင် ပတ်တီးစည်းထားသူ) )

zzz9.jpg
(လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ ရုံးခန်း နှင့် အစည်းအဝေးခန်းမ။)
zzz11.jpg
(ဦးစော အတွက် လန်ဒန်မှ လာရောက်၍ လိုက်ပါ ဆောင်ရွက်ခဲ့သော ၀တ်လုံ မစ္စတာ
ကားဘစ် ဘက်နက်)

zzz12.jpg
(အထူး ရာဇ၀တ်ခုံရုံး ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် အဖွဲ့ ဝင်များဖြစ်ကြသော ဦးအောင်သာကျော်၊
ဦးစီဘူး တို့  ရုံးထိုင်ရန် တရားခွင်သို့  လာကြစဉ်။)

ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ။ ။
ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလို
အစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)၊သက်နှင်း (ဦးဆောင် ပစ်ခတ်
သူ)၊ မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊ စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
သုခ (ကားမောင်း
သူ)။


သေဒဏ် အပြစ်ပေးခံရသူများ။ ။
(အင်းစိန်ထောင် ကြိုးတိုက်တွင် )
(၁)ဦးစော
(၂)မောင်စိုး
(၃)သက်နှင်း
(၄)မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဦးစော နေအိမ် အ၀ိုင်း
ခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ)

(ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
(၅)စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
(၆)ရန်ကြီးအောင် ခေါ် လှထွန်း

သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းရွေ့ ကျခံရသူများ။ ။
(၁)သုခ
(၂)ခင်မောင်ရင်
(၃)မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ

(ဒေါက်တာ မောင်မောင် ၏ နိုင်ငံတော် လုပ်ကြံ မှု စာအုပ်ပါ အချက်အလက်များ
ဖြစ်ပါသည်။)

Mar 24, 2008

ထောင်ထဲမှာ ထပ်ပြီး တိုက်ပိတ်ခံနေရသော အရှင်ဂမ္ဘီရ

gambira__L.jpg
(အလယ်မှ ယပ်ကိုင်ထားသူ ကိုယ်တော်မှာ သံဃာ့ တပ်ပေါင်းစု၏ ဦးဆောင်
သံဃာ တစ်ပါးဖြစ်သော အရှင်ဂမ္ဘီရ ခေါ် အရှင်စန္ဒောဘာသ ဖြစ်ပါတယ်။)

အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင် ဆရာ
တော် ဖြစ်တဲ့ အရှင်ဂမ္ဘီရ ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် နေ့ ကစပြီး အင်းစိန်
ထောင်မှာ တိုက်ပိတ် ခံနေရတာ၊ခုဆို သီတင်း တပတ်ကျော် သွားပြီ ဖြစ်ပါတယ်။
ထောင်သတင်း ရပ်ကွပ်က စုံစမ်း သိရတာကတော့ ထောင်တွင်းမှာ မေတ္တာပို့ 
ဆုတောင်းတာကြောင့် တိုက်ပိတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ 
ပက်သက်ပြီး အရှင်ဂမ္ဘီရ က မိမိဟာ ထောင်ထဲမှာတင် ထပ်ပြီး ထောင်ချ ခံနေ
ရတာ ဖြစ်တယ်လို့ မိန့် ကြားခဲ့ကြောင်း ထောင်ဝင်စာ သွားတွေ့ ခဲ့တဲ့ ညီမဖြစ်သူ
မခင်ဌေးသူ က ပြောပြ ပါတယ်။




brwaw1.jpg
(စစ်အာဏာရှင် အရူးများ လက်အောက်က အပြစ်မဲ့ ပြည်သူတို့ ဘ၀)

အရှင်ဂမ္ဘီရ နဲ့ အတူ အဖမ်းခံနေရတဲ့ သံဃာတော်တွေ ဟာ ထောင်ထဲ မှာ စု
ပေါင်း ပြီး မေတ္တာပို့  အမျှအတန်း ဝေတာမျိုး တွေကို ပြုလုပ်နေ ဆဲ ဖြစ်တယ်
လို့  ဆိုပါတယ်။

အခုလို တိုက်ပိတ် ခံနေရတာကြောင့် ဆွမ်းကပ်မဲ့ သူ မရှိဖြစ်နေတယ်လို့  အရှင်
ဂမ္ဘီရ က မိန့် ကြားကြောင်း ညီမဖြစ်သူ က ပြောပါတယ်။ အရှင်ဂမ္ဘီရနဲ့  တကွ
အဖမ်းခံနေရတဲ့ သံဃာတော်တွေ အားလုံး လူဝတ်လဲတာ ခံထားရပေမဲ့ မိမိကိုယ်
မိမိ ရဟန်း အဖြစ် ခံယူထားဆဲ ဖြစ်သလို သပိတ်ကံ ဆောင်နေဆဲလဲ ဖြစ်တယ်
လို့ သိရပါတယ်။

အခုချိန်ထိ အရှင်ဂမ္ဘီရ ကို ထောင်ရမန် နှစ်ကြိမ် ယူပြီး ဖြစ်ပေမဲ့ တရားရုံးထုတ်ခြင်း
မရှိသေးဘူး လို့ ညီမ ဖြစ်သူက ပြောပါတယ်။ ဒါ့အပြင် ရှေ့ နေ ဖြစ်သူ ဦးညီညီလှိုင်
က အမှုသည် ကို တွေ့ ဆုံခွင့် တောင်းခံတာ ၃-၄ ကြိမ် ရှိပြီဖြစ်ပေမဲ့ တွေ့ ခွင့်မရ
သေးဘူးလို့  စုံစမ်း သိရှိ ရပါတယ်။

(RFA မြန်မာပိုင်းအစီအစဉ်မှ ထပ်ဆင့်ကူးယူ ဖော်ပြပါတယ်။)

Mar 21, 2008

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ (၁၃၂) မြောက် မွေးနေ့ 

၂၀ ရာစု မြန်မာ ပြည် နိုင်ငံ ရေး သမိုင်း စာမျက် နှာ မှာ အထင် ရှားဆုံး ဖြစ်တဲ့
နိုင်ငံ ချစ် ငြိမ်းချမ်း ရေး သူတော်စင် တစ်ဦး ဖြစ်သော ဆရာ ကြီး သခင် ကိုယ်
တော်မှိုင်း တစ်ယောက် မြန်မာ ပြည်တွင် မွေးဖွား ခဲ့တာ (၂၃-၃-၂၀၀၈) နေ့ ဆို
လျင် နှစ်ပေါင်း (၁၃၂) နှစ် ပြည့်မြောက် ခဲ့ပါပြီ။

ငယ်နာမည် မောင်လွမ်းမောင် ခေါ် ဆရာကြီး သခင် ကိုယ်တော် မှိုင်း အား အဖ
ဦးစံဒွန်း နဲ့  အမိ ဒေါ်အုန်း တို့ မှ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက် (ကြာသာပတေး)
နေ့ တွင် ရွှေတောင် မြို့ နယ် ၀ါးလယ်ရွာ တွင် မွေးဖွား ခဲ့ပါသည်။ မွေးချင်း ၅ ဦး
အနက် ဒုတိယ မြောက် ဖြစ်ပါတယ်။ ၁၈၉၇ ခုနှစ် မှာ အစိုးရ စစ် ခုနှစ်တန်း ကို
ရဟန်းဝတ်စဉ်က ဘွဲ့ အမည် ပဏ္ဍိတဖြင့် မုံရွာမြို့ မှာ ၀င်ရောက်ဖြေဆို အောင်မြင်
ခဲ့ပါတယ်။ ၁၈၉၈ ခုနှစ် မှာ မော်လမြိုင် မြို့ ရှိ ‘မြန်မာတိုင်း‘ သတင်းစာ တွင်




Saya Gyi Thakhin Kodaw Hmine.jpg
(အာဇာနည် သခင် ကိုယ်တော် မှိုင်း ၁၈၇၆-၁၉၆၄)

‘ပဏ္ဍိလေး‘ ကလောင် အမည်ဖြင့် သတင်းစာလောက၊ စာပေလောက သို့ စတင်
ဝင်ရောက် ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ် မှာ ရန်ကုန်မြို့ ကြည်မြင်တိုင် မြို့ နယ် ငါးကြော်
ဖိုရပ် နေ ဆန်စပါး ပွဲစားကြီး ဦးနု နဲ့ ပွဲကတော်ကြီး ဒေါ်နှင်းတို့ ၏ သမီးဖြစ်သူ
ဒေါ်ရှင် နှင့် လက်ထပ် ခဲ့ပြီး သားသမီး ၄ ဦး ထွန်းကားခဲ့ ပါတယ်။ ၁၉၁၄ ခုနှစ် မှာ
‘သူရိယ သတင်းစာ‘ တွင် ‘မစ္စတာ မှိုင်း ‘ ဟူသော ကလောင် အမည်ဖြင့် အုပ်ချူပ်
သူ ဗြိတိသျှ ကိုလိုနီ အစိုးရ အား အပြင်းအထန်း ဝေဖန်သော ဆောင်းပါး များ ရေး
သားခဲ့သောကြောင့် ပြည်သူ ၏ လေးစား ကိုးကွယ် ယုံကြည်မှု ကို စတင် ခံယူခဲ့ပါ
တယ်။ ၁၉၁၄ ခုနှစ်မှာ ဇနီး ဖြစ်သူ ဒေါ်ရှင် ကွယ်လွန်ခဲ့ ပါတယ်။ ၁၉၂၀ ခုနှစ် ပထမ
ကျောင်းသား သပိတ် တိုက်ပွဲ နောက်ပိုင်း ပေါ်ပေါက်ခဲ့သော ရန်ကုန် ဗဟန်းမြို့ နယ်
ရှိ အမျိုးသား ကော်လိပ်တွင် မြန်မာစာနှင့် ရာဇ၀င် ပါမောက္ခအဖြစ် တာဝန် ထမ်း
ဆောင်ခဲ့ ပါတယ်။

၁၉၃၄ ခုနှစ် တွင် ကျင်းပ ခဲ့သော တို့ ဗမာ အစည်းအရုံး ၏ ပထမ အကြိမ် ညီလာ
ခံတွင်‘သခင် ကိုယ်တော်မှိုင်း‘ ဟူသော အမည် ကို စတင် ခဲ့ယူ ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်
ဧပြီလ ၂၂ ရက်နေ့ တွင် ပုသိမ်မြို့ ၌ ‘လွတ်လပ်ရေး ကို လက်ဝါးဖြင့် တောင်းနေရုံ နှင့်
မရနိုင် သူပုန် ထရမည်‘ ဟု မြန်မာ့ လွတ်လပ်ရေး အတွက် ပြည်သူ လူထု အား ပထမဆုံး
စတင် ကြွေးကြော် တိုက်တွန်း ခဲ့ ပါတယ်။ ၁၉၃၉ ခုနှစ် ဇွန်လ ၂၇ ရက် နေ့ တွင်
သဘောထား ကွဲလွဲ နေသော အခြား နိုင်ငံ ရေး အုပ်စု များ ၏ စီမံမှုကြောင့် ဧရာဝတီ
တိုင်း ပုသိမ် ဘူတာ၌ ဆိုက်ကားသမား မောင်သန်းစိန် ရဲ့ တုတ်ဖြင့် ရိုက်နှက်မှု ကို ခံ
ခဲ့ ရပါတယ်။

၁၉၄၁ ခုနှစ် တွင် မြန်မာနိုင်ငံ နဲ့ ပက်သက်ပြီ ဗြိတိသျှ အစိုးရ ၏ ရန်သူတော် နံပါတ်
(၁) အဖြစ် သတ်မှတ် ခြင်း ခံ ရပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီ မြန်မာပြည်သို့  ဗြိတိသျှ
အစိုးရ အုပ်ချူပ်ရေး သမားများ ပြန်လည် ၀င်ရောက်လာချိန်တွင် ဗိုလ်ချူပ်အောင်ဆန်း
အား ‘ အောင်ဆန်း၊ မင်း ပင့်လာတဲ့ ဘုရားတွေ ဘယ်သူ ပြန်ပို့ မှာလဲ‘ ဟု လွတ်လပ်ရေး
ကို အမြန်ရယူ ရန် တိုက်တွန်းခဲ့ ပါတယ်။

၁၉၅၀ ခုနှစ် ဇန်န၀ါရီလတွင် အာဏာရ ဖဆပလ အစိုးရအဖွဲ့ က ဆရာကြီးအား
‘အလင်္ကာကျော်စွာဘွဲ့ ‘ တံဆိပ် အပ်နှင်း ခဲ့ ပါတယ်။ ၁၉၅၂ ခုနှစ် မှ စ၍ အပြည်ပြည်
ဆိုင်ရာ ငြိမ်းချမ်းရေးများကို စတင် ဆောင်ရွက် ခဲ့သောကြောင့် ၁၉၅၅ ခုနှစ် မတ်လ
တွင် ယခင် ကွန်မြူနစ် ဆိုဗီယက် ပြည်ထောင်စု မှ ပေးအပ် ချီးမြှင့် သော ‘စတာလင်
‘ ငြိမ်းချမ်းရေး ဆု ကို ရရှိ ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် သြဂုတ်လတွင် ဂျာမဏီ (ယခင်
အရှေ့ ဂျာမဏီ)နိုင်ငံ ဟမ်းဘတ် တက္ကသိုလ် မှ ဆရာကြီး အား ဂုဏ်ထူးဆောင် ပါရဂူ
ဒေါက်တာဘွဲ့ အပ်နှင်း ဂုဏ်ပြု ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့  နံနက်
၁ နာရီခွဲ တွင် လူကြီး ရောဂါ ဖြင့် ကွယ်လွန် ခဲ့ပါတယ်။

ဆရာကြီး သခင် ကိုယ်တော်မှိုင်း သည် ၁၉၁၄ ခုနှစ်မှ စ၍ ကွယ်လွန်ချိန် အထိ
တိုင်းပြည်နှင့် နိုင်ငံသား လူ့ အဖွဲ့ အစည်း အတွက် တာဝန်များစွာ ကို ထမ်းဆောင်ခဲ့
သူ တစ်ဦး ဖြစ်သလို ပထမ ကျောင်းသား သပိတ် အပြီ ပေါ်ပေါက် ခဲ့သော ကိုယ်ထူ
ကိုယ်ထအမျိုးသား ကော်လိပ် မှ စ၍ ကျောင်းသား လှုပ်ရှားမှု မှန်သ မျှ တို့ တွင်
ကျောင်းသားထု ဘက်မှ ရပ်တည် ခဲ့သော ‘ဆရာသခင် ကျေးဇူးရှင် ‘ တစ်ဦးလည်း
ဖြစ်ပါတယ်။ ယနေ့ ခေတ် တရုပ်ပြည်တွင် တရုပ် အတွေး အခေါ် ပညာရှင် ကြီး ‘ကွန်
ဖြူးရှပ်‘ ၏ မွေးနေ့ အားအမျိုးသား ကျောင်းဆရာများ နေ့ အဖြစ် ဂုဏ်ပြု သတ်မှတ်
ကြပါတယ်။ ကျနော်တို့  မြန်မာပြည်တွင် လည်း ဆရာကြီးသခင် ကိုယ်တော် မှိုင်း ၏
မွေးနေ့  အား ထူးမြတ် စွာ တန်ဖိုးထားကျင်းပ သင့်ပါ ကြောင်း စာဖတ်သူ နဲ့ တကွ
နိုင်ငံ ချစ်သူ အားလုံးအား အကြံပြု တင်ပြ ပါတယ်။

( မှတ်ချက်။ ။ဤ ဘလော့ဂ် စာမျက်နှာ မှ နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း အား
ရိုသေစွာဖြင့် ကန်တော့ ပါတယ်။)

Mar 19, 2008

တက္ကသိုလ် ကျောင်းသား ဘ၀ က ဒို့ သချာင်္ အပိုင်း(၁)

