Mar 16, 2008

ဂိုလ်ဒါ မယ်ယာ သို့ မဟုတ် ဘုရား သခင် ရဲ့ လက်ဆောင်

ဘာသာပြန်သူ - စစ်ငြိမ်းဒီရေ

အပိုင်း (၃)

(1921 ခုနှစ် အစ္စရေး နိုင်ငံ လွတ်လပ်ရေး အတွက်
တော်လှန် ရေးသမား ဂိုလ်ဒါမယ်ရာ စုပေါင်း ဘုံရိပ်
သာ က ကြက်မွေးမြူး ရေး ခြံတွင် တာဝန် ထမ်း
ဆောင် နေပုံ )

1932 ခုနှစ် မှာ ဂိုလ်ဒါ မယ်ယာ တစ်ယောက် အမျိုး သမီး အလုပ်သမား ကောင်စီ
ရယ့် ကိုယ်စား လှယ်တစ်ဦး အဖြစ် အမေ ရိကန်ပြည် ထောင် စု ကို သွားရောက် ခဲ့
ပါတယ်။ အစ္စရေး နိုင်ငံ သစ် မဖြစ်ပေါ်ခင် က ဂျူး ( Yishuv ) လူမျိုး အများ အပြား
သည့် နိုင်ငံ တကာ မှ ဖြန့် ကျက် နေထိုင် လျက် ရှိ ခဲ့တယ်။အမေ ရိ ကန် ပြည်ထောင်
စုနဲ့ ဥရောပ ရောက် ဂျူး အသိုင်း အ၀ိုင်း များသည် အစ္စရေး နိုင်ငံ သစ် ပေါ်ပေါက်ရေး
လှုပ်ရှား မှု များ၏ ကျောထောက် နောက်ခံ များ ဖြစ်ကြ ပါတယ်။ 1895 ခုနှစ် မှာ ထုတ်
ဝေခဲ့တဲ့ ဒေါက်တာ သီဒိုဟာဇယ်လ် ( Dr. Theodore Herzl ) ရဲ့ ဂျူး နိုင်ငံ
(The Jewish State) အမည်ရှိ စာအုပ် ကြောင့်ဂျူး အသိုင်း အ၀ိုင်း တစ်ခု လုံး
လှုပ်လှုပ် ရွရွ ဖြစ်ခဲ့ တယ်။ 1904 ခုနှစ် မှာဂျူးလူမျိုးများ ကို ပါလက်စတိုင်း ဒေသတွင်
ပြန်လည် နေရာ ချထားပေးရန် လှုံဆော်သူ ဒေါက်တာ ဟာဇယ်လ်သေးဆုံးခဲ့တယ်။

သူ့ နေရာ ကို ဓါတု ဗေဒ ဆိုင်ရာ ဒေါက်တာ ဘွဲ့ ရထား သူ ဒေါက်တာ ၀ိုက်ဇ် မန်
( Weizmann ) က ဆက်ခံ ခဲ့တယ် လို့  နိုင်ငံ မဲ့ ဂျူး အသိုင်း အ၀ိုင်း က ယုံကြည် ခဲ့
တယ်။ ဒေါက်တာ ၀ိုက်ဇ် မန်သည် အမေရိကန် ပြည်ထောင် စုရှိ ဂျူး လူမျိုးများ အပေါ်
တွင် လည်း သြဇာ ရှိသူ ဖြစ်တယ်။




getimage11.jpg

(ရုရှား မှ မွေး အမေရိကန် တွင် ကြီးပြင်း ခဲ့သော ဂိုလ်ဒါ မယ်ရာ အစ္စရေး နိုင်ငံ၏
အာဏာ အရှိဆုံး လေးကြိမ်မြောက် ၀န်ကြီး ချူပ် အဖြစ် ရွေးချယ် ခံရမှု အတွက်
ဝမ်းနည်း ၀မ်းသာ ငိုကြွေး နေပုံ )

1915 ခုနှစ် တွင် ဒေးဗစ် ဘန်ဂူ ရီယန် ( David Ben Gurion ) ( အစ္စရေး နိုင်ငံ၏
လွတ်လပ်ရေး ဖခင်ကြီး )သည် အမေ ရိကန် ပြည်ထောင် စုတွင် ဂျူး အမျိုး သား
ရှေ့ ဆောင် အဖွဲ့  ‘ဟီဟာ လုဇ်”(Hehalutz )ခေါ် ( The Pioneer ) တည်ထောင်
ဖွဲ့ စည်း နိုင်ခဲ့ တယ်။ 1916 ခုနှစ် ပထမ ကမ္ဘာစစ် အတွင်း ဗြိတိန်စစ်တပ် သည်
လက်နက် ခဲယမ်း မီးကျောက် ပြဿနာ ဖြစ် ခဲ့တယ်။ အဲဒီ အချိန် မှာ ၀ိုက်ဇ် မန်က
ဗြိတိန်စစ်ဘက် ကော်မတီ ၏ လက်နက် အတွင်း ၀န် ဒေးဗစ် လွိုက်ဂျော့ ( David
Lloyd George ) ကို သူ့ ရဲ့ တီထွင် မှုတွေ နဲ့  အကူအညီ များစွာ ပေး ခဲ့တယ်။ ထို့
အပြင် အမေရိကန် ပြည်ထောင်စု ရှိ ဂျူး လူမျိုးများမှ တဆင့် အမေ ရိကန် နိုင်ငံ
အား ပထမ ကမ္ဘာ စစ်အတွင်း ၀င်လာ စေရန် အကြပ် ကိုင် တိုက်တွန်းမှု တွေ ပြု
လုပ် ခဲ့တယ်။ ၀ိုက်ဇ် မန် အကူ အညီ ပေးခဲ့ တဲ့ လွိုက်ဂျော့ သည် 1916 ခုနှစ်
ဒီဇင်ဘာလတွင် ဗြိတိန် ၀န်ကြီး ချူပ် ဖြစ်ခဲ့ တယ်။ ၀ိုက်ဇ် မန် က သူ့ လူမျိုး ဂျူးများ
အတွက်တစ်ခုခု ဆောင် ရွက်ပေးခြင်း အားဖြင့် သူ့ အားချီးမြှင့်ပါဟု လွိုက်ဂျော့ထံ
တောင်းဆို ခဲ့တယ်။

ဒါကြောင့် 1917 ခုနှစ် နိုဝင်ဘာလ (2) ရက် နေ့  မှ ဗြိတိန် အစိုးရ ကဘဲလ်ဖိုး
ကြေငြာ ချက် ( Belfour Declaration ) နဲ့  ပါလက်စတိုင်း ဒေသ ရှိ ဂျူး လူမျိုး
များ၏နေထိုင် ခွင့်၊ ပြောင်းရွေ့  အခြေ ချမှု နဲ့  ဘာသာ ရေး၊ လူမှု ရေး တို့ ကို
မနစ်နာ စေ ရန် ကာကွယ် မည် ဟု ကြေငြာ ချက် ထုတ် ပြန် ခဲ့တယ်။ အထက်
ဖော်ပြ ပါ သမိုင်း ဆိုင်ရာ အဖြစ် အပျက် များ က 1932 ခုနှစ် တွင် အမေ ရိကန်
ပြည်ထောင် စု သို့  ဂျူး အမျိုးသမီး အလုပ်သမား ကောင်စီ၏ ကိုယ်စားလှယ်
အဖြစ် ရောက်ရှိ လာသော ဂိုလ်ဒါ မယ်ရာ အား အရည် အချင်းမည်မျှ ရှိကြောင်း
စစ်ဆေး ရန် ကြို ဆို ကြ ပါ တော့ တယ်။

အမေ ရိကန် ခရီး စဉ် အစ ပိုင်း ကာလ များ အတွင်း ဂိုလ်ဒါ သည် အမေ ရိကန်
ဂျူး ခေါင်းဆောင် များ ဖြစ်သော ‘၀ါးဘတ် ‘ ( Warburg ) ၊ ‘ စထရော့ ‘ ( Strauss )
တို့ ထံ မှ အကြံဥာဏ် များ ရယူ နိုင်ခဲ့တယ်။ အမေရိကန် ခရီး စဉ်အတွင်း သမီးဖြစ်
သူ ဆာရာ တစ်ယောက် ကျောက်ကပ် ရောဂါ နဲ့  အသည်း အသန်ခွဲစိတ် ကုသ မှု
ခံယူ ရချိန် မှာ ဂိုလ်ဒါ သည် အစ္စရေး နိုင်ငံ ထူထောင် ရေး အတွက် ငွေကြေး အလှူ
ခံ ကိစ္စများ နဲ့ အချိန် ရှိ သရွေ့ လုံးပန်း နေတယ်။ အမေ ရိကန် ရှိ ဂျူး အမျိုး သမီး
များ ရှေ့ ဆောင် အဖွဲ့ ( The Pioneer Women's Organization of America ) ၏
အစည်း အဝေး များ တွင် ဂိုလ်ဒါ သည် နိုင်ငံသစ် အတွက် လိုအပ် သော ငွေကြေး
နှင့် အဆက် အသွယ် များစွာ တို့ ကို စည်းရုံး နိုင်ခဲ့တယ်။ ယင်းစည်းရုံး နိုင် မှုများ
သည် အစ္စရေး နိုင်ငံ လွတ်လပ် ရေး အကြို ကာလ များ ဖြစ်သည့် 1945 ခုနှစ်
ဇူလိုင်လ အတွင်း ဒေးဗစ် ဘန်ဂူ ရီယန် ၏ အမေ ရိကန် ရောက် ဂျူးသူဋ္ဌေး များထံ
မှ ငွေကြေး နှင့် နည်းပညာအလှူ ခံ မှုများ ကို များစွာ အထောက် အပံဖြစ်စေ
ခဲ့တယ်။ 1934 ခုနှစ် တွင် ဂိုလ်ဒါ သည် အမေ ရိကန်ပြည်ထောင် စု မှ ပါလက်စတိုင်း
ဒေသ သို့  ပြန်လည် ရောက်ရှိ ခဲ့တယ်။

1934 ခုနှစ် အတွင်း ဂိုလ်ဒါ သည် ဂျူး အမျိုး သမီး များ အလုပ် သမား ကောင်စီ၏
နိုင်ငံရေး ဌာန တွင်အကြီး အကဲ အဖြစ် ရွေးချယ် ခန့် အပ် ခြင်း ခံရ ပါတယ်။ ယင်း
ရွေးချယ်မှု သည် နောက် တစ်ချိန် တွင်သူမ ၏ အနာ ဂတ် ဘ၀ အား နိုင်ငံ တော်
၏ အကြီးအကဲဖြစ်စေ ရန် ပထမ ဆုံး လမ်းစ ဖြစ်ခဲ့ ပါတယ်။1937 ခုနှစ် သြဂုတ်လ
မှာ ဗြိတိန် အစိုးရ၏ ပီးလ် ကော် မရှစ် ( Peel Commission ) က ဂျူး နိုင်ငံသစ်ထူ
ထောင်ရန် နယ်မြေ အနည်း ငယ် ကို ပိုင်းခြား သတ်မှတ် ပေးခဲ့ တယ်။ သို့ သော်
ဂျူး လူမျိုး များ၏ မညီညွတ် မှုများ၊ အာရပ် တို့ ၏ ပုန်ကန် မှုများ၊ ဗြိတိန် အထက်
လွှတ်တော် ရှိ ကွန်ဆာ ဗေးတစ် ပါတီအမတ် များ ကြောင့် 1938 ခုနှစ် တွင် ပီးလ်
စီမံကိန်း ကျဆုံး သွား ခဲ့တယ်။ 1938 ခုနှစ် ပြင်သစ် နိုင်ငံတွင် ပြုလုပ် သော
‘အီဗန် လပ်စ် ဘရိန်း ‘( Evian – les – Bains ) ညီလာ ခံ သို့  ဂိုလ်ဒါ က ဂျူး
ဒုက္ခသည် ပြဿ နာ ကို တင်ပြ ခဲ့တယ်။ သို့ သော် အနိုပ် စက် အနိုင် ကျင့်ခံ
ဥရော ပ ရှိ ဂျူး အရေး မှ ပိုမို ဆိုးဝါး ခဲ့တယ်။ အဲဒီ 1938 ခုနှစ် မှာဘဲ ဗြိတိန် အစိုးရ
က ပါလက် စတိုင်း ဒေသ အတွင်း သို့  ပြောင်းရွေ့  ၀င်ရောက် လာသော ဂျူး လူမျိုး
များ အား တားဆီး ပိတ်ပင် ခဲ့တယ်။ ဗြိတိန် အစိုး ရ ရဲ့ တားစီးမှု များကို အံတု စိန်
ခေါ် ပြီး ပါလက်စတိုင်း ဒေသ အတွင်း သို့  ဂျူး လူမျိုး များ ခိုးဝင် ရောက်ရှိ ရေး
လှုပ်ရှား မှုတွေ မှာ ဂိုလ်ဒါ ပါဝင် ခဲ့တယ်။ 1939 ခုနှစ် ဒုတိယ ကမ္ဘာ စစ် ကြီး
မစတင်ခင် အချိန် မှာ ဂိုလ်ဒါ သည် ဗြိတိန် အစိုးရ ၏ မတရား အသင်း အဖြစ်
ကြေငြာ ထားသော‘ ဟာဂါနာ ‘ ( Haganah )ခေါ် မြေအောက် ဂျူး တပ်မ တော်
၏ အမျိုး သမီး တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦး အနေ ဖြင့် တာဝန်ထမ်းဆောင် ခဲ့
ပါတယ်။ 1940 ခုနှစ် မှာခင်ပွန်း ဖြစ်သူ မော့ရစ်စ် နဲ့  ပြန်လည် ပေါင်းသင်း ခဲ့တယ်။
အဲဒီ နောက်ပိုင်း သူတို့ နှစ်ဦး သည် ဘယ်တော့မှ မကွဲ ကြတော့ ပါ။

-ဘာသာပြန်မှု

No comments: