Sep 1, 2009

မန္တလေးသူများ ဘာကြောင့် ကျွန်တော်လို့ ပြောဆိုကြတာလဲ?

ရတနာပုံ မန္တလေး နေပြည်တော်ကို တည်ထောင်ခဲ့သော မင်းတုန်းမင်းကြီး
သည် သမိုင်းမှတ်တမ်းများအရ အလွန်*** ခံစားမှုအားကြီးသည်ဟု
လူတိုင်း ကြားဖူးကြမည်ထင်သည်။

ထို့ကြောင့် နန်းဆောင် အသီးသီးမှ ကိုယ်လုပ်တော် အသီးသီးတို့သည်
မင်းတုန်းမင်း စံနေသော နန်းဆောင်ရှေ့ကို ဖြတ်လျှောက်ကြသောအခါ
မင်းတုန်းမင်းက " ဟေ့ ဘယ်သူလဲ " ဟု မေးလေ့ရှိသည်။
ထိုသို့မေးသောအခါ ကိုယ်လုပ် မောင်းမအချို့တို့သည် "ကျွန်မ ပါ" ဟု
ပြန်ဖြေကြလေသည်။

ထိုအခါ မင်းတုန်းမင်းကြီးက "လာခဲ့စမ်း သည်ကို" ဟု ခေါ်လေတော့သည်။
ကြာလာသည်နှင့်အမျှ ကိုယ်လုပ်မောင်းမတို့ကလည်း အထာနပ်လာသဖြင့်
မင်းကြီးအဆောင်ရှေ့ကို ဖြတ်လျှောက်မိသောအခါ မင်းတုန်းမင်း မေးသောအမေး
ကို "ကျွန်တော်ပါ"ဟုသာ ပြန်ဖြေကြလေတော့သည်။

၎င်းနန်းတွင်းမှ သည်မြို့နေ ပြည်သူများ ဖြစ်ကြသောအရပ်သူများထံသို့
ကူးစက်၍ မန္တလေးမြို့နေသူ မန်းပျိုဖြူများကလည်း "ကျွန်တော်" ဟုသာ
ပြောဆို သုံးနှုန်း လာကြလေတော့သည်။

ကျွန်တော် ဟု မန်းပျိုဖြူတို့သုံးနှုန်း ပြောဆိုထားခြင်းသည် မင်းတုန်းမင်း
ရန်ကို ကြောက်လန့်ကြ၍ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယခုခေတ်တွင်
မင်းတုန်းမင်း မရှိသော်လည်း မန်းပျိုဖြူတို့ ကြောက်စိတ်မပြယ်သေးခြင်းမှာ
နေပြည်တော် ဟူသော် အရပ်ဒေသ ရှိနေခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် "ကျွန်တော်" ဟူသော အသုံးကို မြိုင်မြိုင်ဆိုင်ဆိုင် သုံးနှုန်း
နေကြခြင်းသာ ဖြစ်ပါသည်။



(အင်တာနက် အီမေးလ်မှ လက်ခံရရှိသော စာကို ပြန်လည်ပြင်ဆင် တင်ပြခြင်း။)

(ဤမျှသာ။)

11 comments:

မေဓာဝီ said...

အဟုတ်များလားလို့ :)
မန်းသူမဟုတ်တဲ့ တချို့ညီမလေးတွေလဲ ကျွန်တော်လို့ ပြောကြတယ်နော်။ သူတို့လဲ ကြောက်လို့နေမှာ ...

hein said...

ဟုတ်တယ်...ဟုတ်တယ်....မမမေ..ပြောတာမှန်တယ်..

စန္ဒကူးမေ said...

ဟားဟား..အရင်တုန်းက သူငယ်ချင်းတွေ စုံတိုင်း ယောက်ျားလေးများအဖွဲ့ဟာသအနေနဲ့ပြောတာ ကြားဖူးနေတာ... အခုမှတစ်ကယ်ဟုတ်မှန်းသိတော့တယ်..
ဒါဆို မင်းတုန်မင်းက ....ပေါ့နော်.. ဟိ

တောင်ပေါ်သား said...

အဟီး ဟုတ်မဟုတ်တော့မသိဘူး ဒါပေမဲ့ တော်တော်တော့ နီးစပ်တယ်နော့်း)


လေးစားလျက်
တောင်ပေါ်သား

့hnin said...

ခုမှပဲ ကြားဖူးတော့တယ် အစ်ကိုအောင်ရေ...။
မန္တလေးက သူငယ်ချင်းတွေကို တော့ ဒီတစ်ခေါက်တွေ့မှ ... စ ရဦးမယ်...။းP
ဒီလာလိုက်တိုင်း ဗဟုသုတတွေကို စုံနေတာပဲ...။
ခင်မင်လေးစားလျှက်နော် အစ်ကို ...။
နှင်းဟေမာ

kiki said...

အောင်မလေးဗြန့်  ။။
ကိုကြီးအောင် ။ ဘကြီးအောင်ရေ ....
ကြောက်လို့ ကြောက်လို့ .
ကျွန်တော် လာလည်သွားပါတယ် ခင်ညာ...
(နေပီဒေါ် ဂျီးနဲ့ဝေးလေသမျှ ဝေးအောင် ပြေးပါဘီ)

ခွိခွိ ..

Ko Paw said...

လက်စသတ်တော့ ဂလိုကိုး။

တော်သေးတယ်။ ရှင်စောပုဘုရင်မကြီးက မင်းတုန်းမင်းကြီးလို *** ခံစားမှု အားမကြီးလို့။ နို့မို့ဆိုရင် မွန်တို့ဌာနီ ရာမညက ပုရိသအပေါင်းတို့ ယနေ့ခေတ်အထိ… ကျွန်မ လို့ ပြောနေဦးမယ်။

ဒါထက် ကိုအောင် ရေးလို့သာ သံယောင်လိုက် ရေးလိုက်ရတယ်။ *** က ဘာကို ဆိုလိုတာ ငှင်။ ကျနော်သိတာတော့ ATM မှာ ပတ်စ်ဝါ့နှိပ်ရင် အဲဒါမျိုး ခြောက်ခုတောင် ပေါ်တယ်.. ဟီး။

JulyDream said...

အဟား... အခုပွဲမှာတော့ မင်းတုန်းမင်းကြီးက ဓါးစားခံဖြစ်သွားရရှာတယ်။

Vigor said...

haha..

မောင်ဖားကြီး said...

အင်း အရှင်မင်းကြီးကလဲ တယ်ဆိုးဆိုပဲကိုး ... ပုံပြင်တွေကလည်း မင်းတုန်းမင်းကြီးနဲ့ပတ်သတ်ရင် စုံပါ့ ...

Myo Win Zaw said...

မှတ်သားလောက်ပါပေတယ် ကိုအောင်