Mar 25, 2008

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကို သတ်ခဲ့သူများ

zzz10.jpg



zzz8.jpg
(၀ဲ မှ ယာ သို့ - ထိုင် နေသူများ - ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်၊ သက်နှင်း၊
မောင်စိုး၊ မှုံကြီး (ခေါင်းတွင် ပတ်တီးစည်းထားသူ) )

zzz9.jpg
(လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ၏ ရုံးခန်း နှင့် အစည်းအဝေးခန်းမ။)
zzz11.jpg
(ဦးစော အတွက် လန်ဒန်မှ လာရောက်၍ လိုက်ပါ ဆောင်ရွက်ခဲ့သော ၀တ်လုံ မစ္စတာ
ကားဘစ် ဘက်နက်)

zzz12.jpg
(အထူး ရာဇ၀တ်ခုံရုံး ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် အဖွဲ့ ဝင်များဖြစ်ကြသော ဦးအောင်သာကျော်၊
ဦးစီဘူး တို့  ရုံးထိုင်ရန် တရားခွင်သို့  လာကြစဉ်။)

ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ။ ။
ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလို
အစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)၊သက်နှင်း (ဦးဆောင် ပစ်ခတ်
သူ)၊ မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊ စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
သုခ (ကားမောင်း
သူ)။


သေဒဏ် အပြစ်ပေးခံရသူများ။ ။
(အင်းစိန်ထောင် ကြိုးတိုက်တွင် )
(၁)ဦးစော
(၂)မောင်စိုး
(၃)သက်နှင်း
(၄)မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဦးစော နေအိမ် အ၀ိုင်း
ခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ)

(ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
(၅)စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
(၆)ရန်ကြီးအောင် ခေါ် လှထွန်း

သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းရွေ့ ကျခံရသူများ။ ။
(၁)သုခ
(၂)ခင်မောင်ရင်
(၃)မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ

(ဒေါက်တာ မောင်မောင် ၏ နိုင်ငံတော် လုပ်ကြံ မှု စာအုပ်ပါ အချက်အလက်များ
ဖြစ်ပါသည်။)

2 comments:

BLACK DREAM said...

တကယ်ကို ဗဟုသုတရပါတယ်ဗျာ...။ :)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

Thank a lot for your post. It is important and most of Myanmar people never seen the picture.I heard, there was a cinema record for this case. If u have, please share it for all.