Sep 9, 2009

ပါတီဖွဲ့ခွင့် ပြုပါ



ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၀ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲကာလက နိုင်ငံရေးပါတီ ၂၀၀ ကျော်မျှ
မှတ်ပုံတင်ခဲ့ကြသည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှင် ရုံးသုံး
တယ်လီဖုန်း တစ်လုံးနှင့် စည်းရုံးရေးအတွက် ယာဉ်သုံးဆီ နှစ်ပေပါ ရသော
ကြောင့် စီးပွားရေးသမား အချို့လည်း ပါတီ ထူထောင်ကြသည်။

သို့ရာတွင် ရန်ကုန် ကန်တော်ကြီးစောင်းရှိ ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်
သည် ပါတီတစ်ခုအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ခွင့်မပြုခဲ့ပေ။
ယင်းပါတီ၏ အမည်မှာ “ထာဝရ အာဏာပိုင်စိုးရေး ပါတီ” ဟု သိရပါသည်။
ပါတီကို ဖွဲ့စည်းသူတို့ ထဲတွင် ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ….. ရပ်ကွက်တွင်
နေထိုင်သူ တချို့ ပါဝင်သည်ဟု သိရသည်။ မှတ်ပုံတင်ခွင့် မရခြင်းမှာ ပါတီ၏
အလုပ်မှုဆောင် အဖွဲ့ဝင်များ၏ အမည်များကြောင့် ဖြစ်ပါသည်။ ယင်းတို့၏
အမည် များသည် တမင်လုပ်ထားခြင်း မဟုတ်ပဲ ပြင်ပတွင်လည်း အမှန်တကယ်
ရှိသော အမည်များ ဖြစ်ပါသည်။

“ထာဝရ အာဏာပိုင်စိုးရေး ပါတီ (မြန်မာပြည်)”
ဥက္ကဋ္ဌ- ဦးနေ၀င်း
ဒုဥက္ကဋ္ဌ (၁)- ဦးစန်းယု
ဒုဥက္ကဋ္ဌ (၂)- ဦးစိန်လွင်
အထွေထွေအတွင်းရေးမှူး- ဦးအေးကို
တွဲဖက် အထွေထွေအတွင်းရေးမှူး- ဒေါက်တို မောင်မောင်
ဗဟို ကော်မတီဝင်များအဖြစ် - ထွန်းတင်၊ ကျော်ထင်၊ ထွေးဟန်၊ မြမောင် …
တို့ ဖြစ်ပါသည်။

ဒုဥက္ကဋ္ဌ(၁) အဖြစ် တာဝန်ယူသူ ဦးစန်းယု ဆိုသူသည် ယခင်က ဇီးသီးလှည်း
ဖြင့် ဈေးလိုက်ရောင်းသော ဇီးသီးသည် တစ်ဦး ဖြစ်ပါသည်။ တွဲဖက် အထွေထွေ
အတွင်းရေးမှူး ဒေါက်တို မောင်မောင် ဆိုသူမှာ ရှစ်ဆယ့်ရှစ် ကာလအတွင်း
ရန်ကုန်၊ ခြောက်ထပ်ကြီးဘုရားဝန်း နောက်ဖက်တွင်ရှိသော ကတ္တရာစည်များ
ကို ဂိုဒေါင်ဖောက်ရာမှ ခါးကို သေနတ် ထိမှန်သောကြောင့် လမ်းလျှောက်ရာတွင်
ခြေတစ်ဖက် တရွတ်တိုက်ပုံစံ လျှောက်ရသူ ဖြစ်သည်။ ထို့ကြောင့် သူ့အမည်
မောင်မောင်ကို လူများက ဒေါက်တိုမောင်မောင်ဟု ပြောင်းလဲ ခေါ်ဝေါ်ခံရသူဖြစ်ပါ
သည်။ ကျန်အဖွဲ့ဝင်များသည်လည်း ရပ်ကွက်အတွင်း အမှန် တကယ်ရှိသော
မီးကင်းစောင့်သူများ၊ ကြုံရာကျပန်း လုပ်စား သူများ၏ အမည်မှန်များ ဖြစ်ပါသည်။

ယင်းပုဂ္ဂိုလ်များ၏ ပါတီ မှတ်ပုံတင်ခွင့်ကို ပါတီစုံ ရွေးကောက်ပွဲကော်မရှင်သို့
တင်ပြသောအခါ ကော်မရှင်ရုံးချုပ်က ယင်းတို့၏ ပါတီကို “အရူး ပါတီ” အဖြစ်
စာရင်းသွင်းပြီး မှတ်ပုံတင်ခွင့် မပြုခဲ့ပေ။

(ဖော်ပြမှုတွင် အနည်းငယ် လွှဲချော်ခဲ့ပါက ခွင့်လွှတ်ပါ။)

(ဤမျှသာ။)

6 comments:

တောင်ပေါ်သား said...

အဟီးးး ပါတီနာမည်နဲ့ အဖွဲ့ဝင်နာမည်ဖတ်ပြီး သေချာပြီ ဒါအရူးပဲလို့တော့ တွေးမိသွားသေးတယ်း)

ပုံလေးကို ခုထိ နားမလည်ဘူးဖြစ်နေတယ်။ ပြန်ရှင်းပြပေးနိုင်မလား အကိုရေ စဉ်းစားနေတာ မရဘူး ဖြစ်နေလို့း)


လေးစားလျက်
တောင်ပေါ်သား

ကိုအောင်(ပျူနိုင်ငံ) said...

ဒီပါတီက သမိုင်းမှာ တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်အမှန်
တစ်ခုပါ။ ကျနော် မနောက်ပါဘူး။
တောင်ပေါ်သားရေ ...
ပုံရဲ့ အဓိပ္ပါယ်ကို ကျနော် ယူဆပုံက တြိဂံပုံစံ လူ့အဖွဲ့
အစည်း (သို့) ဗဟိုဦးစီချုပ်ကိုင်ခံရတဲ့ လူ့အဖွဲ့အစည်း
တွေမှာ အထက်က မကောင်းရင် အောက်ခြေ ခံရတာကို
ဆိုလိုတာပါ၊ ဌက်တွေ အဆင့်လိုက် အညစ်အကြေးစွန့်
ကျတော့ အောက်ဆုံးက ဌက်ဟာ မူလအရောင်ကနေ
အရောင်ပြောင်းသွားရပုံကို ရည်ညွန်းချင်တာ ဖြစ်ပါတယ်။

မေဓာဝီ said...

အဲဒါ တကယ်လား။
မသိပါဘူး ကိုအောင် နောက်ပြီးရေးတာ မှတ်လို့။
ပုံရဲ့ အဓိပ္ပါယ်ကိုလည်း ခုလိုဖွင့်လိုက်မှ သဘောပေါက်တော့တယ်။ :)

ကလူသစ် said...

ရေးတဲ့သူက တကယ်ဆိုတော့လဲ ယုံရတော့မှာပေါ့လေ

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီနဲ့ ကိုလူသစ်တို့ရေ ...
ဒီကိစ္စက တကယ့်ဖြစ်ရပ်ပါ၊ တော်ကြာ ကျနော်ရေးတာ
လွန်သွားရင် တချို့လူတွေ အကြောက်လွန်နေမှာ ဆိုး
လို့ပါ။

Anonymous said...

အစ်ကို ကျနော်သိတာကိုးပြောတာပါ ပါတီနာမည်က မြန်မာနိုင်ငံဆင်းရဲသားလူငယ်များအဖွဲ့ ချူပ်(မ ဆ လ)ဆိုမြီးတော့ မှတ်ပုံတင်တာလို့  ကျနော် အဖေကပြောလို့ မှတ်မိနေတယ်