Mar 24, 2008

ထောင်ထဲမှာ ထပ်ပြီး တိုက်ပိတ်ခံနေရသော အရှင်ဂမ္ဘီရ

gambira__L.jpg
(အလယ်မှ ယပ်ကိုင်ထားသူ ကိုယ်တော်မှာ သံဃာ့ တပ်ပေါင်းစု၏ ဦးဆောင်
သံဃာ တစ်ပါးဖြစ်သော အရှင်ဂမ္ဘီရ ခေါ် အရှင်စန္ဒောဘာသ ဖြစ်ပါတယ်။)

အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင် ဆရာ
တော် ဖြစ်တဲ့ အရှင်ဂမ္ဘီရ ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် နေ့ ကစပြီး အင်းစိန်
ထောင်မှာ တိုက်ပိတ် ခံနေရတာ၊ခုဆို သီတင်း တပတ်ကျော် သွားပြီ ဖြစ်ပါတယ်။
ထောင်သတင်း ရပ်ကွပ်က စုံစမ်း သိရတာကတော့ ထောင်တွင်းမှာ မေတ္တာပို့ 
ဆုတောင်းတာကြောင့် တိုက်ပိတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ 
ပက်သက်ပြီး အရှင်ဂမ္ဘီရ က မိမိဟာ ထောင်ထဲမှာတင် ထပ်ပြီး ထောင်ချ ခံနေ
ရတာ ဖြစ်တယ်လို့ မိန့် ကြားခဲ့ကြောင်း ထောင်ဝင်စာ သွားတွေ့ ခဲ့တဲ့ ညီမဖြစ်သူ
မခင်ဌေးသူ က ပြောပြ ပါတယ်။




brwaw1.jpg
(စစ်အာဏာရှင် အရူးများ လက်အောက်က အပြစ်မဲ့ ပြည်သူတို့ ဘ၀)

အရှင်ဂမ္ဘီရ နဲ့ အတူ အဖမ်းခံနေရတဲ့ သံဃာတော်တွေ ဟာ ထောင်ထဲ မှာ စု
ပေါင်း ပြီး မေတ္တာပို့  အမျှအတန်း ဝေတာမျိုး တွေကို ပြုလုပ်နေ ဆဲ ဖြစ်တယ်
လို့  ဆိုပါတယ်။

အခုလို တိုက်ပိတ် ခံနေရတာကြောင့် ဆွမ်းကပ်မဲ့ သူ မရှိဖြစ်နေတယ်လို့  အရှင်
ဂမ္ဘီရ က မိန့် ကြားကြောင်း ညီမဖြစ်သူ က ပြောပါတယ်။ အရှင်ဂမ္ဘီရနဲ့  တကွ
အဖမ်းခံနေရတဲ့ သံဃာတော်တွေ အားလုံး လူဝတ်လဲတာ ခံထားရပေမဲ့ မိမိကိုယ်
မိမိ ရဟန်း အဖြစ် ခံယူထားဆဲ ဖြစ်သလို သပိတ်ကံ ဆောင်နေဆဲလဲ ဖြစ်တယ်
လို့ သိရပါတယ်။

အခုချိန်ထိ အရှင်ဂမ္ဘီရ ကို ထောင်ရမန် နှစ်ကြိမ် ယူပြီး ဖြစ်ပေမဲ့ တရားရုံးထုတ်ခြင်း
မရှိသေးဘူး လို့ ညီမ ဖြစ်သူက ပြောပါတယ်။ ဒါ့အပြင် ရှေ့ နေ ဖြစ်သူ ဦးညီညီလှိုင်
က အမှုသည် ကို တွေ့ ဆုံခွင့် တောင်းခံတာ ၃-၄ ကြိမ် ရှိပြီဖြစ်ပေမဲ့ တွေ့ ခွင့်မရ
သေးဘူးလို့  စုံစမ်း သိရှိ ရပါတယ်။

(RFA မြန်မာပိုင်းအစီအစဉ်မှ ထပ်ဆင့်ကူးယူ ဖော်ပြပါတယ်။)

No comments: