Mar 4, 2008

ဂိုလ်ဒါမယ်ယာ သို့ မဟုတ် ဘုရားသခင်ရဲ့ လက်ဆောင်

ဘာသာပြန်သူ- စစ်ငြိမ်းဒီရေ

အပိုင်း (1)


ဂိုလ်ဒါ မယ်ယာ ဆိုသည့် အမျိုး သမီး မှာ 1969
ခုနှစ် အစ္စရေးနိုင်ငံ သမိုင်း တွင် ပထမ ဦးဆုံး
အမျိုးသမီး ၀န်ကြီးချူပ် အဖြစ် တာဝန်ယူခဲ့တယ်။
ကမ္ဘာ ပေါ်တွင် သုံးယောက် မြောက် အမျိုး
သမီး ၀န်ကြီးချုပ် လဲ ဖြစ်ပါတယ်။ဂိုလ်ဒါမယ်
ယာ(Golda Meir) ခေါ် ဂိုလ်ဒါ မာဘို ဗစ်ခ်ျတပ်
ကို ယခင် ရုရှား အင်ပါယာ (ယနေ့  ယူကရိန်းနိုင်ငံ)
ရယ့် ကိ့ဖ်(Kiev ) မြို့ မှာ ဖခင် လက်သမား ဆရာ
မိုရှီ မာဘို ဗစ်ခ်ျတပ်နဲ့ မိခင် ကုန်ခြောက်သည် ဘူ
လမီး နိမ့် ဒစ်ခ်ျ တို့ မှ 1898 မေလ 3 ရက် နေ့ တွင်
မွေးဖွား ခဲ့ ပါတယ်။ မွေးချင် 8 ယောက် အနက် 5 ဦး မှာ ငယ်စဉ် ကပင် ကွယ်လွန် သွားခဲ့
ပြီး ရှေးနာနှင့် ဆစ်ခီ့ ဆိုသော ညီအမနှစ်ဦး ရှိ ပါတယ်။ ရုရှား အင်ပါယာ အတွင်း
လူမျိုးရေး ခွဲခြား မှုများ ကို စိတ်နာ သောကြောင့် 1903 ခုနှစ် မှာ ဖခင် မိုရှီ သည်
အမေရိ ကန် ပြည်ထောင်စု သို့ အလုပ် ရှာရန် ထွက်ခွာ သွားခဲ့တယ်။ 1906 ခုနှစ်
မှာ တမိသားစု လုံး ဖခင် နေထိုင်ရာ အမေရိကန် သို့ ပြောင်း ရွေ့ ခဲ့တယ်။




getimage.jpg

( ၀န်ကြီး ချူပ် ဂိုလ်ဒါ မယ်ယာ နဲ့  ကုလသမဂ္ဂ အထွေထွေ အတွင်း ရေး မှူး ဦးသန့်  1969
အမေရိကန် ပြည်ထောင်စု နယူး ယော့ခ် တွင် တွေ့ ဆုံ ခဲ့စဉ် က ဓါတ်ပုံ)


1908 ခုနှစ် အထက် တန်းကျောင်း တက်နေ စဉ် အတွင်း ကျောင်းသုံး ဖတ် စာအုပ်မ၀ယ်
နိုင်သော ဆင်းရဲသားကျောင်းသား များအား အကူ အညီ ပေးရေး အဖွဲ့  တွင် ခေါင်းဆောင်
အဖြစ် စတင် တာဝန် ယူခဲ့တယ်။1913 ခုနှစ် ဆရာ အတတ် သင် ကျောင်း တွင် ဆရာဖြစ်
ဘွဲ့ ယူ ရန် စိတ်ဓါတ် ပြင်းထန်း နေစဉ် မိဘ များ က အိမ်ထောင် ပြု ခိုင်း သောကြောင့်
မိသားစု နေထိုင် ရာ မိလ်ဝက်ခီး (Milwaukee ) မြို့ မှ ကော်လို ရာဒို ပြည်နယ် ဒမ်ဘားမြို့
ရှိ အိမ်ထောင်သည် အမ ဖြစ်သူ ရှေးနာ ထံ အိမ်ပြေး လုပ် ခဲ့တယ်။ ရှေးနာ နဲ့ အတူ
နေထိုင် စဉ် ဇီယွန် (Zion ) လှုပ်ရှားမူ တွေကို စတင် စိတ်ဝင် စားခဲ့ သလို ခင်ပွန်း
လောင်း မော့ရစ်စ် မယ်ရာ ဆန် (Morris Myerson ) နဲ့ လဲ တွေ့ ဆုံ ခဲ့တယ်။ 1915
မှာ ဆရာ အတတ် သင် သိပ္ပံ မှ ဘွဲ့ ရခဲ့တယ်။ 1916 မှာ ဇီယွန် အလုပ် သမား အစည်း
အရုံး သို့  ၀င် ရောက် ခဲ့ပြီ 1917 တွင် ချစ်သူ မော့ရစ်စ်နဲ့ သူမ မိဘ များ နေအိမ် တွင်
လက်ထပ် ခဲ့တယ်။ 1921 ခုနှစ် တွင် ဂိုလ်ဒါ မယ်ယာသည် ခင်ပွန်း ဖြစ်သူ မော့ရစ်စ်
အမ ဖြစ်သူ ရှေးနာ တို့ အား ဦးဆောင် ပြီး တူရကီ အော်တိုမန် အင်ပါယာ လက်အောက်
ခံ ပါလက်စတိုင်း ဒေသ သို့ မဟုတ် ဂျူး လူမျိုး တို့ အား ပျားရည် နှင့် နွားနို့ များ စီးဆင်း
ရန် ထာဝရ ဘုရားသခင် က ကတိ ပြုထား သော နယ်မြေ သို့  ထွက်ခွာ လာခဲ့တယ်။

No comments: