Sep 2, 2009

တက္ကသိုလ် ကျောင်းသူတချို့ သနပ်ခါး သွေးသောအခါ???



ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၅ ခုနှစ် နှစ်လယ်လောက်က ကျနော်တို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ
မှ သချာင်္အဓိက ကျောင်းသားကျောင်းသူများသည် ပုဂံသို့ ဘုရားဖူးရက်ရှည် ခရီး
ထွက်ခဲ့ကြဖူးသည်။ ကားပေါ်တွင် သမီးရည်စား စုံတွဲများ ရှိသကဲ့သို့ ဘုရားဖူးရင်း
လိပ်ဥ တူးမည် (ရည်စား ရအောင်ရှာမည်) ဟု ကြွေးကျော်ကြသော ကျောင်းသား
များလည်း ရှိကြ ပါသည်။

ကိုယ်နှစ်သက်သော ကျောင်းသူ၏နံဘေးတွင် တရစ်ဝဲ၀ဲ လုပ်ကြသည်မှာ လူငယ်
ကျောင်းသားတို့၏ ချစ်စဖွယ် သဘောသဘာဝ တခုပင် ဖြစ်ပါသည်။ ကျနော့် သူငယ်
ချင်း တဦးသည် ပျော်စရာ ရယ်စရာများ အလွန်ပြောတတ်လေ့ ရှိသည်။ သူသည်
လှိုင်ကျောင်းနံဘေး ဘုရားဖူးမော်တော်ကား စထွက်သည့်အချိန်မှ စ၍ ပုဂံတွင်
ကျနော်တို့ သချာင်္အုပ်စု တည်းခိုရာ ဗူးဘုရားနံဘေးရှိ ဘုန်းတော်ကြီးကျောင်းအထိ
သူကြိုက်သော ကျောင်းသူလေး နံဘေးတွင် တရစ်ဝဲ၀ဲ လုပ်နေတော့သည်။ ဘုရားဖူး
ကားပေါ်တွင် နာရီပေါင်းများစွာ အတူစီးနင်းလိုက်ပါခဲ့သော ကျောင်းသားကျောင်းသူများ
သည် အချိန်တိုအတွင်း ရင်းနှီးမှုများစွာ ရှိခဲ့ကြသည်။ ကားစတင် ထွက်ခွာချိန်၌
ရွှင်လန်းတက်ကြွခဲ့သော ကျနော့်သူငယ်ချင်းသည် တစ်ရက်သာသာ ကြာသော
အချိန်၌ မျက်နှာ မသာမယာ ဖြစ်လာခဲ့သည်။ သူကြိုက်သော ကျောင်းသူလေး
သည် ခရီးစဉ်အတွင်း အခြားရင်းနှီးသော ကျောင်းသားများနှင့် ပြောဆိုနေပုံကို
ကြည့်ပြီး ကျနော့် သူငယ်ချင်း၏ သ၀န်တိုနေပုံမှာ ပို၍ ပို၍ ဆိုးဝါးလာပါသည်။

ဗူးဘုရားရင်ပြင်ပေါ် နေ၀င်ဆည်းဆာ ညနေခင်းတခု၌ သူက
“တက္ကသိုလ်ကျောင်းသူတွေ သနပ်ခါးသွေးတဲ့ အခါ ကျောက်ပြင်က ထွက်လာတဲ့
အသံတွေအကြောင်း မင်းတို့ သိလားကွ”
ကျနော်တို့က
“ထူးထူးဆန်းဆန်းကွာ၊ ပြောပါအုံး”
ထိုအခါ သူက …

ဒီလိုကွ၊ ဒီလို ဒီလို …
ပထမနှစ် ကျောင်းသူတချို့ သနပ်ခါးလိမ်းဖို့ သနပ်ခါးတုံးကို ကျောက်ပြင်
ပေါ် သွေးတဲ့အခါ ထွက်လာတဲ့ အသံက အမ်စီ (MC) … အာအိုင်တီ (RIT)
ဒုတိယနှစ်လည်း ရောက်ရော အဲဒီ ကျောင်းသူတွေ သနပ်ခါးသွေးတော့ ထွက်လာ
တဲ့ အသံက အင်စတီကျူ့(Institute) … အင်စတီကျူ့ (Institute)
ဒီလိုနဲ့ အဲဒီကျောင်းသူတွေ တတိယနှစ်လည်း ရောက်ရော သနပ်ခါးသွေးကြတော့
ထွက်လာတဲ့ အသံက မေဂျာတူ … မေဂျာတူ
စတုတ္ထနှစ်လည်း ရောက်ရော သူတို့ သနပ်ခါး သိပ်မသွေးကြတော့ဘူး ကျောင်းပြီး
ဖို့ကလည်း နီးပြီး ချစ်သူရည်စားလည်း မရသေးဘူးဆိုတော့ ဗျာများ နေကြ
တာပေါ့။ သို့ပေမဲ့ စာမေးပွဲကြီးလည်း နီး ပြန်တော့ သူတို့ သနပ်ခါး သွေးဖြစ်
ကြတယ်။ အဲဒီတော့ ထွက်လာတဲ့ အသံက ….
ရတာ ယူပြီး ပြန်မယ် … ရတာ ယူပြီး ပြန်မယ် ….. ။



တက္ကသိုလ် ကျောင်းသူတိုင်းတော့ အဲလို မဟုတ်ပါဟု ယုံကြည်ပါသည်။
ယနေ့ ခေတ်မှာရော
တက္ကသိုလ်ကျောင်းသူလေးများသည် သနပ်ခါးကို ကျောက်ပြင်ပေါ်၌ သွေးကြပါသလား …
အကယ်၍ သနပ်ခါးသွေးမည် ဆိုပါက မည်သို့သော သံစဉ်များ ထွက်ပေါ်လာမည်ဟု
သင် ထင်ပါသနည်း ….

(ဤမျှသာ။)

10 comments:

မေဓာဝီ said...

အခုခေတ် တက္ကသိုလ်ကျောင်းသူတွေက သနပ်ခါးလိမ်းကြပါဦးမလား။ လိမ်းရင်လဲ ရွှေပြည်နန်းတို့ ဘာတို့လို ရယ်ဒီမိတ်ဗူးထဲက ယူလိမ်းရင် အသံမြည်မှာမဟုတ်ဘူးနော်။ :)

ဒီပို့စ်လေးဖတ်ပြီး ကျမလဲ အာစီတူးမှာ ကျောင်းတက်တုန်းက ပုဂံဘုရားဖူးထွက်ခဲ့ကြတာကို ပြန်သတိရမိတယ်။ ပြန်မရနိုင်တော့တဲ့ လွတ်လပ်ပျော်ရွှင်စရာ ကျောင်းသားဘ၀တွေ ... ။

တောင်ပေါ်သား said...

အင်း ခုခေတ်တော့ လိမ်းတော့ဘူး ထင်တယ်အကိုရ.. ခုဆို ရယ်ဒီမိတ်လေးတွေ ပုတ်သွားပြီး သွားလိုက်ကြမှာပေါ့ အရင်က ပုံလေးတွေ ကြည့်ရတာ ပျော်စရာကောင်းလိုက်မဲ့ ဖြစ်ခြင်း ကျနော့်တို့ဘ၀မှာ မကြုံခဲ့ဖူးဘူးဗျာ


လေးစားလျက်
တောင်ပေါ်သား

စန္ဒကူးမေ said...

ကျောင်းသားဘ၀အကြောင်းတွေဖတ်ရတာ ပျော်ဖို့ ကောင်းလိုက်တာ..
ငယ်ငယ်တုန်းကလေ မြန်မာကားတစ်ခု ဒဏာရီ (Dan Darr Yee) ဆိုတာကြည့်ဖူးတယ်.. ကျောင်းသားတွေစုပီး ခရီးအတူထွက်ကြတာ အရမ်းပျော်ဖို့ကောင်းမယ့်ပုံပဲ.. စိတ်ကူးသာယဉ်ကြည့်လို့ရတာ.. ကူးတော့ တစ်ခါမှမကြုံခဲ့ဖူးပါဘူး..း(

ဒူကဘာ said...

ကျောင်းအလွမ်းပြေ လာဖတ်သွားတယ် ။

Nyein Chan Aung said...

ရိုးရိုးလေးပေမဲ့ အလွမ်းဓါတ်ခံရှိသူတွေအတွက်တော့ လွမ်းစရာတွေပါပဲ ကိုအောင်ရေ..။

့hnin said...

အစ်ကို အောင်ရေ...
ကျောင်းမှာတုန်းက နှင်းတို့လည်း အင်းလေး ဖောင်တော်ဦးကို သွားကြသေးတယ်....
အရမ်းပျော်ဖို့ကောင်းတာပဲ သိလား
သနပ်ခါးမလိမ်းတာကြာနေလို့ ... ဘာသံမှကို မထွက်နိုင်တော့ပါဘူး အစ်ကိုရယ်
သေချာတာတစ်ခုက သနပ်ခါးလိမ်းရတော့မယ့် အချိန်ရောက်မှ ထသွေးဖြစ်ခဲ့ရင် ...
အစ်ကိုပြောတဲ့ ရတာယူမယ် ဆိုတဲ့ အသံထွက်လာမှာပဲ ကြောက်ရတယ်နော်....။ဟိးP
ခင်မင်လေးစားလျှက်ပါအစ်ကိုရေ...
ညီမလေး နှင်းဟေမာ

ဆောင်းယွန်းလ said...

လာဖတ်သွားတယ်ကိုအောင်ရေ...
ကျောင်းသားဘဝရဲ့လွမ်းစရာတွေပေါ့ဗျာ...
ကျောင်းသားဘဝကိုပြန်သတိရသွားမိပါတယ်

ကလူသစ် said...

ဒီကိတ်စ အန်တီ KOM နဲ့ တိုင်ပင်ပြီးမှ ကော်မန့်ပေးမှဖြစ်မယ်ထင်တယ်။

မမသီရိ said...

ခုခေတ်မှာ သနပ်ခါးတုံးတွေက ဈေးကြီးတော့ သနပ်ခါးက တော်ရုံလူသွေးမလိမ်းနိုင်ကြတော့ဘူး ကိုအောင်ရဲ့..း)
တက္ကသိုလ်ကျောင်းသူလေးတွေကလဲ Loreal တို့ Revelon တို့မှ သုံးကြတော့တာ

ဂျူနို said...

အဆောင်မှာ မအယ်တို့  ဒါကို ရီစရာ လုပ်နေကြ။

မအယ်