Nov 27, 2009

ရုပ်ရှင်များ (၇)

ရေးသူ- စစ်ငြိမ်းဒီရေ

(၁၇)

The Banner Meinhof Complex




ဂျူးလီယက်ဆီဇာ (Julius Caesar) ရုပ်ရှင် ဇာတ်လမ်းကို ၂၀၀၂ ခုနှစ်က
ရိုက်ကူးခဲ့သော ဂျာမန်လူမျိုး ဒါရိုက်တာ Uli Edel ရဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်
ပါတယ်။

၁၉၆၀ ခုနှစ်မှ ၁၉၇၀ ခုနှစ်ကြား ပေါ်ပေါက်ခဲ့သော အစွန်းရောက် ဂျာမန်
အမျိုးသားရေးဝါဒီ နာဇီလက်သစ် The Red Army Faction (RAF) အဖွဲ့ဝင်
လူငယ်များ၏ ဗုံးခွဲ၊ ဒမြတိုက်၊ ပြန်ပေးဆွဲ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်
တဲ့ ရူဒေါင့်ကနေ ရိုက်ကူးတင်ပြထားတဲ့ ရုပ်ရှင်ဇာတ်လမ်း တစ်ခုပါ။ သိုပေမဲ့
ဒီဇာတ်လမ်းဟာ ဂျာမဏီနိုင်ငံ အပါအ၀င် အခြားဥရောပတိုင်းပြည်တွေမှာ
နာဇီလက်သစ်ဝါဒ ဘယ်လိုပုံစံ ပြန်လည်ပြီး ခေါင်းထောင်လာမလား ဆိုတဲ့
မေးခွန်းတွေနဲ့ လောလောဆယ် ရင်ဆိုင်နေရတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုပါ။

ဒီရုပ်ရှင်ကို အင်တာနက်ပေါ်တွင် အခမဲ့ ကြည့်လို့ရပြီဖြစ်ကြောင်း သတင်း
ကောင်းပါးအပ် ပါတယ်။ ကြည့်မယ်ဆိုရင် အရင်ဆုံး ဒီလင့်ခ်ကို သွားပါ။
ပြီးတော့ #3 – youku ခေါင်းစဉ်အောက်က Full Movie ကို နှိပ်လိုက်ရင်
ရုပ်ရှင်ကြည့်လို့ရတဲ့ တရုတ်ဝက်ဆိုဒ် တစ်ခု ပေါ်လာပါ့မယ်။

အင်တာနက်ပေါ်က တရုတ်ပညာရှင် သူခိုးတွေရဲ့ ကျေးဇူးတရား
ကြီးမားလေစွ ... ကြီးမားလေစွ ... ။


(ဤမျှသာ။)

Nov 26, 2009

အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ (နောက်ဆုံးပိုင်း)

ရေးသူ- ဆရာ မြသန်းတင့်

ဒါကို ကျွန်တော် ပြန်ကြည့်တဲ့အခါမှာ ပထမဆုံး ရေးတာက ဦးသိန်းဖေမြင့်၊
ဦးဖိုးစိန်အကြောင်း ရေးတာ ကျွန်တော်တို့က စာရေးဆရာ ဖြစ်ကာစ၊
ကျောင်းက ထွက်လာကာစ၊ ဦးဖိုးစိန်ကြီးရဲ့ (၇၅) နှစ်မြောက်မွေးနေ့၊ သူ့ခြံထဲ
မှာ လုပ်တယ်၊ ကျွန်တော်က စာတမ်း ဖတ်တယ်၊ သိန်းဖေမြင့်က စကားပြော
တယ်။ အဲဒီနောက် သိန်းဖေမြင့်က ဦးဖိုးစိန်ရဲ့ အတ္ထုပ္ပတ္တိကို ရေးပါတယ်။

ဒါ ပထမဆုံး အနုပညာသည်ရဲ့ အတ္ထုပ္ပတ္တိပါ။ ဒုတိယကတော့ ဒေါ်အမာရေးတဲ့
“ဖိုးစိန်ကတုံး၊ အောင်ဗလ” နောက်တခါ ဒေါ်အမာရေးတဲ့ “ရွှေမန်းတင်မောင်”၊
“ပြည်သူချစ်သော အနုပညာသည်များ” သီချင်းရေး ဆရာတွေပါတယ်။ အဆို
တော်တွေ ပါတယ်။ မထွေးလေးလည်း ပါတယ်။ မြခြေကျင်း မငွေမြိုင် ပါတယ်။
မငြိမ်းပါတယ်။ မမြရင် ပါတယ်။ စသည်ဖြင့်ပေါ့၊ အဲဒါဟာတွေဟာ စစ်ပြီးခေတ်
မှာ ပေါ်လာတဲ့ နိုင်ငံရေးသမား မဟုတ်သော၊ စာရေးဆရာ မဟုတ်သော
အနုပညာသည်များရဲ့ အတ္ထုပ္ပတ္တိ၊ အဲဒီအတ္ထုပ္ပတ္တိတွေထဲမှာ အတ္ထုပ္ပတ္တိဆရာ
တွေဟာ ဘယ်လို ရေးခဲ့ကြသလဲဆိုတော့ ပညာရှင်တွေဆိုခဲ့တာ၊ အတ္ထုပ္ပတ္တိ
ရေးတဲ့လူဟာ ပထမအားဖြင့် ပုံတူရေးသူ ပန်းချီဆရာ ဖြစ်ရမယ်။ ပုံတူဆွဲတဲ့လူ
ဖြစ်ရမယ်။ ဒုတိယအားဖြင့် သမိုင်းဆရာရဲ့ အလုပ်ကို လုပ်ရမယ်။ ဒီနှစ်ခုကို
လုပ်ပြီးမှသာလျှင် Biography ရေးလို့ရတယ်။ ဒါမှ ကောင်းတဲ့ Biography
တစ်ခုထွက်လာမှာပါ။

ဇော်ဝင်းထွဋ်အကြောင်းကို ရေးပြီဆိုရင် ကိုယ့်ဇာတ်လိုက်၊ ဘယ်သူ့ကို မေးရ
မလဲ ဆိုရင် ဇာတ်လိုက်ကို မေးရမယ်။ ကိုယ့်ဇာတ်လမ်းမှာပါတဲ့ ဒုတိယ
ဇာတ်ကောင် အဖေ့ဆီက၊ အမေ့ဆီက၊ ဇနီးမယား ဆွေမျိုးညာတိတွေဆီက
ရမယ်၊ သူငယ်ချင်း အပေါင်းအသင်းတွေဆီက ရမယ်။ နောက် ဇာတ်လိုက်ရဲ့
ရန်သူတွေဆီကလည်း မေးရမယ်။ ဒီလိုမေးလို့ ရပြီးရင် ဘာလုပ်မလဲဆိုတော့
ဇော်ဝင်းထွဋ် ဖြတ်သန်းနေတဲ့ ခေတ်၊ ကိုယ့်ဇာတ်လိုက် ဖြတ်သန်းနေတဲ့
ခေတ်ကြီးရဲ့အကြောင်းကို ရေးထားတဲ့ သမိုင်း၊ သူဖြတ်သန်းနေတဲ့ ဂီတသမိုင်း၊
ဂီတခေတ်၊ ၀တ်စားဆင်ယင်မှုခေတ်၊ လူမှုရေးခေတ် ဒါတွေကို ကျွန်တော်တို့
လေ့လာရမယ်။ နောက် သူနဲ့တကွ သူနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ နေ့စဉ်မှတ်
တမ်းတွေ၊ ပေးစာတွေအထဲကလည်း အများကြီးယူလိမ့်မယ်။ အကယ်၍
သူဟာ စာရေးဆရာ ဖြစ်ခဲ့ရင် သို့မဟုတ် သူဟာ ဟောပြောသူ ဖြစ်ခဲ့ရင်
သူ ရေးခဲ့တဲ့ စာတွေ၊ သူ ပြောခဲ့တဲ့ စကားတွေ၊ သူ ရေးခဲ့တဲ့ သီချင်းတွေ၊
သူဆိုခဲ့တဲ့ သီချင်းတွေထဲကနေလည်း ရနိုင်တဲ့ အချက်အလက်တွေ ရှာ
ယူရမယ်။

ဥပမာ “မေတ္တာနုနု စေလိုသူ” သီချင်းထဲက ထားရဲ့ Biography ကို
ကျွန်တော်တို့ ဘယ်လောက်ရနိုင်သလဲဆိုတာ ဇော်ဝင်းထွဋ်ရဲ့ ဘယ်
သီချင်းထဲကနေ သူ့ရဲ့ Biography ကို ဘယ်လောက် ရနိုင်သလဲဆိုတာ၊
အဲဒီ အထဲကနေ ကျွန်တော်တို့ ရှာရလိမ့်မယ်။ ဒါ Biography ရေးပုံရေးနည်း
ပေါ့လေ။ Biography ဟာ (Explore every fields) သူ့ဇာတ်လိုက်နဲ့
ပက်သက်တဲ့ နယ်တိုင်းနယ်တိုင်းကို အကုန်စူးစမ်းရလိမ့်မယ်။ (Verity
every facts) သူ သိလာတဲ့ အချက်အလက်တိုင်းကို မှန်မမှန် စစ်ဆေး
ရမယ်။ Check and Cross check every document သူ့ရဲ့ မှတ်တမ်း
အထောက်အထားတိုင်းကို ပြန်စစ်ရမယ်။ ပြောင်းပြန်တခါ Cross check
လုပ်ရမယ်။ အဲဒီလို လုပ်မှသာလျှင် ကောင်းမွန်တဲ့ Biography တစ်ခုကို
ရနိုင်တယ်လို့ ပြင်သစ် အတ္ထုပ္ပတ္တိရေးဆရာ Andre Maurios ပြောခဲ့ဖူးတယ်။

အင်္ဂလိပ်မှာ သိပ်နာမည်ကြီးတဲ့ အတ္ထုပ္ပတ္တိရေးဆရာ Lyttan Strachey
ဝိတိုရိယ ဘုရင်မကြီးရဲ့ အကြောင်း အတ္ထုပ္ပတ္တိကို ရေးခဲ့တယ်။ သူ့ကို
Prince of Biographer လို့ ခေါ်တယ်။ အတ္ထုပ္ပတ္တိရေးဆရာတွေရဲ့ ဘုရင်၊
မင်းသား၊ သူက ဘာပြောသလဲဆိုတော့ ….
A mass of notes and document is no more a biography than
a mountain of eggs is an omelette.
သူ့မှာ အချက်အလက်တွေ ဘယ်လောက်များများ၊ ကျွန်တော်မှာ
ဇော်ဝင်းထွဋ်နဲ့ ပက်သက်တဲ့ အချက်တွေ ဘယ်လောက်ပဲရ ကြက်ဥတွေ
အများကြီးကို Omelette ဖြစ်အောင် မလုပ်တတ်ရင် Omelette ဖြစ်မလာဘဲ
ကြက်ဥအပုံကြီးပဲ ဖြစ်နေမှာဖြစ်သလို အချက်အလက်တွေကို ကျကျနန ဖွဲ့
စည်း၊ Organize မလုပ်တတ်ရင် အချက်အလက်ပဲ ဖြစ်နေမှာပဲ၊ ဒါကြောင့်မို့
အတ္ထုပ္ပတ္တိရေးတဲ့လူဟာ တပြိုင်နက်တည်းမှာ ပုံတူရေးတဲ့ လူလည်း ဖြစ်ရ
မယ်၊ သမိုင်းဆရာလည်း ဖြစ်ရမယ်လို့ သူက ပြောခဲ့တယ်။ ကျွန်တော်
နောက်ထပ် ငါးမိနစ်လောက် စာလေးတစ်စောင် ဖတ်ပြပါရစေ။

ကျွန်တော်ပြောချင်သေးတာ တစ်ခုက ဇော်ဝင်းထွဋ်ရဲ့ အတ္ထုပ္ပတ္တိထက်
ပိုပြီး အရေးတကြီးလိုနေတဲ့ အတ္ထုပ္ပတ္တိ၊ ဒါက ဘာလဲဆိုတော့ သူ့အဘိုး
“ရွှေတိုင်ညွှန့်ရဲ့ အတ္ထုပ္ပတ္တိ၊ ရွှေတိုင်ညွှန့် မရှိဘဲနဲ့ “ထား” မရှိနိုင်ဘူး၊
ထား မရှိဘဲနဲ့ “ဇော်ဝင်းထွဋ် ” မရှိနိုင်ဘူး။ ဒီလိုပဲ “သုံးရွေ့လယ်” မရှိဘဲနဲ့
“မေတ္တာနုနုစေလိုသူ” မရှိနိုင်ဘူး။ “မေတ္တာနုနုစေလိုသူ” မရှိဘဲ “မာကျူရီည”
မရှိနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ရွှေတိုင်ညွှန့်ရဲ့ အတ္ထုပ္ပတ္တိကို ရေးစေ
ချင်ပါတယ်။ အဲဒီခေတ်က နာမည်ကြီး တေးရေးဆရာ လေးယောက်ရှိ
ပါတယ်။ ရွှေတိုင်ညွှန့်၊ ရွှေပြည်အေး၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ ဆရာတင်၊
အင်မတန်တော်တဲ့ တေးရေးဆရာတွေပါ။ အသံ သိပ်မကောင်းတဲ့ အဆိုတော်
တွေကိုပါ အောင်မြင်အောင် ရေးပေးနိုင်ကြပါတယ်။

အင်္ဂလိပ်လို ပြောလေ့ရှိကြတယ်။ not the singer but the song
သီချင်းကြောင့် အဆိုတော် နာမည်ကြီးလာရတာ၊ နောက်တစ်မျိုးက
not the song but the singer အဆိုတော်ကြောင့် သီချင်း နာမည်ကြီး
လာရတာ။

ရွှေတိုင်ညွှန့်တို့၊ နန်းတော်ရှေ့တို့၊ မြို့မငြိမ်းတို့၊ ရွှေပြည်အေးတို့ ဆိုတဲ့
ပုဂ္ဂိုလ်တွေက သီချင်းရေး သိပ်ကောင်းတယ်။ သူတို့ သီချင်းတွေကို
ဆိုလိုက်ရင် အဆိုတော်တွေ နာမည်ကြီးတယ်။ အဆိုတော်တွေကို မွေး
ထုတ်ပေးနိုင်တဲ့ သီချင်းရေးဆရာမျိုးတွေပါ။

ရွှေတိုင်ညွှန့်တို့ နန်းတော်ရှေ့တို့ရဲ့ ဆက်ဆံရေးဟာလည်း အင်မတန်
စိတ်ဝင်စားစရာ၊ လွမ်းချင်စရာ ကောင်းတယ်။ တစ်ယောက်ရဲ့ tune ကို
တစ်ယောက်က ကြိုက်ရင် ယူစပ်လိုက်တာပဲ။ သူက ကိုယ့် tune ကို
ယူစပ်လိုက်လို့ တရားစွဲတယ်၊ သတင်းစာက ကြေညာတယ်ဆိုတာ မရှိဘူး။
ဥပမာ “ဟေ၀န်နန်း” ကို ရွှေတိုင်ညွှန့် ရေးတယ်။ မမြရင်ရဲ့ “ရွှေပြည်စိုး”
ကို နန်းတော်ရှေ့ ရေးတယ်။ ဘယ်သူက စောသလဲ မသိဘူး။ ဘယ်သူက
စောစော ဘာမှ မပြောကြဘူး။ ကြည့်ရတာကတော့ ၎င်းနဲ့ ခင်တဲ့ သူငယ်ချင်း
တွေ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပုံရတယ်။ သူတို့တတွေရဲ့ ဆက်ဆံရေးဟာ
ဘယ်လောက် ချစ်စရာကောင်းသလဲ၊ ဒီလိုပဲ tune တူတဲ့ သီချင်းတွေ
တော်တော်များများ ရှိတယ်။ တခြားလူတော့ မသိဘူး။ ကျွန်တော်ကတော့
သူတို့တတွေရဲ့ ဆက်ဆံရေးကို သိပ်သိချင်တာပဲ။ ကျွန်တော်တို့ ခေတ်
လူငယ်တွေ ဘယ်လောက် အတု ယူဖို့ ကောင်းသလဲ။

အေ၀မ်းခင်မောင် ကျွန်တော့်ကို ပြောဖူးတာ ရှိသေးတယ်။ တခါတုန်းက
ရွှေပြည်အေးက သူ့ကို သီချင်းတစ်ပုဒ် ချပေးသတဲ့။ သီချင်းက
“အတိတ်က တစ်နာရီ” ဆိုတဲ့ သီချင်းနဲ့ ကိုခင်မောင်က လိုက်တီးပြီး
“ဆရာ tune က နန်းတော်ရှေ့ရဲ့ မင်းခမ်းမင်းနားနဲ့ တူနေပါလား” လို့
ပြောတယ်။ ဒီတော့ ရွှေပြည်အေးက “ဟေ့ကောင် စကားမများနဲ့ တီးမှာ
သာတီး၊ မင်းခမ်းမင်းနားက အသံကို ကြိုက်လွန်းလို့ တစ်ပုဒ်လုံး ယူထား
တာကွ၊ ဒီလိုအသံမျိုး ငါ မရှာနိုင်သေးလို့” ပြောသတဲ့။

ရွှေပြည်အေးရဲ့ ရိုးသားဖြူစင်ပုံကို ဖော်ပြနေတဲ့ အဖြစ်အပျက်ကလေးပါ။
အေ၀မ်းကိုခင်မောင် ပြောပြဖူးလို့ ကျွန်တော် မှတ်ထားလိုက်ပါတယ်။
အဲဒီခေတ်က လူကြီးတွေရဲ့ ဆက်ဆံရေးကိုသိရင် ကျွန်တော်တို့ အတု
ယူနိုင်မှာပါ။ ဒါကြောင့် ရွှေတိုင်ညွှန့်ရဲ့ အတ္ထုပ္ပတ္တိကို ရေးစေချင်ပါတယ်။

ဂီတသမိုင်းမှာ ရှိနေတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမှ ဖျောက်ထား
လို့ မရပါဘူး။ ဒါကြောင့် ဇော်ဝင်းထွဋ် အဘိုး၊ ထားရဲ့ အဖေ “ဆရာ
ရွှေတိုင်ညွှန့်” အတ္ထုပ္ပတ္တိဟာ ဇော်ဝင်းထွဋ် အတ္ထုပ္ပတ္တိထက် လိုအပ်
ပါတယ်လို့ပြောရင်း ကျွန်တော်ရဲ့ “အတ္ထုပ္ပတ္တိ” ကို နိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။


(ရုပ်သံ မဂ္ဂဇင်း၊ မေလ- ၁၉၉၆)

Nov 24, 2009

အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ (၂)

ရေးသူ- ဆရာ မြသန်းတင့်

ရှေးတုန်းက ရှိခဲ့တဲ့ Hagiography ဆိုတဲ့ ဗုဒ္ဓ၀င်ရှိတယ်၊ မဟာဝင် ရှိတယ်၊
ဒီပ၀ံ ရှိတယ်။ သူတို့ဆီမှာ Old Testament ရှိတယ်၊ New Testament
ရှိတယ်။ နောက် သူတော်စင်တွေရဲ့ အတ္ထုပ္ပတ္တိ ရှိတယ် ဆိုပါစို့။ ကျွန်တော်တို့
ဆီမှာ ဗုဒ္ဓရဲ့ အတ္ထုပ္ပတ္တိ၊ ဗုဒ္ဓရဲ့ သာဝကတွေဖြစ်တဲ့ သံဃာတော်တွေရဲ့
အတ္ထုပ္ပတ္တိ၊ နောက် ဇီဝက အတ္ထုပ္ပတ္တိ၊ ဇီဝက ခင်ဗျားတို့ သိပါတယ်။ ရှေးဆရာ
သမားတော်ကြီး ဇီဝကရဲ့ အတ္ထုပ္ပတ္တိဟာ ဗုဒ္ဓ၀င်ထဲမှာ ပါတယ်။ အင်မတန်
စိတ်ဝင်စားစရာ ကောင်းတယ်။ ဇီဝကရဲ့ အမေက သာလ၀ဟီဆိုတဲ့
ပြည့်တန်ဆာမ၊ အဖေ မရှိဘူး။ ရှေးတုန်းက ဟိန္ဒူယဉ်ကျေးမှုမှာ ပြည့်တန်ဆာမ
ဆိုရင် ဘာလုပ်ရသလဲဆိုတော့ မိန်းကလေးမွေးရင် အရွယ်ရောက်အောင်
စောင့်ရှောက်ရတယ်။ သားမွေးရင် စွန့်ပစ်ရတယ်။ ပြည့်တန်ဆာမ ဆိုတာ
သားသမီး မထားရဘူး။

အဲဒီတော့ ဇီဝကကို မွေးပြီးပြီးချင်း အမှိုက်ပုံမှာ စွန့်ခဲ့ရတယ်။ စွန့်ပစ်ခဲ့ပြီးမှ
ဗိမ္မိသာရရဲ့သား အဘယ မင်းသားက နန်းတော်ကိုအသွား အမှိုက်ပုံမှာ
အနှီးတရုန်းရုန်းဖြစ်နေတာ ဘာလဲလို့ သွားကြည့်ခိုင်းတော့ “စွန့်ပစ်ထားတဲ့
ကလေး လေးပါဘုရား”၊ “ဟာ အသက်ရှိသေးလား”၊ “ရှိပါသေးတယ်ဘုရား”
ဒါကြောင့်မို့ ဇီဝတိ အသက်ရှိသေးတယ်ဆိုတဲ့သဘော၊ ဇီဝကဆိုတာ အမှိုက်
ပုံထဲက ရလာတဲ့ ကလေး၊ ပြည့်တန်ဆာမရဲ့ သား၊ အဖေ မပေါ်တဲ့ ကလေး
ဟာ အင်မတန် ကြီးကျယ်တဲ့ သမားတော်ကြီး ဖြစ်လာတယ်။ ကမ္ဘာမှာ ဗုဒ္ဓ၀င်၊
အိန္ဒိယသမိုင်းမှာတောင် အင်မတန် ကြီးကျယ်တဲ့ သမားတော်ကြီး ဖြစ်လာ
တယ်။

ဒီတော့ ဒီလိုဟာမျိုးတွေဟာ (Hagiography) ရှေးတုန်းကတည်းက ရှိတယ်
နော်။ နောက် ပြင်သစ်က သာသနာအတွက် အသက်စွန့်သွားတဲ့ “ဂျုံး”
Joam of Arc ဆိုတဲ့ အမျိုးသမီး၊ နောက်တခါ ဗုဒ္ဓ၀င်တွေ ပြီးတော့ ဗုဒ္ဓ၀င်တွေ
ပြီးတော့ ဒုတိယအမျိုးအစား ရှေးက အတ္ထုပ္ပတ္တိဟာ ဘာလဲဆိုတော့ ကျောက်စာ၊
ကျွန်တော်တို့ (၁၈)ရာစုလောက်က ခင်ကြီးပျော် ဆရာတော်ဘုရားရဲ့ သင်္ချိုင်းက
ကျောက်စာ၊ ဆရာတော်ဘုရားရဲ့ သင်္ချိုင်းမှာ ကျောက်စာ ရိုက်ထားတယ်။
ကျောက်စာမှာ သူ့ရဲ့ story အကုန်ပါတယ်။ နောက် (၁၈၄၀) ခုနှစ်မှာ ရေးတဲ့
သဲအင်း သာသနာပိုင် ဆရာတော်ဘုရားရဲ့ ကျောက်စာ၊ အဲဒီမှာ အတ္ထုပ္ပတ္တိ
အစုံပါတယ်။ (၁၈၆၅)ခုမှာ ရေးတဲ့ မန္တလေး သာသနာပိုင် ဦးရေ၀ယျရဲ့
အတ္ထုပ္ပတ္တိ ကျောက်စာ၊ (၁၈၉၂) မှာရေးတဲ့ မိုင်းကိုင်မြို့စား ဦးယံ၊ မင်းတုန်းမင်း
လက်ထက်တုန်းက ပိဋကတ် တိုက်မှူးကြီး၊ သူ့ရဲ့ သင်္ချိုင်းက ကျောက်စာ၊
(၁၈၈၄) ခုနှစ်မှာ ရေးထိုးတဲ့ ယောအတွင်းဝန် ဦးဖိုးလှိုင်ရဲ့ ကျောက်စာ၊ ဒါလည်း
အတ္ထုပ္ပတ္တိပဲ။ နောက်တစ်မျိုးက ဧချင်း၊ တောင်ငူ (၁၆) ရာစုမှာ ပေါ်တဲ့
တပင်ရွှေထီးရဲ့ ဧချင်း၊ တပင်ရွှေထီး ကလေးလေးတုန်းက ဘုရင်ဖြစ်လာတဲ့
အခါကျတော့ လှော်ကားသုံးထောင်မှူးက ဧချင်း စပ်တယ်။ တပင်ရွှေထီးရဲ့
Biography ကဗျာပေါ့။ ဧချင်းပုံစံနဲ့ နောက် သခင်ထွေး ဧချင်း၊ အင်းဝဘုရင်
မင်းခေါင်ရဲ့ သားတော်၊ နောက်တစ်ခု ရာဇ၀င်ကျမ်းတွေ ရှိတယ်။

ရှင်မဟာသီလ၀ံသ ရေးတဲ့ ရာဇ၀င်ကျော်တွေ ရှိတယ်။ ဦးကုလား ရာဇ၀င်
ရှိတယ်၊ မှန်နန်းရာဇ၀င် ရှိတယ်၊ အရေးတော်ပုံကျမ်းတွေ ရှိတယ်၊ ဥပမာ
အလောင်းဘုရားရဲ့ အရေးတော်ပုံ၊ အလောင်းဘုရားရဲ့ အရေးတော်ပုံဆိုတာ
အလောင်းဘုရားရဲ့ Biography တစ်ခုလို့ ယူဆလို့ ရတယ်။ ရာဇဓိရာဇ်
အရေးတော်ပုံဆိုရင်လည်း ရာဇဓိရာဇ်ရဲ့ Life story တစ်ခုပဲ။ ဥပမာ
ရွှေတိဂုံ အနောက်တောင်ဘက် စောင်းတန်းမှာ ပန်းသည်မနဲ့ ကြိုက်တာက
အစ ရာဇဓိရာဇ်က မင်းသား “ဗညားနွဲ့”၊ ရွှေတိဂုံဘုရားစောင်းတန်းက
ပန်းသည်မနဲ့ ရည်ငံပြီးတော့ ပန်းသည်မကို မိဖုရားမြှောက်တာ၊ တခါ
သူ စစ်တိုက်တာတွေ ဘာတွေ အကုန်ပါတယ်။ ဒါက ရာဇ၀င်ထဲက လာတဲ့
အတ္ထုပ္ပတ္တိ သူတို့ဆီမှာလည်း ဒီလိုပဲ။

(၁)ရာစုက ပေါ်ခဲ့တဲ့ သမိုင်းဆရာ Plutard ရောမ သူရဲကောင်းတွေရဲ့
အတ္ထုပ္ပတ္တိ၊ အင်္ဂလန်မှာ ပထမဆုံးပေါ်တဲ့ အတ္ထုပ္ပတ္တိက ဆင်မြူရယ်ဂျွန်ဆင်
ရေးတဲ့ Life of Richard Sarage ရဲ့ အတ္ထုပ္ပတ္တိဟာ အင်္ဂလန်မှာ ပထမဆုံး
ပေါ်တဲ့ အတ္ထုပ္ပတ္တိပဲ။ ကျွန်တော်တို့ဆီမှာ နောက်ပိုင်း ရေးလာတာကျတော့
ဗုဒ္ဓ၀င်တွေ မဟုတ်တော့ဘူး။ သက်ရှိ အတ္ထုပ္ပတ္တိ၊ ဓမ္မစေတီ အတ္ထုပ္ပတ္တိ၊
ရှင်စောပုရဲ့ သားမက်၊ ဆရာတော်များ (၁၀၅) ပါး ဦးရေစာရင်း၊ မင်းလှစည်သူ
ရေးတဲ့ ဆရာတော်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိ၊ နောက် ရှင်တေဇောသာရတို့၊
ရှင်အဂ္ဂသမာဓိတို့ရေးတဲ့ အတ္ထုပ္ပတ္တိတွေ၊ အဲဒါ (၁၈၈၆) မှာရေးတယ်။
နောက် ခင်ကြီးပျော်ရဲ့ အတ္ထုပ္ပတ္တိ၊ ကန်တော်မင်ကျောင်း ဆရာတော်က
(၁၉၀၄) ခုနှစ်မှာ ရေးတယ်။ (၂၀) ရာစုခေတ်ထဲကို ရောက်လာပြီ။ အဲဒါတွေ
ဘုန်းကြီးတွေရဲ့ အတ္ထုပ္ပတ္တိ၊ နောက် လူတွေရဲ့ အတ္ထုပ္ပတ္တိ၊ လူတွေရဲ့
အတ္ထုပ္ပတ္တိ ကို ဦးဖိုးကျားကတော့ ပုဂ္ဂလအဘိဓါန်လို့ ခေါ်ခဲ့တယ်။ လူပုဂ္ဂိုလ်တွေ
ရဲ့ အဘိဓါန်၊ လူအကြောင်း သိချင်ရင် ကြည့်ဖို့၊ ဒေါက်တာ သာထွန်းဦးအကြောင်း
သိချင်ရင် အဲဒီစာအုပ်ကို လှန်လိုက်၊ အဲဒီမှာ အကုန်ပါတယ်။ လူပုဂ္ဂိုလ်ဆိုင်ရာ
အကြောင်း အရာတွေနဲ့ ပတ်သတ်တာမို့ ဦးဖိုးကျားက ပုဂ္ဂလအဘိဓါန်လို့
ခေါ်သွားပါတယ်။

အဲဒါ Biography လို့ ခေါ်တာ၊ အဲဒီနောက် ဘာတွေ ပေါ်လာလဲဆိုတော့
ဦးဖိုးကျားရေးတဲ့ ဦးထွန်းရှိန်ရဲ့ အတ္ထုပ္ပတ္တိ၊ ဖေ-ပု-ရှိန်၊ ဘိလပ်သွားတဲ့
ဦးထွန်းရှိန်၊ နောက် မြန်မာပညာရှိကြီးများရဲ့ အတ္ထုပ္ပတ္တိ၊ မှော်ဘီဆရာသိန်း
ရေးတယ်၊ မြ၀တီမင်းကြီးဦးစတို့၊ လက်ဝဲသုန္ဒရတို့ စတဲ့ မြန်မာပညာရှိကြီး
တွေရဲ့ အတ္ထုပ္ပတ္တိ၊ ဒါ စစ်မဖြစ်ခင်က ကျန်သေးတာက “ဘိုးဝဇီရ” ရဲ့
အတ္ထုပ္ပတ္တိ၊ မန္တလေးက ပထမဆုံးသော မြန်မာသတင်းစာ ဆရာကြီး၊ နောက်
ဦးသိန်းဖေမြင့် ဆရာလွန်း အတ္ထုပ္ပတ္တိ၊ စစ်ပြီးတော့ ဂျာနယ်ကျော်မမလေးရဲ့
သူလိုလူ၊ သူ့ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ အကြောင်းကို ရေးထား
တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ၊ ပထမ ဗိုလ်သိန်းဆွေ ရေးတယ်၊
နောက် သတင်းထောက် ဦးပုလေး ရေးတယ်၊ နောက် ဦးအောင်သန်း ရေး
တယ်။ အဲဒါ လူပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိ၊ ကောင်းပြီး ဒါ သူတို့က နိုင်ငံရေး
သမားတွေ၊ ဦးထွန်းရှိန်တို့ ဆရာလွန်းတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတာ။
ကောင်းပြီ အဆိုတော်တွေ၊ အနုပညာရှင်တွေ စစ်ပြီးတဲ့နောက် ဇာတ်သဘင်
ပညာရှင်တွေ အကြောင်းကို ကျွန်တော်တို့ မြန်မာမှာ ဘယ်သူတွေ ရေး
သလဲ။

(ဆက်ရန်။)

Nov 22, 2009

UNHCR အစီအစဉ်နဲ့ ဒိန်းမတ်ရောက်ရင်

ရေးသူ- စစ်ငြိမ်းဒီရေ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
အစီအစဉ်နဲ့ ဒိန်းမတ်နိုင်ငံသို့ လာရောက်မည့် ဒုက္ခသည်များ
သိစေရန် အကြံပြုအပ်ပါသည်။

ဒိန်းမတ် နိုင်ငံသည် နှစ်စဉ် ဒုက္ခသည်အသစ် (၅၀၀) နီးပါးကို လက်ခံ
နေထိုင်ခွင့်ပြုသော နိုင်ငံတစ်ခု ဖြစ်ပါသည်။ လက်ရှိ ဒိန်းမတ်နိုင်ငံတွင်
အစိုးရအဖြစ် အာဏာရနေသော လစ်ဗရယ်(Venstre ဒိန်းမတ်လို ဗင်းစတာ)
ပါတီသည် ဒိန်းမတ် ပါလီမန်တွင် ၎င်းတို့ အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက်
ညွှန့်ပေါင်းမဟာမိတ်ပါတီ အစုအဖွဲ့ကို ဖွဲ့စည်းထားပါသည်။ ၎င်းတို့၏
အစုအဖွဲ့တွင် အစွန်းရောက် အမျိုးသားရေး ပါတီ တစ်ခုဖြစ်သော
ဒိန်းမတ် ပြည်သူ့ ပါတီ (Dansk Folkeparti ဒိန်းမတ်လို ဒန့်စ်ဖရော့ပါတီ)
နဲ့ မဟာမိတ် ပြုထားပါသည်။ ထို ဒိန်းမတ်ပြည်သူ့ပါတီသည် ပြည်ပမှ
ပြောင်းရွေ့ ၀င်ရောက်လာသော နိုင်ငံခြားသားများအား လုံးဝရွံရှာမုန်းတီး
သော ပါတီတစ်ခု ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံအတွင်း လွန်ခဲ့သော နှစ်ပေါင်း
များစွာ ကတည်းက ဒုက္ခသည်အဖြစ် နေထိုင်လျက်ရှိသော အီရန်၊
အီရတ် လူမျိုးများက ထို “Dansk Folke(ဒန့်စ်ဖရော့)” ပါတီအား “နာဇီ”
ပါတီဟု ခေါ်ဝေါ် ကြပါသည်။

ဒိန်းမတ်နိုင်ငံသို့ UNHCR အစီအစဉ်ဖြင့် ပြောင်းရွေ့ အခြေချနေထိုင်ခွင့်
ရသော ဒုက္ခသည်များသည် ဒိန်းမတ်- ဒုက္ခသည်များဆိုင်ရာ ၀န်ကြီးဌာန၏
စီစဉ်ပေးမှုအောက်တွင် ရွေးချယ်ခွင့်မရဘဲ ၎င်းတို့စီစဉ်ပေးသော ဒေသများ
တွင် သုံးနှစ်ပြည့်အောင် နေထိုင်ရပါသည်။

ယင်းသို့ နေထိုင်ရာတွင် မိမိတို့ နေထိုင်ခွင့်ရသော ဒေသ၏ အုပ်ချုပ်
ရေး ကောင်စီ၊ ဒိန်းမတ်ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်
အရွေးခံနေရသူတို့နှင့် စပ်လျဉ်းသော နိုင်ငံရေး ပါတီကို တတ်နိုင်သရွေ့
စုံစမ်းမေးမြန်းသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဒိန်းမတ်နိုင်ငံအတွင်း
သို့ ဒုက္ခသည်အဖြစ် ရွေ့ပြောင်းလာသူများအကြား ပညာသင်ကြားခွင့်၊
လူမှုဖူလုံရေး အကူအညီ အထောက်အပံ့များနှင့် ပက်သက်ပြီး ခံစားခွင့်
များ ကွာဟနေမှုသည် ယခုအခါ ဆွေးနွေးငြင်းခုန်ရသည့်အထိ ဖြစ်ပေါ်နေ
ပါသည်။

“ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (Socialdemokratiet )” ကို ကိုယ်စားပြုသော
ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီနှင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စား
ပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်နိုင်သည့် ဒေသများ
တွင် နေထိုင်ခွင့်ရသော UNHCR ဒုက္ခသည်များသည် ကံ အကောင်းဆုံးဟု
ဆိုနိုင်ပါသည်။ သို့မဟုတ်ပဲ “လစ်ဗရယ် (Venstre)” ပါတီ ကိုယ်စားလှယ်
ကိုသာ ကိုယ်စားပြုထားသော ဒေသများတွင် နေထိုင်ခွင့်ရမည့် UNHCR
ဒုက္ခသည်များသည် ကံ သိပ်မကောင်းဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် UNHCR အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံအတွင်းသို့ ရွေ့ပြောင်း
အခြေချ လာမည့်သူများအနေဖြင့် သက်ဆိုင်ရာ ဒိန်းမတ်သံရုံး အင်တာဗျူး
များတွင် မိမိတို့ နေထိုင်ရမည့် ဒေသများအလိုက် ဒုက္ခသည်ဆိုင်ရာ အစီအစဉ်
ပုံစံများ၊ အထက်တွင် ဖော်ပြခဲ့သော ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီတွင်
အာဏာရနေဆဲ ပါတီအမျိုးအစားများအကြောင်း စုံစမ်းမေးမြန်းသင့်ပါသည်။

သေချင်တဲ့ ကျား တောပြောင်း” ဆိုတဲ့ အဖြစ်မျိုးမှ ကင်းဝေး ကြပါစေ။


Nov 20, 2009

အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ (၁)

ရေးသူ- ဆရာ မြသန်းတင့်

ကျွန်တော့်ဆီကို TODAY စာအုပ်တိုက်က ဒေါက်တာ သာထွန်းဦးတို့
ရောက်လာပြီး မေငြိမ်းရဲ့ အသံသစ် ပြတိုက်ဖွင့်ပွဲမှာ အမှာစကားပြော
ပေးဖို့ ပြောလာပါတယ်။ (Book Lounging Ceremony) ပေါ့လေ။
ကျွန်တော် ငြင်းပါသေးတယ်။ ကျွန်တော့်ထက် ပိုပြီး ပြောနိုင် ဆိုနိုင်တဲ့
လူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ရှာကြည့်ပါဦးလို့ပြောတော့ မရှာတော့ဘဲ
ကျွန်တော့်ကိုပဲ ဖိတ်ပါတယ်။ ဖိတ်တော့ ကျွန်တော်က ထပ်ပြောပါသေး
တယ်။ Book Lounging Ceremony ဆိုတာ သူတို့ စာအုပ်တိုက်တွေ
ကတော့ စာအုပ်တစ်အုပ်ထုတ်ပြီး ဖြန့်လိုက်တာပဲ။ ခင်ဗျားတို့ စာအုပ်တိုက်
ကတော့ သူဌေးတိုက်နဲ့ တူတယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်
U.S.I.S တို့မှသာ စာအုပ်တစ်အုပ်ထွက်ရင် ဧည့်ခံပွဲတို့ဘာတို့ ဖိတ်ကြား
ပြီး လုပ်လေ့ရှိတယ်။ TODAY MEDIA က သိပ္ပံမင်းကြည် ရေးတဲ့
စတုတ္ထမျိုးဆက် စီမံခန့်ခွဲမှုမှာလည်း (Book Lounging Ceremony) လုပ်
တယ်။ အခုတခါလည်း မေငြိမ်းရဲ့ စာအုပ်မှာ (Book Lounging Ceremony)
လုပ်တယ်။ ဒါကြောင့် ခင်ဗျားတို့ တိုက်က ချမ်းသာတယ်နဲ့ တူတယ်လို့
ကျွန်တော်တောင် ပြောလိုက်ပါသေးတယ်။

ကျွန်တော် ပြောချင်တာက ဒီလို စာအုပ်တစ်အုပ်ထုတ်တိုင်း ထုတ်တိုင်း စာနယ်
ဇင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်။ အချင်းချင်း ဆွေးနွေးကြတယ်ဆိုတာ အင်မတန်
ကောင်းတဲ့ အစဉ်အလာဖြစ်ပါတယ်။ TODAY MEDIA က ဒီအစဉ်အလာကို
နောင်စာအုပ်ထုတ်တိုင်း ထုတ်တိုင်း ဆက်လက် လုပ်ဆောင်နိုင်ပါစေ၊ တခြား
စာအုပ်တိုက်တွေကလည်း ဒီအစဉ်အလာမျိုးလေးတွေကို ဆက်လက် ထိန်းသိမ်း
နိုင်ပါစေလို့ ပဏာမအနေနဲ့ ပြောကြားချင်ပါတယ်။

ကျွန်တော်ပြောမယ့် အကြောင်းက အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ။ အဲဒါကို ခွင့်ပြုပါ။
အတ္ထုပ္ပတ္တိဆိုတာ အင်္ဂလိပ်လိုတော့ Biography …. Biographia ဆိုတဲ့ ခေါမ
စကားလုံးက လာတယ်။ Bio ဆိုတာ ဘ၀ Life၊ Graph ဆိုတာ writing ရေး
သားခြင်း၊ ဘ၀ကို ရေးသားခြင်း၊ အဲဒါ Biography ကျွန်တော်တို့ မြန်မာမှာတော့
ပါဠိက လာတယ်။ အတ္ထုပ္ပတ္တိ ဆိုတာ အဖြစ်အပျက်၏ အကြောင်းအရာ၏ အဖြစ်
အပျက်၊ အကြောင်းအရာတစ်ခု ဘယ်လို ဖြစ်သလဲ။ ဘယ်လို ပျက်သွားသလဲ၊
အဲဒါကို အတ္ထုပ္ပတ္တိလို့ ခေါ်ပါတယ်။ အဲဒီ အတ္ထုပ္ပတ္တိမှာ ရှင်းအောင်တော့
ကျွန်တော် နည်းနည်းလေး ပြောချင်ပါတယ်။ ဒါ ကျွန်တော်တို့ နားလည်ထား
တဲ့ အတ္ထုပ္ပတ္တိပေါ့၊ ဒါပေမယ့် အဘိဓါန်က ပေးထားတဲ့ အတ္ထုပ္ပတ္တိမှာတော့
(Concide Oxford Dictionary) က ပေးထားတဲ့ အတ္ထုပ္ပတ္တိ က written life of
a person၊ လူတစ်ယောက်ရဲ့ ရေးသားတဲ့အကြောင်း၊ အနက်သုံးခု ပေးပါတယ်။

Oxford အဘိဓါန်က လူတစ်ယောက်ရဲ့ ရေးထားတဲ့ အကြောင်း၊ နောက်တစ်မျိုး
က Branch of Literature dealing in the person’s lives လူတွေရဲ့ အတ္ထုပ္ပတ္တိ
ကို ရေးထားတဲ့ စာပေပုံသဏ္ဌာန် တစ်မျိုး၊ ဒါကိုလည်းပဲ Biography အတ္ထုပ္ပတ္တိလို့
ခေါ်ပါတယ်။ နောက်တစ်ခုက Life course of a living being အသက်ရှိနေတဲ့
လူတစ်ယောက်နဲ့ ဘ၀လမ်းကြောင်း၊ အဲဒါကိုလည်း Biography ခေါ်ပါတယ်။
ဒါက Oxford အဘိဓါန်ကပေးတဲ့ အနက်သုံးခုပါ၊ အဲဒီအနက် သုံးခုအပြင်
အတ္ထုပ္ပတ္တိနဲ့ ပက်သက်လို့ သူတို့ အနောက်တိုင်းက (၂၃)မျိုး အဓိပ္ပါယ်
ပေးထားပါတယ်။ အဲဒါကို အတိုချုပ်ပြီး အင်္ဂလိပ်လို ဖတ်ပြသွားပါမယ်။

၁။ Biography
၂။ Realize story
၃။ Human Interest
၎။ Curriculum Vitae
၅။ Experiences
၆။ Adventure
၇။ Fortunes
၈။ Hagiography သူတော်စင်တွေရဲ့ အတ္ထုပ္ပတ္တိ
၉။ Martyrology အာဇာနည်တွေရဲ့ အတ္ထုပ္ပတ္တိ
၁၀။ Obituary
၁၁။ Rouges Gallery ကျွန်တော်တို့ မှုခင်းဌာနတွေမှာ ရာဇ၀တ်
မှု ကျူးလွန်တဲ့ လူဆိုးတွေရဲ့ ဓါတ်ပုံ အစုံရှိတယ်။ လူဆိုးပြတိုက်၊
အဲဒါလည်း Biography ထဲမှာပါတယ်။ အခုဟာကတော့ လူဆိုးတွေရဲ့
ပြတိုက် မဟုတ်ပါဘူး၊ အသံသစ် ပြတိုက်ပါ။

၁၂။ New Gate Calender လန်ဒန်မှာက New Gate အကျဉ်းထောင်ကြီးထဲ
မှာ ရှိတဲ့ Calender စာရင်း၊ ဥပမာ မြသန်းတင့်ဆိုရင် မြသန်းတင့် ဘာအမှု
ကျူးလွန်တယ်။

၁၃။ Personal account
၁၄။ Auto Biography
၁၅။ Confession
၁၆။ Memoirs
၁၇။ Memorabilic
၁၈။ Remembrance
၁၉။ Letters
၂၀။ Diary
၂၁။ Record
၂၂။ Journal
၂၃။ Reminiscences

အဲဒီလို (၂၃)မျိုး ခွဲထားပါတယ်။ ဒါက ကျွန်တော်တို့ သိတဲ့ အတ္ထုပ္ပတ္တိရဲ့
သမိုင်းအကျဉ်းကို ကျွန်တော် ပြောချင်ပါတယ်။


(ဆက်ရန်။)

Nov 18, 2009

ဘိုးတော်မောင်မောင်(ခ) သန့်ဇော်ရွှေ

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူလူထုတွေက မြန်မာနိုင်ငံ
ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ စစ်ကောင်စီက အုပ်ချုပ်
နေတာလို့ သိရှိထားကြပါတယ်။ အဲဒီ စစ်ကောင်စီ ဥက္ကဌဖြစ်တဲ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နောက်ကွယ်က ကြိုးကိုင်အုပ်ချုပ်နေသူ
တစ်ဦး ရှိနေတာကို သိရှိသူ မရှိသလောက်ပါ။

သူ့နာမည်က “မောင်မောင် (ခ) သန့်ဇော်ရွှေ” ပါ။ ဦးသန်းရွှေ၊
ဒေါ်မကြိုင်တို့ရဲ့ အငယ်ဆုံးသား ဖြစ်ပြီး၊ စိတ်ဝေဒနာ အနည်းငယ်
ခံစားနေရသူပါ။ ဒါပေမဲ့ သူ့ကို တစ်အိမ်သားလုံးက စိတ်ရောဂါရှင်
လို့ မသတ်မှတ်ကြဘဲ ဘိုးတော်ဝင်စားသူ တစ်ဦးအဖြစ် သတ်မှတ်
ကိုးကွယ်ကြပါတယ်။

ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေဟာ အသက်(၄၀)ခန့်ရှိပြီး
ဝတ်ဖြူစင်ကြယ်နဲ့ နူတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများ ထားရှိပြီး၊ ဘိုးတော်
လိုလို အောက်လမ်းဆရာလိုလို ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောကြား
ပြီး ဆောင်ရန်ရှောင်ရန်တွေကို ညွှန်ကြားလေ့ ရှိပါတယ်။

မိသားစုကိစ္စတွေသာ မကတော့ဘဲ၊ တဖြေးဖြေးနဲ့ တိုင်းပြည်ရဲ့ အရေး
ကြီးတဲ့ မူဝါဒရေးရာတွေပါမကျန် ဘိုးတော်မောင်မောင်ရဲ့ အခါပေး
ညွှန်ကြားချက်တွေအတိုင်း အဖေဖြစ်သူ ဦးသန်းရွှေက လိုက်လံဆောင်ရွက်
လေ့ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်ကို အလုပ်ရှိလို့လာကြရတဲ့ ဗိုလ်ချုပ်ကြီးတွေ
အပါအဝင် ဧည့်သည်အားလုံးဟာ ကြမ်းပြင်ပေါ်မှာဘဲ ထိုင်ကြရတာ
ဓလေ့ တစ်ခုလို ဖြစ်နေပါပြီ။ ဧည့်ခန်းအတွင်း အမြင့်တစ်နေရာမှာ
ရှေးဘုရင်များခေတ်က သလွန်လို ပြင်ဆင်ထားတဲ့ နေရာမှာ ဦးသန်းရွှေ
နဲ့ ဒေါ်မကြိုင်တို့က ထိုင်ပြီး ဧည့်သည်တွေကို လက္ခံတွေ့ဆုံပါတယ်။
အဲဒီအခြေအနေကို ဘိုးတော်မောင်မောင်က လျှို့ဝှက်ဗီဒီယို မှတ်တမ်းတွေ
ရိုက်ကူးပြီး၊ ဧည့်သည်တွေ ပြန်သွားတဲ့အခါ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို
ပြန်ဖွင့် ကြည့်ကြပြီး၊ ဘိုးတော်မောင်မောင်က ဝေဖန်သုံးသပ်ပြခါ
အဖေဖြစ်သူ ဦးသန်းရွှေကို လိုအပ်သလို ညွှန်ကြားမှုတွေ ပေးနေကြပါ။

အလားတူ ယတြာလုပ်ရမဲ့ ကိစ္စတွေကိုတော့ မိခင်ဖြစ်သူ ဒေါ်မကြိုင်ကို
ညွှန်ကြား လုပ်ဆောင်စေပါတယ်။ ဘိုးတော်မောင်မောင်အနေနဲ့အာရုံမှာ
သဘောမတွေ့သူ တွေမှန်သမျှ၊ နေရာပြောင်းရွှေ့ခံရတာ၊ ရာထူးချခံရတာ၊
အလုပ်ထုတ်ခံရတာတွေ ရှိသလို၊ သူသဘောတွေ့သူ မှန်သမျှကတော့
ကောင်းစားလေ့ ရှိပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်တွေအများစုကတော့ ဘိုးတော်မောင်မောင်ကို အလွန်ရွံရှာ
ကြောက်လန့်ကြပါတယ်။ အကြောင်းက ဘိုးတော်မောင်မောင်ဟာ လူသတ်
ရန် ဝန်မလေးတဲ့သူ တစ်ယောက် ဖြစ်လို့ပါ။ လူမသိအောင် ဖုံးဖိထားတဲ့ ဖြစ်စဉ်
တစ်ခုကို တင်ပြရရင် ကမ္ဘာအေးဘုရားလမ်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
အိမ် (၎င်းတို့အဆို အိမ်တော်) မှာ တပ်ချုပ်ကြီးဝတ်ရန် နေ့စဉ် ယူနီဖောင်း
ပြင်ဆင်ဝတ်ပေးရတဲ့ တာဝန်ကို ယူရသူ “ဗိုလ်ကြီးခင်မောင်လွင်”ကို
လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်က ဘိုးတော်မောင်မောင်က သေနတ်နဲ့
ပစ်သတ်ခဲ့ပါတယ်။ သူ့အာရုံမှာ သူ့အဖေကို လုပ်ကြံတယ်လို့ ပေါ်လာ
တာကြောင့် ပစ်သတ်လိုက်တာဆိုပြီး တိုးတိုးတိတ်တိတ် သတင်းထွက်ပေါ်
ခဲ့ပေမဲ့ တကယ်သတ်လိုက်ရတဲ့ အကြောင်းရင်းကို ဒီကနေ့အထိ ဘယ်သူ
မှ မပြောရဲသေးပါဘူး။

အဲဒီအချိန်တုန်းက ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဋ္ဌေးဝင်းနဲ့ မင်္ဂလာဒုံ
စစ်ဆေးရုံမှ တပ်မှူးတို့ ချက်ချင်း ရောက်ရှိလာပြီး တခြားကိစ္စတခုကြောင့်
သေသွားသလို ဖန်တီး ပေးခဲ့ရပါတယ်။ အသတ်ခံလိုက်ရတဲ့ ဗိုလ်ကြီး
ခင်မောင်လွင်ရဲ့ မိသားစုတွေကိုတော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ပါးစပ်ပိတ်
ထားကြဖို့၊ ပေါက်ကြားခဲ့ရင် မင်းတို့မိသားစုဝင်အားလုံး ထောင်ထဲ ပို့ထား
လိုက်မယ်လို့ အိမ်တော်မိသားစုဝင်များက ခြိမ်းခြောက်ထားခဲ့ ကြပါတယ်။

အလားတူ ရဟတ်ယာဉ်ပျက်ကြပြီး သေဆုံးသွားတဲ့ အတွင်းရေးမှူး (၂)
ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့ သားဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာနက
ကိုဇော်ထွန်းဦးကို ဘိုးတော်မောင်မောင်နဲ့အဖွဲ့က ကမ္ဘာအေးဘုရားလမ်း
နဲ့ တက္ကသိုလ်ရိပ်သာလမ်းဆုံအနီး ဓါတ်ဆီဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့
ပိတ်ရပ်ပြီး၊ ဘိုးတော်မောင်မောင် ကိုယ်တိုင်မောင်းတဲ့ ကားအကြီးကြီးနဲ့
တိုက်သတ်ပါတယ်။ သေပြီလို့ ယူဆပြီးထားခဲ့ကြပေမဲ့ ကံကောင်းလို့
မသေဘဲ၊ ဆေးရုံပေါ်မှာ (၆) လခန့်ဆေးကုသခံခဲ့ရပါတယ်။ အဲဒီလို
တိုက်သတ်ရတဲ့ အကြောင်ရင်းက ဘိုးတော်မောင်မောင်ရဲ့ အမဖြစ်သူ
မပြုံး (ခ) ပြုံးပြုံးရွှေနဲ့ ဇော်ထွန်းဦးတို့ဟာ အိမ်ထောင်အသီးသီး ရှိလျက်
နဲ့ ဖောက်ပြန်နေကြတာကြောင့်လို့ ပြောဆိုနေကြပေမဲ့ ထုံးစံအတိုင်း
အကြောင်းရင်းအမှန်ကို ဘယ်သူမှ ခုချိန်ထိ မပြောရဲကြသေးပါဘူး။
သေချာတာတခုကတော့ အဲဒီဖြစ်စဉ်နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
ရဲ့ ဇနီး ဒေါ်ခင်သန်းနွဲ့တစ်ယောက် စစ်ဗိုလ်ချုပ်တွေရဲ့ ပွဲလမ်းသဘင်
အခမ်းအနားတွေကနေ ပျောက်ကွယ် သွားခဲ့တာပါဘဲ။

တပ်ချုပ်ကြီးမိသားစုတွေထဲမှာ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့်
နာမည်ဆိုးနဲ့ ထင်ရှားကျော် ကြားလှတဲ့ မပြုံး(ခ) ပြုံးပြုံးရွှေဟာ ယခုလက်ရှိ
မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်ရဲ့တရားဝင်
ဇနီးပါ။ ကိုဇော်ထွန်းဦးအပြင် ဟစ်ဟော့အဆိုတော် လူငယ်လေးတစ်ဦးကို
လည်း တိတ်တိတ်ပုန်း ချစ်သူအဖြစ် မွေးစားထားသေးတယ်လို့ သိရှိနေကြ
ပါတယ်။ အခြား သူအလိုရှိတဲ့အခါ လူငယ်လေးတွေကို ငွေကြေးအာဏာတွေ
နဲ့ ဖိအားပေး ခေါ်ခိုင်းကာ ညကလပ်တွေမှာ ရုပ်ဖျက်သွားရောက် ပျော်ပါးလေ့
ရှိပါတယ်။ သူမဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန်ရာထူး ရယူ
ထားပြီး၊ ရုံးတက်ခြင်းမရှိဘဲ လစာကိုတော့ နိုင်ငံခြားငွေ(ဒေါ်လာ) နဲ့ လစဉ်
ထုတ်ပေးရပါတယ်။

အဲဒီလို အကျင့်ပျက်၊ ဦးနှောက်ပျက်၊ ခြစားသူတွေ စုပေါင်းပြီး တိုင်းပြည်
ဖျက်နေကြတဲ့ စစ်အာဏာရှင်ကြီးရဲ့ မိသားစုဟာ မြန်မာ့သမိုင်းမှာ နာမည်ဆိုး
တွေနဲ့ ကျော်ကြားခဲ့ကြတဲ့ တရုပ်ပြေးမင်း၊ သိုဟန်ဘွားမင်း၊ သီပေါမင်းတို့
ထက်တောင် ပိုမိုဆိုးဝါးပါကြောင်း၊ အနီးကပ်လေ့လာနေသူတဦးက မှတ်ချက်
ချ ပြောဆိုခဲ့ပါတယ်။

ဂမ္ဘီရ အတွေးအခေါ်တွေအပြင် အောက်လမ်းနည်းများ အသုံးပြုပြီး
ထင်ရာစိုင်းနေကြတဲ့ တပ်ချုပ်ကြီး မိသားစုတွေရဲ့ အန္တရာယ်ကို နေ့စဉ်နဲ့
အမျှ ကြောက်ရွံနေကြရတဲ့ ဗိုလ်ချုပ်ကြီးများ အပါအဝင် သူတို့နဲ့ နီးစပ်သူ
တွေဟာ ဗိုလ်ကြီးခင်မောင်လွင်လို အဖြစ်ဆိုးမျိုးနဲ့ ကွေကွင်းရအောင်၊
ဘိုးတော်အမည်ခံ ဦးနှောက် ကျပ်မပြည့်တဲ့ ဦးသန်းရွှေ ဒေါ်မကြိုင်တို့
ရဲ့သား၊ မောင်မောင်(ခ) သန့်ဇော်ရွှေကို နေ့စဉ်မပျက် ရှိခိုးဦးချနေကြ
ကြောင်း အိမ်တော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။

(ရေးသားသူ - အတွင်းသိ)

(အီမေးလ်မှ လက်ခံရရှိသော စာတစ်စောင် ဖြစ်ပါတယ်။)

Nov 15, 2009

ရုပ်ရှင်များ (၆)

ရေးသူ- စစ်ငြိမ်းဒီရေ

(၁၆)
ရုပ်ရှင်ကြော်ငြာကြောင့် ကမ္ဘာနဲ့အ၀ှမ်း အထိတ်တလန့် ဖြစ်နေကြတဲ့
2012 ရုပ်ရှင်ကို အင်တာနက်ပေါ်မှာ အခမဲ့ ကြည့်လို့ ရနေပါပြီ။



ဒီနေရာက လင့်ခ်တွေအောက်မှာ ကြည့်လို့ရပါတယ်။
ကျနော့်အထင်တော့ #41 ZSHARE.NET ခေါင်းစဉ်အောက်က
ဒီလင့်ခ်မှာ ကြည့်ရင် ပိုအဆင်ပြေနိုင်မယ် ထင်ပါတယ်။ ရုပ်ရှင်ကြည့်ပြီး
သွေးလေ မခြောက်ချားပါနဲ့၊ ကလေးငယ်လေးတွေ သရဲကားကြည့်ပြီး
ကြောက်သလိုမျိုးပဲ ခံစားနိုင်ကြပါစေ။

Nov 14, 2009

ဂျာမဏီသို့ ဈေးသွားဝယ်လျှင် သတိထားပါ

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံတွင် ကုန်ပစ္စည်းများအပေါ် အခွန် 25% ကောက်ခံ၍
ဂျာမဏီတွင် ကုန်ပစ္စည်းအပေါ် အခွန် 19% သာ ကောက်ခံလေ့ရှိ
သည်။ ယခုရက်ပိုင်းအတွင်း ခရစ်စမတ် အကြိုကာလ အတွက် ဒိန်းမတ်နိုင်ငံ
တွင် နေထိုင်နေသူ အများအပြားသည် ဒိန်းမတ်နိုင်ငံထက် ဈေးသက်သာ
သော ဂျာမဏီနိုင်ငံသို့ ဈေးဝယ်ထွက်လေ့ ရှိသည်။

ဒိန်းမတ်နိုင်ငံတွင် နေထိုင်သူများ အနေဖြင့် ဒိန်းမတ်- ဂျာမဏီ နှစ်နိုင်ငံ
နယ်စပ်သို့ ဈေးသွားဝယ်မည်ဆိုလျှင် Passport သို့မဟုတ်
Travel Document များ ယူသွားကြပါ။ ဂျာမဏီသို့ အ၀င်တွင် ဂျာမန်ရဲများ
စစ်ဆေးသလို ဂျာမဏီမှ ဈေးဝယ်ပြီး ပြန်လာလျှင် High way သို့ မဆင်းခင်
ဓါတ်ဆီဆိုင်နံဘေး မရောက်တရောက်၌ ဒိန်းမတ် ရဲနှင့် အကောက်ခွန် ၀န်ထမ်းများ
စစ်ဆေးနေပါသည်။ လူတစ်ဦး သို့မဟုတ် မိသားစု တစ်စုသည် ဆန်အိတ်
အများအပြား၊ ဘီယာနှင့် အအေးကဒ် အများအပြား သယ်ဆောင်လာပါက
ဒဏ်ရိုက်ခံရမည် ဖြစ်ပါသည်။

(နယ်စပ်တွင် စစ်ဆေးနေသော ဂျာမန်ရဲများ။)



(ဒိန်းမတ်- ဂျာမဏီနယ်စပ်အနီး ဂျာမဏီနိုင်ငံအတွင်း၌
တည်ရှိသော အာရှ ဈေးဆိုင် လိပ်စာများ)



Nov 13, 2009

ဝေဖန်ရေးနှင့် အတွေးအခေါ်သစ်ကို ကြိုဆိုသင့်သည် (၂)

ရေးသူ- စစ်ငြိမ်းဒီရေ

မြန်မာ့ရိုးရာ နတ်ကိုးကွယ်မှုတွင် အပြင် (၃၇) မင်းဟု ခေါ်ဝေါ်ကြသည့်
ရိုးရာနတ်တို့၏ အခန်းကဏ္ဍသည် လူသိများ အထင်ရှားဆုံးဖြစ်သည်။
လာဘ်လာဘ အတွက်၊ အကျိုးစီးပွားအတွက် ယင်းနတ်တို့ကို ပူဇော်ပသ
ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင် ကျော်ခဲ့ပါပြီ။

ယင်းနတ်တွေက ဘာတွေ မ’စနိုင်သနည်း၊ ဘာတွေ ပေးစွမ်းနိုင်သနည်းဟု
စောဒကတက်သူ များစွာ ရှိပါသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ
နှင့် လုံးလုံး ဆန့်ကျင့်သည်ဟု ဆိုနိုင်သော အချက်များစွာလည်း ရှိပါသည်။

ယင်း နတ်ကိုးကွယ်မှုကို စွန့်လွှတ်လိုက်လျှင် ဘာတွေ ဖြစ်လာမည်နည်း …
ကျိန်းသေတာက တရုတ်နတ်တွေ ၀င်လာနိုင်သည်၊ ယခုလည်း မြန်မာနိုင်ငံ
နေရာ တော်တော်များများတွင် ဥတိဘွား၊ ကွမ်ရင်မယ်တော်ရုပ်ထုများနှင့်
တရုတ်ဘုံကျောင်း များစွာ နေရာယူထား ပြီးပါပြီ။

ရွှေတိဂုံစေတီ ရင်ပြင် စနေဒေါင့်တွင် တရုတ်လူမျိုးများ ကိုးကွယ်ယုံကြည်
သော “နေလ ဘုရား” သည် ရွှေတိဂုံစေတီရင်ပြင်၏ အစည်းကားဆုံး
နေရာ တစ်ခု ဖြစ်ပါသည်။ တခေတ် တခါက ရွှေတိဂုံစေတီ ရင်ပြင်ပေါ်တွင်
မဟာရနအနွယ်ဝင် ဇင်ဗုဒ္ဓဘာသာဝင်များ၏ ဘုရားဝတ်ပြုမှုကို စာတန်းထိုး
တားမြစ်ခဲ့ဖူးသည်။ မြန်မာတွေကတော့ အင်္ဂါဒေါင့် ခေါ် အရှေ့တောင်ဒေါင့်ရှိ
ပုထိုးများအကြားတွင် တည်ရှိသော “ဆယ်တော်မှု” ဘုရားထံတွင် ငွေပန်းများ
ကပ်လှူပြီး ထီပေါက်ဖို့ ချဲပေါက်ဖို့ ငိုကြွေးမပျက်ခဲ့ပေ။ “ဆယ်တော်မှု” ဘုရား
ရှိရာ လမ်းကြားလေး၌ ထိုင်ရှစ်ခိုးဖို့ နေရာမကျယ်ဝန်းသောကြောင့် မတ်တပ်
ရပ်ပြီး လက်အုပ်လေးများ ချီထားခဲ့ကြသည်မှာ မျိုးဆက်များစွာပါ။

ပဲခူးတိုင်း၊ ပြည်မြို့နယ်အပိုင် ကျေးရွာတချို့တွင် “ခြေရာတတောင်မောင်မဲခေါင်”
ဟု ခေါ်သော ရွာတော်ရှင်နတ်ကို ကိုးကွယ်သော ဓလေ့ရှိသည်။ ထို နတ်အား
ထန်းရည် ကိုးမောင်း၊ အရက်ကိုးမောင်း ဖြင့် ပူဇော်ပသ ရသည်။ ထိုနတ်ကို
ပူဇော်ပသ သည့် ရိုးအသော ကျေးလက်ဒေသ ပြည်သူတို့၏ နေ့စဉ်ဘ၀မှာ
ဆင်းရဲတွင်းမှ မကင်းလွတ်ကြပါ။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အပိုင် ကျေးရွာတချို့တွင် “ပကိုင်းငစိန်” ဟု
ခေါ်ဝေါ်သော အင်းသူကြီးနတ်ကို ကိုးကွယ်သော ရိုးရာဓလေ့ ရှိသည်။
ပကိုင်းငစိန်နတ်အား ပူဇော်ပသ ချိန်တွင် လယ်ဧက (၃)ဧက ခန့်ရှိသော
လယ်ကွက်ထဲတွင် နေရာအလွတ်မရှိ မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြင့် ပူဇော်ပသ
ရသည်။ ယင်း ပကိုင်းငစိန်နတ်အား ပူဇော်ပသ သူများမှာ ရိုးသားသော
လယ်စာရင်းဌားအလုပ်ကို လုပ်ကိုင်သူများ ဖြစ်သည်။ လယ်ထဲတွင် တဲထိုး
ပြီး နေထိုင်ရသော မိသားစုအများအပြားသည် ခေတ်ကာလ ကုန်ဈေးနှုန်း
ကြီးမားမှု၊ စားဝတ်နေရေး အကျပ်အတည်းများကြောင့် အ၀တ်အစား
ကောင်းကောင်းမွန်မွန် မရှိပါ။ တဲအိမ်အများစုမှာ ယိုင်နဲ့နဲ့ ဖြစ်ပြီး အိမ်ရှေ့
အပေါက်ဝမှ အိမ်နောက်ဘေး အထိ တိုးလျှိုပေါက် မြင်နေရသည်။ အမျိုးသမီး
အများစုကို အပေါ်အင်္ကျီမပါ ထမီရင်လျားဖြင့် မြင်တွေ့နိုင်ပါသည်။

(ဆက်ရန်။)

Nov 11, 2009

ပုံပြင်တစ်ပုဒ်လို သဘောထားပါ (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာ
ရပ်ခံအပ်ပါသည်။)

တစ်ဦးတည်း သွားရောက်ကြည့်ချင်နေသော ခေါင်းဆောင်ဖြစ်သူအား ကျန်လူ
များက အပြင်းအထန် ကန့်ကွက်ကြပါတယ်။ ပြန်လည် ရောက်ရှိလာသူ သုံးဦး
တို့ကလည်း ၎င်းတို့ မြင်တွေ့ခဲ့မှုတွင် လူသေအလောင်းများ လုံးဝ မရှိကြောင်း
ငြင်းဆို ပါတယ်။ တစ်အုပ်စုလုံး မိမိတို့ ရပ်ကွက်သို့ လှည့်ပြန်ရင် ကောင်း
မလား၊ ဒီလမ်းထိပ်ရှိ လူသေအလောင်းများ ရှိ မရှိကို ထပ်ပြီးသွားကြည့်ရင်
ကောင်းမလားဟု ဇဝေဇ၀ါ ဖြစ်နေပါတယ်။ ခက်နေသည်က သူတို့ သယ်
ဆောင်လာသော အရက်သမား ရုပ်အလောင်းကို ဘယ်လို လုပ်ရမှန်းမသိပါ။
ဆယ့်ငါးမိနစ် … မိနစ် နှစ်ဆယ်ခန့်အထိ ငြင်းခုန်ကြပြီးနောက် ဆုံးဖြတ်ချက်
တစ်ခုကို သူတို့အားလုံး ချမှတ် နိုင်ခဲ့ပါတယ်။

လူငါးယောက်ကို ရှေ့ပြေးအဖြစ် လမ်းထိပ်ဆီသို့ ထပ်မံသွားရောက် ကြည့်ရူရေး
ဖြစ်ပါတယ်။ ခေါင်းဆောင်နဲ့ လူလတ်ပိုင်းအရွယ်တစ်ဦးကို လမ်းထိပ် ကားမှတ်တိုင်
အထိ သွားရောက် ကြည့်ရူဖို့ဖြစ်ပြီး ၎င်းတို့နှင့် ခပ်လှမ်းလှမ်း ဓါတ်တိုင် နှစ်တိုင်
အကွာမှာ လူငယ်သုံးဦးတို့ လိုက်ခဲ့ဖို့ ပြောပါတယ်။ အန္တရာယ်တစုံတရာ ကျ
ရောက်လာပါက ထိုလူငယ်သုံးဦးမှ နောက်ဖက်ရှိ အုပ်စုအား အချက်ပြ၍ အားလုံး
လာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာရေး ဖြစ်ပါတယ်။ အကြောက်အကန် ငြင်းဆို
နေသော ပထမဆုံး သွားရောက်ကြည့်ရူခဲ့သူ သုံးဦးလည်း နောက်ဆုံးအုပ်စုဖြင့်သာ
အတူလိုက်ပါခဲ့ပါတယ်။

ဖွဲဖွဲလေး ကျနေသော မိုးသည် လုံးဝ တိတ်သွားပါတယ်။ လျှပ်စီးလက်ခြင်း၊ လေ
တိုက်ခြင်းလည်း ငြိမ်သက် သွားပါပြီ။ ခွေးအူသံများလည်း တိတ်ဆိတ်နေသည့်
အရာရာဟာ သုဿန်တစပြင် ကဲ့သို့ ဖြစ်နေပါတယ်။ လူငယ် သုံးယောက်တို့
သည် ၎င်းတို့ ရှေ့ ခပ်လှမ်းလှမ်းတွင် ခြေလှမ်းသွက်သွက်များဖြင့် သွားနေသော
ခေါင်းဆောင် ဖြစ်သူနှင့် အခြားတစ်ဦးတို့ ဘယ်အချိန်တွင် အချက်လှမ်းပြမည်
ကို ရင်မောစွာဖြင့် လိုက်ပါ နေရပါတယ်။ ရှေ့ဆုံးတွင် ဦးဆောင်သွားနေရသူ
နှစ်ဦးထံတွင် တုတ်၊ ဓါး၊ လောက်လေးခွများ လုံးဝ မသယ်ဆောင်ထားသော
ကြောင့် အန္တရာယ်တစုံတရာ ဖြစ်လာပါက ဘာမျှ မတတ်နိုင်။ သူတို့ သုံး
ယောက်ထံတွင် ဌက်ကြီးတောင် ဓါးရှည် နှစ်လက်၊ တုတ်ရှည် တစ်ချောင်း၊
ပြီးတော့ လောက်လေးခွနှင့် လောက်စလုံးများ ထည့်ထားသော လွယ်အိတ်
ငယ် ကိုယ်စီ။ ရုတ်တရက် သူတို့ မြင်ကွင်းရှေ့ရှိ လူနှစ်ယောက် ခေတ္တ
ရပ်တန့်သွားတဲ့အတွက် သူတို့ပါ ရပ်တန့်လိုက်ရပါတယ်။ ဘတ်စ်ကား
သွားနေကြ ကတ္တရာလမ်းမကြီးကို ထင်ထင်ရှားရှား မြင်နေရပါပြီ။

ရှေ့ဆုံးရှိ လူနှစ်ယောက်ထံမှ လက်နှိပ်ဓါတ်မီးဖြင့် သူတို့နောက် ဆက်မလိုက်
ဖို့ အချက်ပြပါတယ်။ ထို့နောက် ရှေ့ဆုံးရှိ လူနှစ်ယောက် လမ်းထိပ် ညာဖက်သို့
ကွေ့ထွက်သွားတာကို မြင်လိုက်ရပါတယ်။ သူတို့ အကြောက်ဆုံး အန္တရာယ်က
လမ်းမကြီးပေါ်မှ စစ်တပ်၏ လျှို့ဝှက်ကင်းပုန်းများ ဖြစ်ပါတယ်။ မာရှယ်လောအမိန့်
ထုတ်ထားသောကြောင့် ယခုလို ညဖက် လူစုလူဝေးဖြင့် သွားရောက်နေရမှုမှာ
အလွန် အန္တရာယ် များလှပါတယ်။ ရုတ်တရက် ဘယ်နေရာက ထွက်ပေါ်လာမှန်း
မသိတဲ့ အသံတချို့ကို သူတို့ သုံးယောက် ကြားနေရပါတယ်။

(လူငယ်- ၁) လူတွေ ပေတရာပေါ်မှာ ဘောလုံးကန်နေလား မသိဘူး၊ အသံတွေ
ကြားနေရတယ်၊ သိပ်မသဲကွဲဘူး …

(လူငယ်- ၂) အေး … ဟုတ်တယ်၊ ငါလည်း ကြားရတယ်၊ ကလေးတွေ တစ်ခုခု
ဆော့နေတဲ့ အသံမျိုးကွ …

(လူငယ်- ၃) ကြားတော့ ကြားနေရတာပဲ၊ ဘာမှန်းကို သေသေချာချာ မခွဲ
တတ်ဘူး ….

(လူငယ် - ၁) ဒီအချိန်ကြီး ပေတရာပေါ် ဘယ်သူမျှ ဘောလုံးမကန်နိုင်ဘူး၊
ဘယ်က အသံတွေလဲ မသိဘူး ...

(လူငယ်- ၂) ငါ့ နားခေါင်းထဲ ဆနွမ်းနံ့လိုလို ဘာလိုလို ရနေတယ်၊ မင်းတို့
ရော ရလား …

(လူငယ်- ၃) ငါတော့ သွေးညှီနံ့လိုလို အပုတ်နံ့လိုလို နံနေသလားလို့ …

နှစ်မိနစ်ခန့် အကြာတွင် ရှေ့ဆုံးရှိ လူနှစ်ယောက် လမ်းထိပ်အပေါက်ဝသို့
ပြန်ပေါ်လာပြီး သူတို့ သုံးယောက်အနက် တစ်ယောက်ယောက်အား ၎င်းတို့
ထံသို့ လာရန် အချက်ပြပါတယ်။ သူတို့ထံ ရောက်ရှိသွားသော အခါ …

(ခေါင်းဆောင်) ငါပြောတာကို မင်း သေသေချာချာမှတ်ပြီး နောက်က လူတွေ
ဆီကို ပြန်ပြော၊ အလောင်းရယ်၊ အလောင်းကို ထမ်းထားတဲ့ လူလေးယောက်ပဲ
ဒီကို လာခဲ့လို့၊ လူများများ မလာနဲ့လို့၊ နံဘေးခြံက လူတွေ မြင်သွားရင်
မကောင်းဘူးလို့ ပြောလိုက် …

(လူငယ်) လူသေအလောင်းတွေ ရှိတာ ကျိန်းသေသွားပြီလား အကို၊
စောစောတုန်းက ကျနော်တို့နားထဲ လူသံတွေ ကြားလိုက်ရသလားလို့ …

(ခေါင်းဆောင်) အရေးထဲမှ ဟိုမှာကြည့် အနံ့တွေ တထောင်းထောင်းနဲ့
ငါတို့တောင် နံဘေးနား မကပ်ရဲဘူး၊ အသံတွေတော့ ကြားနေရတာပဲ၊
ဟိုဖက် မီးပွိုင့်လမ်းဆုံဖက်က လာတဲ့ အသံတွေ၊ ဘာသံတွေလဲ မပြော
တတ်ပါဘူးကွာ …

ကားမှတ်တိုင် နံဘေး ဓါတ်မီးတိုင်အောက်တွင် အရာရာကို ထင်ထင်ရှားရှား
မြင်နေရပါတယ်။ ရုတ်တရက် ကြည့်လိုက်လျှင် လူတချို့ မြေကြီးပေါ်တွင်
လဲပြီး အိပ်နေသလိုပါ။ သေသေချာချာ ကြည့်မှ လက်ကားယား ခြေကားယား
ဖြင့် သေဆုံးနေသူများ။ ခပ်ဝေးဝေးမှ လှမ်းကြည့်နေစဉ် အတွင်း လေအဝှေ့
တွင် ပါလာသော အပုတ်နံ့များကို ရူလိုက်ရပါတယ်။

(လူငယ်) ဟိုသုံးယောက်ပြောတော့ ကားစောင့်နေတဲ့ လူတွေ ရှိတယ်ဆို …

(ခေါင်းဆောင်) မင်းကလည်း တော်တော် လျှာရှည်တာပဲ၊ နောက်မှ ငါပြောပြ
မယ်၊ မြန်မြန်လုပ် ဒီကားလမ်းက လမ်းပိတ်ထားတာ မဟုတ်ဘူး၊ ခုချိန်
စစ်ကားတွေ လာရင် ပြေးလို့ မလွတ်ဘူး၊ အားလုံး ကိုယ်ကျိုးနည်းသွားမယ်၊
မြန်မြန်သွားခေါ် …

လူငယ်လည်း မပြေးရုံတမယ် ခြေလှမ်းများဖြင့် လမ်းအတွင်းဆီသို့ ပြန်လည်
ဝင်ရောက်လာပါတယ်။ သူ့ကို စောင့်နေသော သူငယ်ချင်းနှစ်ဦးကို အရင်
ရှင်းပြပြီး နောက်ဖက်ရှိ လူအုပ်စုထံ သွားခဲ့ကြပါတယ်။ သူ ပြောပြသော
အခါ ဒုတိယ ခေါင်းဆောင် ဖြစ်သူက လက်မခံပေ …
“ငါလည်း မြင်ဖူးအောင် သွားကြည့်အုံးမယ်”

တားဆီးလို့ မရတဲ့အဆုံး ဒု- ခေါင်းဆောင်နှင့် အလောင်းထမ်းထားရသူ
လေးဦး၊ အခြား စပ်စုချင်သူ လူငယ်နှစ်ဦး၊ စုစုပေါင်း ခုနှစ်ယောက်တို့က
လူသေအလောင်းကို သယ်ဆောင်လျက် လမ်းထိပ်ဖက်သို့ ထွက်ခွာသွား
ပါတယ်။ ဆယ်မိနစ်ခန့် အကြာတွင် လမ်းထိပ်သို့ သွားရောက်ခဲ့သူ အားလုံး
ပြန်လှည့်လာကြပါတယ်။ တစ်အုပ်စုလုံး မပြေးရုံတမယ် ခြေလှမ်းများဖြင့် ၎င်းတို့
ရောက်ရှိနေသော လူကုံထံ ရပ်ကွက်အတွင်းမှ လာလမ်းအတိုင်း ပြန်လည်
ထွက်ခွာခဲ့ကြပါတယ်။ အလာတွင် ရှေ့ဆုံး၌ ဦးဆောင်ရသော ခေါင်းဆောင်ခမြာ
အပြန်တွင် နောက်ဆုံးမှ လိုက်ပါနေရပါတယ်။ လမ်းလျှောက်နေရင်း လူငယ်များ
က သူတို့ သိချင်သော အကြောင်းများကို မေးကြည့်သော အခါ …

(လူငယ်) ဦး ….. (ဒု-ခေါင်းဆောင်) တို့ သွားတော့ သေသေချာချာ
တွေ့ခဲ့လား၊ ဘယ်နှစ်လောင်းလဲ၊ ကျနော်အဝေးကပဲ လှမ်းကြည့်ခဲ့တော့
သိပ်မသဲကွဲဘူး …

(ဒု- ခေါင်းဆောင်) စုစုပေါင်း ငါးလောင်း၊ ယောင်္ကျား နှစ်လောင်း၊ အသက်
ကြီးကြီး အဘွားကြီးအရွယ်က တစ်လောင်း၊ ဗိုက်ကြီးသည် တစ်လောင်း၊
အသက် ဆယ်နှစ်အရွယ်လောက်က တစ်လောင်းကွ၊ ကြည့်ရက်စရာတောင်
မရှိပါဘူးကွာ၊ ဗိုက်ကြီးသည် ဗိုက်ထဲက ကလေးပါ ထည့်တွက်ရင် ခြောက်
လောင်း၊ သနားပါတယ်၊ ဒို့တိုင်းပြည် စစ်တပ်က သေနတ်ရှိတယ်ဆိုပြီး
သောက်ရမ်း လျှောက်ပြစ်နေတာ၊ ဗိုက်ကြီးသည်က ဆနွမ်းတွေ လိမ်း
ထားလား မသိဘူး တကိုယ်လုံး ၀ါထိန် နေတာပဲ၊ ဆနွမ်းနံ့ရော
အပုတ်နံ့ရော စုံနေတာပဲ …

(လူငယ်) ဟိုဟာကြီးရော အဲဒီကြားထဲ ပြစ်ခဲ့ပြီလား၊ အသုဘထမ်းစင်ကို
ဘာလို့ ပြန်ယူခဲ့တာလဲ …

(ခေါင်းဆောင်) ပြစ်ခဲ့ပြီးပြီ၊ ရပ်ကွက်ထဲက လူကြီးတွေက အသုဘထမ်းစင်ကို
ပြန်သယ်ခိုင်းထားလို့ ပြန်သယ်လာတာ၊ အင်း … မင်းပြောမှ သတိရတယ်၊
ဦး ….(ဒု-ခေါင်းဆောင်)၊ ခင်ဗျားတို့ နှစ်ယောက်ကို ကျနော် ဟိုဟာ ပေးထား
တယ်နော်၊ တရားနာဖို့ သေသေချာချာ ခေါ်ခဲ့ရဲ့လား ….

(ဒု- ခေါင်းဆောင်) မင်းပေးလိုက်တဲ့ ပုဆိုးစ(သေဆုံးသူထံမှယူခဲ့သော ပုဆိုးစ)
အပြဲလား၊ စိတ်မပူနဲ့ ဟိုကောင့်ဆီမှာ၊ ကျန်တဲ့သူ အားလုံး သူနဲ့သွားပြီး ဘာ
စကားမှ မပြောကြနဲ့နော်၊ ငါပြောတာ အားလုံး ကြားရဲ့လား …

(လူငယ်) အကိုတို့ ဘာပြောနေတာလဲ၊ ဘာ တရားနာဖို့၊ ဘာ ခေါ်ခဲ့တာလဲ …

(ခေါင်းဆောင်) သေတဲ့လူကို သုဿန်ပို့တဲ့ အခါ အဲဒီလူရဲ့ ၀ိညာဉ်ကို တရား
နာဖို့ ပြန်ခေါ်ရတယ်၊ ဥပမာ … အသုဘ နံဘေးက ပန်းလေးတစ်ပွင့်လောက်
ယူပြီး သေသွားတဲ့လူကို အိမ်ပြန်လိုက်ပြီး အသုဘ တရားနာဖို့ ခေါ်ရတယ်၊
အဲလို တရားနာဖို့ ပြန်ခေါ်လာတဲ့ အချိန်အတွင်း ခေါ်လာခဲ့တဲ့သူကို ကျန်တဲ့သူ
တွေက စကား သွားမပြောရဘူး၊ သင်္ချိုင်းမှာ စနစ်တကျ သွားပြီး သဂြုင်္ိလ်ရင်
တော့ အပြန် မော်တော်ကားပေါ်မှာ နေရာ တစ်နေရာစာ ပေးပြီး ခေါ်ရတယ်၊
အခုဟာက ငါတို့သဘောနဲ့ ငါတို့ လွှတ်ပြစ်ခဲ့တဲ့ ကိစ္စဆိုတော့ အဆင်ပြေ
သလို ခေါ်လာရတာ …

(လူငယ်) ဒါဆို အဲဒါကို ဘယ်သူ ခေါ်ခဲ့လဲ၊ အသုဘပြီးသွားရင် ခေါ်လာတာ
ကို ဘယ်လို ပြန်ပို့ကြမလဲ …

(ဒု- ခေါင်းဆောင်) ကို …… (အလာတွင် အသုဘကို ထမ်းခဲ့သူ တစ်ဦး) က
ခေါ်လာတယ်၊ အသုဘ ရက်လည်ဆွမ်းကျွေးပြီးတဲ့ အခါကြရင် အဆင်ပြေ
မယ့် သင်္ချိုင်းတစ်ခုခုမှာ သူ့ ၀ိညာဉ်ကို သွားပို့ပေးရမှာပေါ့ …

(လူငယ်) ခုနက ကျနော်တို့ ဟိုလမ်းထိပ်ကို မရောက်ခင် ကလေးသံတွေ
လိုလို၊ လူအုပ်စုလိုက် စကားပြောသံလိုလို ကြားရတယ်၊ အဲဒါ ဘာတွေလဲ …

(ဒု- ခေါင်းဆောင်) စစ်တပ်က သေနတ်နဲ့ ပြစ်သတ်ထားတဲ့ လူသေအလောင်း
တွေ အတွက် ဘယ်သူကမျှ ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ထားတာ မဟုတ်ဘူး၊
ဒါ ညဖက် အပုတ်ချိန်လေ ဒါကြောင့် မကျွတ်မလွတ် ဖြစ်နေမှာပေါ့၊ ဗိုက်ကြီးသည်
အလောင်းကြီးကို ပေတရာပေါ်မှာ အခုလို မထားကောင်းဘူး၊ အဲဒီနံဘေး ခြံက
လူတွေ အနေနဲ့ သင်္ချိုင်းပို့ပြီး မီးသင်္ဂြိုလ် ပေးသင့်တယ်၊ အောက်လမ်းဆရာ
တစ်ယောက်ယောက်များ တွေ့သွားရင် သရဲလုပ်ပြီး ခိုင်းစား နေအုံးမယ် ….

(ခေါင်းဆောင်) ဦး ….. ၊ ခင်ဗျား စိတ်မကောင်းဖြစ်မနေနဲ့၊ ခုလို သေနတ်သံ
တွေ တဒိုင်းဒိုင်း ဖြစ်နေချိန်မှာ ဘယ်အောက်လမ်း ဆရာတွေ အထက်လမ်း
ဆရာတွေလည်း ဒီနေရာကို ည သန်ကောင်ကြီး မလာရဲဘူး စိတ်ချ …

သေဆုံးသူ၏ ၀ိညာဉ်ကို ပြန်ခေါ်လာသူအား တစ်အုပ်စုလုံး၏ အလယ်မှ
လိုက်ပါ စေခဲ့ပါတယ်။ လူသေ အလောင်းများ ရှိ မရှိကို ပထမဦးဆုံး
သွားရောက် ကြည့်ရူခဲ့သူ သုံးယောက်တို့လည်း သူတို့ သရဲခြောက်ခံလိုက်
ရတာကို သဘောပေါက် သွားသောကြောင့် တော်တော်လေး တုန်လှုပ်
လျက်ပါ။ သူတို့ တစ်အုပ်စုလုံး လာလမ်းအတိုင်း ပြန်လာခဲ့ကြရာ ရပ်ကွက်
နှစ်ခုကြားရှိ ကန်နံဘေး လမ်းသွယ်ထိပ်သို့ ပြန်ရောက်သော အချိန်တွင် မိုးဖွဲဖွဲ
လေး ကျလာပြန်ပါတယ်။ မိုးကျခါစ ချုံကြားထဲရှိ ဖားအော်သံကို ကြားနေရပါ
တယ်။ ဒီလိုနဲ့ တစ်အုပ်စုလုံး အလာတွင် ဖြတ်ခဲ့သော ရေကန်နံဘေးကို
ပြန်ရောက်လာပါတယ်။ ရုတ်တရက် နောက်ဆုံးရှိ ခေါင်းဆောင်က …
“ရှေ့က လူတွေ မြန်မြန်သွားကြ၊ ငါ့နားထဲမှာ ရှေ့ကလား နောက်ကလား
မပြောတတ်ဘူး၊ ညည်းသံ လိုလို ကြားနေရတယ်”

လူတွေအားလုံး ဂရုတစိုက် နားထောင်ကြပြီးနောက် …

(ဒု- ခေါင်းဆောင်) ဒါ ရေကန်ထဲက အော်နေတာ၊ ဒီရေကန်က လူစားတယ်၊
ဒီလို ညည်းသံမျိုး ပေးတဲ့အခါဆိုရင် ခွေးတို့ ကြောင်တို့ကို အရှင်လတ်လတ်
ရေကန်ထဲ ပြစ်ချပေးရတယ်၊ ဘယ်လိုလုပ်ကြမလဲ၊ ပြဿနာပဲ …

(ခေါင်းဆောင်) ဘုရားစာရတဲ့လူက ဘုရားစာရွတ်၊ သံဗုဒ္ဓေပဲ ဖြစ်ဖြစ်၊
(၂၄) ပစ္စည်း ပဋ္ဌာန်းပဲ ဖြစ်ဖြစ်၊ ဘာမျှ မရတဲ့ သူတွေ လောက်လေးခွနဲ့
ရေကန်ထဲကို လှမ်းပြစ်ကြ …

ဒီလိုနဲ့ တစ်အုပ်စုလုံး ကြောက်ကြောက်လန့်လန့်ဖြစ်ပြီး ဘုရားစာ ရွတ်တဲ့သူ
က ရွတ်၊ ရေကန်ထဲ လောက်လေးခွနဲ့ ပြစ်သူက ပြစ်ကြပါတယ်။ ရေကန်ရဲ့
အလယ်ဗဟိုဟာ ရေ၀ဲ ပုံစံမျိုး ထူးဆန်းစွာ ဖြစ်ပေါ်နေပါတယ်။ ရေကန်ဆီက
ထွက်ပေါ်လာတဲ့ ညည်းသံဟာ လူကြီးတစ်ယောက် အဖျားတက်နေတဲ့ အသံ
မျိုးပါ။ ရုတ်တရက် ခေါင်းဆောင်ဖြစ်သူနဲ့ နောက်တစ်ဦးတို့က ပြန်သယ်ဆောင်
လာသော အသုဘထမ်းစင်အား ရေကန်ထဲသို့ ပြစ်ချလိုက်ပါတယ်။ အဲလို လုပ်
လိုက်သောအခါ ညည်းသံ လုံးဝ ကွယ်ပျောက်သွားပါတယ်။ ဒီလိုနဲ့ပဲ တစ်အုပ်စု
လုံး စိတ်မော လူမောနဲ့ ရပ်ကွက်ထဲသို့ ပြန်လည် ရောက်ရှိခဲ့ကြပါတယ်။

(ပြီးပါပြီ။)

Nov 9, 2009

ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို မဲထည့်ပါ

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံအတွင်း သုံးနှစ်နှင့်အထက် နေထိုင်လျက်ရှိသူ၊ အသက်
(၁၈) နှစ်ပြည့်သူတိုင်း ဒေသဆိုင်ရာ မြူနီစပယ် ရွေးကောက်ပွဲတွင်
မဲပေးပိုင်ခွင့် ရှိပါသည်။



(Esbjerg , Denmark မြူနီစပယ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်
မည့် ဒေသဆိုင်ရာ ဆိုရှယ်ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ဦး)





(မဲရုံးတွင် မဲလာပေးရန် ဖိတ်ခေါ်ထားသည် ဖိတ်စာ)

Moving to Mars

Nov 8, 2009

ပုံပြင်တစ်ပုဒ်လို သဘောထားပါ (၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာ
ရပ်ခံအပ်ပါသည်။)

လမ်းဆုံဆိုတဲ့ နေရာက ကန်နံဘေး လမ်းသွယ်နဲ့ ရပ်ကွက်တစ်ခု အတွင်းသို့
ဝင်ရောက်နိုင်တဲ့ လမ်းမကြီးနှစ်ခု ဆုံတွေ့ရာ နေရာတစ်ခုပါ။ အဲဒီလမ်းဆုံဟာ
လူကုံထံ ရပ်ကွက်ရဲ့ နောက်ပိတ်ဆုံး နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ခြံဝန်းများ
သာရှိပြီး အိမ်အများစုဟာ ခြံတွေရဲ့ အတွင်းမှာ ရှိပါတယ်။ လမ်းမီးတိုင်မှ မီး
အလင်းရောင်ကို ခပ်လှမ်းလှမ်းက မြင်တွေ့နေရပါတယ်။ တဖြေးဖြေးနဲ့ တစ်အုပ်စု
လုံး ဓါတ်မီးတိုင်အောက်ကို ရောက်ရှိလာပါတယ်။ ဓါတ်မီးတိုင်အောက်ကို စ’ရောက်
တဲ့ အချိန်မှာ အသုဘအထုတ်အတွင်းက ညည်းသံကို လုံးဝ မကြားရတော့ပါ။

(ဒု-ခေါင်းဆောင်) ဟေ့ မြေကြီးနဲ့ ဒီဟာကြီး မထိအောင် ကြားခံနိုင်မဲ့ ပစ္စည်း
တစ်ခုခုကို အမြန် ရှာကြ၊ အသံတောင် မကြားရတော့ပါလား၊ မြန်မြန်
ဖွင့်ကြည့်ရအောင်၊ တော်ကြာ ဒို့လက်ထဲရောက်မှ အသက်ရူကြပ်ပြီး သေတယ်
ဆိုရင် ငါတို့အားလုံး အမှုပတ်နေအုံးမယ် …

(လူငယ် တစ်ဦး) ဟိုခြံရှေ့မှာ ခုံတန်းလျား တစ်ခုနဲ့ တူတယ်၊ အဲဒီအထိ သယ်သွား
ပြီး ဖွင့်ကြည့်ရအောင် …

(ခေါင်းဆောင်) အဲဒီ ခုံတန်းလျားကို သွားသယ်လိုက်၊ သူများခြံရှေ့ လူအုပ်စုလိုက်
စုရုံးစုရုံးနဲ့ တော်ကြာ ဒမြ လာတိုက်ထင်ပြီး ထ’အော် နေလို့ အကုန်လုံး ပြေး
နေရအုံးမယ်၊ အသံဗလံ မထွက်စေနဲ့ သတိထားကြ …

လူကုံထံ ရပ်ကွက်တစ်ခုလုံး အိမ်မောကြနေပြီး အရာရာ တိတ်ဆိတ်နေပါ
တယ်။ လူငယ် လေး ..ငါးယောက်တို့က ဓါတ်မီးတိုင်နဲ့ မနီးမဝေး ခြံတစ်ခြံ
ရှေ့ရှိ ခုံတန်းလျားတစ်ခုကို သွားရောက် သယ်ဆောင်လာပါတယ်။ အသုဘ
ထမ်းစင်တွင် အလှည့်ကျ ထမ်းရန် တာဝန်ယူထားသည့် လူလတ်ပိုင်းအရွယ်
နှစ်ဦးတို့က အလောင်းကို အသုဘ ထမ်းစင်ပေါ်မှ ခုံတန်းလျားပေါ်သို့ မ’ ပြီး
ရွှေ့လိုက်ပါတယ်။ ဒီအချိန်မှာ ခေါင်းဆောင်ဖြစ်သူက ဒု- ခေါင်းဆောင်အား …
“ဦး ……၊ ခဏနေအုံး၊ ရုပ်ပျက်ဆင်းပျက် ဖြစ်ထားတာနော်၊ တော်ကြာ
လူတွေ အားလုံး အကြောက်လွန်ပြီး ထွက်ပြေးနေအုံးမယ်၊ ခင်ဗျားရယ်
ကျနော်ရယ် ကြည့်ရတဲ့ လူတွေပဲ ဖွင့်ကြည့်မယ် လူငယ်တွေ မကြည့်ရဲရင်
မျက်နှာလွှဲနေကြ”

(ဒု- ခေါင်းဆောင်) အေး ဟုတ်တယ်၊ ကလေးတွေ မင်းတို့ မကြည့်ရဲရင်
မျက်နှာ လွှဲထားကြ …

ခေါင်းဆောင်နှစ်ဦး အပါအ၀င် လူကြီး ဆယ်ဦးခန့်နဲ့ ကြည့်ချင်သော လူငယ်
လေး … ငါးဦးခန့် အသုဘ ခေတ္တတင်ထားရာ ခုံတန်းလျားနံဘေးတွင် ၀ိုင်းလိုက်
ကြပါတယ်။ ဓါတ်မီးတိုင်၏ မီးအလင်းရောင်၊ လက်နှိပ်ဓါတ်မီး သုံး … လေးလက်
ရဲ့ အကူအညီဖြင့် အသုဘ အထုတ်ကို စ’ ပြီး ဖွင့်လိုက်ပါတယ်။ ဆူးရှ ပြင်းထန်းလှ
တဲ့ အရက်နံ့ဟာ အားလုံးရဲ့ နာခေါင်းဝ တွေဆီ ၀င်ရောက်လာပါတယ်။ ခေါင်းဆောင်
လုပ်သူ၏ ဒေါသ ထွက်နေသော စကားသံကို ကြားရပါတော့တယ် …
“ကဲ့ … အစ ကတည်းက ငါ မပြောဘူးလား … လုံးဝ သေနေပါပြီ ဆိုတာ …
မင်းတို့ အားလုံး လက်မခံကြဘူး … ကြည့်ပါအုံး …. ခုတ်ထားတာများ … ရစရာ
တောင် မရှိဘူး … ခေါင်းတောင် ပျက်လုမတတ် … ရင်ဘတ်မှာ အပေါက်တွေ
ဗလပွနဲ့ …. လမ်းထဲက နားလည်တဲ့ လူကြီးအားလုံးကနေ သေနေပြီလို့ ဆုံးဖြတ်
ထားလို့ သယ်လာတာ … ကဲ့ ပြောပါအုံး ဆရာသမားတို့ ကျေးဇူးရှင်တို့ … ”

(ထမ်းလာသူ တစ်ဦး) ဟုတ်တယ်ဗျာ … အသားတွေလည်း အေးစက်နေတာဘဲ
…. ကျနော် ရေခဲတိုက်မှာ အလုပ် လုပ်ဖူးတယ် … ဒီဟာမျိုးက သေသွားတာ နာရီ
ပိုင်းလောက်ရှိတဲ့ အလောင်းမျိုး … ကျနော်တို့ သယ်မလာခင် ကတည်းက သေ
ထားပြီးသား အလောင်းပါ … ဒါဆို ခုနက ညည်းသံက ဘယ်ကလဲ … မျက်စိတောင်
လည်နေပြီ …

(ဒု- ခေါင်းဆောင်) ညည်းသံကို အားလုံး ကြားရတာ … သေတယ်ဆိုတာ ကျိန်းသေ
နေမှတော့ မှာလိုက်တဲ့ နေရာ အထိ ဆက်သယ်ကြတာပေါ့ … တော်ကြာ အားလုံး
မထင်သလို ဖြစ်သွားမှာကို ကျနော်က စိုးရိမ်းလို့ပါ … ဖွင့်ကြည့်တော့လည်း အဖြေ
ရတာပေါ့ဗျာ …

(လူငယ် တစ်ဦး) ကဲ့ … ကဲ့ .. အကိုတို့ အချိန်မရှိဘူး … ဒါကြီးကို မြန်မြန်ပြန်ထုတ်
လိုက် … မှာလိုက်တဲ့ နေရာက ဘယ်နားမှာလဲ … ဒီဖက်လမ်းတွေက လမ်းကျယ်တွေ
… စစ်ကားတွေ မောင်းဝင်လာလို့ ရတယ် … မာရှယ်လော ထုတ်ထားတာနော် …
အမေးအမြန်းမရှိ အပြစ်ခံနေရအုံးမယ် …

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေသော သူတို့အားလုံး လက်ထဲတွင်
တုတ်၊ ဓါးများ ကိုင်ဆောင်ထားသော်လည်း ကြောက်စိတ်ကြောင့် တုန်တုန်ရီရီ
ဖြစ်နေကြပါပြီ။ လူငယ်တစ်ဦး သတိပေးလိုက်သော စကားကြောင့် ငြင်းခုန်နေသူ
အားလုံး အသုဘအလောင်းကို အလျင်အမြန် ပြန်ထုတ်ကြပါတယ်။ ခေါင်းဆောင်
ဖြစ်သူက အလောင်း ထမ်းသူများအား ပခုံးပေါ်တွင် တင်ပြီး မသယ်ဆောင်ဘဲ
မြေကြီးမှ ပေါင်တ၀က်လောက် မြင့်သော အနေအထားဖြင့်သာ မ’ပြီး သွားဖို့
မှာကြားပါတယ်။ ပြီးတော့ ရှေ့ပြေးအနေနဲ့ အရှေ့ကနေ ကြိုပြီး သွားဖို့
လူလတ်ပိုင်း အရွယ် နှစ်ဦးနဲ့ လူငယ်တစ်ဦးကို ရွေးချယ်ပါတယ်။

(ခေါင်းဆောင်) ……၊ …..နဲ့ မောင် ……တို့ အရင်သွား၊ လက်ထဲက ဓါးတွေ
လောက်လေးခွတွေ ငါတို့ဆီမှာ ထားခဲ့၊ ပုဆိုးကို ပြန်ပြင်ဝတ်လိုက်၊ မတိုစေနဲ့၊
လက်နှိပ်ဓါတ်မီး နှစ်လက်လောက် ယူသွား၊ စစ်တပ်က ကင်းပုန်းတွေ ဒီလမ်းထိပ်မှာ
ရှိနိုင်တယ်၊ စစ်တပ်နဲ့ တည့်တည့်တိုးရင် … အိမ်က စိတ်မနှံ့တဲ့ အမ တစ်ယောက်
… ပျောက်နေလို့ လိုက်ရှာနေတယ် ပြောနော် … ပီပီပြင်ပြင် ပြောနော် … စစ်တပ်နဲ့
ထိပ်တိုက်တိုးရင် ထွက်မပြေးနဲ့ သူတို့ဆီ တည့်တည့်လျှောက်သွား … အမူအယာ
မပျက်စေနဲ့ … မတတ်သာတဲ့ အဆုံး အဖမ်းခံရလည်း လိုက်သွား၊ လမ်းထိပ်ရောက်
ရင် ညာဖက် ကြည့်လိုက် ကားမှတ်တိုင်နံဘေးမှာ အလောင်းတွေရှိတယ်နော်၊
အရမ်းကြီး ကြောက်မနေနဲ့၊ ခပ်လှမ်းလှမ်းက ကြည့်ရင် မြင်နိုင်တယ်၊ ဓါတ်မီးနဲ့
အရှေ့ကို ကြိုထိုးပြီးသွားနော်၊ စစ်တပ်က ကင်းပုန်းရှိရင် မင်းတို့အပေါ် မသင်္ကာ
မဖြစ်ဘူးပေါ့၊ မင်းတို့ နှစ်ယောက် ရှေ့ဆုံးက ကြိုသွား၊ မောင်……. ကို
မင်းတို့ နှစ်ယောက်နဲ့ ဓါတ်တိုင် တစ်တိုင်လောက် အကွာမှာ လိုက်ခိုင်း၊ သူက
ဓါတ်မီးနဲ့ အချက်ပြရင် ငါတို့အားလုံး မင်းတို့ဆီ လာခဲ့မယ် … ငါ ပြောတာကို
မမေ့နဲ့နော် …

ရှေ့ပြေးသွားသူ သုံးဦးအနက် နောက်ပိတ်ဆုံး လူငယ်နှင့် ဓါတ်တိုင် ငါးတိုင်စာ
အကွာအဝေးမှ ကျန်တစ်အုပ်စုလုံး လိုက်ခဲ့ကြပါတယ်။ သူတို့ လျှောက်နေရ
သော လမ်းမှာ ဘတ်စ်ကား သွားနေကြ ကားလမ်းမမှ တိုက်ရိုက် ချိုးကွေ့ ၀င်
ရောက်နိုင်သော လမ်းမျိုးပါ။ ဒါကြောင့် ရုတ်တရက် ရှေ့ကနေ လမ်းအတွင်း
သို့ စစ်ကား တစ်စီးစီးများ ချိုးကွေ့ ၀င်လာ မလားလို့ စိုးရိမ်းစွာနဲ့ သွား
နေရပါတယ်။

(ဒု- ခေါင်းဆောင်) ကို …..၊ ဒီလမ်းထိပ်မှာ စစ်တပ်က ပြစ်သတ်ထားတဲ့
အလောင်းတွေ ရှိနေသေးတယ်လို့ ဘယ်သူ ပြောတာလဲ၊ သေရော သေချာ
ရဲ့လား …

(ခေါင်းဆောင်) ခင်ဗျားအိမ်ရှေ့က ဆိုက်ကားနင်းတဲ့ …….. ပြောတာ၊ သူကိုယ်တိုင်
ဒီညနေ ခြောက်နာရီထိုးလောက်က သေသေချာချာ မြင်ခဲ့တာတဲ့၊ ကားမှတ်တိုင်
နံဘေးမှာ သေနေတာက ငါးလောင်းတဲ့ ဗျာ ….

(လူငယ် တစ်ဦး) ဆိုက်ကားနင်းတဲ့ ကို…….၊ ဘယ်လို မြင်ခဲ့တာလဲ၊ သေနေတဲ့
လူတွေက ဆန္ဒပြတဲ့ ကျောင်းသားတွေလား ….

(ခေါင်းဆောင်) မဟုတ်ဘူးကွ၊ …… ပြောတာက၊ ဒီညနေ ဒီဖက်က ဆရာဝန်
တစ်ယောက်ကို လာပင့်ချင်တယ်ဆိုပြီး သူ့ ဆိုက်ကားကို အဌားခေါ်လာတာ၊
အဲဒီအလောင်းတွေ မြင်တော့ ဒီဖက်မှာ နေတဲ့ ဆရာဝန်ကို မေးကြည့်တယ်၊ အဲဒီ
ဆရာဝန်အိမ်က ကားမှတ်တိုင်နဲ့ မျက်နှာချင်းဆိုင် ခြံကွ၊ ဆရာဝန်က ပြောပြ
တယ်၊ ကားမှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေတဲ့ မိသားစု တစ်စုလို့တော့
ထင်တယ်တဲ့ …. ဆန္ဒပြတဲ့ သူတွေကို စစ်တပ်က သေနတ်ပြစ်တော့ … ဆန္ဒပြတဲ့
သူတွေက မီးပွိုင့်ဖက်ကနေ ပြေးလာတာတဲ့ … ပထမ စစ်တပ်က မီးပွိုင့်ထိပ်ကနေ
လမ်းမကြီး တလျှောက် ရမ်းပြီး ပြစ်နေတာ … ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့
အဲဒီလူတွေ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားတာ …. အချိန်နည်းနည်း
လောက် ကြာတော့ စစ်ကားတွေ ခြေလျင်လျှောက် စစ်သားတွေ ဒီနေရာ
ရောက်လာတယ် … တစ်ယောက်လား … နှစ်ယောက်လား မသိဘူး .. လဲနေ
တဲ့ အထဲမှာ မသေသေးဘူး .… စစ်တပ်က လှံစွပ်နဲ့ ထပ်ထိုးသွားတယ်တဲ့
ရှင်းပြီလား …

(ဒု- ခေါင်းဆောင်) စစ်တပ်က အလောင်းတွေကို မသယ်သေးတာ ကျိန်းသေဖို့ပဲ
လိုတယ် … နောက်မို့ဆို ဒါကြီးကို ပြစ်ဖို့ ခက်မယ်နော်၊ ရှေ့ကနေ ကြိုသွား
နေတဲ့ ဟိုသုံးယောက်ကို ခင်ဗျား သေသေချာချာ မှာလိုက်ရဲ့လား …

(ခေါင်းဆောင်) လမ်းထိပ် ညာဖက်က ကားမှတ်တိုင်နံဘေးကို ကြည့်လို့ပဲ ပြော
လိုက်တယ်၊ ဘယ်လိုပုံစံ သေနေတယ်၊ ဘယ်နှစ်လောင်းရှိတယ် ဆိုတာတော့
သေသေချာချာ မပြောလိုက်မိဘူး …

(လူငယ် တစ်ဦး) ဟိုမှာ ဟိုမှာ … သူတို့ သုံးယောက် ဒီဖက်ကို ပြန်လာနေပြီ
အခြေအနေ မကောင်းဘူးနဲ့ တူတယ် …..

အသုဘ အလောင်းကို သယ်ဆောင်လာတဲ့ လူအုပ်စုရှိရာသို့ ရှေ့ပြေး သွားသူ
သုံးဦး အရေးတကြီးပုံစံ ခြေလှမ်းများဖြင့် လှည့်ပြန်လာနေတာကို တွေ့လိုက်ရ
ပါတယ်။

(ခေါင်းဆောင်) မင်းတို့ ငါပြောတဲ့ နေရာမှာ ဘာမျှ မတွေ့ခဲ့ဘူးလား …

(ပြန်လာသူ တစ်ဦး) ခင်ဗျားပြောတာ လုံးဝ မဟုတ်ဘူး၊ ဘာအလောင်းမှ မရှိဘူး၊
ကားမှတ်တိုင်မှာ လူ ငါးယောက်ထိုင်နေကြတယ်၊ သူတို့ နံဘေးကို ကျနော်
ရောက်ခဲ့သေးတယ်၊ အဘွားကြီးတစ်ယောက်က မီးခြစ်ပါလား မေးလို့ ကျနော်
တောင် မီးခြစ်ထုတ်ပေးလိုက်သေးတယ်၊ သူ သောက်နေတဲ့ ဆေးပေါ့လိပ်က
တိုနေလို့ သနားတာနဲ့ ကျနော့်အင်္ကျီ အိတ်ကပ်ထဲက တစ်လိပ်တောင် ပေးခဲ့
သေးတယ်၊ ခင်ဗျားမေးမှ သတိရတော့တယ်၊ ကျနော့်မီးခြစ်တောင် ကျန်ခဲ့ပြီး၊
ထားလိုက်ပါ …

(ခေါင်းဆောင်) မင်းတို့ ကားမှတ်တိုင်မှာ တွေ့ခဲ့တာ လူ ငါးယောက် ဟုတ်လား …

(ပြန်လာသူ တစ်ဦး) ဟုတ်တယ်ဗျာ၊ မယုံရင် ခင်ဗျား သွားကြည့်ချင် ကြည့်ပေါ့၊
ဘာ အလောင်းမှ မရှိဘူး၊ ကားစောင့်နေတဲ့ လူတွေပဲ ရှိတယ်၊ ဒါကြီး အဲဒီကို သယ်
မသွားနဲ့၊ တော်ကြာ အဲဒီလူတွေ မြင်သွားလို့ကျနော်တို့အားလုံး မီးခိုတောက်လျှောက်
ပြဿနာ တက်နေအုံးမယ် …

(ဒု- ခေါင်းဆောင်) ဟေ့ … မာရှယ်လော ထုတ်ထား အခု ညနှစ်နာရီတောင် မထိုး
သေးဘူး၊ ဘယ်သူက ဒီအချိန်ကြီး ကားမှတ်တိုင်မှာ ကားစောင့်မှာလဲ၊ လမ်း
တော်တော်များများကို သစ်တုံးတွေနဲ့ ပိတ်ထားတာ၊ ဘယ် ဘတ်စ်ကားမှ လိုင်း
မဆွဲဘူး၊ မင်းတို့သုံးယောက်တွေ့ခဲ့တာ ဟုတ်ရော ဟုတ်ရဲ့လား ……

(ခေါင်းဆောင်) အားလုံး ဒီနေရာမှာ နေခဲ့၊ ငါ တစ်ယောက်တည်း ဖြစ်ချင်ရာဖြစ်
သွားကြည့်မယ် ….


(ဆက်ရန်။)
(နောက်ဆုံးပိုင်းကို ရက်အနည်းငယ်ကြာ စောင့်ဆိုင်းကြပါ။)

Nov 5, 2009

ပုံပြင်တစ်ပုဒ်လို သဘောထားပါ (၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာ
ရပ်ခံအပ်ပါသည်။)

ကြောက်လန့်တကြားပြေးလာတဲ့သူကို ခေါင်းဆောင်ဖြစ်သူ ရပ်ကွက်လူမိုက်က
“ဟေ့ကောင်၊ မင်း … ထစ်ခနဲဆို ဇွတ်မပြေးနဲ့ ချော်လဲလို့ ဒဏ်ရာတစ်ခုခု
ဖြစ်ရင် တော်တော်နဲ့ မပျောက်ဘူး နားလည်လား၊ ဒါ အသုဘပို့နေတာ”
လို့ ပြောပါတယ်။

ကန်နံဘေး လမ်းတလျှောက်မှာ ရှိတဲ့ ဓါတ်တိုင်အားလုံးနီးပါးမှာ မီးလင်းတဲ့
တိုင်က လင်း၊ မလင်းတဲ့တိုင်က မလင်းပါ။ ဒါကြောင့် လက်နှိပ်ဓါတ်မီးနဲ့
အရှေ့ကို မီးထိုးကြည့်ရပါတယ်။ လမ်းထဲသို့ အ၀င် ဓါတ်တိုင် နှစ်တိုင်နီးပါး
အရောက်မှာ မိုးဖွဲဖွဲလေး ကျလာပါတယ်။ လျှပ်စီးတွေလည်း လက်လာပါ
တယ်။ ရုတ်တရက် “ကြောင်”လို့ ယူဆရတဲ့ အရာတစ်ခုဟာ လမ်းရဲ့ ညာဖက်
သစ်ပင်ကြီး တစ်ပင်၏ နံဘေးမှ လမ်းကို ကန့်လန့်ဖြတ် ဖြတ်ပြီး ဘယ်ဖက်
အခြမ်းက ရေကန်ထဲကို ၀ုန်းကနဲ ခုန်ဆင်းသွားပါတယ်။ အားလုံးလည်း
ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဒုတိယခေါင်းဆောင်
ဖြစ်နေသူက သူ့ရှေ့က ဦးဆောင်သွားနေတဲ့ လူမိုက်ကို လှမ်းပြောပါတယ်။
“ကို …..၊ ကျနော်တို့ ခဏရပ်လိုက်ရင် ကောင်းမယ် ထင်တယ်”

(ခေါင်းဆောင်) ဘာဖြစ်လို့လဲ …. ဦး …..

(ဒု-ခေါင်းဆောင်) ခင်ဗျားနားလည်လား၊ ကျနော့်မှာ အယူတစ်ခုရှိတယ်၊ ခရီး
တစ်ခု သွားလို့ ရှေ့ကနေ “ကြောင်” တို့၊ “ခွေး”တို့ ကန့်လန့်ဖြတ် ဖြတ်သွားရင်
ကျနော်တော့ အဲဒီခရီးကို ဘယ်တော့မှ ဆက်မသွားဘူး၊ အဲဒါ နိမိတ် မကောင်းဘူး

(ခေါင်းဆောင်) ဒါဆို … ကျနော်တို့ ဘာလုပ်ကြမလဲ …

(ဒု-ခေါင်းဆောင်) ကျနော့်စိတ်ထဲ တစ်ခုခု ထင့်နေသလိုပဲ၊ လှည့်ပြန်ရင် ကောင်း
မလားလို့ …

(ခေါင်းဆောင်) ခင်ဗျား ရူးနေလား၊ အသုဘကို ရပ်ကွက်ထဲက သယ်ထုတ်ပြီးရင်
ရပ်ကွက်အတွင်းကို ပြန်မသယ်ရဘူး၊ အရပ် နာတယ်ဗျ၊ မသာ ဆိုတာ အထွက်ပဲ
ရှိရတယ်၊ အ၀င်မရှိရဘူး …

(ဒု-ခေါင်းဆောင်) မင်းကို ပြောရတာ တော်တော် ခက်တယ်၊ ခုနက “ကြောင်”
ရေကန်ထဲကို ဆင်းသွားတာ မင်းတွေ့တယ် မဟုတ်လား၊ အသံကလည်း
“၀ုန်း” ဆိုတဲ့ အသံကြီး

(ခေါင်းဆောင်) အဲ … ကျနော် သဘောပေါက်ပြီး

သူတို့နှစ်ဦး နံဘေးကို ရောက်လာတဲ့ လူငယ်က ..
“အကိုတို့ ပြောနေတာတွေ ကျနော်တော့ သိပ်နားမလည်ဘူး၊ ရှေ့ဆက်
မသွားရင် ကျနော်တို့ တစ်အုပ်စုလုံး ဘာလုပ်ကြမလဲ”

(ဒု-ခေါင်းဆောင်) “ကြောင်” ရေကန်ထဲ ဆင်းသွားတာ မင်းတွေ့တယ်
မဟုတ်လား၊ ထွက်လာတဲ့ အသံကလည်း “၀ုန်း”ဆိုတော့၊ ဒီဖက်လမ်းကို
ငါတို့ လာမိတာ မှားနေသလိုပဲ၊ သိပ်တော့ မကြောက်နဲ့ တစ်ခုခုတော့
မှား နေသလားလို့ ….

(လူငယ်) အား … ဟုတ်ပြီး … ဟာ … ဒါ ..ဒါဆိုရင် …

ရှေ့ဆုံးက လူတွေ ခဏရပ်သွားတဲ့အတွက် နောက်က လူတွေလည်း
ရပ်လိုက်ရပါတယ်။ နောက်ဆုံးက လူငယ်အုပ်စုကို ရှေ့ဆုံးကို တက်လာဖို့
ခေါင်းဆောင် လုပ်သူက လက်ပြလိုက်ပါတယ်။ ခွေးအူသံပေါင်း များစွာကြား
က ခွေးတစ်ကောင်ရဲ့ စူးစူးဝါးဝါး အူလိုက်တဲ့ အသံဟာ တော်ရုံတန်ရုံ ကြောက်
စိတ် ကင်းမဲ့သူများပင် ဆံပင်မွှေးတွေ ထောင်လာပါတယ်။ အသုဘ အလောင်း
ကို ထမ်းထားရတဲ့ လူတစ်ယောက်က …
“ကို….၊ ဘာဖြစ်လို့ ရပ်လိုက်တာလဲ”

(ခေါင်းဆောင်) ဟိုရှေ့က မီးမိတ်လိုက် လာလိုက်ဖြစ်နေတဲ့ ဓါတ်တိုင်
အောက်ကို ငါ မသင်္ကာလို့၊ မင်းတို့ လူငယ် မျက်စိ အားကောင်းကောင်း
နဲ့ သေသေချာချာ ကြည့်ပါအုံး …

ခေါင်းဆောင်ဖြစ်သူအပါအ၀င် လူနှစ်ဆယ် နီးပါး ထိုနေရာကို စူးစိုက်ကြည့်
ကြပါတယ်။ ပြီးတော့ တစ်ယောက် တစ်မျိုးစီ ပြောနေကြပါတယ်။ အများစုက
ဘာမျှ မမြင်ရဘူးလို့ ဆိုပါတယ်။ လူ လေး ..ငါးဦးက အရပ်ရှည်ရှည်နဲ့ လူ
တစ်ယောက် ထိုင်နေတယ်လို့ မြင်တယ်၊ တချို့က ကလေးငယ်တစ်ယောက်
ထိုင်နေတယ်လို့ မြင်တယ်၊ အဆိုးဆုံးက ဒုတိယ ခေါင်းဆောင်ဖြစ်သူရဲ့
အမြင်ပဲ ဖြစ်ပါတယ်။ သူ မြင်တာက အမျိုးသမီးတစ်ဦး ဆံပင်တွေကို
ဖားလျားချပြီး ထိုင်နေတယ်တဲ့။

(ခေါင်းဆောင်) အားလုံး တော်ကြပါတော့၊ တစ်ယောက် တစ်ပေါက်စီ
ငြင်းမနေနဲ့၊ လေးခွတွေ အသင့်ပြင်ထားကြ၊ ငါ လှမ်းမေးလိုက်မယ်၊ ငါက
ပြစ်ဆိုတာနဲ့ ပြစ်ကြ၊ ငါက ရပ်ဆိုတာ မင်းတို့ ရပ်တော့ …

ဒီလိုနဲ့ ခေါင်းဆောင်ဖြစ်သူ ပါးစပ်က “ဟေ့ ဘယ်သူလဲ … ဟေ့ ဘယ်သူလဲ
… မေးနေတာ မကြားဘူးလား ရှေ့က ဘယ်သူလဲ” လို့ အသံကျယ်ကြီးနဲ့
ဆက်တိုက် အော်ပြီး မေးနေပါတော့တယ်။ ပြန်လည် ဖြေဆိုသံ မကြားရတဲ့
နောက်ဆုံးမှာ ခေါင်းဆောင်လုပ်သူ ပါးစပ်မှ … “ပြစ်ကွာ” …

ထိုနေရာကို လေးခွတွေနဲ့ ငါးမိနစ်လောက် ဆက်တိုက် ပြစ်ပြီးတဲ့နောက်
“ဟေ့ကောင်တွေ ရပ်ကြတော့” ဆိုတဲ့ ခေါင်းဆောင် အသံကြောင့် အားလုံး
ရပ်လိုက်ပါတယ်။ လူ လေး … ငါးယောက်လောက် ဓါးတွေ တရမ်းရမ်းနဲ့
အဲဒီနေရာကို သွားကြပါတယ်။ မီးမှိတ်လိုက် လာလိုက် ဖြစ်နေတဲ့ အဲဒီဓါတ်တိုင်
အောက်မှာ တစုံတခုများ တွေ့လိုတွေ့ငြား ရှာဖွေကြပါတယ်။ ပြီးတော့ ဘာမျှ
မရှိတော့ဘူး လာကြတော့လို့ နောက်မှ လူအုပ်စုကို လှမ်းပြောလိုက်ပါတယ်။

အသုဘအလောင်း သယ်လာတဲ့ လူတစ်အုပ်စုလုံး ဒီလမ်းပေါ်မှာ တော်တော်
လေး စိတ်ကသိကအောင့် ဖြစ်နေကြပါပြီ။ နဂိုက သရဲတစ္ဆေ မယုံတဲ့သူတွေ
လည်း နည်းနည်းတော့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြပါတယ်။ ခေါင်းဆောင်
လုပ်သူ နှစ်ဦးက အားလုံးကို မကြောက်ဖို့၊ တစ်ခုခုဆို ခြေဦးတည့်ရာ ဇွတ်မပြေးဖို့
ပြော နေရပါတယ်။ အဲလိုပြောနေချိန်မှာပဲ အသုဘအလောင်း ထမ်းထားတဲ့ သူတွေ
ဆီက လှမ်းပြောလာပါတယ် …
“ကို ……၊ ကျနော်တို့ လေးယောက် ကြောက်လို့ ပြောတာ မဟုတ်ဘူးနော်၊ တစ်ခုခု
တော့ ကျိန်းသေပေါက် မှားနေပြီး၊ ဒီဟာက ဒီလမ်းပေါ်ရောက်မှ အရမ်း လေး လာ
သလိုပဲ၊ ရပ်ကွက်ထဲကို တစ်ယောက် … နှစ်ယောက်လောက် ပြန်လွှတ်ပြီး၊ ဘုန်းကြီး
ကျောင်းက ဦးပဉ္ဇင်းတစ်ပါးလောက် ပင့်ခိုင်းလိုက်ပါလား၊ အထုတ်ထဲက ညည်းသံလို
လို ဘာလိုလို သဲ့သဲ့လေး ကြားနေတယ်၊ လေးယောက်စလုံး ကြားနေရတာ၊
ဘယ်လို လုပ်ရမလဲ”

(ခေါင်းဆောင်) အရေးထဲမှာ မင်းတို့ကလည်း ကြောက်နေပြန်ပြီး၊ ဒါကြီးကို မထုတ်
ခင်က ငါကိုယ်တိုင် နံဘေးကနေ သေသေချာချာ ကြည့်လာတာ၊ သေသေချာချာ
ဖြစ်နေလို့ ငါက အဲဒီမိသားစုကို သနားပြီး တာဝန်ယူလာတာကွ၊ မသေချာပဲနဲ့
အရူးချေးပန်း သယ်ထုတ်လာတာ မဟုတ်ဘူး …

(ထမ်းထားသူ တစ်ဦး) ခင်ဗျားကလည်း ခက်တယ်ဗျာ၊ ခင်ဗျား လာထမ်းကြည့်၊
မဟုတ်ရင် ကျနော့်ကို ခင်ဗျားကြိုက်သလို ပြောပေတော့ …

(ခေါင်းဆောင်) ရပ်ကွက်ထဲ ဘုန်းကြီး ပြန်ပင့်ခိုင်းရင်၊ ငါတို့ တစ်အုပ်စုလုံးကို
လူတွေက ငကြောက်တွေလို့ အပြောခံရမှာ မင်းနားလည်လား၊ မင်းတို့ စိတ်ထဲ
မှာ မသင်္ကာ ဖြစ်ေ
နရင် ဒီဟာကြီးကို အောက်ခဏ ချလိုက်၊ ငါ ဖွင့်ပြမယ် ..

(
ဒု- ခေါင်းဆောင်) ဟေ့ လူတွေ၊ အသုဘ ပို့တဲ့အခါ မြေပေါ်မှာ ခဏ မချရဘူး၊
ချပြီးရင် ချတဲ့ နေရာမှာ မြုပ်ရတယ်ဗျ၊ ကို …. ခင်ဗျားကလည်း ပြောလိုက်ရင်
ခင်ဗျား အသိဆုံး အတတ်ဆုံးပဲ၊ ဒီလောက်တောင် နားမလည်ဘူးလား …

(ခေါင်းဆောင်) ဒါဆို ဘာလုပ်ကြမလဲ …

(ဒု- ခေါင်းဆောင်) ဒီလမ်းဆုံးတဲ့ အထိ သယ်သွားမယ်၊ ပြီးရင် မီးလာတဲ့
ဓါတ်တိုင် တစ်တိုင်အောက်မှာ မြေနဲ့မထိအောင် တစ်ခုခုနဲ့ ခံရင်ခံ၊ ဒါမှ
မဟုတ်လည်း လက်တွေနဲ့ ၀ါးကပ်ကို ပင့်ထား၊ ကျနော် ဖွင့်ကြည့်မယ်၊ သူတို့
ပြောသလို ဟိုဟာ(မသေသေးဘူး) ဖြစ်နေရင်တော့ ရပ်ကွက်ထဲ ပြန်သယ်
သွားမယ်ဗျာ …

ဒီလိုနဲ့ တစ်အုပ်စုလုံး ဒုတိယ ခေါင်းဆောင်ဖြစ်သူ ပြောတဲ့ ဆုံးဖြတ်ချက်ကို
လက်ခံလိုက်ပါတယ်။ အသုဘ အလောင်းရဲ့ ဘေးနှစ်ဖက်နဲ့ ရှေ့နောက်တွေ
မှာ တုတ်၊ ဓါး၊ လောက်လေးခွများ ကိုင်ဆောင်ထားပြီး ရှေ့ကို ဆက်သွားခဲ့ကြ
ပါတယ်။ အဲဒီလမ်း မဆုံးခင်လေးမှာပဲ လူတစ်ယောက်ရဲ ညည်းသံလိုလို
ဘာလိုလို အသံတစ်သံကို လူနှစ်ဆယ်နီးပါးရှိတဲ့ တစ်အုပ်စုလုံး ပီပီသသ
ကြားနေရပါပြီ။ ခေါင်းဆောင်ဖြစ်သူ ပါးစပ်က …
“ဟိုရှေ့ လမ်းဆုံက ဓါတ်မီးတိုင်အောက်မှာ ခဏနားမယ်”

(ဆက်ရန်။)

Nov 2, 2009

ပုံပြင်တစ်ပုဒ်လို သဘောထားပါ (၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊
နှလုံး
ရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာရပ်ခံ
အပ်ပါသည်။
)

ဟိုးလွန်ခဲ့တဲ့ အနှစ် (၂၁)နှစ်လောက်ကပေါ့၊ သေနတ်သံတွေ တဒိုင်းဒိုင်း ဖြစ်နေတဲ့
မြို့ကြီးတစ်ခုရဲ့ ဆင်းရဲသား ရပ်ကွက်လေးတစ်ခုမှာပါ။ အင်မတန် မိုက်ရိုင်းဆိုးသွမ်း
တဲ့ အရက်သမား တစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူဟာ အချိန်ပြည့် အရက်ဘဲ သောက်
နေလေ့ ရှိပါတယ်။ မိခင် မုဆိုးမကြီးက ရေထမ်းပြီး ၀င်ငွေရှာတယ်။ ညီအငယ်လေး နှစ်
ယောက်က ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ပြီး ပိုက်ဆံ ရှာရပါတယ်။ သူတို့ နေထိုင်ရာ
မြို့အတွင်း သေနတ်သံတွေ တဒိုင်းဒိုင်း ဖြစ်နေတဲ့အချိန်မှာတောင် အဲဒီ အရက်သမား
က အရက် အရမ်းသောက်ချင်နေတယ်။ ဒါနဲ့ ထုံးစံအတိုင်း မုဆိုးမမိခင်ကြီးကို ပြဿနာ
ရှာပါတော့တယ်။ အရက်သောက်မယ် ပိုက်ဆံပေးပေါ့။ အမေ ဖြစ်သူကလည်း ရေထမ်း
ရောင်းစားမှ ပိုက်ဆံရတဲ့သူ။ သူ့ခမြာ လည်း အဲဒီနေ့က ရေထမ်းတဲ့ အလုပ် သိပ်မလုပ်
ရသေးတော့ သားဖြစ်သူ တောင်းတဲ့ အရက်ဖိုးကို မပေးနိုင်ရှာဘူး။ ဒါနဲ့ သားအမိ စကား
များကြပါတယ်။ သားဖြစ်သူ အရက်သမားက သူလိုချင်တဲ့ အရက်ဖိုးရဖို့ မိခင်ဖြစ်သူကို
တွန်းလား ထိုးလား လုပ်ပါတော့တယ်။ မြို့ထဲက သေနတ်သံတွေကြောင့် အိမ်ကို စောစော
ပြန်လာတဲ့ ညီအငယ် နှစ်ယောက်ကိုပါ ဆက်ပြီး ပြဿနာ ရှာပါတော့တယ်။ အရက်သမား
ဖြစ်သူက ထမင်းရှာကျွေး နေတဲ့ အမေဖြစ်သူနဲ့ ညီနှစ်ယောက်ကို သူလိုချင်တဲ့ အရက်ဖိုး
ထပ်ရဖို့ တုတ်တရမ်းရမ်းနဲ့ လုပ်ပါတယ်။

ပြဿနာက လူမြင် မကောင်းလောက်အောင် ဖြစ်နေတော့ ပတ်ဝန်းကျင်က
လူတွေလည်း မနေနိုင်တော့ဘူး။ ဒီကောင် တော်တော် လွန်နေပြီး ဘာညာပေါ့။
ဒါနဲ့ ညဖက်ရောက်တော့ ဒဏ်ရာဗလပွ ရနေတဲ့ မိခင်ဖြစ်သူက နံဘေးအိမ်မှာ
သွားအိပ် ရပါတယ်။ အကိုအကြီးဆုံးဖြစ်သူ အရက်သမားကို အမြဲတစေ ကြောက်
နေရတဲ့ ညီငယ်နှစ်ယောက်လည်း သူတို့အကိုကြီးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ညသန်ခေါင် (၁၂) နာရီ ပတ်ဝန်းကျင်လောက်မှာ ခြင်ထောင်နဲ့ လုံးထွေး အိပ်
ပျော်နေတဲ့ လူယုတ်မာအရက်သမားကို ညီအငယ်နှစ်ယောက်က ဓါးအချက်ပေါင်းများ
စွာ၊ တုတ်အချက်ပေါင်းများစွာနဲ့ သတ်ကြပါတယ်။ ဆူညံသံတွေကြောင့် လမ်းကျဉ်း
ထဲက အိမ်နီးချင်တွေလဲ အပြေးအလွှာ ရောက်လာပါတယ်။ လမ်းထဲရှိ လူမိုက်တွေ
ထဲ “ထောင်ကို ခြင်ထောင်လို” သဘောထားသူ လူမိုက်တစ်ယောက်က ဦးဆောင်
ပြီး အသတ်ခံရတဲ့ အရက်သမား လူယုတ်မာအလောင်းကြီးကို တစ်နေရာရာမှာ
သွား လွှတ်ပြစ်ဖို့ ကြံစည်ကြပါတယ်။ မြို့တစ်ခုလုံး စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲ
မှုကြောင်း ပေတရာပေါ်မှာ သေဆုံးနေတဲ့ အလောင်းတွေ ဟိုနေရာမှာ လေး …ငါး
လောင်း၊ ဒီနေရာမှာ လေး …ငါးလောင်း ဆိုတော့ သူတို့လည်း အဲဒီအလောင်း
တွေကြားမှာ ဒီအလောင်းကို သွားလွှတ်ပြစ်ဖို့ ကြံကြပါတော့တယ်။

အရပ်ထဲမှာ ပြဿနာ ကြီးငယ်ရှိရင် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ အခြေခံပညာ
အထက်တန်း ကျောင်းသားတစုက အဲဒီအလောင်း သွားလွှတ်ပြစ်မယ့်အရေး
စိတ်ဝင်တစားနဲ့ ကျနော်တို့လည်း လိုက်ကြည့်ချင်တယ်လို့ ဆိုပါတယ်။ ဒါနဲ့
အဲဒီကိစ္စကို ဦးဆောင်သူ အရပ် လူမိုက်က …
“မင်းတို့ အဲဒီလောက်တောင် လိုက်ချင်ရင်လည်း လိုက်ခဲ့ကြ၊ ဒါပေမဲ့
ငါ့စကားကို နားထောင်ရမယ်၊ ငါက ရပ်ဆိုရပ်၊ ငါက ပြေးဆိုပြေး၊ လမ်း
တလျှောက် ငါပြောတာကို နားမထောင်ရင် မင်းတို့နဲ့ ငါနဲ့ အတွေ့ပဲ”

ဒီလိုနဲ့ ရပ်ကွက်လေးရဲ့ နောက်ကျောဖက်ကနေ ဖျာလိပ်တွေ မိုးကာစ'တွေ
အထပ်ထပ်ပတ်ထားတဲ့ လူသေအလောင်းကြီးတစ်ခုကို ထမ်းပြီး လူ (၂၀)
နီးပါး ထွက်ခွာခဲ့ပါတယ်။ လရောင်အောက်မှာ သူတို့ ကိုင်ဆောင်ထား
တဲ့ ဌက်ကြီးတောင် ဓါးရောင်တွေကလည်း တ၀င်းဝင်း၊ တချို့လည်း လှံတွေ
ကိုင်၊ တချို့လည်း တုတ်တွေကိုင်ပေါ့။ အားလုံးနီးပါး တူညီတာက လွယ်အိတ်
လေးတွေ တစ်ယောက်တစ်လုံးစီ လွယ်ထားကြတယ်။ အဲဒီလွယ်အိတ်ထဲ
လောက်လေးခွနဲ့ လောက်စာလုံးတွေပါ။ သူတို့က ကားလမ်းအတိုင်း မသွား
ရဲပါဘူး။ အခန့်မသင့်ရင် ကားလမ်းပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကားတွေနဲ့
ပက်ပင်တိုးရင် အားလုံး ဒုက္ခရောက်သွားနိုင်လို့ပါ။ ဒါကြောင့် သူတို့ နေထိုင်ရာ
ဆင်းရဲသား ရပ်ကွက်လေးရဲ့ နောက်ကျော ကပ်လျက်မှာရှိတဲ့ လူကုံထံ ရပ်ကွက်
ကို ဖြတ်မယ်၊ ပြီးတော့ အဲဒီလူကုံထံ ရပ်ကွက်ရဲ့ လမ်းထိပ်တစ်ခုမှာ စစ်တပ်က
လာရောက် မသယ်ဆောင်သေးတဲ့ လူသေအလောင်းပုံးတွေကြား သူတို့
သယ်လာတဲ့ အရက်သမားအလောင်းကြီး လွှတ်ပြစ်မယ်ပေါ့။

သူတို့ ရပ်ကွက်ရဲ့ နောက်ဖက် လူကုံထံ ရပ်ကွက်သို့ မရောက်ခင် စပ်ကြားမှာ
လူခြေပျက်တဲ့ နေရာတစ်ခုရှိပါတယ်။ နွေရာသီမှာ ရေအနည်းငယ်လောက်သာ
ကျန်တတ်ပြီး မိုးရာသီမှ ရေရှိတတ်တဲ့ ရေကန်ကြီးတစ်ခုပါ။ အဲဒီရေကန်ကြီး
နံဘေးက လမ်းဟာ တော်တော်ရှည်ပြီး ခန့်မှန်းချေ ဓါတ်တိုင် (၁၀)တိုင် လောက်
ရှည်လျားတဲ့ လမ်းပါ။ အဲဒီနားတ၀ိုက် လူနေ အိမ်ခြေ လုံးဝ မရှိပါဘူး။ တချို့လည်း
အဲဒီလမ်းမှာ သရဲတစ္ဆေရှိကြောင်း ယုံတမ်းစကားတွေ ရှိပါတယ်။ ဒါလိုနဲ့ သူတို့
အုပ်စုလည်း ရပ်ကွက်ရဲ့နောက်ဖက် ရေကန်နံဘေးရှိ လမ်းထိပ်ကို စ’ရောက်
လာပါတယ်။ ဘယ်နေရာ ဘယ်လို ထွက်လာမှန်း မသိတဲ့ ခွေးအူသံတွေ ဆူညံစွာ
ထွက်ပေါ် လာပါတယ်။ ရုတ်တရက် လေတွေလည်း တဝေါ်ဝေါ်နဲ့ တိုက်ပါတော့
တယ်။ လမ်းပေါ်က သစ်ပင်တွေက တော်တော်ကြီးတဲ့ ညောင်ပင်တို့၊ ကုက္ကိုပင်တို့
လို အပင်ကြီးတွေပါ။ ရှေ့ဆုံးမှာ ဓါးတဖက် လက်နှိပ်ဓါတ်မီးတဖက်နဲ့ ဦးဆောင်သူ
ခေါင်းဆောင်က လှမ်းပြောပါတယ် …
“ဟေ့ကောင်တွေ …. အပြောအဆို ဆင်ချင်နော်၊ လမ်းကို ပုံမှန်လျှောက်၊
တစ်ယောက်နဲ့ တစ်ယောက် ခြေနှစ်လှမ်း သုံးလှမ်းစာထက် ပိုမဝေးစေနဲ့၊
အနားကို တစ်စုံတစ်ယောက် ကပ်လာတယ် ထင်ရင် မင်းတို့လက်ထဲက
ဟာတွေနဲ့ လှမ်းခုတ်ထည့်လိုက်၊ ကိုယ့်အချင်းချင်းလည်း မှားနေအုံးမယ်၊
သတိထားကြ”

သူတို့ အုပ်စု သယ်ဆောင်လျှောက်လှမ်းလာတဲ့ ပုံစံက ရှေ့ဆုံးမှာ ခေါင်းဆောင်
ဖြစ်သူနဲ့ အရပ်ထဲမှာ သြဇာရှိသူ နှစ်ယောက်။ ပြီးတော့ အလောင်းစင် ၀ါးကပ်
နံဘေးမှ ၀ါးလုံးအရှည်တွေကို ထမ်းထားတဲ့ လူလတ်ပိုင်း (၄) ယောက်။ အဲဒီ
နောက်က အလှည့်ကျ ထမ်းဖို့ နောက်ထပ် လူလတ်ပိုင်းအရွယ် (၄)ယောက်။
သူတို့ နောက်မှာ လူငယ်အုပ်စုပါ။ လူငယ်တွေက လမ်းလျှောက်ရင် ရှေ့ရောက်
လိုက် နောက်ဖက်ပြန်ရောက်လိုက်ပါ။ ရုတ်တရက် နောက်ပိတ်ဆုံးက လူငယ်
တစ်ဦးထံမှ အသံထွက်လာပါတယ်။
“ကို…… ၊ ကျနော့်ဖိနပ် ပျက်သွားပြီ၊ ကျနော့်ဖိနပ်ကို နောက်က တစ်ယောက်
ယောက် ဖိပြီး နင်းလိုက်သလိုပဲ၊ ကျနော် နောက်ဆုံးမှာ မနေရဲတော့ဘူး”

ရုတ်တရက် အလောင်းထမ်းထားတဲ့ လူအုပ်စုကို ကျော်ပြီး အရှေ့ဆုံးရှိ ခေါင်းဆောင်
နံဘေးကို ပြေးပါတော့တယ်။

(ဆက်ရန်။)
(မှတ်ချက်။ ။စာမေးပွဲတစ်ခု ဖြေဆိုရန် ရှိနေပါသဖြင့် နောက်ဆက်တွဲ အပိုင်း
များကို ဆက်လက် တင်ပြရန် ရက်အနည်းငယ် ကြာပါမည်။)

ဝီကီမြန်မာ အဖွဲ့ဝင်များ သိစေရန်

ရေးသူ- စစ်ငြိမ်းဒီရေ

ကျနော့် စာမျက်နှာတွင် “သမိုင်း” ခေါင်းစဉ်အောက်၌ ဖော်ပြ
ထားသည့် “သခင်ချစ်၏ အတ္ထုပ္ပတ္တိ” ဆောင်းပါး ရှိပါသည်။
ကွယ်လွန်သူ သခင်ချစ်၏ အတ္ထုပ္ပတ္တိအား ရေးသားနိုင်ရန် ကျနော်သည်
အတတ်နိုင်ဆုံး အပင်ပန်းခံ ကြိုးစားခဲ့ပါသည်။ ယခုအခါ အင်တာနက်
ကွန်ယက်ပေါ်တွင် တချို့သော သူများသည် သူတို့သဘောကြရာ
စာအချို့ကို ကူးယူ၍ ဖော်ဝပ်အီမေးလ်ဖြင့် ပို့တတ်ပါသည်။ တချို့လည်း
ဘုမသိ ဘမသိဖြင့် ပြန်လည် ဖော်ပြသူများ ရှိနိုင်ပါသည်။

ဝီကီမြန်မာ၏ “အတ္ထုပ္ပတ္တိ” ခေါင်းစဉ်အောက်တွင် ဖော်ပြထားသော
သခင်ချစ်၏ အတ္ထုပ္ပတ္တိ” သည် ကျနော်ရေးသားထားသော စာသားများနှင့်
ပုံစံတူ ဖြစ်နေပါသည်။ ကူးယူဖော်ပြရာတွင် ကျနော့်လင့်ခ်မှ တဆင့် ကူးယူကြောင်း
ဖော်ပြသင့်ပါသည်။ သို့မဟုတ်လည်း ကျနော့်ထံတွင် “၀ီကီမြန်မာ” ၌ ဖော်ပြချင်
ကြောင်း အသိပေး အကြောင်းကြားသင့်ပါသည်။ နှစ်မျိုးစလုံး မလုပ်ဘဲ
ဖော်ပြထားခြင်းသည် လုံးဝ မသင့်လျှော်ကြောင်း အသိပေးအပ်ပါသည်။