ရေးသူ -အောင်ခင်မြင့်


အခုတလော ကျောင်း ကို အရမ်း သတိရ မိပါတယ်။ ကျနော် ဆိုလို တဲ့ ကျောင်း
ဆိုတာ က ရန်ကုန် တက္ကသိုလ် ရဲ့  လက်အောက် ခံ လှိုင် နယ်မြေ ကို ဆိုလို
တာပါ။ တနေ့ က အင်တာ နက် မှာ တွေ့ လို တွေ့ ငြား ကျောင်း ဓါတ်ပုံ တွေ ရှာ
ကြည့် တော့ ဇော်မင်းဒွေး ဓါတ်ပုံ ကြီး ကို သွားတွေ့ တယ်။ 94-95-96 ခုနှစ် လှိုင်
နယ်မြေ မှာ ကျောင်းတက်ဘူးတဲ့ သူတွေ သူ့ ကို မှတ်မိ နိုင်ပါတယ်။ သူ က လှိုင်နယ်
မြေ ကြက်ခြေ နီရုံးခန်း ကို အပိုင် စီးထား တဲ့ ကျနော် တို့  သင်္ချာ က ကျောင်းသား
ပါ။ နေရာ တိုင်းမှာ သူပါ လို့  တခြား မေဂျာ က ကျောင်းသား ကျောင်းသူ တွေက
သူ့ ကို ‘ရာပါ ကြီး” ‘မှန်ကြောင်‘ လို့ လည်း ခေါ်ပါ တယ်။ လူ ပုံစံ က ၀၀ တုတ်တုတ်
အရပ် က ပု ပြတ်ပြတ် မျက်မှန် နဲ့  ကျောင်းသား တစ်ဦး ပါ။လှိုင် နယ်မြေ က ကြက်
ခြေ နီ ရုံးခန်း ဆိုရင် သူ့ ရဲ့  ဟောက်ဖွာ ဟောက်ဖွာ စကား သံနဲ့  တင် စည်းကား ခဲ့
တာ ပါ။

ကျောင်းသူ ချောချော လှလှ လေးတွေ အခန်း ရှေ့ က ဖြတ်လျှောက် သွားရင်
‘ ညီမ လေး တို့  ကြက်ခြေ နီ အသင်းဝင် ဖောင် ယူမလား၊ ကျောင်းတက် နေရင်
နေထိုင် မကောင်း ဖြစ်ရင် ဒီကို အချိန် မရွေး လာခဲ့၊ ဘာညာ ….‘ လို့ ပြောပြီ မျက်နှာ
က ရွှန်းရွှန်း ဝေလို့ ။ ယောင်္ကျား လေးတွေ ဆိုရင် ‘ဘာကိစ္စ လဲ … ဘာလုပ် မလို့ 
လဲ…‘ လို့  ဟောက်ထုတ်ပါတယ်။ သူ က ဒဂုံ အထက 2 ကနေ ဆယ်တန်း အောင်
မြင် ခဲ့ပြီ စမ်းချောင်း မြို့ နယ် မှာ နေထိုင် ပါတယ်။




zaa.jpg

ကျနော် နဲ့  ဇော်မင်းဒွေး က ရေစက် မကုန် နိုင်ဘူး ထင်ပါ တယ်။ 97-98 ခုနှစ်
ရန်ကုန်နည်း ပညာ တက္ကသိုလ် (ယခင် ရန်ကုန် စက်မှု တက္ကသိုလ်) မှာ ညနေပိုင်း
အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းတွေ ဖွင့်တော့ လည်း ထပ် ဆုံ ကြ သေးတယ်။
ဒါပင် မဲ့ မေဂျာတော့ ကွဲ သွား ပါပြီ ။ သူ့ က EC ။ ကျနော် နဲ့  စိုင်းဆိုင်ဝမ်း(သူလည်း
သချာင်္ ကပါ) က Building Technology တက်ခဲ့ ကြ ပါတယ်။ အဲဒီ မှာ လည်း သချာင်္
က ကျောင်းသားတွေ လာတက် တာ အများ ကြီး ပါ ။ ကျနော် သတိ အရ ဆုံး က
ကျနော် တို့ (RC 2) လှိုင် နယ်မြေ သချာင်္ မေဂျာ က ကျောင်းသား ကျောင်းသူ တွေ
ပျော်ပွဲစား ခရီး သွားဖို့ ဝါသ နာ ကြီးကြောင်း ပါ။ ကျနော် တို့  လှိုင်နယ်မြေ ကြက်ခြေ
နီ အသင်း ရဲ့ အတွင်းရေးမှူး လုပ်တဲ့ ကိုကျော်နိုင် လည်း ကျနော် တို့  သချာင်္ မေဂျာ
က ပါ။ လူ ပုံစံ က ပိန်ပိန် အရပ် က ရှည်ရှည်။ သူ လိုက်ကြိုက် တဲ့ ကောင်မလေး
က Chemistry မေဂျာ က။ အဲဒီ ကျောင်းသူ လည်း ကျနော် တို့  မေဂျာ က Picnic
ထွက်ရင် အမြဲ တမ်း ပါဝင် လို့  သူကို မသိတဲ့ သချာင်္က ကျောင်းသား ကျောင်းသူ
တွေ ဆိုရင် သချာင်္ ကျောင်းသူ လို့  ထင်ကြ ပါတယ်။ ကျနော် တို့  ကျောင်းထဲ စရောက်
တဲ့ 94 မှာ ကျောင်းက တစ်နှစ် ပြည့်အောင် မတက်ရ ပါဘူး။ တစ်တန်း ကို 4 လ 5
လ နဲ့  အပြီ တက်ခဲ့ ကြ တာပါ။ အဲလို အချိန် တိုကျောင်းတက် ရချိန် မှာတောင် သချာင်္
မေဂျာက ကျနော်တို့  တတွေ Picnic ဆိုတဲ့ အသံကြားရင် ညဘက် အိပ် မပျော် ဘူး
ပျော်လို့ ။ ဒီခေတ် ကျနော်တို့ နောက်ပိုင်း မျိုးဆက်သစ်ကျောင်းသား တွေ ရော သူတို့
ရယ့် ကျောင်းသား ဘ၀ ကို စစ် အာဏာ ရှင် တွေ ဘယ်လောက်တောင် ရက်ရက်
စက်စက် အနိုင် ကျင့် နေကြ ပြီလည်း ကျနော် တွေးပြီ စိတ်မကောင်း ဖြစ် မိတယ်။

‘ရာစုသစ် မြစ်ကျဉ်း‘ ကဗျာ စာအုပ် လှုပ်ရှား မှု နဲ့  96 ဒီဇင်ဘာ ကျောင်းသား
တော်လှန်ရေး ကြား ကာလ မှာ ကျနော်တို့ တတွေ လှိုင်နယ် မြေ ကို ရောက်ခဲ့ ကြ
ပါတယ်။ တစ်လကို အနည်းဆုံး တစ်ခါ လောက် Picnic အစီ အစဉ် တွေ လုပ်ကြ လို့ 
ကျနော် တို့ လှိုင်နယ်မြေ သချာင်္ ဌာန မှူး ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း က သူ့
တပည့် တွေ ဖြစ်တဲ့ ကျနော်တို့ ကို တား ယူ ခဲ့ရ ပါတယ်။ ဆရာကြီး ဘယ်လိုပဲ
မေတ္တာ ရပ်ခံ ကျနော် တို့ က တော့သွားဖို့  ပိုက်ဆံ မရှိတဲ့ နောက်ဆုံး မှာ ‘သာဓု‘
ကန် ဘက် ချီတက် ကြ ပါတယ်။ ပထမ နှစ်ကျောင်းသား ဘ၀ မှာ ကျိုက်ထီးရိုး ဘုရား
နဲ့ သာမည တောင် ဆရာတော် ကြီးထံ တစ်ကြိမ၊် ပုဂံ ဘုရား ဖူးက တစ်ကြိမ် ရက်ရှည်
ခရီး တွေ ထွက်ခဲ့ ကြ ပါတယ်။

Mar 16, 2008

ဂိုလ်ဒါ မယ်ယာ သို့ မဟုတ် ဘုရား သခင် ရဲ့ လက်ဆောင်

ဘာသာပြန်သူ - စစ်ငြိမ်းဒီရေ

အပိုင်း (၃)

(1921 ခုနှစ် အစ္စရေး နိုင်ငံ လွတ်လပ်ရေး အတွက်
တော်လှန် ရေးသမား ဂိုလ်ဒါမယ်ရာ စုပေါင်း ဘုံရိပ်
သာ က ကြက်မွေးမြူး ရေး ခြံတွင် တာဝန် ထမ်း
ဆောင် နေပုံ )

1932 ခုနှစ် မှာ ဂိုလ်ဒါ မယ်ယာ တစ်ယောက် အမျိုး သမီး အလုပ်သမား ကောင်စီ
ရယ့် ကိုယ်စား လှယ်တစ်ဦး အဖြစ် အမေ ရိကန်ပြည် ထောင် စု ကို သွားရောက် ခဲ့
ပါတယ်။ အစ္စရေး နိုင်ငံ သစ် မဖြစ်ပေါ်ခင် က ဂျူး ( Yishuv ) လူမျိုး အများ အပြား
သည့် နိုင်ငံ တကာ မှ ဖြန့် ကျက် နေထိုင် လျက် ရှိ ခဲ့တယ်။အမေ ရိ ကန် ပြည်ထောင်
စုနဲ့ ဥရောပ ရောက် ဂျူး အသိုင်း အ၀ိုင်း များသည် အစ္စရေး နိုင်ငံ သစ် ပေါ်ပေါက်ရေး
လှုပ်ရှား မှု များ၏ ကျောထောက် နောက်ခံ များ ဖြစ်ကြ ပါတယ်။ 1895 ခုနှစ် မှာ ထုတ်
ဝေခဲ့တဲ့ ဒေါက်တာ သီဒိုဟာဇယ်လ် ( Dr. Theodore Herzl ) ရဲ့ ဂျူး နိုင်ငံ
(The Jewish State) အမည်ရှိ စာအုပ် ကြောင့်ဂျူး အသိုင်း အ၀ိုင်း တစ်ခု လုံး
လှုပ်လှုပ် ရွရွ ဖြစ်ခဲ့ တယ်။ 1904 ခုနှစ် မှာဂျူးလူမျိုးများ ကို ပါလက်စတိုင်း ဒေသတွင်
ပြန်လည် နေရာ ချထားပေးရန် လှုံဆော်သူ ဒေါက်တာ ဟာဇယ်လ်သေးဆုံးခဲ့တယ်။

သူ့ နေရာ ကို ဓါတု ဗေဒ ဆိုင်ရာ ဒေါက်တာ ဘွဲ့ ရထား သူ ဒေါက်တာ ၀ိုက်ဇ် မန်
( Weizmann ) က ဆက်ခံ ခဲ့တယ် လို့  နိုင်ငံ မဲ့ ဂျူး အသိုင်း အ၀ိုင်း က ယုံကြည် ခဲ့
တယ်။ ဒေါက်တာ ၀ိုက်ဇ် မန်သည် အမေရိကန် ပြည်ထောင် စုရှိ ဂျူး လူမျိုးများ အပေါ်
တွင် လည်း သြဇာ ရှိသူ ဖြစ်တယ်။




getimage11.jpg

(ရုရှား မှ မွေး အမေရိကန် တွင် ကြီးပြင်း ခဲ့သော ဂိုလ်ဒါ မယ်ရာ အစ္စရေး နိုင်ငံ၏
အာဏာ အရှိဆုံး လေးကြိမ်မြောက် ၀န်ကြီး ချူပ် အဖြစ် ရွေးချယ် ခံရမှု အတွက်
ဝမ်းနည်း ၀မ်းသာ ငိုကြွေး နေပုံ )

1915 ခုနှစ် တွင် ဒေးဗစ် ဘန်ဂူ ရီယန် ( David Ben Gurion ) ( အစ္စရေး နိုင်ငံ၏
လွတ်လပ်ရေး ဖခင်ကြီး )သည် အမေ ရိကန် ပြည်ထောင် စုတွင် ဂျူး အမျိုး သား
ရှေ့ ဆောင် အဖွဲ့  ‘ဟီဟာ လုဇ်”(Hehalutz )ခေါ် ( The Pioneer ) တည်ထောင်
ဖွဲ့ စည်း နိုင်ခဲ့ တယ်။ 1916 ခုနှစ် ပထမ ကမ္ဘာစစ် အတွင်း ဗြိတိန်စစ်တပ် သည်
လက်နက် ခဲယမ်း မီးကျောက် ပြဿနာ ဖြစ် ခဲ့တယ်။ အဲဒီ အချိန် မှာ ၀ိုက်ဇ် မန်က
ဗြိတိန်စစ်ဘက် ကော်မတီ ၏ လက်နက် အတွင်း ၀န် ဒေးဗစ် လွိုက်ဂျော့ ( David
Lloyd George ) ကို သူ့ ရဲ့ တီထွင် မှုတွေ နဲ့  အကူအညီ များစွာ ပေး ခဲ့တယ်။ ထို့
အပြင် အမေရိကန် ပြည်ထောင်စု ရှိ ဂျူး လူမျိုးများမှ တဆင့် အမေ ရိကန် နိုင်ငံ
အား ပထမ ကမ္ဘာ စစ်အတွင်း ၀င်လာ စေရန် အကြပ် ကိုင် တိုက်တွန်းမှု တွေ ပြု
လုပ် ခဲ့တယ်။ ၀ိုက်ဇ် မန် အကူ အညီ ပေးခဲ့ တဲ့ လွိုက်ဂျော့ သည် 1916 ခုနှစ်
ဒီဇင်ဘာလတွင် ဗြိတိန် ၀န်ကြီး ချူပ် ဖြစ်ခဲ့ တယ်။ ၀ိုက်ဇ် မန် က သူ့ လူမျိုး ဂျူးများ
အတွက်တစ်ခုခု ဆောင် ရွက်ပေးခြင်း အားဖြင့် သူ့ အားချီးမြှင့်ပါဟု လွိုက်ဂျော့ထံ
တောင်းဆို ခဲ့တယ်။

ဒါကြောင့် 1917 ခုနှစ် နိုဝင်ဘာလ (2) ရက် နေ့  မှ ဗြိတိန် အစိုးရ ကဘဲလ်ဖိုး
ကြေငြာ ချက် ( Belfour Declaration ) နဲ့  ပါလက်စတိုင်း ဒေသ ရှိ ဂျူး လူမျိုး
များ၏နေထိုင် ခွင့်၊ ပြောင်းရွေ့  အခြေ ချမှု နဲ့  ဘာသာ ရေး၊ လူမှု ရေး တို့ ကို
မနစ်နာ စေ ရန် ကာကွယ် မည် ဟု ကြေငြာ ချက် ထုတ် ပြန် ခဲ့တယ်။ အထက်
ဖော်ပြ ပါ သမိုင်း ဆိုင်ရာ အဖြစ် အပျက် များ က 1932 ခုနှစ် တွင် အမေ ရိကန်
ပြည်ထောင် စု သို့  ဂျူး အမျိုးသမီး အလုပ်သမား ကောင်စီ၏ ကိုယ်စားလှယ်
အဖြစ် ရောက်ရှိ လာသော ဂိုလ်ဒါ မယ်ရာ အား အရည် အချင်းမည်မျှ ရှိကြောင်း
စစ်ဆေး ရန် ကြို ဆို ကြ ပါ တော့ တယ်။

အမေ ရိကန် ခရီး စဉ် အစ ပိုင်း ကာလ များ အတွင်း ဂိုလ်ဒါ သည် အမေ ရိကန်
ဂျူး ခေါင်းဆောင် များ ဖြစ်သော ‘၀ါးဘတ် ‘ ( Warburg ) ၊ ‘ စထရော့ ‘ ( Strauss )
တို့ ထံ မှ အကြံဥာဏ် များ ရယူ နိုင်ခဲ့တယ်။ အမေရိကန် ခရီး စဉ်အတွင်း သမီးဖြစ်
သူ ဆာရာ တစ်ယောက် ကျောက်ကပ် ရောဂါ နဲ့  အသည်း အသန်ခွဲစိတ် ကုသ မှု
ခံယူ ရချိန် မှာ ဂိုလ်ဒါ သည် အစ္စရေး နိုင်ငံ ထူထောင် ရေး အတွက် ငွေကြေး အလှူ
ခံ ကိစ္စများ နဲ့ အချိန် ရှိ သရွေ့ လုံးပန်း နေတယ်။ အမေ ရိကန် ရှိ ဂျူး အမျိုး သမီး
များ ရှေ့ ဆောင် အဖွဲ့ ( The Pioneer Women's Organization of America ) ၏
အစည်း အဝေး များ တွင် ဂိုလ်ဒါ သည် နိုင်ငံသစ် အတွက် လိုအပ် သော ငွေကြေး
နှင့် အဆက် အသွယ် များစွာ တို့ ကို စည်းရုံး နိုင်ခဲ့တယ်။ ယင်းစည်းရုံး နိုင် မှုများ
သည် အစ္စရေး နိုင်ငံ လွတ်လပ် ရေး အကြို ကာလ များ ဖြစ်သည့် 1945 ခုနှစ်
ဇူလိုင်လ အတွင်း ဒေးဗစ် ဘန်ဂူ ရီယန် ၏ အမေ ရိကန် ရောက် ဂျူးသူဋ္ဌေး များထံ
မှ ငွေကြေး နှင့် နည်းပညာအလှူ ခံ မှုများ ကို များစွာ အထောက် အပံဖြစ်စေ
ခဲ့တယ်။ 1934 ခုနှစ် တွင် ဂိုလ်ဒါ သည် အမေ ရိကန်ပြည်ထောင် စု မှ ပါလက်စတိုင်း
ဒေသ သို့  ပြန်လည် ရောက်ရှိ ခဲ့တယ်။

1934 ခုနှစ် အတွင်း ဂိုလ်ဒါ သည် ဂျူး အမျိုး သမီး များ အလုပ် သမား ကောင်စီ၏
နိုင်ငံရေး ဌာန တွင်အကြီး အကဲ အဖြစ် ရွေးချယ် ခန့် အပ် ခြင်း ခံရ ပါတယ်။ ယင်း
ရွေးချယ်မှု သည် နောက် တစ်ချိန် တွင်သူမ ၏ အနာ ဂတ် ဘ၀ အား နိုင်ငံ တော်
၏ အကြီးအကဲဖြစ်စေ ရန် ပထမ ဆုံး လမ်းစ ဖြစ်ခဲ့ ပါတယ်။1937 ခုနှစ် သြဂုတ်လ
မှာ ဗြိတိန် အစိုးရ၏ ပီးလ် ကော် မရှစ် ( Peel Commission ) က ဂျူး နိုင်ငံသစ်ထူ
ထောင်ရန် နယ်မြေ အနည်း ငယ် ကို ပိုင်းခြား သတ်မှတ် ပေးခဲ့ တယ်။ သို့ သော်
ဂျူး လူမျိုး များ၏ မညီညွတ် မှုများ၊ အာရပ် တို့ ၏ ပုန်ကန် မှုများ၊ ဗြိတိန် အထက်
လွှတ်တော် ရှိ ကွန်ဆာ ဗေးတစ် ပါတီအမတ် များ ကြောင့် 1938 ခုနှစ် တွင် ပီးလ်
စီမံကိန်း ကျဆုံး သွား ခဲ့တယ်။ 1938 ခုနှစ် ပြင်သစ် နိုင်ငံတွင် ပြုလုပ် သော
‘အီဗန် လပ်စ် ဘရိန်း ‘( Evian – les – Bains ) ညီလာ ခံ သို့  ဂိုလ်ဒါ က ဂျူး
ဒုက္ခသည် ပြဿ နာ ကို တင်ပြ ခဲ့တယ်။ သို့ သော် အနိုပ် စက် အနိုင် ကျင့်ခံ
ဥရော ပ ရှိ ဂျူး အရေး မှ ပိုမို ဆိုးဝါး ခဲ့တယ်။ အဲဒီ 1938 ခုနှစ် မှာဘဲ ဗြိတိန် အစိုးရ
က ပါလက် စတိုင်း ဒေသ အတွင်း သို့  ပြောင်းရွေ့  ၀င်ရောက် လာသော ဂျူး လူမျိုး
များ အား တားဆီး ပိတ်ပင် ခဲ့တယ်။ ဗြိတိန် အစိုး ရ ရဲ့ တားစီးမှု များကို အံတု စိန်
ခေါ် ပြီး ပါလက်စတိုင်း ဒေသ အတွင်း သို့  ဂျူး လူမျိုး များ ခိုးဝင် ရောက်ရှိ ရေး
လှုပ်ရှား မှုတွေ မှာ ဂိုလ်ဒါ ပါဝင် ခဲ့တယ်။ 1939 ခုနှစ် ဒုတိယ ကမ္ဘာ စစ် ကြီး
မစတင်ခင် အချိန် မှာ ဂိုလ်ဒါ သည် ဗြိတိန် အစိုးရ ၏ မတရား အသင်း အဖြစ်
ကြေငြာ ထားသော‘ ဟာဂါနာ ‘ ( Haganah )ခေါ် မြေအောက် ဂျူး တပ်မ တော်
၏ အမျိုး သမီး တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦး အနေ ဖြင့် တာဝန်ထမ်းဆောင် ခဲ့
ပါတယ်။ 1940 ခုနှစ် မှာခင်ပွန်း ဖြစ်သူ မော့ရစ်စ် နဲ့  ပြန်လည် ပေါင်းသင်း ခဲ့တယ်။
အဲဒီ နောက်ပိုင်း သူတို့ နှစ်ဦး သည် ဘယ်တော့မှ မကွဲ ကြတော့ ပါ။

-ဘာသာပြန်မှု

Mar 13, 2008

ဇာတ်ဆရာ


(ရေးသူ- ဆရာ မောင်သော်က/အင်းစိန်ထောင်အတွင်း ရေးဖွဲ့ )
aaz.jpg
ငါ့ဇာတ်စင် ငါထိုး
ဇာတ်ပိုးတော့ ထပြီလေ။

မကတတ် ကတတ်
ငါ့ဇာတ် ငါခင်း
ငါမင်း ငါဘုရင်ပေါ့
ထင်ချင်ရာ ထင်ပါဘိ
မင်း မကြည့်ချင်နေ။




စင်ပေါ်မှာ ကျွမ်းထိုးလို့ 
စင်ကျိုးပြီး သေပေစေ
နေသာသပ လေညာက။

စည်းမမှန် ၀ါးမမှန်
ကကြိုးတွေ မဟန်လို့ 
တပ်လန်ကာ
ကြည့်သူ ပြောပြန်တော့
ရုံကြေးတွေ အကုန်ရ
ဒါမှ ငါပ။ ။

(1991 ခုနှစ် ဇွန်လ အင်းစိန် အကျဉ်း ထောင် အတွင်း ကွယ်လွန် ခဲ့တဲ့ အမျိုးသား ဒီမို
ကရေစီ အဖွဲ့ ချူပ် ဗဟို အလုပ် အမှူဆောင် အဖွဲ့ ဝင် အငြိမ်းစား ရေတပ် အရာရှိ ဟောင်း
ဗိုလ်မှူး ဘသော် (ခ) စာရေးဆရာ မောင်သော်က ၏ ကဗျာ )

Mar 10, 2008

‘ပလုံ‘ကဗျာ လေး နဲ့ ကိုရွှေဘုန်း နှင့် စပ်စိန်မင်း တို့ အား သတိရ မိခြင်း

ရေးသူ - အောင်ခင်မြင့်

‘ပလုံ‘
(ကဗျာ ရေးသူ ။ ။ ကိုရွှေဘုန်း - တာရာမင်းဝေ)

‘ပလုံ‘
ရေထဲ ကို ခဲ ကျသွားတာလည်း
ဖြစ်နိုင်တယ်
ရေထဲ က ငါး ခုန်တက်လာတာလည်း
ဖြစ်နိုင်တယ်
တနေ့ မှာ ငါ့ အတ္တုပ္ပတ္တိ ကို
ငါ ဖွင့်ကြည့်လိုက်တယ်
ဘယ်လို ဖြစ်သွားသလဲ မသိဘူး
‘ပလုံ‘

အထက် ဖော်ပြပါ ကဗျာ လေး ကို ကျနော် စ ကြား ရ ချိန် မှာ………..




1990 ခုနှစ် စက်တင်ဘာ လကုန် ပိုင်း လောက် ဖြစ်မည် ဟု ကျနော် ထင် ပါသည်။
အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချူပ် ၏ ဂန္ဒီ ကြေငြာ စာတမ်း ကို ထောက် ခံမှု ဖြင့် 1990
ခုနှစ် သြဂုတ် လ ရှစ်ရက် နေ့ မှ စ၍ အကသ ( အခြေ ခံ ပညာ ကျောင်းသား များ
သမဂ္ဂ BESU ) မှ အဖွဲ့ ဝင် ကျောင်းသား များ သည် အင်းစိန် တွဲဖက် ထောင် သို့  သူ့
ထက်ငါ အလျင် အမြန် ရောက်ရှိ ကြပါ တော့ သည် (ရှစ်လေး လုံး နှစ် ပတ်လည် နောက်
ပိုင်း)။ ကျနော် သည်အဆောင် နှစ် ၏ သရဲ ခြောက် သည် ဟု နာမည်ကျော် သော
အခန်း နံပါတ် (22) တွင် စတင်နေရ ပါသည်။ တနေ့ တွင် တဖက် ခန်း ရှိ ပေတရာ
ပေါ် ပြောက်ကျားသပိတ် တိုက်ပွဲ တွင် ခင်မင် ရင်းနှီး ခဲ့သော ဆန်းဝင်းမောင် (တာမွေ
အထက ‘3‘ အကသ ) ထံသို့ ဆေးလိပ် မီး ပြစ်ပေး ရာ မီးဆွဲ နေသော ဆေးလိပ် ကို
ချည် ထားသည့် ကြိုးနှင့် သူတို့  အခန်း အပြင်ရှိ သောက်ရေအိုး နှင့် ချိတ် မိပြီ သောက်
ရေအိုး ကျကွဲ သွားပါသည်။ ထိုအခါ ထောင် ၀ါဒါက ကျနော်ကို နားရင်း နှစ်ချက် ရိုက်ပြီး
ကိုရွှေဘုန်း တို့ အခန်း သို့  ပြောင်းရွေ့ လိုက်ပါသည်။ ကိုရွှေဘုန်း သည် ထိုအချိန်က
ကျနော်တို့ တွဲဖက်ထောင်ဘက်သို့  ရောက်ခါ စ ဟု သိရ ပါသည်။

ကျနော်တို့ အကသများ မှာ သူ့ ထက် အသက် အားဖြင့် ၇ နှစ် ၈ နှစ် ခန့် ငယ်သလို
ဗကသ ခေါင်းဆောင် တစ်ဦးလဲ ဖြစ်သောကြောင့် အခန်း ထဲတွင် သူ့ ကို ‘အာစရိ‘
(ဆရာ သမား) ဟု ခေါ်ကြ ပါသည်။ အခန်း ထဲ တွင် အင်းစိန်မြို့ နယ် အကသ မှ
ညီအကို နှစ်ဦးလည်း ရှိပါသည်။အင်းစိန်ထောင်ဗူးဝ ရှေ့ တွင် ‘အင်းစိန်ထောင်ကြီး
….ကျယ် တာ လောက်တော့ ….. ရယ်တာပေါ့… ရယ်တာပေါ့ ...‘ ဟု ကြွေးကြော်
ဆန္ဒပြ ခဲ့သောကြောင့် အဖမ်း ခံ ရပြီ ရောက်လာ သော အကသ များ ဖြစ်ပါသည်။
နာမည် များကို ကျနော် ပြန် စဉ်းစား လို့ မရတော့ပါ။ တနေ့  မနက် စောစော မျက်နှာ
သစ်၊ အိမ်သာ ဂန်ဖလား သွန်းပြီ အပြင်မှ ပြန် အ၀င် တွင် စပ်စိန်မင်း (ကိုမိုးသီးဇွန်တူ
- သင်္ဃကျွန်းမြို့ နယ် အကသ ခေါင်းဆောင်)က ‘ထောင် ၀ါဒါက ပြောတယ် ဂျင်း
အနွေး ထည် ကောင်းကောင်း ရှိရင် ဓါးလှီး မုန့် နဲ့ လဲ ပေးမယ်‘ ဟု ပြော ပါသည်။
ကျနော် က ဒါဆိုမိုက်တယ်ကွာ ဟု ထောက်ခံ ခဲ့ ပါသည်။ အင်းစိန် မြို့ နယ် အကသ
မှ ညီအကို နှစ်ဦး ထဲ က အကိုဖြစ်သူက သူ့ မှာ ပါလာ သော ဂျင်း အနွေး ထည် လေး
ကို မုန့် နဲ့ လဲ စားရန် ချွတ် ပေးပါသည်။ ထိုအခါ ကိုရွှေဘုန်း က ကျနော် နဲ့  စပ်စိန်မင်း
အား ‘မင်း တို့ ကြည့် လုပ်အုံး တော်ကြာ…‘ပလုံ‘…ဖြစ်နေအုံးမယ်‘ ဟု ဆိုပါ သည်။
ကျနော် တို့ လည်း ထောင်ထမင်း သာ နေ့ တိုင်း စားနေရသော ကြောင့် လဲ မည်
ဟု ဆုံးဖြတ် ပြီ ကိုရွှေဘုန်း တားနေ သည့် ကြားမှ ပင် လဲ လိုက် ပါသည်။

တနေ့ ပြီး တနေ့ သာ ကုန်သွား ပါသည်။ထိုထောင်ဝါဒါ ပေါ် မလာ တော့ပါ။ကျနော်တို့
အကသ ရဲဘော်များ လည်း ထောင်ဗူး ၀ ရှိ စစ်ခုံးရုံး သို့  ရုံးတက် ရန် နီး လာ ပါသည်။
ထို အခါ ကိုရွှေဘုန်းက ဓါးလှီးမုန့် လည်း မရ စစ်ခုံးရုံး လည်း တက်ရတော့မည် ဖြစ်သော
သူ့  ညီလေး များ လို ဖြစ်နေသည့် ကျနော် တို့ အား စိတ် ညစ် ပျောက်စေရန် လောကဓမ္မ
သဘော ကို ပြ ဆိုသော ‘ပလုံ‘ ကဗျာလေး အား ရွတ်ပြ ပါသည်။

ကျနော် နဲ့ စပ်စိန်မင်း တို့ က ‘ဒီမှာ အင်္ဂျာီ လည်းဆုံး မုန့် လည်း မစားရ လို့ စိတ်ညစ်
နေရတဲ့ ကြားထဲ …အာစရိ…ရယ် …အဲဒီ ..ကဗျာ ..လည်း …တော်ပါ တော့ဗျာ ...‘ ဟု
သာ ရယ်မော ပြောဆို ခဲ့ ပါသည်။ ယခု အခါ အင်တာ နက်စာမျက် နှာ ပေါ် တွင်
ကိုရွှေဘုန်း ၏ ‘ပလုံ‘ ကဗျာလေး အား အမှတ် မထင် ပြန်လည် တွေ့  ရသော အခါ
ကွယ်လွန် သွားရှာ ပြီ ဖြစ်သော ကိုရွှေဘုန်း နှင့် စပ်စိန်မင်း တို့  နှစ်ဦးအား များစွာ
အောင်မေ့ သတိရ ဖြစ်မိ ပါသည်။

Mar 8, 2008

ဂိုလ်ဒါ မယ်ယာ သို့ မဟုတ် ဘုရား သခင် ရဲ့ လက်ဆောင်

ဘာသာပြန်သူ - စစ်ငြိမ်းဒီရေ

အပိုင်း(2)

( အထက်တန်း ကျောင်းသူဘ၀ ဂျူး အမျိုး
သားရေး ဇီယွန် ၀ါဒီ ဂိုလ်ဒါ မယ်ယာရယ့်
ဓါတ်ပုံ)

ဂိုလ်ဒါ တို့ ပါလက် စတိုင်း ဒေသ ကို ရောက်
ရှိချိန်မှာ အခြေ အနေ တချို့  ပြောင်းလဲ နေ
တာကို တွေ့ ရ ပါတယ်။ 1914 ခုနှစ် မှ 1918
ခုနှစ် အထိ ဖြစ်ပွားခဲ့တဲ့ ပထမ ကမ္ဘာစစ်
အတွင်း တူရကီ အော်တိုမန် အင်ပါယာနဲ့
သြစတြီးယား ဟန်ဂေရီ အင်ပါယာ တို့ အဆုံး သတ် ခဲ့ ပါတယ်။
1917 ခုနှစ် ခရစ်စမတ် အချိန်ကာလ မှာ ဗြိတိန် စစ်တပ်သည် ဂျေရု စလင်နဲ့ တူရကီ
မြို့ တော် ‘ဒမတ်စကပ်‘ ကို သိမ်းယူ လိုက် သဖြင့် အော်တို မန် အင်ပါ ယာကျဆုံး ခန်း
ရောက်ရှိ ခဲ့ ပါတယ်။

ပထမ ကမ္ဘာစစ် အပြီ ဗြိတိသျှ နိုင်ငံ ခြားရေးဝန်ကြီး လော့ ဘဲလ်ဖို့ က ပါလက်
စတိုင်း ဒေသ တွင် ဂျူးလူမျိုး များ၏ အခွင့်အရေး ကို စောင့်ရှောက် မည် ဟု
ကြေငြာ ခဲ့တယ်။ 1921 ခုနှစ် တွင် ပါလက် စတိုင်း ဒေသရဲ့ အာရပ် ခေါင်းဆောင်
်တစ်ဦး ဖြစ်သော ဟတ်ခ်ျ အာမင် အာလ်း ဟူစိန်ဏီ (Hadj Amin EI Husseini)
က ဂျူး လူမျိုး များ အား တိုက်ခိုက်ရန် တပ်လှန့် လိုက် သဖြင့် သွေးထွက် သံယို မှု
များပိုမို များပြား ခဲ့ပါ တယ်။





getimage9.jpg
(1969 ခုနှစ် အမေရိကန် ပြည်ထောင်စု သို့  ရောက်ခဲ့စဉ် သူမ တက္ကသိုလ်ကျောင်းသူ
ဘ၀က အသုံးပြုခဲ့သော စာသင်ခုံလေး ကို အောက်မေ့ တသစွာဖြင့် ထိုင်နေသော ၀န်ကြီးချူပ်
ဂိုလ်ဒါ မယ်ယာ)

ဂိုလ်ဒါ မယ်ယာ နဲ့ မော့ရစ်စ် တို့ နှစ်ဦးသည် ဂျူး လူမျိုး များ၏ ဟီဗရူး ဘာသာ စကားအား
ဖြင့် ‘ကီဘုရှ် ‘( Kibbutz ) ခေါ် စုံပေါင်း ဘုံရိပ် သာ သို့  ရောက်ရှိ ခဲ့ ပါတယ်။ (စုပေါင်း ဘုံ
ရိပ်သာ ဆိုသည်မှာဆင်းရဲသား အလုပ် သမား မိသာ စုများ အတူ တကွ နေထိုင် ပြီး
စိုက်ပျိုး ရသ မျှ ကို ညီတူ မျှတူ ခွဲဝေယူသော ကျေးရွာ အငယ် စား လေးများ ဖြစ်ပါတယ်။
သူတို့ အားလုံး သည် အချိန် နဲ့ အမျှ အာရပ် တွေ ရဲ့ ခိုးယူ အကြမ်း ဖက်မှုတွေကိုလည်း
စုပေါင်း တွန်းလှန် နေကြ ရပါတယ်။) ဘုံရိပ်သာကို ဇီယွန် အလုပ်သမား အစည်းအရုံး
က အုပ်ချုပ် ထားသော်လည်း ရိပ်သာရှိ အလုပ် သမား မိသားစု များ အတွင်း နှစ် အုပ်စု
ကွဲလျက် ရှိပါတယ်။ ညနေပိုင်းများ တွင် ဇီယွန် အမျိုးသား ရေး ၀ါဒီ အနည်း ငယ်သာ
‘ဟာတစ်ဗာ‘ (Hatikva) ခေါ် မျှော်လင့် ခြင်း (Hope) အမည် ရှိ အမျိုးသား သီချင်းကို
သီဆိုပြီ လက်ဝဲ၀ါဒီ လူအများ စုက ‘အင်တာ နေရှင် နယ်‘
(International ) သီချင်းကို
သီဆို ကြ ပါတယ်။ ဂိုလ်ဒါ တို့  ရောက်ရှိ ချိန်အထိ ပါလက်စတိုင်း ဒေသ တွင် ဂျူးလူမျိုး
စုစု ပေါင်း တစ်သိန်း ခန့် နေထိုင်ပြီ‘ဟာရှိုမာ‘ (Hashomer) ခေါ် ဂျူး ကာကွယ်ရေး
တပ်အင်အား မှာလဲ လေးထောင် ကျော်ခန့် သာရှိခဲ့ ပါတယ်။

ဂိုလ်ဒါတို့ လင်မယား စတင်နေထိုင် တဲ့ နေရာ က ယခု အစ္စရေး နိုင်ငံ မြောက်ပိုင်း
နယ်စပ်၊ အနောက်ဘက် ကမ်း ဒေသက ‘ဂျီစ်ရီးလ်‘ (Jezreel) မှာပါ။ ဂိုလ်ဒါက
နေ့ ခင်း ဘက် တွင် စိုက်ခင်း တွေ ကြက်မွေး မြူးရေး ခြံ တွေမှာ အလုပ် လုပ်ပြီး
ည ဘက်မှာ ခေါင်းစဉ်မျိုးစုံ ပါရှိတဲ့ အစည်း အဝေးတွေကို တက်ရောက် ခဲ့တယ်။
စိတ်ဓါတ် ကျဆင်း နေတဲ့ ပြောင်းရွေ့  အခြေ ချ လာသူ တွေကို အစ္စရေး နိုင်ငံသစ်
ဖြစ်ပေါ် ရေး အတွက် စည်းရုံးရေးလုပ် ခဲ့ ပါတယ်။ ဒါကြောင့် 1922 ခုနှစ် နှစ်ကုန်
ပိုင်း မှာဘဲ ‘ဟစ်စ်တာဒုသ့်‘(Histadrut) ခေါ်ဂျူးအလုပ် သမား အဖွဲ့  ချူပ် (General
Federation of Laborers in the Land of Israel ) က ဘုံရိပ်သာရဲ့ ကိုယ်စားလှယ်
အဖြစ် ဂိုလ်ဒါ မယ်ယာကို ခန့် အပ် ခဲ့ပါတယ်။ အဖွဲ့ မျိုးစုံ အယူ အဆ မျိုးစုံကြားထဲ
တွင် နေရ သော်လည်း ဂိုလ်ဒါက စိတ်ဓါတ်မကျ သွားဘဲ ပို၍ပင် ကြံခိုင် လာခဲ့ ပါတယ်။

1924 ခုနှစ် တွင် ဂိုလ်ဒါ သည် ကိုယ်ဝန် နေ့ စေ့ လစေ့ ကြီးနဲ့  ပင် ဂျေရုစလင်
( Jerusalem ) မြို့ သို့  ပြောင်းရွေ့  လာရာ သားဖြစ် သူ မန်နာခမ်း ( Menachem )
ကို တဲလ်အဗစ်(Tel Aviv- 1909 ခုနှစ်တွင် ဂျူး ခေါင်းဆောင် များ စတင် ထူထောင်
သော စမ်းရေ တောင်ကုန်း အမည် ရှိတယ် ) မြို့ တွင် မွေးဖွား ခဲ့တယ်။ တဲလ် အဗစ်
မြို့ တွင် ခဏ သာ နေထိုင်ခဲ့တယ်။ 1926 ခုနှစ် တွင် သမီး ဖြစ်သူ ဆာရာ(Sarah)
ကို ဂျေရု စလင် မြို့ တွင် မွေးဖွား ခဲ့ ပါတယ်။ 1928 ခုနှစ် ဂျူးအမျိုးသမီး အလုပ်သမား
ကောင်စီရယ့် အတွင်းရေးမှူး အဖြစ် အရွေး ခံရ ပါတယ်။ အဲဒီ နှစ် မှာဘဲ အိမ်ထောင်
ရေး ပြိုကွဲမှုကြောင့် ကလေး နှစ်ယောက်နဲ့  တဲလ် အဗစ်မြို့  သို့ ပြန်လည် ပြောင်းရွေ့
နေထိုင် ခဲ့ပါတယ်။ 1930 ခုနှစ်တွင် အစ္စရေး လွတ်လပ် ရေး သမိုင်း မှာ အရေး ပါတဲ့
ယခု လေဘာ ပါတီ ဟီဗရူး ဘာသာ စကား ဖြင့် မေပိုင်(MAPAI – Mifleget Poalei
Eretz Israel ) ခေါ် လေဘာ ပါတီ ( The Labor Party of the Land of Israel )
ကို ဒေးဗစ် ဘင်ဂူ ရီယန် ၊ အိဇက် ဘင်ဇဗီ တို့ နဲ့  အတူ ဂိုလ်ဒါ မယ်ယာ တစ်ယောက်
ပါတီ ကို စတင် တည်ထောင် သော အဓိက လူ စာရင်း တွင် ပါဝင် ခဲ့ ပါတယ်။

-ဘာသာပြန်

Mar 4, 2008

ဂိုလ်ဒါမယ်ယာ သို့ မဟုတ် ဘုရားသခင်ရဲ့ လက်ဆောင်

ဘာသာပြန်သူ- စစ်ငြိမ်းဒီရေ

အပိုင်း (1)


ဂိုလ်ဒါ မယ်ယာ ဆိုသည့် အမျိုး သမီး မှာ 1969
ခုနှစ် အစ္စရေးနိုင်ငံ သမိုင်း တွင် ပထမ ဦးဆုံး
အမျိုးသမီး ၀န်ကြီးချူပ် အဖြစ် တာဝန်ယူခဲ့တယ်။
ကမ္ဘာ ပေါ်တွင် သုံးယောက် မြောက် အမျိုး
သမီး ၀န်ကြီးချုပ် လဲ ဖြစ်ပါတယ်။ဂိုလ်ဒါမယ်
ယာ(Golda Meir) ခေါ် ဂိုလ်ဒါ မာဘို ဗစ်ခ်ျတပ်
ကို ယခင် ရုရှား အင်ပါယာ (ယနေ့  ယူကရိန်းနိုင်ငံ)
ရယ့် ကိ့ဖ်(Kiev ) မြို့ မှာ ဖခင် လက်သမား ဆရာ
မိုရှီ မာဘို ဗစ်ခ်ျတပ်နဲ့ မိခင် ကုန်ခြောက်သည် ဘူ
လမီး နိမ့် ဒစ်ခ်ျ တို့ မှ 1898 မေလ 3 ရက် နေ့ တွင်
မွေးဖွား ခဲ့ ပါတယ်။ မွေးချင် 8 ယောက် အနက် 5 ဦး မှာ ငယ်စဉ် ကပင် ကွယ်လွန် သွားခဲ့
ပြီး ရှေးနာနှင့် ဆစ်ခီ့ ဆိုသော ညီအမနှစ်ဦး ရှိ ပါတယ်။ ရုရှား အင်ပါယာ အတွင်း
လူမျိုးရေး ခွဲခြား မှုများ ကို စိတ်နာ သောကြောင့် 1903 ခုနှစ် မှာ ဖခင် မိုရှီ သည်
အမေရိ ကန် ပြည်ထောင်စု သို့ အလုပ် ရှာရန် ထွက်ခွာ သွားခဲ့တယ်။ 1906 ခုနှစ်
မှာ တမိသားစု လုံး ဖခင် နေထိုင်ရာ အမေရိကန် သို့ ပြောင်း ရွေ့ ခဲ့တယ်။




getimage.jpg

( ၀န်ကြီး ချူပ် ဂိုလ်ဒါ မယ်ယာ နဲ့  ကုလသမဂ္ဂ အထွေထွေ အတွင်း ရေး မှူး ဦးသန့်  1969
အမေရိကန် ပြည်ထောင်စု နယူး ယော့ခ် တွင် တွေ့ ဆုံ ခဲ့စဉ် က ဓါတ်ပုံ)


1908 ခုနှစ် အထက် တန်းကျောင်း တက်နေ စဉ် အတွင်း ကျောင်းသုံး ဖတ် စာအုပ်မ၀ယ်
နိုင်သော ဆင်းရဲသားကျောင်းသား များအား အကူ အညီ ပေးရေး အဖွဲ့  တွင် ခေါင်းဆောင်
အဖြစ် စတင် တာဝန် ယူခဲ့တယ်။1913 ခုနှစ် ဆရာ အတတ် သင် ကျောင်း တွင် ဆရာဖြစ်
ဘွဲ့ ယူ ရန် စိတ်ဓါတ် ပြင်းထန်း နေစဉ် မိဘ များ က အိမ်ထောင် ပြု ခိုင်း သောကြောင့်
မိသားစု နေထိုင် ရာ မိလ်ဝက်ခီး (Milwaukee ) မြို့ မှ ကော်လို ရာဒို ပြည်နယ် ဒမ်ဘားမြို့
ရှိ အိမ်ထောင်သည် အမ ဖြစ်သူ ရှေးနာ ထံ အိမ်ပြေး လုပ် ခဲ့တယ်။ ရှေးနာ နဲ့ အတူ
နေထိုင် စဉ် ဇီယွန် (Zion ) လှုပ်ရှားမူ တွေကို စတင် စိတ်ဝင် စားခဲ့ သလို ခင်ပွန်း
လောင်း မော့ရစ်စ် မယ်ရာ ဆန် (Morris Myerson ) နဲ့ လဲ တွေ့ ဆုံ ခဲ့တယ်။ 1915
မှာ ဆရာ အတတ် သင် သိပ္ပံ မှ ဘွဲ့ ရခဲ့တယ်။ 1916 မှာ ဇီယွန် အလုပ် သမား အစည်း
အရုံး သို့  ၀င် ရောက် ခဲ့ပြီ 1917 တွင် ချစ်သူ မော့ရစ်စ်နဲ့ သူမ မိဘ များ နေအိမ် တွင်
လက်ထပ် ခဲ့တယ်။ 1921 ခုနှစ် တွင် ဂိုလ်ဒါ မယ်ယာသည် ခင်ပွန်း ဖြစ်သူ မော့ရစ်စ်
အမ ဖြစ်သူ ရှေးနာ တို့ အား ဦးဆောင် ပြီး တူရကီ အော်တိုမန် အင်ပါယာ လက်အောက်
ခံ ပါလက်စတိုင်း ဒေသ သို့ မဟုတ် ဂျူး လူမျိုး တို့ အား ပျားရည် နှင့် နွားနို့ များ စီးဆင်း
ရန် ထာဝရ ဘုရားသခင် က ကတိ ပြုထား သော နယ်မြေ သို့  ထွက်ခွာ လာခဲ့တယ်။

Mar 2, 2008

ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ရှားပါး ဓါတ်ပုံ

image.jpg

လေလွင့်သူရဲ့  တိမ်

ရေးသူ - ဂျူး

မုန်းတီးမှုများ
နေ့ စဉ် စားသုံးရင်
ခွန်အားသစ် တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ် ကြာတဲ့ မီးလျှံများ
လေတိုက် စားလို့  ငြိမ်းလုပြီ။

လွဲချော သွားတဲ့ နာရီ များ အတွက်
အိပ်မက် တွေကို ရှက်တိုင်း
အနက်ရှိုင်း ဆုံးဆိုတဲ့ သောက များ
ဘုရားတ ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဘိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့ အခါ
ဘ၀ဆိုတာ ကောလဟာလ ပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူ များ
အားလုံးရဲ့ နောက်မှာ
ငါ…….
လေဆာရောင်ခြည် သေနတ်နဲ့ 
လူသတ်ချင်တယ်။

ဒါပင်မယ့်
ဘာတွေမှ မတွေးနဲ့ 
တိမ်တွေရဲ့  ကိစ္စ
ရာသီတွေရဲ့  ကိစ္စ
လောက ကို မတောင်းဆို လိုက်လေနဲ့ 
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။

(မာယာ အတွဲ 3 - အမှတ် 1 မှ ထပ်ဆင့် ကူးယူ ဖော် ပြ သည်။)

တံဆိပ်တု

ရေးသူ-ဌေးကြည် (စလင်း)

မုန့်ဝေ တုန်းက
ကျွန်တော် မသိ။

ဒုတ်ဝေ တော့ မှ
အဖော် ညှိ။ ။

[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့၊ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်း၊ မှ ကဗျာ]
မာယာ အွန်လိုင်း မဂ္ဂဇင်း စာမျက်နှာ http://mayaonlinemagazine.blogspot.com/ မှ ထပ်ဆင့် ကူးယူ ဖော်ပြ ထားပါ သည်။