Sep 30, 2009

ဆူနာမီ သတိပေးချက်



(ကိုမိုးသီးဇွန်ဘလော့မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

-ကျော်ကျော် -ဂျာကာတာ

အင်ဒိုနီရှားနိုင်ငံ စူမတ်ထရာကျွန်းအနောက်ပိုင်းရှိ မြို့တော် မှ ၃၃ မိုင်
ကွာဝေးသော လူဦးရေ ၈ သိန်းကျော်နေထိုင်ရာ Padang ဒေသမှာ
ရစ်ချက်တာ ၇.၆ ရှိတဲ့ ပြင်းထန်တဲ့ မြေငလျင် လှုပ်ခဲ့ကြောင်း အမေရိကန်
ဘူမိဗေဒဆိုင်ရာလေ့လာမှုပြုနေကြသော အဖွဲ့ က ကြေညာခဲ့ ပါတယ်။
လူပေါင်း ၁၃ ယောက် သေဆုံးပြီး၊ ရာနဲ့ချီ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့တယ်။
ရာနဲ့ချီတဲ့ အဆောက်အဦးတော်တော်များများ နှင့်လူနေအိမ်များလည်း
ပျက်စီးသွားခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ သတင်းဌာန က အတည်ပြု
ပြောကြားခဲ့ပါတယ်။ ဒီပြင်းထန်တဲ့မြေငလျင်ကြောင့် ဒာင်ဒိုနီးရှား၊ မလေးရှား၊
ထိုင်း နှင့် အိန္ဒိယ နိုင်ငံ ကမ်းရိုးတန်းတွေမှာ ဆူနာမီ လှိုင်းလုံးကြီးများ
ဖြစ်ပေါ်လာနိုင်တယ်လို့ ကမ္ဘာ့လေထု နှင့် သမုဒ္ဒရာ ပတ်ဝန်းကျင်ဆိုင်ရာ
အခြေအနေကို လေ့လာနေကြတဲ့ ပစ္စိဖိတ်ဆိုင်ရာ ဆူနာမီ သတိပေးရေးဌာနက
ထုတ်ပြန်သတိပေးထားပါတယ်။ တောင်ပစ္စိဖိတ် သမုဒ္ဒရာမှာ ရှိတဲ့ စမိုအင်း
( Samoan) ကျွန်းနိုင်ငံမှာလည်း မနေ့က ရစ်ချက်တာ ၈.၀ ရှိတဲ့ ပြင်းထန်တဲ့
မြေငလျင်လှုပ်ခဲ့မှုကြောင့် လူပေါင်း ၁၁၁ ယောက်ထက်မနည်းသေဆုံးပြီး၊
အိမ် နဲ့ အဆောက်အဦးများ ပျက်စီးမျော်ပါ သွားခဲ့ကြကြောင်း ရုပ်မြင်သံကြား
သတင်းများမှာ ပြသထုတ်လွှင့်သွားခဲ့ကြပါသည်။

ဆူနာမီ စတင်ဖြစ်ပေါ်လာခြင်း ဟာ ပြင်းထန်းတဲ့ ရေအောက်ကြမ်းပြင်
မြေငလျင်လှုပ်ခတ်ရာမှာ စတင်ဖြစ်ပေါ်လေ့ရှိကြပြီး ၊ ဘယ် မြေငလျင်က
စတင် ဖြစ်ပေါ်လာမလည်း ဆိုတာက ခန့်မှန်းရခက်ကြောင်း သတိပေးပြော
ကြားထားပါတယ်။ ဂျပန်နိုင်ငံမှာ လည်း ပြင်းအား နဲသော မြေငလျင်များ
ဆက်တိုက် လှုပ်ခတ်နေပြီး၊ ဘယ်တော့ ပြင်းအားကြီးတဲ့ မြေငလျင်
လှုပ်လာမလား ဆိုတာ ခန့်မှန်းရခက်နေကြောင်း ဂျပန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ
လေ့လာမှု ပြုနေကြသော ပညာရှင်များက ပြောဆိုနေကြတယ်။

No comments: