Sep 27, 2009

ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာခြင်း ပုံတူ ကလုန်း(CLONE)များ မျိုးပွားဖန်တီးမည်

ရေးသူ- စစ်ငြိမ်းဒီရေ

နေပြည်တော်မှ လာသည့် အထူးသတင်းများ အဆိုအရ န.အ.ဖ အစိုးရ၏
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့သည် လာမည့် နှစ်အနည်း
ငယ်အတွင်း အဆင့်မြင့် ဖန်ပြွန်သန္ဓေသား စမ်းသပ်မှုများဖြင့် ပုံတူ ကလုန်း(clone) များ
ဖန်တီးနိုင်တော့မည်ဟု သိရှိရပါသည်။ န.အ.ဖ အစိုးရ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
ဝန်ကြီး ဦးသောင်း၏ ဦးဆောင်မှုဖြင့် ရုရှားပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်
မြောက်ကိုရီးယားနိုင်ငံများသို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းသားများအပြင်
ယခုအခါ ဆေးသိပ္ပံဆိုင်ရာ အဆင့်မြင့် သင်တန်းသားများကိုလည်း ပညာတော်သင်
အဖြစ် စေလွှတ်လျှက်ရှိပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးတာဝန်ပေးချက်အရ သိပ္ပံနှင့်နည်းပညာ ၀န်ကြီး
ဌာန ၀န်ကြီး ဦးသောင်းနှင့် ကျန်းမာရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့် တို့
၏ ဦးဆောင်မှုဖြင့် လွန်ခဲ့သော (၂၀၀၈)ခုနှစ်မှစ၍ အဆင့်မြင့် ဆေးသိပ္ပံ လျှို့ဝှက်ဌာန
တစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ ယင်းဌာန ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ
မြန်မာနိုင်ငံတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားအားလုံးအား ဖျက်သိမ်းပြီး
ဘာသာတရားကင်းမဲ့သော နိုင်ငံတော်အဖြစ် ထူထောင်ရန် ဖြစ်ပါသည်။ ယင်းဌာနသည်
ပထမခြေလှမ်း အနေဖြင့် လာမည့် (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲ ပြီးဆုံးချိန်၌ န.အ.ဖ
ရုံးစိုက်ရာ နေပြည်တော်၌ လူတပိုင်း ခွေတပိုင်း ပုံတူ ကလုန်း(clone) များကို
အဆင့်မြင့် ဆေးသိပ္ပံဆိုင်ရာ နည်းပညာဖြင့် ဖန်တီးမျိုးပွားမည်ဟု သိရပါသည်။ ဌာန၏
စမ်းသပ်ခန်း ဖန်ပြွန်များ၌ ဖခင်၏ သုတ်ကောင် (sperm) နှင့် မိခင်၏ သုတ်ကောင်
(sperm) တို့ကို ဖန်ပြွန် တစ်ခုအတွင်းတွင် သန္ဓေသား ပြုလုပ်မည်ဟု သိရပါသည်။
ယင်းသို့ ပြုလုပ်ရာတွင် လူ-ဖခင်၏ သုတ်ကောင် (sperm) နှင့် ခွေး-မိခင်၏ သုတ်ကောင်
(sperm) တို့ကို ယူ၍ လူတပိုင်း ခွေးတပိုင်း ပုံတူ ကလုန်း(clone) များ ပြုလုပ်ဖန်တီး
မျိုးပွားသွားမည်ဟု သိရပါသည်။

န.အ.ဖ အစိုးရသည် ယင်းသို့ ပြုလုပ်နိုင်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအလယ်တွင်
ခေတ်မှီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်သူဟု ၀ံ့ကြွားရန်နှင့်
ကမ္ဘာပေါ်ရှိ ဘာသာတရား အားလုံးကို အယုံအကြည်မရှိ အဆိုအား ကုလသမဂ္ဂ
ဆိုင်ရာ နိုင်ငံတကာညီလာခံတွင် အဆိုတင်သွင်းရန် အထိ ရည်ရွယ်ထားပါသည်။

ယင်းစီမံကိန်းသည် ယခုအခါ အတော်အတန် အောင်မြင်မှုများ ရရှိနေသည့်အတွက်
ဝမ်းသာအရ ဖြစ်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပထမဦးဆုံး ဖန်တီးမျိုးပွား
မည့် ဖန်ပြွန်သန္ဓေသား ပုံတူ ကလုန်း(clone)၊ လူတပိုင်း ခွေတပိုင်း အတွက် သူ၏
သုတ်ကောင်(sperm) ကို ခွေးမ-မိခင် နှင့် ရောယှက်ရန် အဆင့်မြင့် ဆေးသိပ္ပံဆိုင်ရာ
လျှို့ဝှက်ဌာနသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရပါသည်။

(ဓါတ်ပုံသည် အနည်းငယ် ရွံရှာစရာကောင်းသည့်အတွက် ဤနေရာတွင်
ကြည့်ရူပါ။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိတ်ဆွေအရင်းအချာဖြစ်သူ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး
အသင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ၀န်ကြီးဦးအောင်သောင်းသည် မိမိနှင့် မျက်နှာ
ပုံတူ ကလုန်း(clone)ကို ဖန်တီးမျိုးပွားနိုင်ရန် အတွက် မြန်မာနိုင်ငံအရပ်ရပ်တွင် ရုပ်အဆင်း
လှပသော ခွေးမတစ်ကောင်ကို အသည်းအသန် ရှာဖွေနေသည်ဟု နေပြည်တော်မှ
လာသော ထိပ်တန်းလျှို့ဝှက် သတင်းများအရ သိရပါသည်။

(ဓါတ်ပုံကို မြန်မာ့သတင်း ဆက်သွယ်ရေးနှင့် နည်းပညာအဖွဲ့၏ စာမျက်နှာမှ
ကူးယူ ဖော်ပြပါသည်။)

(ဤမျှသာ)

7 comments:

ကလူသစ် said...

အဘတွေကို နောက်လား ပြောင်လားနဲ့နော် ဟွန်း

ma said...

တစ်ယောက်တည်းနဲ့ တောင်မြန်မာပြည်ပျောက်တော့ မှာ။ တကယ်သာဆိုရင် မတွေးဝံ့စရာပဲ

ma said...

တစ်ယောက်တည်းနဲ့ တောင်မြန်မာပြည်ပျောက်တော့ မှာ။ တကယ်သာဆိုရင် မတွေးဝံ့စရာပဲ

မေဓာဝီ said...

မနက်စာစားရင်း အဲဒီပုံကြီး ကြည့်လိုက်မိတာ
အစားအသောက်တောင် ပျက်တယ် ကိုအောင်ရေ .. :D

kiki said...

ဟားဟားဟား ...
ခွေးတွေတောင် သိက္ခာကျလို့  အစပ်မခံဘူးတဲ့ ..
ဘီလို လုပ်ကြမလည်း ....

သူတို့ မျိုးတူချင်းပဲ ပြန်စပ်ကြပါစေတော့ ...
ပြီးမှ မျိုးမစစ်လေးတွေ နဲ့ မျိုးမမှန်တာတွေ ထပ်စပ်ကြည့်ကြဖို့ ပဲ ကောင်းတယ် ...

ဒူကဘာ said...

ကိုအောင်ရေ နေပြည်တော်က ဘကြီး ခွေးဇါတ် ခင်းတာကို လာဖတ် သွားပါတယ်ဗျာ

ကိုအောင်(ပျူနိုင်ငံ) said...

ကိုလူသစ်၊ ma၊ မမေဓါဝီ၊ ကိကီ၊ ကိုဒူကဘာတို့ လာပြီး
အားပေးဖတ်ရူတာ ကျေးဇူးပါ။ မမေဓါဝီရေ ဓါတ်ပုံကို
ဆင်ဆာမလုပ်မိပဲ တင်လိုက်တာ ဆော်ရီးဗျာ။ အခုပုံစံ
တမျိုးနဲ့ ပြန်ဖျောက်ထားပါတယ်၊ ကျေးဇူးနော်။