Sep 30, 2009

အမှတ်တရ “တဂ်” နှင့် Wind of Change သီချင်း

ရေးသူ- စစ်ငြိမ်းဒီရေ

ခင်မင်ရင်းနှီးတဲ့ အကိုဆောင်းယွန်းလက “တခါတလေမှာ ဒီသီချင်းလေတွေ
ကို ညည်းတတ်တယ်” ခေါင်းစဉ်နဲ့ ကျနော့်ကို တဂ်ထားပါတယ်။ တဂ် ခံရတဲ့
သူတွေထဲမှာ “ကိုအောင်” ဆိုတာ ကျနော်လား၊ အကိုကြီး ကိုအောင်သာငယ်
လားဆိုတာ သေသေချာချာ မကျိန်းသေပင်မဲ့ ဒီ “တဂ်” ကို အမှတ်တရ အနေနဲ့
ရေးလိုက်ပါတယ်။

ကိုယ့်အကြောင်းကိုယ် ရေးပြတာ ထင်သလောက်တော့ မလွယ်ပါ။ ခက်နေတာ
က ကျနော်သည် သီချင်းများကို နှစ်သက်သူဟု ပြောရန်ပင် နည်းနည်းတော့ ခက်
နေပါတယ်။ ကျနော် ဂစ်တာ လုံးဝ မတီးတတ်ပါ။ အနုပညာ တူရိယာနှင့် ပက်သက်
၍ စန္ဒယားကိုတော့ နည်းနည်း စိတ်ဝင်စားပါတယ်။ သီချင်းတွေကို ရံဖန်ရံခါ နား
ထောင်လေ့ ရှိပါတယ်။

အလယ်တန်းကျောင်းသား ဘ၀တုန်းက ကျနော်ကြိုက်နှစ်သက်တဲ့ သီချင်းက
အဆိုတော် စိုးလွင်လွင် သီဆိုတဲ့ “သိလျက်နဲ့” သီချင်းဖြစ်ပါတယ်။
“ယူပါ အတင်းပဲ ထိုးလို့ ပေးတော့ မယူရင် ရိုင်းပြသွားမှာ ဆိုး၊
ကိုယ်သွားဖြဲပြလို့ မရတော့အခါ အလိုလို ယူခဲ့ရတယ်” …..

တက္ကသိုလ် ရောက်တော့ ကျနော်အကြိုက်ဆုံး သီချင်းက အဆိုတော် လေးဖြူ
သီဆိုတဲ့ “ကြယ်စင်များရဲ့ လမ်း” ဖြစ်ပါတယ်။
“နာကျင်စွာ ကျောခိုင်းခဲ့တယ် ကျောင်းတော်ကြီးရယ်” ….
“မှောင်လာရင် ကောက်ကျစ်တဲ့လမ်းပေါ် လှည့်လည်ဖို့အတွက်” ….

ကျနော် ကိုယ်တိုင် အစအဆုံး ရတဲ့ သီချင်းဆိုတာ အတော်ကို ရှားပါတယ်။
“ကမ္ဘာမကြေ” တို့ “ကမ္ဘာမကြေဘူး” တို့လို အုပ်စုလိုက် ဆိုရတဲ့ သီချင်းတွေ
တော့ ရပါတယ်။ တခါတလေ ကျနော် ဆိုညည်းတဲ့ သီချင်းတွေဟာ ဟိုတ၀က်
ဒီတ၀က်တွေ များလှပါတယ်။ အဲ ကျနော် နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်တော့ ရှိ
ပါတယ်။ အဲဒါက Wind of Change ဖြစ်ပါတယ်။



ဒီလောက်ဆိုရင် ကျနော့်အကို ကိုဆောင်းယွန်းလ ကျေနပ်လိမ့်မယ်လို့
ထင်ပါတယ်၊ စာလာဖတ်တဲ့ ညီအကို မောင်နှမ ဘလော့ဂါတွေရော ဘာသီချင်း
တွေ ညည်းတတ်ကြလဲဗျာ၊ တဂ်တော့ ထပ်တဂ်ချင်တယ် စိတ်ဝင်စားတဲ့ သူများ
ရှိရင် ရေးပေးကြပါဗျာ၊ ကျနော့်အနေနဲ့ လေးစားစွာ တဂ် ပါတယ်

2 comments:

ဆောင်းယွန်းလ said...

တဂ်ပို့စ်ကို အချိန်တိုတိုအတွင်းမှာ အမှတ်တရအနေနဲ့
ရေးပေးတဲ့ ကိုအောင်ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ

ကိုအောင်ကြိုက်တဲ့ ညည်းတတ်တဲ့ သီချင်းတွေက အဓိပ္ပာယ်လေးနက်ပြီး ကောင်းလွန်းပါတယ်..
စိုးလွင်လွင်ရဲ့ သီချင်းဆိုရင် ကျနော်အကြိုက်ဆုံး သီချင်းတွေထဲက တပုဒ်ဆိုရင်လည်း မမှားဘူးဗျ.
အဲဒီသီချင်းတပုဒ်လုံးရဲ့ စာသားတွေက အနှစ်တွေချည့်ပဲဗျာ...
”သူတို့ပြောတဲ့ အတင်းအဖျင်းထဲမှာ ကိုယ်ဟာတခုမှရစရာမရှိ ကာယကံဖြစ်တဲ့ ကိုယ့်ဖက် အမဲစက်မရှိတာ ကိုယ်သာအသိဆုံးဇြစ်မယ်”ဆိုတဲ့စာသားလေးကိုလည်း ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့မိတယ်..သီချင်းတပုဒ်လုံးနီးပါးကိုလည်း ခုထိရနေတုန်းပါပဲ...
အမှတ်တရရေးပေးတဲ့အတွက် ဝမ်းသာပါတယ်ကိုအောင်ရေ...
ချစ်စခင်စ ဇနီးမောင်နှံနှစ်ဦး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...

ခင်မင်လျှက်..
ဆောင်းယွန်းလ

Nge Naing said...

ကိုအောင်ရေ
စာလာဖတ်သွားတယ် နားလည်း နားထောင်သွားတယ်။ ဒါပေမယ့် မြန်မာသီချင်းတွေကိုပဲ သိပါတယ်။ သီချင်းတပုဒ်လုံး ပြည့်အောင် မရတာချင်းတော့ တူပါတယ်။