Sep 16, 2009

ကိုထွန်းလှိုင်ရေ Sorry ဗျာ

BBC မြန်မာပိုင်းအစီအစဉ်၏ (၁၆.၀၉.၂၀၀၉)နေ့ ညပိုင်းအစီအစဉ်တွင်
၂၀၁၀ ရွေးကောက်ပွဲ လိုအပ်တယ်/မလိုအပ်ဘူး ဆွေးနွေးခန်းစကားဝိုင်း
တွင် ကျနော်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်ကို
ဥပမာ ပေးခဲ့မိပါသည်။ ထို ဥပမာ၌ ၁၉၉၀ ခုနှစ်၊ ပါတီစုံ ရွေးကောက်ပွဲ
တွင် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရေစီ ပါတီမှ ဗဟန်းမြို့နယ် မဲဆန္ဒနယ်
အမှတ်(၁)၌ အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုထွန်းလှိုင်
၏ ညစာ စားပွဲကို ဥပမာ ပေးဖြစ်ခဲ့ပါသည်။ ကျနော့်အနေဖြင့် ကိုထွန်းလှိုင်
အပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝ မရှိပါ။ ရွေးကောက်ပွဲ နောက်ပိုင်း ပြည်သူ
အပေါ် ဆက်ဆံရေးနှင့် ပက်သက်ပြီး ရည်ညွှန်းလိုခြင်း ဖြစ်ပါသည်။

ကျနော် ပြောလိုက်သည့် စကား၌ အနည်းငယ် ကြမ်းတမ်းသလို ဖြစ်ခဲ့ရင် …
“ကိုထွန်းလှိုင်ရေ၊ Sorry ဗျာ။”

-အောင်ခင်မြင့်

4 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကိုမျိုးဝင်းဇော်ရေ ... ကျနော် ကလိ့တာ လက်လွန်
သွားလို့ ကိုမျိုးဝင်းဇော်ကော်မန့် ပျောက်သွားတာ
ခွင့်လွှတ်ပါ။

Vigor said...

What's that????

Myo Win Zaw said...

ရတယ်ကိုအောင်
ကိုအောင်ပြောတာ BBC မှာကြားလိုက်ပါတယ် အမှန်ကိုပြောတာမို့လို့ ကျွန်တောကထောက်ခံတဲ့ သဘောမျိုး ပြောတာပါ

ကိုအောင်(ပျူနိုင်ငံ) said...

ကိုမျိုးဝင်းဇော်နဲ့ Vigor တို့ ကော်မန့်လာပေးတာ
ကျေးဇူးပါ။ Vigor ရေ ... ကိုထွန်းလှိုင် ညစာ
စားပွဲအကြောင်း နောင်အခါ ကျနော် ပို့စ်ရေးပါ့မယ်။