Sep 30, 2009

ရုပ်ရှင်များ (၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(၃)


တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တောင်အာဖရိက လူမည်း လွတ်မြောက်ရေး ရုပ်ရှင်ကား
Catch A Fire ရုပ်ရှင်ကို ဒီဝက်ဆိုဒ်လင့်ခ် (http://www.watch-movies-links.net/)
မှ ရှာကြည့်လို့ ရပါတယ်။ “TUDOU ”ခေါင်းစဉ်အောက်မှာ ကြည့်ရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။

(၄)


တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေရဲ့
ထွက်ပြေး ရုန်းကန်မှု ဇာတ်လမ်း ရုပ်ရှင်ကား
Defiance ကို ဒီဝက်ဆိုဒ်လင့်ခ် (http://www.watch-movies-links.net/) မှာ
ရှာကြည့်လို့ ရပါတယ်။ #8 NOVAMOV ခေါင်းစဉ်အောက်က ဒီလင့်ခ်မှာ တိုက်ရိုက်
(http://www.novamov.com/video/l1n1phsr3druy) ကြည့်ရင် ပိုပြီး အဆင်
ပြေနိုင်မယ် ထင်ပါတယ်။

(၅)


တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အိုင်ယာလန် လွတ်မြောက်ရေး ရုပ်ရှင်ကား
In the name of the father ရုပ်ရှင်ကို
ဒီလင့်ခ် (http://www.novamov.com/video/4a424bc70a0a6) မှာ တိုက်ရိုက်
ကြည့်လို့ ရပါတယ်။

(ဤမျှသာ။)

ဆူနာမီ သတိပေးချက်



(ကိုမိုးသီးဇွန်ဘလော့မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

-ကျော်ကျော် -ဂျာကာတာ

အင်ဒိုနီရှားနိုင်ငံ စူမတ်ထရာကျွန်းအနောက်ပိုင်းရှိ မြို့တော် မှ ၃၃ မိုင်
ကွာဝေးသော လူဦးရေ ၈ သိန်းကျော်နေထိုင်ရာ Padang ဒေသမှာ
ရစ်ချက်တာ ၇.၆ ရှိတဲ့ ပြင်းထန်တဲ့ မြေငလျင် လှုပ်ခဲ့ကြောင်း အမေရိကန်
ဘူမိဗေဒဆိုင်ရာလေ့လာမှုပြုနေကြသော အဖွဲ့ က ကြေညာခဲ့ ပါတယ်။
လူပေါင်း ၁၃ ယောက် သေဆုံးပြီး၊ ရာနဲ့ချီ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့တယ်။
ရာနဲ့ချီတဲ့ အဆောက်အဦးတော်တော်များများ နှင့်လူနေအိမ်များလည်း
ပျက်စီးသွားခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ သတင်းဌာန က အတည်ပြု
ပြောကြားခဲ့ပါတယ်။ ဒီပြင်းထန်တဲ့မြေငလျင်ကြောင့် ဒာင်ဒိုနီးရှား၊ မလေးရှား၊
ထိုင်း နှင့် အိန္ဒိယ နိုင်ငံ ကမ်းရိုးတန်းတွေမှာ ဆူနာမီ လှိုင်းလုံးကြီးများ
ဖြစ်ပေါ်လာနိုင်တယ်လို့ ကမ္ဘာ့လေထု နှင့် သမုဒ္ဒရာ ပတ်ဝန်းကျင်ဆိုင်ရာ
အခြေအနေကို လေ့လာနေကြတဲ့ ပစ္စိဖိတ်ဆိုင်ရာ ဆူနာမီ သတိပေးရေးဌာနက
ထုတ်ပြန်သတိပေးထားပါတယ်။ တောင်ပစ္စိဖိတ် သမုဒ္ဒရာမှာ ရှိတဲ့ စမိုအင်း
( Samoan) ကျွန်းနိုင်ငံမှာလည်း မနေ့က ရစ်ချက်တာ ၈.၀ ရှိတဲ့ ပြင်းထန်တဲ့
မြေငလျင်လှုပ်ခဲ့မှုကြောင့် လူပေါင်း ၁၁၁ ယောက်ထက်မနည်းသေဆုံးပြီး၊
အိမ် နဲ့ အဆောက်အဦးများ ပျက်စီးမျော်ပါ သွားခဲ့ကြကြောင်း ရုပ်မြင်သံကြား
သတင်းများမှာ ပြသထုတ်လွှင့်သွားခဲ့ကြပါသည်။

ဆူနာမီ စတင်ဖြစ်ပေါ်လာခြင်း ဟာ ပြင်းထန်းတဲ့ ရေအောက်ကြမ်းပြင်
မြေငလျင်လှုပ်ခတ်ရာမှာ စတင်ဖြစ်ပေါ်လေ့ရှိကြပြီး ၊ ဘယ် မြေငလျင်က
စတင် ဖြစ်ပေါ်လာမလည်း ဆိုတာက ခန့်မှန်းရခက်ကြောင်း သတိပေးပြော
ကြားထားပါတယ်။ ဂျပန်နိုင်ငံမှာ လည်း ပြင်းအား နဲသော မြေငလျင်များ
ဆက်တိုက် လှုပ်ခတ်နေပြီး၊ ဘယ်တော့ ပြင်းအားကြီးတဲ့ မြေငလျင်
လှုပ်လာမလား ဆိုတာ ခန့်မှန်းရခက်နေကြောင်း ဂျပန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ
လေ့လာမှု ပြုနေကြသော ပညာရှင်များက ပြောဆိုနေကြတယ်။

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

ဦးဖိုးသံချောင်း၏ ဆောင်းပါး …

KP090925

အမှတ်တရ “တဂ်” နှင့် Wind of Change သီချင်း

ရေးသူ- စစ်ငြိမ်းဒီရေ

ခင်မင်ရင်းနှီးတဲ့ အကိုဆောင်းယွန်းလက “တခါတလေမှာ ဒီသီချင်းလေတွေ
ကို ညည်းတတ်တယ်” ခေါင်းစဉ်နဲ့ ကျနော့်ကို တဂ်ထားပါတယ်။ တဂ် ခံရတဲ့
သူတွေထဲမှာ “ကိုအောင်” ဆိုတာ ကျနော်လား၊ အကိုကြီး ကိုအောင်သာငယ်
လားဆိုတာ သေသေချာချာ မကျိန်းသေပင်မဲ့ ဒီ “တဂ်” ကို အမှတ်တရ အနေနဲ့
ရေးလိုက်ပါတယ်။

ကိုယ့်အကြောင်းကိုယ် ရေးပြတာ ထင်သလောက်တော့ မလွယ်ပါ။ ခက်နေတာ
က ကျနော်သည် သီချင်းများကို နှစ်သက်သူဟု ပြောရန်ပင် နည်းနည်းတော့ ခက်
နေပါတယ်။ ကျနော် ဂစ်တာ လုံးဝ မတီးတတ်ပါ။ အနုပညာ တူရိယာနှင့် ပက်သက်
၍ စန္ဒယားကိုတော့ နည်းနည်း စိတ်ဝင်စားပါတယ်။ သီချင်းတွေကို ရံဖန်ရံခါ နား
ထောင်လေ့ ရှိပါတယ်။

အလယ်တန်းကျောင်းသား ဘ၀တုန်းက ကျနော်ကြိုက်နှစ်သက်တဲ့ သီချင်းက
အဆိုတော် စိုးလွင်လွင် သီဆိုတဲ့ “သိလျက်နဲ့” သီချင်းဖြစ်ပါတယ်။
“ယူပါ အတင်းပဲ ထိုးလို့ ပေးတော့ မယူရင် ရိုင်းပြသွားမှာ ဆိုး၊
ကိုယ်သွားဖြဲပြလို့ မရတော့အခါ အလိုလို ယူခဲ့ရတယ်” …..

တက္ကသိုလ် ရောက်တော့ ကျနော်အကြိုက်ဆုံး သီချင်းက အဆိုတော် လေးဖြူ
သီဆိုတဲ့ “ကြယ်စင်များရဲ့ လမ်း” ဖြစ်ပါတယ်။
“နာကျင်စွာ ကျောခိုင်းခဲ့တယ် ကျောင်းတော်ကြီးရယ်” ….
“မှောင်လာရင် ကောက်ကျစ်တဲ့လမ်းပေါ် လှည့်လည်ဖို့အတွက်” ….

ကျနော် ကိုယ်တိုင် အစအဆုံး ရတဲ့ သီချင်းဆိုတာ အတော်ကို ရှားပါတယ်။
“ကမ္ဘာမကြေ” တို့ “ကမ္ဘာမကြေဘူး” တို့လို အုပ်စုလိုက် ဆိုရတဲ့ သီချင်းတွေ
တော့ ရပါတယ်။ တခါတလေ ကျနော် ဆိုညည်းတဲ့ သီချင်းတွေဟာ ဟိုတ၀က်
ဒီတ၀က်တွေ များလှပါတယ်။ အဲ ကျနော် နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်တော့ ရှိ
ပါတယ်။ အဲဒါက Wind of Change ဖြစ်ပါတယ်။



ဒီလောက်ဆိုရင် ကျနော့်အကို ကိုဆောင်းယွန်းလ ကျေနပ်လိမ့်မယ်လို့
ထင်ပါတယ်၊ စာလာဖတ်တဲ့ ညီအကို မောင်နှမ ဘလော့ဂါတွေရော ဘာသီချင်း
တွေ ညည်းတတ်ကြလဲဗျာ၊ တဂ်တော့ ထပ်တဂ်ချင်တယ် စိတ်ဝင်စားတဲ့ သူများ
ရှိရင် ရေးပေးကြပါဗျာ၊ ကျနော့်အနေနဲ့ လေးစားစွာ တဂ် ပါတယ်

Sep 29, 2009

Sep 28, 2009

ဝေဖန်ရေးနှင့် အတွေးအခေါ်သစ်ကို ကြိုဆိုသင့်သည် (၁)

ရေးသူ- စစ်ငြိမ်းဒီရေ

“ပေါင်းစည်းရင်း ကွဲလွဲနိုင်ကြပါစေ၊ ကွဲလွဲရင်း ပေါင်းစည်းနိုင်ကြပါစေ”
(ဆရာမြသန်းတင့်)

“ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ”
(ဆရာဒဂုန်တာရာ)

“အတွေးခေါ်ဟူသမျှ ပြိုင်ကြပါစေ၊ ပန်းဟူသမျှ လှိုင်ကြပါစေ”
(ဆရာမင်းသုဝဏ်)
……. ….. …

“သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့ပြည်သည် အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။”
(ဆရာဇော်ဂျီ)

“ပညာမတတ်တဲ့သူ တိုင်းပြည်ချစ်ရင် ကြောက်ဖို့ ကောင်းတယ်”
(ဆရာအောင်သင်း)
……. ….. …

“ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်၊ တိရစ္ဆာန်ကို လူဟာ
ရှိမခိုးအပ်ဘူး”
(သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း)

“သင်္ကန်းဝတ်လိုက်တဲ့ မုဒိမ်းသမား သူခိုးဂျပိုးကို ၀ိုင်းရှိခိုးတဲ့ဓလေ့ မြန်မာပြည်မှာ
ရှိနေတာကိုလည်း မေ့ထားလို့မဖြစ်ဘူး”
(သမိုင်းပညာရှင် ဦးအောင်ခင်)

“ပညာတတ်တိုင်း အတွေးအခေါ် ပြောင်းလဲသွားတာ မဟုတ်ပါဘူး”
(အောင်ကျော်ခင်၊ ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးရှင်။)
……. ….. …

လူသားတို့၏ နေ့စဉ်ဘ၀ ဖြတ်သန်းမှုများသည် ယုံကြည်မှုဆိုင်ရာ အတွေးအခေါ်
အယူအဆတို့ဖြင့် လည်းကောင်း၊ သင်ကြားတတ်မြောက်မှု ဆိုင်ရာ အတတ်ပညာ
တို့ဖြင့် လည်းကောင်း၊ မှတ်သားဖတ်ရူရာ စာပေအသိပညာများဖြင့် လည်းကောင်း
အရာရာကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်း နေကြရ၏။

အတွေးအခေါ် အယူအဆ ပြောင်းလဲရေးအတွက် ပညာရှင်အသီးသီးသည် အတိတ်၊
ပစ္စုပ္ပန် ကာလများနှင့် နောင် အနာဂတ် ကာလများတွင် အမျိုးမျိုးသော မှတ်တမ်း
မှတ်ရာများကို လူ့အဖွဲ့အစည်းထံသို့ ပုံစံအမျိုးမျိုး၊ အနေအထား အမျိုးမျိုးမှ နည်း
လမ်းမျိုးစုံ အသုံးပြု၍ တင်ပြနေကြမည် ဖြစ်သည်။

ဆရာဦးဆန်းလွင်၏ “သစ္စာဥာဏ်ပွင့် ဒဿန” စာအုပ်မှ ….
“ကြိုးစင်ပေါ်သို့ တက်သွားသော ကြိုးပေးခံရမည့် ရာဇ၀တ်အကျဉ်းသားနှင့်
နွားသတ်ရုံအတွင်းသို့ အပို့ခံရသော နွားတစ်ကောင်၏ ဘ၀”
ကွားခြားမှု မည်သို့ ရှိသည် ….

ဆရာနန္ဒသိန်းဇံ၏ “မှန်သောစကားကို ဆိုခြင်း” စာအုပ်မှ ….
“အရှင်သခင် ပုဏ္ဍေးမ ကြောင့် မီးပုံအတွင်း သေဆုံးခဲ့သော ကျေးညီငယ်”
အသေဆိုးဖြင့် အဘယ်ကြောင့် သေဆုံးခဲ့သည် …..
စာဖတ်သူများသာ သိကြပါသည်။ စာအုပ် ၀ယ်နိုင်သူနှင့် ဌားရမ်း၍ ဖတ်ရူနိုင်သူ
များသာ သိနိုင်ကြပါသည်။ အဲဒီထက်တော့ မပိုပါ။

မြန်မာပြည်တွင် ယခုအခါ စာကြည်တိုက်ဖွင့်ပွဲ အခမ်းအနားများကို နေရာအတော်
များများ၌ မကြာခဏ ပြုလုပ်ကြ ပါသည်။
အဲဒီ စာကြည်တိုက်တွေမှာ စစ်အစိုးရ စာပေစီစစ်ရေးမှ ခွင့်မပြုသော စာအုပ်များ၊
ပြန်လည်ထုတ်ဝေခွင့် မရသော ရှားပါးစာအုပ်များသည် အရေအတွက် အားဖြင့်
ဘယ်လောက်များများ ရှိပါသနည်း။ စာကြည့်တိုက်ရှိ စာအုပ် အရေအတွက်သည်
အတိုင်းအတာတစ်ခုအထိ ပြည်ပြည်စုံစုံတောင် ရှိပါ့မလား။

ရုပ်ရှင်သရုပ်ဆောင်များ၊ မော်ဒယ်ဂဲလ်များ၏ ရုပ်ပုံလွှာများ မပါရှိသော မဂ္ဂဇင်းစာအုပ်
များ၊ ဂျာနယ်များသည် အရောင်းရဆုံး စာအုပ်စာရင်းတွင် မပါရှိနိုင်။

အများစုပြောနေကြ စကားလုံးများမှာ …
“ကုန်ဈေးနှုန်းက ကြီးသည်၊ စာအုပ်ဈေးက မြင့်သည်၊ တနေ့လုပ်မှ တနေ့
စားရသည်၊ ညဖက်တွင် ရုပ်မြင်သံကြားမှ လာသော ကိုရီးယားဇာတ်လမ်းများ
ကြည့်သည်၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် မြန်မာဗွီဒီယို ဇာတ်လမ်းများ
ကြည့်ဖြစ်သည်၊ ရုပ်ရှင်မင်းသမီး ဘယ်သူဘယ်ဝါ လူမှုရေးပြဿနာ ဖြစ်တဲ့
သတင်းတော့ တခါတလေ ဖတ်သည်၊ ဘောလုံးပွဲ အနိုင်အရှုံး ဇယားတော့
သေသေချာချာ ဖတ်သည်၊ ဗေဒင်ဟောစာတမ်းထဲက ယတြာချေဖို့ကိစ္စတော့
အလွတ်ရအောင် မှတ်ထားမိသည်”

(ဆက်ရန်။)

Sep 27, 2009

ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာခြင်း ပုံတူ ကလုန်း(CLONE)များ မျိုးပွားဖန်တီးမည်

ရေးသူ- စစ်ငြိမ်းဒီရေ

နေပြည်တော်မှ လာသည့် အထူးသတင်းများ အဆိုအရ န.အ.ဖ အစိုးရ၏
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့သည် လာမည့် နှစ်အနည်း
ငယ်အတွင်း အဆင့်မြင့် ဖန်ပြွန်သန္ဓေသား စမ်းသပ်မှုများဖြင့် ပုံတူ ကလုန်း(clone) များ
ဖန်တီးနိုင်တော့မည်ဟု သိရှိရပါသည်။ န.အ.ဖ အစိုးရ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
ဝန်ကြီး ဦးသောင်း၏ ဦးဆောင်မှုဖြင့် ရုရှားပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်
မြောက်ကိုရီးယားနိုင်ငံများသို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းသားများအပြင်
ယခုအခါ ဆေးသိပ္ပံဆိုင်ရာ အဆင့်မြင့် သင်တန်းသားများကိုလည်း ပညာတော်သင်
အဖြစ် စေလွှတ်လျှက်ရှိပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးတာဝန်ပေးချက်အရ သိပ္ပံနှင့်နည်းပညာ ၀န်ကြီး
ဌာန ၀န်ကြီး ဦးသောင်းနှင့် ကျန်းမာရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့် တို့
၏ ဦးဆောင်မှုဖြင့် လွန်ခဲ့သော (၂၀၀၈)ခုနှစ်မှစ၍ အဆင့်မြင့် ဆေးသိပ္ပံ လျှို့ဝှက်ဌာန
တစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ ယင်းဌာန ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ
မြန်မာနိုင်ငံတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားအားလုံးအား ဖျက်သိမ်းပြီး
ဘာသာတရားကင်းမဲ့သော နိုင်ငံတော်အဖြစ် ထူထောင်ရန် ဖြစ်ပါသည်။ ယင်းဌာနသည်
ပထမခြေလှမ်း အနေဖြင့် လာမည့် (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲ ပြီးဆုံးချိန်၌ န.အ.ဖ
ရုံးစိုက်ရာ နေပြည်တော်၌ လူတပိုင်း ခွေတပိုင်း ပုံတူ ကလုန်း(clone) များကို
အဆင့်မြင့် ဆေးသိပ္ပံဆိုင်ရာ နည်းပညာဖြင့် ဖန်တီးမျိုးပွားမည်ဟု သိရပါသည်။ ဌာန၏
စမ်းသပ်ခန်း ဖန်ပြွန်များ၌ ဖခင်၏ သုတ်ကောင် (sperm) နှင့် မိခင်၏ သုတ်ကောင်
(sperm) တို့ကို ဖန်ပြွန် တစ်ခုအတွင်းတွင် သန္ဓေသား ပြုလုပ်မည်ဟု သိရပါသည်။
ယင်းသို့ ပြုလုပ်ရာတွင် လူ-ဖခင်၏ သုတ်ကောင် (sperm) နှင့် ခွေး-မိခင်၏ သုတ်ကောင်
(sperm) တို့ကို ယူ၍ လူတပိုင်း ခွေးတပိုင်း ပုံတူ ကလုန်း(clone) များ ပြုလုပ်ဖန်တီး
မျိုးပွားသွားမည်ဟု သိရပါသည်။

န.အ.ဖ အစိုးရသည် ယင်းသို့ ပြုလုပ်နိုင်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအလယ်တွင်
ခေတ်မှီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်သူဟု ၀ံ့ကြွားရန်နှင့်
ကမ္ဘာပေါ်ရှိ ဘာသာတရား အားလုံးကို အယုံအကြည်မရှိ အဆိုအား ကုလသမဂ္ဂ
ဆိုင်ရာ နိုင်ငံတကာညီလာခံတွင် အဆိုတင်သွင်းရန် အထိ ရည်ရွယ်ထားပါသည်။

ယင်းစီမံကိန်းသည် ယခုအခါ အတော်အတန် အောင်မြင်မှုများ ရရှိနေသည့်အတွက်
ဝမ်းသာအရ ဖြစ်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပထမဦးဆုံး ဖန်တီးမျိုးပွား
မည့် ဖန်ပြွန်သန္ဓေသား ပုံတူ ကလုန်း(clone)၊ လူတပိုင်း ခွေတပိုင်း အတွက် သူ၏
သုတ်ကောင်(sperm) ကို ခွေးမ-မိခင် နှင့် ရောယှက်ရန် အဆင့်မြင့် ဆေးသိပ္ပံဆိုင်ရာ
လျှို့ဝှက်ဌာနသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရပါသည်။

(ဓါတ်ပုံသည် အနည်းငယ် ရွံရှာစရာကောင်းသည့်အတွက် ဤနေရာတွင်
ကြည့်ရူပါ။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိတ်ဆွေအရင်းအချာဖြစ်သူ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး
အသင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ၀န်ကြီးဦးအောင်သောင်းသည် မိမိနှင့် မျက်နှာ
ပုံတူ ကလုန်း(clone)ကို ဖန်တီးမျိုးပွားနိုင်ရန် အတွက် မြန်မာနိုင်ငံအရပ်ရပ်တွင် ရုပ်အဆင်း
လှပသော ခွေးမတစ်ကောင်ကို အသည်းအသန် ရှာဖွေနေသည်ဟု နေပြည်တော်မှ
လာသော ထိပ်တန်းလျှို့ဝှက် သတင်းများအရ သိရပါသည်။

(ဓါတ်ပုံကို မြန်မာ့သတင်း ဆက်သွယ်ရေးနှင့် နည်းပညာအဖွဲ့၏ စာမျက်နှာမှ
ကူးယူ ဖော်ပြပါသည်။)

(ဤမျှသာ)

Sep 26, 2009

သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြုလုပ်

စစ်အစိုးရ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ယနေ့(၂၆.၉.၂၀၀၉) စနေနေ့ နံနက်တွင်
ရန်ကုန်မြို့၊ မြို့ နယ်အချို့ ၌ ကျောင်းသားလူငယ်များမှ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု
များပြုလုပ်ခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျခဲ့ရသည့် အထိမ်းအမှတ်
အဖြစ် လမ်းမများပေါ်တွင် ဆေးနီများ လိုက်လံပက်ဖြန်းကာ နအဖ ဆန့်ကျင်ရေးလှုပ်ရှားမှု
တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို(၂၀၀၇)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့်
အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လှုပ်ရှားမှု၏
အဓိကရည်ရွယ်ချက်မှာ........
သံဃာများ သွေးမြေကျခဲ့ရခြင်းကို မြန်မာတနိုင်ငံလုံးကမမေ့သေးကြောင်း န.အ.ဖ
စစ်အစိုးရအား သတိပေးခြင်း နှင့်ပြည်သူများအားလည်း မမေ့ပျောက်စေရန် အသိ
ပေးခြင်းဖြစ်ကြောင်း (၂၀၀၇)မျိုးဆက်ကျောင်းသားများမှ ပြောကြားခဲ့သည်။
လှုပ်ရှားမှုကို လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ သာကေတ၊ ဒေါပုံ၊ တာမွေ-
ကျောက်မြောင်း၊မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ မြို့နယ်များ၏
အဓိက လမ်းမကြီးများနှင့်ကားမှတ်တိုင်များတွင်ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အဆိုပါအင်အားစုများက ရန်ကုန်တိုင်း
သန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီကျောင်း စာသင်တိုက်များသို့ သံဃာ့
သမဂ္ဂီ၏ ကံဆောင်ပွဲကြေငြာချက်များကို ဖြန့်ချီခဲ့ကြောင်းလည်း သိရသည်။

ဆက်လက်၍လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှုများ
ဆက်လက် ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ (၂၀၀၇) မျိုးဆက်
ကျောင်းသားတဦးမှပြောကြား ခဲ့သည်။

ဂူဂဲကမ္ဘာ့မြေပုံမှာ မြန်မာနျူကလီးယား အဆောက်အဦးပုံ ပေါ်နေသလား

Burma Nuclear

http://cpburma.org/Articles/burmanuclear.pdf

(ဘာသာပြန်ဆောင်းပါး)
တရုတ်ပြည်ထုတ် ဝေါဗျူးဂျာနယ်မှ ဆီလျော်အောင်ဘာသာပြန်သည်။

Sep 25, 2009

ကျောင်းသားများ ဆူပူမှုဖြစ်၍ ကျောင်းကို လုံခြုံရေး တင်းကျပ်ထား

DVB သတင်းစာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။

Dagon Students

Sep 24, 2009

လက်နက်ကိုင် အကြမ်းဖက်မှုကို လုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်

Real Terrorist is SPDC

နအဖ၏ ယုတ်မာရက်စက်စွာ စွပ်စွဲခြင်း ခံနေရသော ကိုညီညီအောင်



(မိခင်ဖြစ်သူ အပါအ၀င် မိသားစုဝင်အားလုံး နိုင်ငံရေး အကျဉ်းသားများ
အဖြစ် မတရား ဖမ်းဆီး ထောင်ချခြင်း ခံနေရချိန်တွင် ထပ်မံဖမ်းဆီးခြင်း
ခံရ၍ ညှင်းပန်းနှိပ်စက် ခံနေရသော ကိုညီညီအောင်)



(၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရေစီရေးလှုပ်ရှားမှု အစည်းအရုံး(မ.က.ဒ) တွင်
ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကိုညီညီအောင်)

နအဖ အစိုးရ၏ (၂၃.၉.၂၀၀၉) နေ့ ညပိုင်း ပြည်တွင်း ရုပ်မြင်သံကြားသတင်း
အစီအစဉ်နှင့် နအဖ သတင်းစာဖြစ်သည့် New Light of Myanmar ၏ သတင်း စာ
မျက်နှာ http://www.myanmar.com/newspaper/nlm/index.html တွင် ဖော်ပြ
ထားသော “၈၈ ကျောင်းသား” ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် သတင်းသည်
လုံးဝ အဓိပ္ပါယ်ကင်းမဲ့ကြောင်း “လွတ်လပ်တဲ့ အာရှ အသံ” (RFA) မြန်မာဌာန
(၂၄.၉.၂၀၀၉) နေ့ မနက်ပိုင်း ရေဒီယိုအစီအစဉ်ကို နားထောင်ချင်ဖြင့် သိသာ
ထင်ရှားပါသည်။

ခေတ်ပြိုင်ဂျာနယ်၏ သတင်းလွှာ (ဤနေရာ) တွင်လည်း ဖတ်ရူနိုင်ပါသည်။

Sep 23, 2009

မတရား အကျဉ်းကျနေဆဲ ၉၆ ကျောင်းသား ခေါင်းဆောင်များ



(စစ်အစိုးရ အကျဉ်းထောင်ထဲတွင် အကျဉ်းကျနေဆဲ ၁၉၉၆-ခုနှစ် ဒီဇင်ဘာ
ကျောင်းသားတော်လှန်ရေးအတွင်း ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ၏
ကျောင်းသား ခေါင်းဆောင် ကိုမျိုးမင်းဇော်- အင်္ဂလိပ်စာ အဓိက၊ ဒုတိယနှစ်)



(၁၉၉၆-ခုနှစ် ဒီဇင်ဘာ ကျောင်းသားတော်လှန်ရေးအတွင်း ကျောင်းသား
လူငယ်ခေါင်းဆောင် ကိုမျိုးမင်းထိုက်)
(ကိုမျိုးမင်းထိုက်အား မတရား ဖမ်းဆီးခဲ့သလို ကိုမျိုးမင်းထိုက် မိသားစုဝင်များ
နေထိုင်ရာ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား သွားရာလမ်းရှိ နေအိမ်ကိုလည်း
ကျူးကျော်ရပ်ကွက်အဖြစ် သတ်မှတ်ပြီး စစ်အစိုးရက မတရား ဖျက်သိမ်းခဲ့ပါသည်။)



(၁၉၉၆-ခုနှစ် ဒီဇင်ဘာ ကျောင်းသားတော်လှန်ရေးအတွင်း ဒဂုံတက္ကသိုလ်
ကျောင်းသားခေါင်းဆောင် ကိုအေးအောင်၊ ရူပဗေဒ အဓိက- အဝေးသင် ဒုတိယနှစ်)

Ko Aye Aung is a student who was arrested on 14th September
1998 at Yangon (Rangoon). He is known to have been a second
year Physics student at the Distance Education University (Dagon
University), and is believed to have been a leading member of the
All Burma Federation of Student Unions (ABFSU). This organization
has been at the forefront of peaceful anti-government protests since 1988.

Ko Aye Aung was arrested with Myo Min Zaw, who was given a
sentence of 52 years. Ko Aye Aung was intitially given a sentence
of 14 years imprisonment, but this has subsequently been extended
to 24 years. He is believed to have been tortured. A report in May
2003 confirmed that he is still being held at Kalay Prison, Sagaing
Province, with eight other political prisoners, and is suffering from
malaria and, possibly, typhoid. His exercise period has been moved
to the hottest time of day, and he is being denied access to religious books.

In March 2005 it was reported that his sentence had been increased
to 45 years. He is now over 30 years old. The latest description of his
arrest as subsequent treatment is as follows:-
Ko Aye Aung's basic "crime" seems to have been distributing leaflets
and taking part in small scale peaceful demonstrations in Yangon (Rangoon)
largely concerned with education policies and practices.

Ko Aye Aung was arrested with Myo Min Zaw outside a tea shop in
Yangon and they are both reported to have been beaten at the time
of their arrest and during interrogation. They and others were reportedly
tried in a group of 50 students, in a closed trial for ten days in Insein prison,
the main prison where political prisoners are held in Yangon. They are
believed not to have had access to lawyers, and when they asked prison
officials and the presiding judge for a lawyer the request was ignored.
The prisoners were denied the right to speak in their own defence.
The fairness of the trial was further compromised by the authorities
having given a press conference shortly after their arrest, in which the
authorities claimed that the demonstrations were intended to create unrest.
It was also claimed that Ko Aye Aung, Myo Min Htike, Myo Min Zaw
and Tun Myint Aung had distributed leaflets and organised demonstrations.
They were given the maximum sentences possible under security legislation
and the Burmese laws on publication which, for example, require that
leaflets must be approved by the official censor. In common with other
cases of political prisoners their sentences have been applied cumulatively
resulting in very long terms of imprisonment. Scores of other students were
given sentences ranging from seven to twenty years.

There is also a report that Ko Aye Aung may have gone on hunger
strike in 2002 with another prisoner, Thet Win Aung. They were protesting
about the lack of medical treatment and exceptionally poor diet in Kalay
(also called Kale) Prison, where malaria is endemic. Kalay is near the
northwestern frontier of Burma with India and is nearly 600 miles from
Rangoon (Yangon). It seems that Ko Aye Aung may have been
transferred to Khamti prison for a while. This is even further away
from his family home in Yangon. (In Burma political prisoners normally
have to rely on visits from family for food and medicines. The authorities
can thereby increase the severity of prison conditions by placing
prisoners in prisons remote from their families.) Thet Win Aung
was subsequently transferred to Mandalay Prison.

In late 2005 it was reported that Ko Aye Aung was back in Kalay
(Kale) prison in north west Burma, in the region known as Sagaing
Division. He was reported as suffering from malaria and typhoid.
He has also been denied access to religious books and, at one stage
at least, had his exercise period moved to the hottest time of day, thereby
increasing his suffering.

In January 2006 the website of the Assistance Association for Political
Prisoners (Burma) quoted a Press Release by the Democratic Voice
of Burma which stated:
"...Aye Aung had been suffering from severe stomach ache due to gastric
diseases. As the result of severe cold weather and lack of proper medical
cares, Aye Aung's face is swollen and he also has a severe form of back pain
according to his mother Mya Yi who went to see him at the prison on 19th January."
Amnesty International considers Ko Aye Aung to be a Prisoner
of Conscience detained solely because of the non-violent expression
of his beliefs. He has not used or advocated violence. Amnesty International
calls for his immediate and unconditional release.

(http://www.worcester-amnesty.org.uk/page3.htm မှ ထပ်ဆင့်ကူးယူ
ဖော်ပြပါသည်။)

Sep 22, 2009

၈၈ ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိကုသရန် အရေးပေါ်လိုနေ



(မဇ္ဈိမ သတင်းဌာန၏ စာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

ဖနိဒါ
အင်္ဂါနေ့၊ စက်တင်ဘာလ 22 ရက် 2009 ခုနှစ် 17 နာရီ 17 မိနစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် အကျဉ်းကျ
နေသော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင်၏ အခြား မျက်စိ
တစ်လုံးအား အမြန်ဆုံး ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း ထောင်တွင်း
အတူနေခဲ့သူ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မြို့နယ်
ခေါင်းဆောင်တဦးက ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်
ကျောင်းသားအဖွဲမှ ကိုလှမျိုးနောင် သည် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရပြီး ဖမ်းဆီး
ခံရစဉ်က မျက်စိ ခွဲစိတ်ကုသရာ မအောင်မြင်ဘဲ မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသည်။
ကျန်ရှိသော မျက်စိတဖက်မှာလည်း လုံလောက်သော ဆေးဝါးကုသမှုမရသဖြင့်
အမြန်ဆုံး ခွဲစိတ် ကုသရန် လိုအပ်နေခြင်း ဖြစ်သည်ဟု မကြာခင်က ထောင်မှ
လွတ်လာသူ မြစ်ကြီးနားမြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ (၁) ဦးနေဝင်းက ပြောသည်။

“သူ့ မျက်စိတဖက်က ဆေးခန်း အမြဲပြနေရတယ်။ ကျန်တဲ့ သူ့မျက်ကြည်လွာကို
ထိသွားတယ်လို့ ပြောတယ်။ အဲဒါကို ကောင်းကောင်း ခွဲစိတ်ကုသ ရမယ်၊ ထောင်ထဲ
မှာ အထူးကုဆရာဝန်နဲ့တော့ ပြတယ်။ ဒါပေမဲ့ သူ့မျက်စိက ခွဲစိတ်ရမယ်။ ” ဟု
ဦးနေဝင်းက မဇ္ဈိမကို ပြောသည်။

ကိုလှမျိုးနောင်သည် စစ်တပ်က သွေးမြေကျ ပစ်ခတ်နှိမ်နင်းသော ဆန္ဒဖော်ထုတ်ပွဲ
အပြီး ပုန်းရှောင်နေရာမှ မျက်စိဆေးခန်း သွားပြစဉ် လမ်းခုလတ်၌ ဖမ်းဆီးခံခဲ့ရခြင်း
ဖြစ်သည်။

အလားတူ မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသော ရန်ကုန်တိုင်း ရန်ကင်း
မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခင် ခေါ် ဦးမုန်းခက်(၄၀ နှစ်)
သည် နှလုံးရောဂါခံစားနေရပြီး ယခင်လက ဆေးစစ်မှု ခံခဲ့ရကြောင်း သိရသည်။

သူ့အား ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ရန်ကုန်၌ ဖြစ်ပွားနေစဉ် ၂၀၀၇ ခုနှစ်
သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးကာ လူစုလူဝေးတွင် ပါဝင်ကာ
ရုန်းရင်းဆန်ခတ် ဖြစ်စေမှု - ၁၄ရ၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင်
ပါဝင်မှု - ၁၄၃ ၊ အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ၅၀၅ (ခ) တို့ဖြင့်
ထိုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ်ခွဲ ချခဲ့သည်။

ထို့အပြင် မြစ်ကြီးနားထောင်ရှိ ဟာသ သရုပ်ဆောင် ကိုဇာဂနာ (ခေါ်) ကိုသူရသည်
လည်း နှလုံးဆေးနှင့်သွေးတိုးကျ ဆေး အမြဲသောက် နေရသည်ဟု ခယ်မဖြစ်သူ
မငြိမ်းက မဇ္ဈိမကို ပြောသည်။

ကိုဇာဂနာအား ယမန်နှစ် နာဂစ်မုန်တိုင်း ဒုက္ခသည်များအား ကူညီနေစဉ် ဇွန် ၄ ရက်
နေ့က ရဲက ဖမ်းဆီးခဲ့သည်။ ထို့နောက် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(က)၊
နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ သာသနာကို ညိုးနွမ်းအောင်လုပ်ဆောင်မှု
ပုဒ်မ၂၉၅(က) တို့အပါအဝင် ပုဒ်မ ၈ ခုဖြင့် စွဲဆိုကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။
သို့သော် ယခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်း တရားရုံးက ထောင်ဒဏ် ၂၄ နှစ်
လျော့ချပေးလိုက်သဖြင့် ၃၅ နှစ်သာ ကျန်တော့သည်။

အသက် ၄၈ နှစ်ရှိ ကိုဇာဂနာသည် ပြီးခဲ့သည့် ဧပြီလအတွင်းလည်း နှလုံးယောင်နေသဖြင့်
မြစ်ကြီးနား ပြည်သူ့ဆေးရုံ၌ အထူးကု ဆရာဝန်နှင့် ဆေး စစ်ဆေး ခဲ့သည်။

မြစ်ကြီးနားထောင်တွင် အဓိက ကုသနေသူမှာ ထောင်ကျ ဆေးမှူးသာဖြစ်ပြီး ဆရာဝန်မှာ
တလလျှင် တခါမျှသာ လာရောက်ကုသသည်ဟု သိရသည်။

Protest at the UN Headquarters for 2nd Anniversary of Saffron Revolution



END THE OPPRESSIONS! SHOW YOUR SOLIDARITY!

Host: Monks and Democratic Forces for Burma
Type: Causes - Protest
Network: Global
Date: Wednesday, 23 September 2009
Time: 14:00 - 16:00
Location: UN Headquarters - Dag Hammarskjold Plaza - New York
Street: 374 E 47th St
Town/City: New York, NY
Email: uscb.ny@gmail

Monks and Democratic Forces for Burma will be holding a 2nd
Anniversary remembrance of the 2007 Saffron Revolution/protest
in front of the UN Headquarters.

In September 2007, tens of thousands of monks and citizens
demonstrated across Burma (Myanmar). The peaceful protests,
dubbed as “Saffron Revolution” after the color of robes worn by
Buddhist monks who played a leading role, were Burma’s largest
anti-regime movement in two decades.

Burma’s brutal military regime crushed peaceful protesters with
overwhelming forces. They were beaten badly, some shot dead and
thousands were detained. Despite over 2,000 political prisoners still
held in inhumane conditions throughout Burma’s notorious prisons –
arbitrary arrests, detentions, and disappearances continue as we stand
here today, many Burmese remained committed to march toward freedom
and democracy.

Date: Wednesday, September 23, 2009
Time: 2:00pm - 4:00pm
Location: UN Headquarters - Dag Hammarskjold Plaza
(E 47th Street, between 1st Ave and 2nd AVe)

Contacts:U Pyinnya Zawta 415-518-7663,Nay Tin Myint 510-491-5157
Email: uscb.ny@gmail

Organized and sponsored by Monks and Democratic Forces for
Burma along with Iran and Tibet freedom movements.

UPDATE: Emotive and inspirational offering of Butoh performances
by Vangeline Theater group to
commemorate the Saffron anniversary will follow the rally.

##### WANTED #####
We are looking for volunteers. If you are interested, please call
917-512-8768.
##### WANTED #####

Note:
UN Secretary General Ban Ki-Moon will be convening
"Friends of Burma" group meeting on September 23rd during
the 64th session of UN General Assembly.

(မခင်ဖြူထွေး ၏ Facebook ပေါ်မှ ဖိတ်ကြားမှုကို ထပ်ဆင့်
ကူးယူ ဖော်ပြပါသည်။)

Sep 21, 2009

ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် အင်းစိန်ထောင်မှာ ညှင်းပန်းနှိပ်စက်ခံရ

(RFA မြန်မာဌာန၏ သတင်းလွှာ)

nyinyia2

Free Myo Min Zaw!



(စစ်အစိုးရ အကျဉ်းထောင်ထဲတွင် အကျဉ်းကျနေဆဲ ၁၉၉၆-ခုနှစ် ဒီဇင်ဘာ
ကျောင်းသားတော်လှန်ရေးအတွင်း ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ၏
ကျောင်းသား ခေါင်းဆောင် ကိုမျိုးမင်းဇော်- အင်္ဂလိပ်စာ အဓိက၊ ဒုတိယနှစ်)



(စစ်အစိုးရ၏ အကျဉ်းထောင်အတွင်း မကြာခဏဆိုသလို ညှင်းပန်းနှိပ်စက်ခြင်း
ခံနေရသော ကျောင်းသား ခေါင်းဆောင် ကိုမျိုးမင်းဇော်)

Myo Min Zaw, born about 1978, was a second-year student of English.
He was involved in the large-scale student demonstrations of 1996.
The military sought him but he managed to evade arrest. In 1997 he joined
the central organizing committee of the All-Burma Student Union (ABSFU).
Using the alias of Moe Hein Aung, in July 1998 he founded the Student and
Youth Unity Front. Between June and September 1998, more than 300 students
were arrested when they staged small demonstrations to protest the human
rights situation and the poor quality of education. Before these demonstrations,
letters appealing to the public for support and signed by "Moe Hein Aung" were
widely distributed in Yangon (Rangoon) and were used prominently by the
demonstrating students.

On September 14, 1998, Myo Min Zaw was arrested in the street and accused
of agitating unrest. He was sentenced to 38 years, later increased to 52.
He was at first in the notorious Insein Prison in Yangon. In April and May 1999,
just before an attempt by the International Committee of the Red Cross to
investigate Burma's prison conditions, the military authorities secretly
transferred hundreds of political prisoners from Insein to remote prisons
around the country; the families of the transferred prisoners were not told,
and no official news was released. Myo Min Zaw was transferred to
Pathein Prison.

After a hunger strike in 2003 calling for the release of Aung San Suu Kyi,
he was transferred with 28 others from Pathein to Mandalay Prison,
up in the middle of the country. When he arrived he was hooded,
and beaten at the prison gate and then in the cell, with prison service
batons. He was held for one month in shackles and solitary confinement,
then put in a cell with others. Later he was transferred to Puta O prison
in Kachin State — the remote north of Burma — making it even more
impossible for his family in Rangoon to bring him food and medical assistance.

Myo Min Zaw was adopted as a prisoner of conscience by Amnesty International
in 1999, and his case was assigned to USA groups 182 and 280 in Greenville, SC,
and Manhattan, NY, and to groups in Britain, the Netherlands, and Sweden.

(http://www.humanrightsletters.com/ မှ ထပ်ဆင့် ကူးယူဖော်ပြပါသည်။)

Sep 18, 2009

ကိုညီညီအောင် အတွက် တောင်းဆိုပေးကြပါ



(မိခင်ဖြစ်သူ အပါအ၀င် မိသားစုဝင်အားလုံး နိုင်ငံရေး အကျဉ်းသားများ
အဖြစ် မတရား ဖမ်းဆီး ထောင်ချခြင်း ခံနေရချိန်တွင် ထပ်မံဖမ်းဆီးခြင်း
ခံရ၍ ယနေ့ အချိန်အထိ ပျောက်ဆုံးနေသော ကိုညီညီအောင်)



(၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရေစီရေးလှုပ်ရှားမှု အစည်းအရုံး(မ.က.ဒ) တွင်
ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကိုညီညီအောင်)

Background info on Kyaw Zaw Lwin aka Nyi Nyi Aung:

Mr. Kyaw Zaw Lwin has been a member of Free Burmese Political Prisoners Now campaign, working from Thailand since 2005. With other delegation members, he traveled to New York in June of this year to deliver the global petition calling upon the UN for the release of all political prisoners. During this trip he met with the UN Special Envoy Mr. Gambari as well as Ambassadors and diplomats of the EU missions.

Prior to working with the Free Burmese Political Prisoners Now campaign, he participated in several democratic activist activities in the United States in support of the peaceful movement toward national reconciliation in Burma. As one of the ‘1988 Students’ who had to flee the military government’s oppression, he continued his support of the 88 Generation Students’ Group under the leadership of his colleagues Ko Min Zeya and Ko Htay Kywe, now incarcerated in Burma.

For peaceful participation in the September 2007 Saffron Revolution, Kyaw Zaw Lwin’s mother and cousins were arrested. To this day they remain in prison under very harsh conditions.

Kyaw Zaw Lwin was granted refugee status to the United States in October 1993 after which he worked as a Research Assistant at Refugees International, an advocacy organization. He also served as an intern with the Burma Debate magazine.

While he was in exile in Thailand, Lwin was arrested by the Thai authorities and held in the Immigration jail for his role in protesting the Thai government’s deals with Burma’s military junta. In May 1992 after his release, he assisted in a Public Health project sponsored by the Harvard School of Public Health. This public health survey was an investigation on the impact in the health of the exile Burmese students living in Thailand.

In 1989 and 1990 he co-founded the Burmese Students Committee for Social Affairs under the Jesuit Refugee Service in Thailand. The committee provided humanitarian and medical assistance to not only Burmese students living in exile but also to the illegal immigrants.

During the 1988 popular uprising in Burma, Kyaw Zaw Lwin suffered arrest and torture for his active participation in the nation-wide demonstrations. However, he continued his participation in the democratic movement organizing high school students for boycotts and subsequently helped form the “Four Eights” (8-8-88) general strike committee. The country under martial law staged a coup and declared a new government, the State Law and Order Restoration Council (SPDC) in September 1988.

U.S Embassy in Yangon

စာပို့ချင်သူများ ဤနေရာတွငDownload ယူ၍ တောင်းဆိုပေးကြပါ။

Urgent Action

Sep 17, 2009

“၈၈” ကျောင်းသား ကိုညီညီအောင် ဘယ်မှာလဲ



(မိခင်ဖြစ်သူ အပါအ၀င် မိသားစုဝင်အားလုံး နိုင်ငံရေး အကျဉ်းသားများ
အဖြစ် မတရား ဖမ်းဆီး ထောင်ချခြင်း ခံနေရချိန်တွင် ထပ်မံဖမ်းဆီးခြင်း
ခံရ၍ ယနေ့ အချိန်အထိ ပျောက်ဆုံးနေသော ကိုညီညီအောင်)



(၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရေစီရေးလှုပ်ရှားမှု အစည်းအရုံး(မ.က.ဒ) တွင်
ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကိုညီညီအောင်)

(R.F.A သတင်းဌာန၏ သတင်းဆောင်းပါး)

Ma Wa Interview With RFA(12.9.09)for Nyi

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

Spdc Text Book

Sep 16, 2009

ကိုထွန်းလှိုင်ရေ Sorry ဗျာ

BBC မြန်မာပိုင်းအစီအစဉ်၏ (၁၆.၀၉.၂၀၀၉)နေ့ ညပိုင်းအစီအစဉ်တွင်
၂၀၁၀ ရွေးကောက်ပွဲ လိုအပ်တယ်/မလိုအပ်ဘူး ဆွေးနွေးခန်းစကားဝိုင်း
တွင် ကျနော်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်ကို
ဥပမာ ပေးခဲ့မိပါသည်။ ထို ဥပမာ၌ ၁၉၉၀ ခုနှစ်၊ ပါတီစုံ ရွေးကောက်ပွဲ
တွင် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရေစီ ပါတီမှ ဗဟန်းမြို့နယ် မဲဆန္ဒနယ်
အမှတ်(၁)၌ အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုထွန်းလှိုင်
၏ ညစာ စားပွဲကို ဥပမာ ပေးဖြစ်ခဲ့ပါသည်။ ကျနော့်အနေဖြင့် ကိုထွန်းလှိုင်
အပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝ မရှိပါ။ ရွေးကောက်ပွဲ နောက်ပိုင်း ပြည်သူ
အပေါ် ဆက်ဆံရေးနှင့် ပက်သက်ပြီး ရည်ညွှန်းလိုခြင်း ဖြစ်ပါသည်။

ကျနော် ပြောလိုက်သည့် စကား၌ အနည်းငယ် ကြမ်းတမ်းသလို ဖြစ်ခဲ့ရင် …
“ကိုထွန်းလှိုင်ရေ၊ Sorry ဗျာ။”

-အောင်ခင်မြင့်

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၄)

Leyana14

Sep 15, 2009

ငိုချလိုက်



အချစ်ရေ ...
ရုပ်ရှင်ထဲက ကိုရီးယားဇာတ်လိုက်
မသေ သေဘူးလား ….
ဗော်လဂါ အရက်က
ခွေးသားပေါက်စီနဲ့ဆို
မမိုက်ပါဘူးကွာ ….
အိမ်မက်ထဲက ကပ္ပလီလုပ်တဲ့
ဟမ်ဘာဂါတွေ
စားကြည့်ချင်တယ် ...။ ။


-စစ်ငြိမ်းဒီရေ

Sep 13, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၃)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၁၂)မှ အဆက် …..

ဟံမာမင်း ….။ သူရို့ စကားတွေနှင့် ပြောရသည်မှာ လက်ဝင်းလိုက်ပါဘိ။ မြန်မာလို
ရိုးရိုးလေးပြောရလျှင် သညာအမှတ်တွေ။ ပညတ်တွေ။ …..။ သညာအမှတ်တွေ၊
ပညတ်တွေ မှန်သမျှက ….. ကွန်ဗင်းရှင်းန်တွေ …. ။ အဲ …. သမုတိသစ္စာတွေ။

“တင့်လှပေဟန်။ ဘက်မရန်တည့်။ ခြောက်တန်နတ်ရွာ။ ဘုံကလာသို့၊ ပြာပြာ
လတ်လတ်၊ မွတ်မွတ်ညက်ညက် …..။”
အဲတာကကော …။ ဓါတုကလျာတော့ မဟုတ်။ မျဉ်းကွေးတွေ၊ မျဉ်းကောက်တွေ၊
မျဉ်းဖြောင့်တွေ၊ အစက်တွေ …။ သို့ရာတွင် ကျွန်တော်တို့က ဓါတုကလျာ၏ ပုံရိပ်ကို
လှမ်းဆွဲသည်။ တိတိကျကျပြောရလျှင် နတ်သျှင်နောင် ထုသွန်းပို့လိုက်သော အာရုံ
ပုံရိပ်ကို လှမ်းဆွဲသည်။

ဤသို့သော သဘောကြောင့် တွေးတာတွေ၊ စိတ်ကူးတာတွေ၊ စိတ်ကူးယဉ်တာတွေ၊
အိပ်မက်တွေ …. အားလုံးကို စိတ်ပညာက ဆင်းမ်ဘိုးလစ်ခ် အက်တီဗတီ
(symbolic activity) ဟု ခေါ်သည်။ နိမိတ္တ ပစ္စည်းသုံးသော အပြုအမူဟု ဘာသာ
ပြန်ရမည် ထင်သည်။ ဤအပြုအမူ အားလုံး၌ (၀ါ) ဤမနောကံအားလုံး၌ လူသည်
အကောင်ဒြပ်အထည် ကိုယ်ရှိသော ဘာတစ်ခုကိုမှ ကိုင်တွယ်မသုံး။ အာရုံတွေ၊
အာရုံပုံရိပ်တွေ၊ နိမိတ္တတွေကိုသာ အဲ … “ကိုင်တွယ်” သုံးသည်။ တခါတရံ နိမိတ္တ
တွေနှင့် လွမ်းလို့ … မောလို့ … ပင်ပန်းလို့ ….။ ဒုက္ခ …. ။

ရိုးရိုးစကားမှ အင်မဂျရီ (၀ါ) အာရုံပုံရိပ်ဖော်ခြင်းနှင့် ကဗျာမှ အာရုံပုံရိပ် ဖော်ခြင်းတို့
ကြား ခြားနားမှုသည် အမျိုးအစားအားဖြင့် ခြားနားမှု မဟုတ်ဘဲ အင်အား အရှိန်
အဟုန်၏ ခြားနားမှုသာ ဖြစ်သည်။ ကဗျာမှ အာရုံပုံရိပ်များက အင်အားတွေ၊ အရှိန်
အဟုန်တွေ ပိုကြီးသည်။ ပိုပြင်းသည်။ ပိုကြီးအောင် ပိုပြင်းအောင်လည်း ကဗျာဆရာ
က ကြိုးစားသည်။

“သူ့ကို ချစ်လိုက်တာဗျာ။ သူနဲ့သာ နီးရမယ်ဆိုရင် ကျွန်တော် ဘာမဆိုလုပ်ပါရဲ့။”
လာပြန်ချေပြီ … စကားတန်ဆာ …။
အချစ်ဇော ဆန္ဒကို စကားသက်သက်က ဤမျှသာ ပြောသည်။ ကဗျာကမူ …
“မမလေးကို ချစ်လိုက်ပါတဲ့ အာရုံ။ ရွှေမြင့်မိုရ် တစ်တောင်လုံး၊ တုံးမှတ်လို့ ခုန်။”
လူသည် မြင့်မိုရ်တောင် မပြောနှင့် ခြတောင်ပို့ ကြီးကြီးကိုပင် လွတ်အောင် ခုန်နိုင်
သူ မဟုတ်။

ကိစ္စ မရှိပါ။ သည်လို ကဗျာစကားကို လူတွေက ခွင့်လွှတ်လက်ခံသည်။ ဤနေရာ
မှာက ယုတ္တိဗေဒကို ဆင်ခြင်စစ်ဆေးနေခြင်း မဟုတ်။ အချစ်ဇောဆန္ဒပေါ်အောင်
ဘယ်လောက် ပြောနိုင်သနည်း ဟူသည်ကိုသာ စိတ်ဝင်စားကြသည်။ ကဗျာဆရာ
ပြောလိုက်သော စကားကိုလည်း သိပ္ပံဆိုင်ရာ အချက်အလက်ဖြစ်မယူ။ လောက
၌ များလှသော အချက်အလက်တွေအနက် တစ်ခုဖြစ်သော ခံစားမှု အချက်
အလက်ကို စကားတန်ဆာဆင်လျက် ပြောသည်။

စကားတန်ဆာများကား အာရုံပုံရိပ် ထုံးတမ်းစဉ်လာ အများအနက်က အသုံးဝင်
သော အဖို့အစု တစ်ခု ဖြစ်သည်။ သူရို့ ကဗျာလောကတွင် စကားတန်ဆာ
(၇)မျိုး ရှိသည်။

(၁)မက်တဖား (metaphor)
မက်တဖား ဆိုသည်မှာ ခြားနားသော အရာနှစ်ခုကို တူစေပြီး တစ်ခုကို အခြား
တစ်ခုကဲ့သို့ ပြောခြင်းဖြစ်၏။
ပြီးခဲ့သော အပတ် ဆောင်းပါး၌ ဖော်ပြခဲ့သော ဦးမင်း၏ “စိန်ဗိတာန်”နှင့် “ရွှေရစ်”။
ဤဥပမာသည် မက်တဖား ဖြစ်သည်။ သို့၊ ကဲ့သို့၊ နှယ်၊ လို့ … ဟူသော
နှိုင်းယှဉ်ကြောင်းပြ အဆက်အသွယ်များ၏ အကူအညီ မယူချေ။

(၂) ဆင်မလီး (simile)
ဆင်မလီး ဆိုသည်မှာ မတူခြားနားသော အရာနှစ်ခုကို တူဘိသကဲ့သို့ ပြောခြင်း
ဖြစ်သည်။ ဥပမာ “ဝေလငါးကဲ့သို့ ကြီးမားသော နှလုံး”။ “မျက်ရည်တို့ ၀ိုင်အရက်
လား စီးဆင်းသည်” ။

မက်တဖားနှင့် ဆင်မလီးတို့၏ ခြားနားချက်ကား ဆင်မလီးတွင် ဥပမာပေးချက်၊
ခိုင်းနှိုင်းချက်ကို မ၀ှက်မပြု သိသာ ထင်ရှားအောင် (explicit) ဖော်ပြသည်။
အင်္ဂလိပ် ဘာသာတွင် as, like ဟူသော နှိုင်ယှဉ်ကြောင်းပြ စကားများနှင့်
အတူတွဲ၍ သုံးသည်။ မြန်မာတွင်လည်း သို့၊ ကဲ့သို့၊ ပမာ၊ နှယ် တို့နှင့်
တွဲ သုံးရ၏။

(ဆက်ရန်။)

Sep 11, 2009

ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်



ရေးသူ- စစ်ငြိမ်းဒီရေ

ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတွင် တို့ဗမာအစည်းအရုံး
ဝင် သခင်သိန်းမောင်ကြီး၏ “ခွေးခေါင်းပြောင်းပြန် ကပ်လိုက်သည်” ဟူသော
ဇာတ်လမ်းကို ပြန်ပြောင်း သတိရမိသည်။

ကိုလိုနီခေတ် မြန်မာပြည်၏ စာပို့စနစ်တွင် အင်္ဂလန်ပြည့်ရှင် ဂျော့ ဘုရင်၏
ဓါတ်ပုံကို တံဆိပ်ခေါင်းအဖြစ် သုံးစွဲ ခဲ့ရဖူးသည်။ သခင်သိန်းမောင်ကြီးသည်
စာအိတ်အမြောက်အများတွင် ဂျော့ ဘုရင်၏ ဓါတ်ပုံ တံဆိပ်ခေါင်းကို ပြောင်းပြန်
ကပ်ပြီး စာအိတ် မျက်နှာပြင်ပေါ်၌ “ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်” ဟု
ဖော်ပြလျှက် သူ နေထိုင်ရာ နယ်မြို့လေး က စာတိုက်ပုံးထဲသို့ ထည့်ခဲ့ပါသည်။

စာတိုက်မှ ၀န်ထမ်းများသည် ထို စာအိတ်များကို မြင်တွေ့ရသော အခါ သက်ဆိုင်
ရာ အာဏာပိုင်များထံ တင်ပြခဲ့ကြသည်။ ဂျော့ ဘုရင်မင်းမြတ်၏ ဓါတ်ပုံကိုလည်း
စောက်ထိုး ကပ်ထားပြီး ပေးပို့ရမည့် လိပ်စာနေရာတွင် “ခွေးခေါင်း ပြောင်းပြန်
ကပ်လိုက်သည်” ဟု ဖော်ပြထားသော စာပို့ တရားခံအား မည်သို့ ရှာဖွေရမည်ကို
မစုံစမ်းနိုင်ပဲ အကြီးအကျယ် အလုပ်ရှုပ်ကြတော့သည်။ ထိုအမှုသည် နယ်မြို့
လေးမှ တဆင့် ဘုရင်ခံ ရုံးစိုက်ရာ ရန်ကုန်မြို့အထိ သတင်းပြန့်လေတော့သည်။
နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များတွင် ထိုသတင်းကို ဖော်ပြခဲ့သော အခါ
ကိုလိုနီ အစိုးရသည် များစွာ အရှက်ကွဲပြီး ပြည်သူအပေါင်းတို့၏ ရယ်မောဟာသ
လုပ်ခြင်းကို ခံရတော့သည်။

ကိုလိုနီခေတ် ရန်ကုန် ပုလိပ်မင်းကြီးရုံးနှင့် စုံထောက်မင်းကြီး ဌါနတို့၏ အပြင်း
အထန်း ရှာဖွေ ထောက်လှမ်းမှုကြောင့် နောက်ဆုံးတွင် သခင်သိန်းမောင်ကြီး၏
ကြိုးပမ်းမှုကို သိရှိသွားကြသည်။ သခင်သိန်းမောင်ကြီး တစ်ယောက် ဖမ်းဆီး
ထောင်ချခြင်းကို ခံခဲ့ရသော်လည်း ကိုလိုနီအစိုးရ၏ တရားရေးဌါနနှင့် ပြည်သူတို့
၏ နူတ်ဖျား၌ “ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်” ဟူသော စကားလုံးသည်
စွဲမြဲစွာ ကျန်ရစ်ခဲ့လေတော့သည်။

(ဤမျှသာ။)

Sep 9, 2009

ပါတီဖွဲ့ခွင့် ပြုပါ



ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၀ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲကာလက နိုင်ငံရေးပါတီ ၂၀၀ ကျော်မျှ
မှတ်ပုံတင်ခဲ့ကြသည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှင် ရုံးသုံး
တယ်လီဖုန်း တစ်လုံးနှင့် စည်းရုံးရေးအတွက် ယာဉ်သုံးဆီ နှစ်ပေပါ ရသော
ကြောင့် စီးပွားရေးသမား အချို့လည်း ပါတီ ထူထောင်ကြသည်။

သို့ရာတွင် ရန်ကုန် ကန်တော်ကြီးစောင်းရှိ ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်
သည် ပါတီတစ်ခုအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ခွင့်မပြုခဲ့ပေ။
ယင်းပါတီ၏ အမည်မှာ “ထာဝရ အာဏာပိုင်စိုးရေး ပါတီ” ဟု သိရပါသည်။
ပါတီကို ဖွဲ့စည်းသူတို့ ထဲတွင် ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ….. ရပ်ကွက်တွင်
နေထိုင်သူ တချို့ ပါဝင်သည်ဟု သိရသည်။ မှတ်ပုံတင်ခွင့် မရခြင်းမှာ ပါတီ၏
အလုပ်မှုဆောင် အဖွဲ့ဝင်များ၏ အမည်များကြောင့် ဖြစ်ပါသည်။ ယင်းတို့၏
အမည် များသည် တမင်လုပ်ထားခြင်း မဟုတ်ပဲ ပြင်ပတွင်လည်း အမှန်တကယ်
ရှိသော အမည်များ ဖြစ်ပါသည်။

“ထာဝရ အာဏာပိုင်စိုးရေး ပါတီ (မြန်မာပြည်)”
ဥက္ကဋ္ဌ- ဦးနေ၀င်း
ဒုဥက္ကဋ္ဌ (၁)- ဦးစန်းယု
ဒုဥက္ကဋ္ဌ (၂)- ဦးစိန်လွင်
အထွေထွေအတွင်းရေးမှူး- ဦးအေးကို
တွဲဖက် အထွေထွေအတွင်းရေးမှူး- ဒေါက်တို မောင်မောင်
ဗဟို ကော်မတီဝင်များအဖြစ် - ထွန်းတင်၊ ကျော်ထင်၊ ထွေးဟန်၊ မြမောင် …
တို့ ဖြစ်ပါသည်။

ဒုဥက္ကဋ္ဌ(၁) အဖြစ် တာဝန်ယူသူ ဦးစန်းယု ဆိုသူသည် ယခင်က ဇီးသီးလှည်း
ဖြင့် ဈေးလိုက်ရောင်းသော ဇီးသီးသည် တစ်ဦး ဖြစ်ပါသည်။ တွဲဖက် အထွေထွေ
အတွင်းရေးမှူး ဒေါက်တို မောင်မောင် ဆိုသူမှာ ရှစ်ဆယ့်ရှစ် ကာလအတွင်း
ရန်ကုန်၊ ခြောက်ထပ်ကြီးဘုရားဝန်း နောက်ဖက်တွင်ရှိသော ကတ္တရာစည်များ
ကို ဂိုဒေါင်ဖောက်ရာမှ ခါးကို သေနတ် ထိမှန်သောကြောင့် လမ်းလျှောက်ရာတွင်
ခြေတစ်ဖက် တရွတ်တိုက်ပုံစံ လျှောက်ရသူ ဖြစ်သည်။ ထို့ကြောင့် သူ့အမည်
မောင်မောင်ကို လူများက ဒေါက်တိုမောင်မောင်ဟု ပြောင်းလဲ ခေါ်ဝေါ်ခံရသူဖြစ်ပါ
သည်။ ကျန်အဖွဲ့ဝင်များသည်လည်း ရပ်ကွက်အတွင်း အမှန် တကယ်ရှိသော
မီးကင်းစောင့်သူများ၊ ကြုံရာကျပန်း လုပ်စား သူများ၏ အမည်မှန်များ ဖြစ်ပါသည်။

ယင်းပုဂ္ဂိုလ်များ၏ ပါတီ မှတ်ပုံတင်ခွင့်ကို ပါတီစုံ ရွေးကောက်ပွဲကော်မရှင်သို့
တင်ပြသောအခါ ကော်မရှင်ရုံးချုပ်က ယင်းတို့၏ ပါတီကို “အရူး ပါတီ” အဖြစ်
စာရင်းသွင်းပြီး မှတ်ပုံတင်ခွင့် မပြုခဲ့ပေ။

(ဖော်ပြမှုတွင် အနည်းငယ် လွှဲချော်ခဲ့ပါက ခွင့်လွှတ်ပါ။)

(ဤမျှသာ။)

Sep 7, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၂)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၁၁)မှ အဆက် …..

ကဗျာဆရာသည် သူ့ စိတ်တွင်းမှ အာရုံပုံရိပ်ကို အာရုံအတိုင်း တစုံတရာသော
တန်ခိုး အဘိဥာဏ်အစွမ်းဖြင့် စာဖတ်သူထံ တိုက်ရိုက် ပေးနိုင်သည် မဟုတ်။
ထိုသို့ ပို့ပေးနိုင်လျှင် သူ ကဗျာစပ်နေရန် မလိုတော့။

သူ လုပ်နိုင်သည်မှာ အာရုံပုံရိပ် ထုသွန်းပြီး အာရုံပုံရိပ်ကို ပို့ပေးခြင်းသာ ဖြစ်သည်။
ဘာနှင့် အာရုံပုံရိပ်ကို ထုသွန်းသနည်း …. ။
စကားလုံးများနှင့် ထုသွန်းသည်။ ….. ။
ဘာနှင့် အာရုံပုံရိပ်တွေကို ပို့ပေးသနည်း။
စကားလုံးများနှင့် ပို့ပေးသည်။
ဘာကြောင့် ဤသို့ သူ လုပ်နိုင်သနည်း။
ဤကား ကွန်ဗင်းရှင်းန်အော့ဖ် အင်မဂျရီ (convention of imagery) ခေါ် အာရုံ
ပုံရိပ်ဖေါ် ထုံးတမ်းစဉ်လာ ရှိနေသောကြောင့် ဖြစ်လေသည်။ တနည်း အာရုံပုံရိပ်
ဖော်မှုဆိုင်ရာ အများသဘောတူ လက်ခံထားချက်များ ရှိနေသောကြောင့် ဖြစ်လေသည်။

ဤအချက်မှာလည်း ထူးလှ ဆန်းလှသည် မဟုတ်ချေ။
စကားဟု ခေါ်သော စနစ်ကိုယ်နှိုက်က အာရုံပုံရိပ်ဖော်မှုဆိုင်ရာ အများသဘောတူ
လက်ခံထားချက်များ ဖြစ်လေသည်။

လူးနာ သို့မဟုတ် လူနာဟူသော အသံကို ကြားလျှင် လက်တင်ဘာသာစကား
ပြောကြသူတွေက ငွေလမင်း၏ အာရုံပုံရိပ်ကို တန်းဖမ်းမိမည်။ ကျွန်တော်တို့ မြန်မာ
တွေကမူ ဆေးရုံးပေါ်မှ ရောဂါသည်၏ အာရုံပုံရိပ်ကို သွားဖမ်းပေမည်။ ဤအသံနှင့်
ပက်သက်ပြီး အီတာလီယန်နှင့် မြန်မာတွေ အများသဘောတူ လက်ခံထားချက်ခြင်း
တူမှ မတူပဲကိုး။

ကဗျာစနစ်မှ ထုံးတမ်းများသည် စကားစနစ်မှ ထုံးတမ်းများမှ လာသည်။
သူရို့၌ အဆို တရပ်ရှိသည်။
The substance of poetry is also the very stuff of words.
“ကဗျာ၏ အနှစ်အသား ဒြပ်ပစ္စသည်းသည် စကားလုံးများ၏ မူလဘူတ
ဒြပ်ပစ္စည်းလည်း ဖြစ်ပေသည်”

Words mean what we mean them to mean, and what we
accept them as meaning, and nothing else.
“စကားဆိုသည်မှာ ကျွန်ုပ်တို့ ထွက်စေလိုသော အဓိပ္ပါယ်ကို ထွက်ပေးသော
အရာ ဖြစ်သည်။ တနည်းဆိုရလျှင် ဤသို့ ဤသို့ အဓိပ္ပါယ်ရှိသည်ဟု ကျွန်ုပ်တို့
အများ လက်ခံထားသော အရာဖြစ်သည်။ အခြား ဘာမျှ မဟုတ်။”

တနည်းဆိုလျှင် စကားတွေရော၊ အာရုံတွေရော၊ အာရုံပုံရိပ်တွေရော၊ အားလုံး
သည် နိမိတ္တခေါ် ဆင်းဘိုးလ် (symbol) တွေချည်း ဖြစ်သည်။
ဆင်းဘိုးလ်ကို -
Something that stands for or represents another thing
“ အခြားသော အရာတစ်ခု၏ ကိုယ်စား ရပ်တည်သော (၀ါ) အခြားသော အရာ
တစ်ခုကို ကိုယ်စားပြုသော ထိုအရာမှ တပါးဖြစ်သည့် အရာတစ်ခု။”
ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။

“လမင်း” ဆိုသော အသံသည် ကောင်းကင်က လမင်းကြီးမဟုတ်။ “လ”နှင့်“မင်း”
ဟူသော အက္ခရာများမှာလည်း အဖြူပေါ်ထင်နေသော မျဉ်းကွေး မျဉ်းကောက်နှင့်
အစက်အပြောက်များသာ ဖြစ်သည်။ ကောင်းကင်က လမင်းကြီး မဟုတ်။ သို့ရာတွင်
မြန်မာတစ်ယောက်အတွက် သူတို့က ကောင်းကင်က လမင်းကြီးကို ကိုယ်စား
ပြုထားသည်။

“စစ်လမ်းမြေတာ၊ ချီလေရာတွင်” နတ်သျှင်နောင် မြင်ယောင်နေသော အာရုံမှာ
“ရွှေပြည်တောင်ငူ၊ နန်းမြင့်သူ” မဟုတ်။ ရှေးက မြင်ခဲ့ဖူးသော အတိတ်ဓမ္မာရုံသာ
ဖြစ်သည်။ သြော် … ခုချိန်တော့ ခမျာ မည်သို့ ရှိနေရှာမည်ဟု စိတ်ကူးနှင့် ကြံတွေး
၍ ပေါ်လာသော သဏ္ဌာန်က ရှိကဲ့သည်လည်းမဟုတ်၊ ရှိနေသည်လည်း မဟုတ်သော
ကြောင့် အနာဂါတ် ဓမ္မာရုံ။ နှစ်ခုလုံးသည် ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော ဓါတ်
လေးပါးဖြင့် ပစ္စုပ္ပန်မှာ “ဘွားဘွားကြီး” ပေါ်နေကြသည် မဟုတ်။ ဤသို့ ဓါတ်လေးပါး
နှင့် ရှိနေသော ဓါတုကလျာမှ အခြားတပါး ဖြစ်သော အရာတွေ …။ ဆင်းဘိုးလ် …။

အဘိဓမ္မာစကားနှင့် ဆိုရလျှင် သညာတွေ။ သညာမှာက ပရမတ်အသား တစ်ပြားဖိုး
မျှ မပါ။ ပညတ်သက်သက်တွေ။ ပညတ်ဆိုသည်က အများက သမုတ်ထားသော
အရာတွေ။

ခမ်းနားစွ။ ဆန်းပြားစွ။ ကြီးမားစွ။ လှလည်း လှပေစွ …။
ဂုဏ်မြောက်သော ရှေးမြန်မာကဗျာတိုင်း၌ အာရုံပုံရိပ်တွေကို ထင်ထင်ရှားရှား
မိမိရရ တွေ့ရသည်။

သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့် ရေပွက် … (အနန္တသူရိယ)။
ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ …. (ရှင်မဟာရဋ္ဌသာရ)။
နှစ်ဆူလ၀န်း၊ ဥဒည်စွန်းက၊ ပေါ်ထွန်းသောယောင်၊ ရွှေနန်းချောင်ဝယ်၊ အရောင်
ပေါင်းစု၊ စောမုဒု၏၊ ဖွံ့နုပျို့ပျို့၊ ရွှေရင်စို့ …. (တွင်းသင်းမင်းကြီး)။
စိမ်းပြာညိုမြ၊ ခြယ်စုံလှသို့၊ ညွန့်ပမမြန်း၊ ထွေထွေစွန်းသား၊ ရေပန်းမြစ်ဆိပ်၊
ပွင့်မျောရိပ်မှ … (နတ်သျှင်နောင်)။
တိုင်းရက်သည့် ကက်ပလာ၊ မိုးရွာသည်နှင့် အဆင်သင့်၊ အလိုက်ခွင့် ဆီဆိုင်၊
အတိုင်အလှဲ့၊ ဂျင်ပဲ့ချင်း ပေါက်ကြစို့၊ နောက်မဆုတ်တမ်း …. (ဦးပုည)။

ဤနမူနာများ အားလုံးသည် နားလည်ရုံ သာမန် အဓိပ္ပါယ်တွေကို ပေးသည်သာမက
ရူပါရုံပမာ ပသာဒ အာရုံရိပ်တွေကို ဖန်ဆင်းပြသည်။

အချို့အာရုံရိပ်တွေက အာရုံရိပ်အဖြစ်နှင့်သာ ရပ်မနေဘဲ နိမိတ်ပုံတွေ ဖြစ်ဖြစ်
သွားသည်။
“စိန်ဗိတာန် ပုံသစ်မတဲ့ …. ရွှေရစ်ဆင်း” ဟူသော စကားတွေက ကျွန်တော့်ကို
နိမိတ်ပုံ ပေးသည်။ ထို နိမိတ်ပုံ၏ လှုံ့ဆော်မှုကြောင့် ရင်ခုန်ပွင့် မဂ္ဂဇင်း၌
“စိန်ဗိတာန် ပုံသစ်မတဲ့ … ရွှေရစ်ဆင်း” ဟူသော အမည်နှင့်ပင် ကျွန်တော် မဂ္ဂဇင်း
ဝတ္ထုရှည် တစ်ပိုဒ် ရေးမိခဲ့သည်။ ကျွန်တော့်ဝတ္ထုမှ စိန်ဗိတာန်ကား မိုးကောင်းကင်
မည်ကာ မဟုတ်တော့။ ကျွန်တော်မြင်မိသော ဒဿန တစ်ရပ်(၀ါ) ဓမ္မတာတစ်ခု၏
နိမိတ္တသဘော ဖြစ်ခဲ့၏။

(ဆက်ရန် …။)

(မှတ်ချက်။ ။ ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်
ပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦး
ကဖြစ်စေ၊ စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက်
အီမေးလ် လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင်
ယခုတင်ပြပါ ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။
…. စစ်ငြိမ်းဒီရေ ။)

Sep 6, 2009

ရုပ်ရှင်များ (၁)

တင်ပြသူ- စစ်ငြိမ်းဒီရေ

(၁)


ဟစ်တလာကို ဆန့်ကျင်ခဲ့တဲ့ နှင်းဆီဖြူ လှုပ်ရှားမှု ရုပ်ရှင်ဇာတ်လမ်း
Sophie Scholl ကို youtube ရဲ့ ….
ဒီနေရာမှာ ကြည့်ရှုလို့ ရပါတယ်။

(၂)


အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီအကြောင်း ရုပ်ရှင်ဇာတ်လမ်းကို
youtube ရဲ့ …..
ဒီနေရာမှာ ကြည့်ရှုလို့ ရပါတယ်။

(ဤမျှသာ။)

Sep 4, 2009

လှိုင်နယ်မြေသို့ လွမ်းဆွတ်ခြင်း



ရေးသူ- စစ်ငြိမ်းဒီရေ

ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲ ကျင်းပခဲ့သည့် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလအတွင်း
ကျနော်တို့ လှိုင်နယ်မြေ သချာင်္အဓိက ကျောင်းသားကျောင်းသူများသည်
ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးခရီး နှစ်ကြိမ် ထွက်ခဲ့ကြဖူးသည်။ ပထမ ခရီးမှာ
လှိုင်နယ်မြေ စီးပွားရေးတက္ကသိုလ် ဦးဆောင်သော ခရီးဖြစ်ပြီး၊ ဒုတိယ ခရီးမှာ
လှိုင်နယ်မြေ ကြက်ခြေနီအသင်း ရုံးခန်းကို သိမ်းပိုက်ထားသော ကိုကျော်နိုင်
(လှိုင်နယ်မြေ ကြက်ခြေနီအသင်း ခေါင်းဆောင်)၊ ဘိုကြီး (ဘိုမြင့်မိုရ်စိုး)၊
ဇော်လင်းဒွေး (နေရာတကာ ပါဝင်လေ့ရှိသော- ပါချုပ်) တို့ ဦးဆောင်သော
ခရီးဖြစ်ပါသည်။

၁၉၉၅ ခုနှစ်တွင် လှိုင်နယ်မြေ၊ သချာင်္အဓိက ကျောင်းသား ကျောင်းသူများ
အတွင်း အထင်ရှားဆုံး ဟု ဆိုနိုင်သော ကိစ္စ သုံးခု ပေါ်ပေါက်ခဲ့ဖူးပါသည်။
ယင်းတို့မှာ အင်းလေးဆောင် ဖဲဝိုင်း ရှုံးနိမ့်မှု၊ စိန်ရတု ရန်ပုံငွေ ရှာပွဲ ၀က်သား
တုတ်ထိုးဆိုင်၏ ငွေကြေး အငြင်းပွားမှုနှင့် ကျိုက်ထီးရိုး ဘုရားဖူးသွားရင်း မင်္ဂဆောင်
တစ်ခုတွင် ၀င်စားမှုတို့ ဖြစ်ပါသည်။ ၀က်သားတုတ်ထိုးဆိုင် ငွေကြေးအငြင်းပွားမှု
တွင် သချာင်္အဓိက ကျောင်းသူများသည် ၀ယ်စားမည့်သူ မလာခင် ကိုယ့်ဘာသာ
ကိုယ် ဈေးဦးဖောက်ရာမှ ရယ်မောစရာ ဖြစ်ခဲ့သည့် ကိစ္စတစ်ခု ဖြစ်ပါသည်။


(၁၉၉၆- ခုနှစ် နှစ်လယ်ပိုင်း အထက်မြန်မာပြည်ခရီးစဉ် မန္တလေးတက္ကသိုလ်
ရှေ့တွင် သချာင်္အုပ်စု အမှတ်တရ ရိုက်ထားသေားပုံ။)

အင်းလေးဆောင် ဖဲဝိုင်း ရှုံးနိမ့်မှုတွင် ကျနော်တို့ သချာင်္အဓိက ကျောင်းသား
များသည် Y.I.T ကျောင်းသားများနှင့် ဖဲရိုက်ကြရာ ပါလာသည့် ပိုက်ဆံ အကုန်
ကုန်သွား၍ စီးလာသည့် ဖိနပ်များကိုပါ အပေါင်အဖြစ်ထားပြီး ဖဲရိုက် ခဲ့ကြပါသည်။
နောက်တနေ့ မနက် ကျောင်းစတက်ချိန်တွင် လှိုင်ကျောင်း အပေါက်ဝရှိ ကင်းတဲ၌
ဖိနပ်မပါသော သချာင်္အဓိက ကျောင်းသား တစ်အုပ်စုသည် ကျောင်းသို့လာသော
သချာင်္အဓိက ကျောင်းသူများထံမှ ကျောင်းအပ်ရာတွင် အသုံးပြုသော ကျောင်းလက်ခံ
ငွေပြေစာ စာရွက်များကို လိုက်တောင်းခဲ့ကြပါသည်။ ထိုစာရွက်များကို အသုံးပြု၍
ကျောင်းသုံး ဗလာစာအုပ်နှင့် ခွေးတံဆိပ်ခဲတံများကို အစိုးရ ပေါက်ဈေးဖြင့် ၀ယ်ယူ
နိုင်ပါသည်။ ထိုခေတ်က ကျောင်းသား ကျောင်းသူများသည် ကျောင်းမှ ပေးသော
အစိုးရ ဗလာစာအုပ်များကို သုံးစွဲသူ နည်းပါးကြပါသည်။ Mr. Stone ဆိုင်တွင် ရောင်း
သည့် စာအုပ်များကိုသာ ၀ယ်ယူ သုံးစွဲလေ့ရှိပါသည်။ ထိုပြေစာ စာရွက်များဖြင့်
စာအုပ်နှင့်ခွေးတံဆိပ်ခဲတံများကို ထုတ်ယူပြီး ကမာရွတ်ဈေးရှိ ဈေးဆိုင်များတွင်
ပြန်သွင်းခဲ့ပြီးမှ အပေါင်ခံထားခဲ့သည့် ဖိနပ်များကို ပြန်ရွေးနိုင်ခဲ့ပါသည်။ နောက်ဆုံး
တွင် ဌါနမှူးရုံးခန်းမှ သိရှိသွားပြီး “ဖိနပ်မပါ ဒို့သချာင်္” ဟု လှိုင်ကျောင်းထဲတွင်
ရာဇ၀င် တွင်ခဲ့ ဖူးပါသည်။
(ဖဲဝိုင်းတွင် ပါဝင်ခဲ့သော သချာင်္ကျောင်းသားများ၏ အမည်များကို မရေးတော့ပါ။)

မင်္ဂဆောင်တွင် အားပေးမှု ….
ကျနော်တို့ လှိုင်နယ်မြေ သချာင်္အဓိက ကျောင်းသား ကျောင်းသူများ၏ ဘုရားဖူး
ကား စတင် ထွက်ခွာချိန်၌ ကား၏ အလယ်ပေါက် လူ အတက်အဆင်း လုပ်သော
နေရာတွင် ပုဆိုးခင်း၍ “ကိုးမီး” ဖဲဝိုင်းအဖြစ် အပျော်သဘော လုပ်ခဲ့ကြပါသည်။
ဖဲဝိုင်း စတင်ချိန်တွင် ကျောင်းသားများသာ ဖဲရိုက်ကြပြီး ဆူညံ၍ ပွက်လောရိုက်
နေပါသည်။ ထို့ကြောင့် အိပ်ချင်နေသော ကျောင်းသူများလည်း ကားပေါ်တွင် အိပ်မရ
သောကြောင့် ဖဲဝိုင်းထဲသို့ အပျော်သဘော ပါဝင် လာခဲ့ကြသည်။ တဖြေးဖြေးနဲ့
ဘုရားဖူးကားသည် ပဲခူးမြို့အလွန် သိမ်ဇရပ်မြို့နယ် မရောက်တရောက်၌ ဖဲဝိုင်း
အတွင်းရှိ ပိုက်ဆံအားလုံးသည် ကျောင်းသူများလက်ထဲသို့ ရောက်ရှိသွားပါတော့
သည်။ ကားသည် သိမ်ဇရပ်မြို့နယ်ရှိ ထမင်းကြော်နဲ့ လက်ဖက်ရည်ဆိုင် တစ်ခုရှေ့
တွင် မနက်စာ စားသုံးရန် ရပ်ပေးပါသည်။ ကျောင်းသူများသည် ကားပေါ်မှ အလျှို အလျှို
ဆင်းသွားကြသည်။ ကျောင်းသားများကို “ဒင်းတို့ကို lesson ပေးရမယ်” ဟူသော
မျက်လုံးများဖြင့် ကြည့်၍ ဆင်းသွား ကြပါသည်။

ကားရပ်သော နေရာ၏ ကားလမ်းတစ်ဖက် မျက်စောင်းထိုး နေရာတစ်ခုတွင်
မနက်စောစော မင်္ဂလာဆောင်ပွဲ တစ်ခု ကျင်းပနေပါသည်။ နယ်မြို့တစ်ခု၏
မင်္ဂဆောင်ဖြစ်ပြီး မင်္ဂလာပွဲ လာသူများသည် လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်
ထားသော ဘုရားဖူးကားပေါ်မှ လူငယ် ကျောင်းသားများကို ငေးကြည့်နေကြ
ပါသည်။ ကားရှေ့တွင်လည်း “ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကျောင်း
သား/သူများ လေ့လာရေးအဖွဲ့” ဟူသော စာတန်းကြီးကိုလည်း မြင်နေရသည်။

ကျောင်းသား တစ်ဦးဖြစ်သော မောင်…… က သူ့ သူငယ်ချင်းအား လှမ်း၍
အဖော်ညှိပါသည် ….
“ဟေ့ကောင်၊ ငါ့ဆီမှာ ပိုက်ဆံ ငါးဆယ် ကျန်သေးတယ်၊ အဲဒါကို မင်္ဂဆောင်
မှာ လက်ဖွဲ့ပြီး ၀င် ၀ါးမလား”
သူငယ်ချင်း ဖြစ်သူကလဲ …
“ကောင်းတာပေါ့၊ ကျန်တဲ့သူတွေ လိုက်မလား”

ဤသို့ဖြင့် ကားပေါ်ရှိ ကျောင်းသား အတော်များများ မင်္ဂဆောင် မဏ္ဍာပ်ထဲသို့
ရောက် သွားကြပါသည်။ သတို့သားနှင့် သတို့သမီးတို့ကလည်း သူတို့မသိခဲ့ဖူး
သော ကျောင်းသားများအပေါ် ဖော်ရွှေစွာဖြင့် လက်ခံ ကျွေးမွေးပါသည်။

သို့သော် ကုသိုလ်ကံ က မကောင်းခဲ့ ရှာပါ …
နောက်ထပ် ဆယ်မိနစ်ခန့်အကြာတွင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှ
ရုက္ခဗေဒ အဓိက ကျောင်းသား ကျောင်းသူများ၏ ကျိုက်ထီးရိုး ဘုရားဖူးယာဉ်
သည် သိမ်ဇရပ်မြို့နယ်သို့ ရောက်ရှိလာခဲ့ပါသည်။ မင်္ဂဆောင်တွင် အားရပါးရ
စားသောက်နေသော သချာင်္ ကျောင်းသားများကို မြင်လိုက်ရသော အခါ ….။

ဘုရားဖူးကားသည် သာမညဆရာတော်ကြီး သီတင်းသုံးရာ သာမညတောင်ဆီ
ဦးတည်၍ တရိပ်ရိပ် သွားနေပါသည်။ ကားပေါ်တွင် ကျောင်းသားများနှင့် ကျောင်း
သူများ တစ်ဖက်နှင့် တစ်ဖက် ဘုကြည့် ကြည့်နေကြပါသည်။ အချိန်အတော်ကြာ
အောင် စကားမပြောနိုင်ဘဲ နောက်ဆုံးတွင် “၀ါး” ခနဲ ရယ်သံများ ထွက်ပေါ်
လာ ပါတော့သည်။

(ဤမျှသာ။)

Sep 2, 2009

တက္ကသိုလ် ကျောင်းသူတချို့ သနပ်ခါး သွေးသောအခါ???



ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၅ ခုနှစ် နှစ်လယ်လောက်က ကျနော်တို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ
မှ သချာင်္အဓိက ကျောင်းသားကျောင်းသူများသည် ပုဂံသို့ ဘုရားဖူးရက်ရှည် ခရီး
ထွက်ခဲ့ကြဖူးသည်။ ကားပေါ်တွင် သမီးရည်စား စုံတွဲများ ရှိသကဲ့သို့ ဘုရားဖူးရင်း
လိပ်ဥ တူးမည် (ရည်စား ရအောင်ရှာမည်) ဟု ကြွေးကျော်ကြသော ကျောင်းသား
များလည်း ရှိကြ ပါသည်။

ကိုယ်နှစ်သက်သော ကျောင်းသူ၏နံဘေးတွင် တရစ်ဝဲ၀ဲ လုပ်ကြသည်မှာ လူငယ်
ကျောင်းသားတို့၏ ချစ်စဖွယ် သဘောသဘာဝ တခုပင် ဖြစ်ပါသည်။ ကျနော့် သူငယ်
ချင်း တဦးသည် ပျော်စရာ ရယ်စရာများ အလွန်ပြောတတ်လေ့ ရှိသည်။ သူသည်
လှိုင်ကျောင်းနံဘေး ဘုရားဖူးမော်တော်ကား စထွက်သည့်အချိန်မှ စ၍ ပုဂံတွင်
ကျနော်တို့ သချာင်္အုပ်စု တည်းခိုရာ ဗူးဘုရားနံဘေးရှိ ဘုန်းတော်ကြီးကျောင်းအထိ
သူကြိုက်သော ကျောင်းသူလေး နံဘေးတွင် တရစ်ဝဲ၀ဲ လုပ်နေတော့သည်။ ဘုရားဖူး
ကားပေါ်တွင် နာရီပေါင်းများစွာ အတူစီးနင်းလိုက်ပါခဲ့သော ကျောင်းသားကျောင်းသူများ
သည် အချိန်တိုအတွင်း ရင်းနှီးမှုများစွာ ရှိခဲ့ကြသည်။ ကားစတင် ထွက်ခွာချိန်၌
ရွှင်လန်းတက်ကြွခဲ့သော ကျနော့်သူငယ်ချင်းသည် တစ်ရက်သာသာ ကြာသော
အချိန်၌ မျက်နှာ မသာမယာ ဖြစ်လာခဲ့သည်။ သူကြိုက်သော ကျောင်းသူလေး
သည် ခရီးစဉ်အတွင်း အခြားရင်းနှီးသော ကျောင်းသားများနှင့် ပြောဆိုနေပုံကို
ကြည့်ပြီး ကျနော့် သူငယ်ချင်း၏ သ၀န်တိုနေပုံမှာ ပို၍ ပို၍ ဆိုးဝါးလာပါသည်။

ဗူးဘုရားရင်ပြင်ပေါ် နေ၀င်ဆည်းဆာ ညနေခင်းတခု၌ သူက
“တက္ကသိုလ်ကျောင်းသူတွေ သနပ်ခါးသွေးတဲ့ အခါ ကျောက်ပြင်က ထွက်လာတဲ့
အသံတွေအကြောင်း မင်းတို့ သိလားကွ”
ကျနော်တို့က
“ထူးထူးဆန်းဆန်းကွာ၊ ပြောပါအုံး”
ထိုအခါ သူက …

ဒီလိုကွ၊ ဒီလို ဒီလို …
ပထမနှစ် ကျောင်းသူတချို့ သနပ်ခါးလိမ်းဖို့ သနပ်ခါးတုံးကို ကျောက်ပြင်
ပေါ် သွေးတဲ့အခါ ထွက်လာတဲ့ အသံက အမ်စီ (MC) … အာအိုင်တီ (RIT)
ဒုတိယနှစ်လည်း ရောက်ရော အဲဒီ ကျောင်းသူတွေ သနပ်ခါးသွေးတော့ ထွက်လာ
တဲ့ အသံက အင်စတီကျူ့(Institute) … အင်စတီကျူ့ (Institute)
ဒီလိုနဲ့ အဲဒီကျောင်းသူတွေ တတိယနှစ်လည်း ရောက်ရော သနပ်ခါးသွေးကြတော့
ထွက်လာတဲ့ အသံက မေဂျာတူ … မေဂျာတူ
စတုတ္ထနှစ်လည်း ရောက်ရော သူတို့ သနပ်ခါး သိပ်မသွေးကြတော့ဘူး ကျောင်းပြီး
ဖို့ကလည်း နီးပြီး ချစ်သူရည်စားလည်း မရသေးဘူးဆိုတော့ ဗျာများ နေကြ
တာပေါ့။ သို့ပေမဲ့ စာမေးပွဲကြီးလည်း နီး ပြန်တော့ သူတို့ သနပ်ခါး သွေးဖြစ်
ကြတယ်။ အဲဒီတော့ ထွက်လာတဲ့ အသံက ….
ရတာ ယူပြီး ပြန်မယ် … ရတာ ယူပြီး ပြန်မယ် ….. ။



တက္ကသိုလ် ကျောင်းသူတိုင်းတော့ အဲလို မဟုတ်ပါဟု ယုံကြည်ပါသည်။
ယနေ့ ခေတ်မှာရော
တက္ကသိုလ်ကျောင်းသူလေးများသည် သနပ်ခါးကို ကျောက်ပြင်ပေါ်၌ သွေးကြပါသလား …
အကယ်၍ သနပ်ခါးသွေးမည် ဆိုပါက မည်သို့သော သံစဉ်များ ထွက်ပေါ်လာမည်ဟု
သင် ထင်ပါသနည်း ….

(ဤမျှသာ။)

Sep 1, 2009

မန္တလေးသူများ ဘာကြောင့် ကျွန်တော်လို့ ပြောဆိုကြတာလဲ?

ရတနာပုံ မန္တလေး နေပြည်တော်ကို တည်ထောင်ခဲ့သော မင်းတုန်းမင်းကြီး
သည် သမိုင်းမှတ်တမ်းများအရ အလွန်*** ခံစားမှုအားကြီးသည်ဟု
လူတိုင်း ကြားဖူးကြမည်ထင်သည်။

ထို့ကြောင့် နန်းဆောင် အသီးသီးမှ ကိုယ်လုပ်တော် အသီးသီးတို့သည်
မင်းတုန်းမင်း စံနေသော နန်းဆောင်ရှေ့ကို ဖြတ်လျှောက်ကြသောအခါ
မင်းတုန်းမင်းက " ဟေ့ ဘယ်သူလဲ " ဟု မေးလေ့ရှိသည်။
ထိုသို့မေးသောအခါ ကိုယ်လုပ် မောင်းမအချို့တို့သည် "ကျွန်မ ပါ" ဟု
ပြန်ဖြေကြလေသည်။

ထိုအခါ မင်းတုန်းမင်းကြီးက "လာခဲ့စမ်း သည်ကို" ဟု ခေါ်လေတော့သည်။
ကြာလာသည်နှင့်အမျှ ကိုယ်လုပ်မောင်းမတို့ကလည်း အထာနပ်လာသဖြင့်
မင်းကြီးအဆောင်ရှေ့ကို ဖြတ်လျှောက်မိသောအခါ မင်းတုန်းမင်း မေးသောအမေး
ကို "ကျွန်တော်ပါ"ဟုသာ ပြန်ဖြေကြလေတော့သည်။

၎င်းနန်းတွင်းမှ သည်မြို့နေ ပြည်သူများ ဖြစ်ကြသောအရပ်သူများထံသို့
ကူးစက်၍ မန္တလေးမြို့နေသူ မန်းပျိုဖြူများကလည်း "ကျွန်တော်" ဟုသာ
ပြောဆို သုံးနှုန်း လာကြလေတော့သည်။

ကျွန်တော် ဟု မန်းပျိုဖြူတို့သုံးနှုန်း ပြောဆိုထားခြင်းသည် မင်းတုန်းမင်း
ရန်ကို ကြောက်လန့်ကြ၍ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယခုခေတ်တွင်
မင်းတုန်းမင်း မရှိသော်လည်း မန်းပျိုဖြူတို့ ကြောက်စိတ်မပြယ်သေးခြင်းမှာ
နေပြည်တော် ဟူသော် အရပ်ဒေသ ရှိနေခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် "ကျွန်တော်" ဟူသော အသုံးကို မြိုင်မြိုင်ဆိုင်ဆိုင် သုံးနှုန်း
နေကြခြင်းသာ ဖြစ်ပါသည်။



(အင်တာနက် အီမေးလ်မှ လက်ခံရရှိသော စာကို ပြန်လည်ပြင်ဆင် တင်ပြခြင်း။)

(ဤမျှသာ။)