Nov 2, 2009

ဝီကီမြန်မာ အဖွဲ့ဝင်များ သိစေရန်

ရေးသူ- စစ်ငြိမ်းဒီရေ

ကျနော့် စာမျက်နှာတွင် “သမိုင်း” ခေါင်းစဉ်အောက်၌ ဖော်ပြ
ထားသည့် “သခင်ချစ်၏ အတ္ထုပ္ပတ္တိ” ဆောင်းပါး ရှိပါသည်။
ကွယ်လွန်သူ သခင်ချစ်၏ အတ္ထုပ္ပတ္တိအား ရေးသားနိုင်ရန် ကျနော်သည်
အတတ်နိုင်ဆုံး အပင်ပန်းခံ ကြိုးစားခဲ့ပါသည်။ ယခုအခါ အင်တာနက်
ကွန်ယက်ပေါ်တွင် တချို့သော သူများသည် သူတို့သဘောကြရာ
စာအချို့ကို ကူးယူ၍ ဖော်ဝပ်အီမေးလ်ဖြင့် ပို့တတ်ပါသည်။ တချို့လည်း
ဘုမသိ ဘမသိဖြင့် ပြန်လည် ဖော်ပြသူများ ရှိနိုင်ပါသည်။

ဝီကီမြန်မာ၏ “အတ္ထုပ္ပတ္တိ” ခေါင်းစဉ်အောက်တွင် ဖော်ပြထားသော
သခင်ချစ်၏ အတ္ထုပ္ပတ္တိ” သည် ကျနော်ရေးသားထားသော စာသားများနှင့်
ပုံစံတူ ဖြစ်နေပါသည်။ ကူးယူဖော်ပြရာတွင် ကျနော့်လင့်ခ်မှ တဆင့် ကူးယူကြောင်း
ဖော်ပြသင့်ပါသည်။ သို့မဟုတ်လည်း ကျနော့်ထံတွင် “၀ီကီမြန်မာ” ၌ ဖော်ပြချင်
ကြောင်း အသိပေး အကြောင်းကြားသင့်ပါသည်။ နှစ်မျိုးစလုံး မလုပ်ဘဲ
ဖော်ပြထားခြင်းသည် လုံးဝ မသင့်လျှော်ကြောင်း အသိပေးအပ်ပါသည်။

3 comments:

mm thinker said...

ပို့စ်တွေ လာဖတ်ရင်း ဒီကြေညာချက်ကို တွေ့မိပါတယ်။

ဖတ်ပြီးပြီးချင်း ဇဝေဇဝါဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝီကီမြန်မာစတင်ချိန်မှာ အင်တိုက်အားတိုက်ကိုယ်တိုင်လည်းရေး အသင့်ရှိပြီးသားလေးတွေကိုလည်း ရှာဖွေတောင်းရမ်းပြီးတင်ပေးခဲ့ပါတယ်။

ပျူနိုင်ငံဘလော့ဂ်က သမိုင်းဆိုင်ရာတွေကိုလည်း ကြိုက်လို့ ကျနော် ကိုယ်တိုင် မေးလ်ပို့ ခွင့်တောင်းပြီး ဖြစ်ပါတယ်။

ဘာလို့များဒီလို ကြေညာပါလိမ့် ဆန်းစစ်လိုက်တော့ ကျနော် ခွင့်တောင်းခဲ့တာ ကိုအောင် (ပျူနိုင်ငံ) ထံကပါ။ အခုကြေညာတာက စစ်ငြိမ်းဒီရေ ဖြစ်ပါတယ်။

ဝီကီက ကူးယူခဲ့တာမှာ မူရင်းရေးသူကို ဒေါင့်စေ့အောင် မရှာဖွေမိ၊ အကြောင်းမကြားမိတာ ဝီကီရဲ့ ပေါ့ဆမှု ဖြစ်ပါတယ်။

ဘယ်ကရရှိကြောင်းကို လင့်ခ် ထည့်ပေးလိုက်ပါမယ်။

ကျေးဇူးတင်လျက်
ဝီကီသူကြီးများကိုယ်စား
သင်ကာ

mm thinker said...

နှစ်ဦးစလုံးဟာ တစ်ယောက်တည်း ဟုတ်မဟုတ်တော့ မသိပါဘူး၊ မြင်တဲ့အတိုင်းပဲ ရေးခဲ့ပါတယ်ဗျာ

ကိုအောင်(ပျူနိုင်ငံ) said...

ဆော်ရီး ကိုသင်ကာ အနူးအညွတ် တောင်းပန်ပါတယ်၊
ကျနော့်ပို့စ်မှာ လာခွင့်တောင်းထားလည်း မတွေ့တာက
တစ်ကြောင်း၊ ကျနော့် စီဗုံးမှာ ၀ီကီမှာ ယူတဲ့လင့်ခ်
ကို မညွန်းထားဘူးလို့ တခြားသူတွေက လာပြောလို့
ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။