Mar 13, 2008

ဇာတ်ဆရာ


(ရေးသူ- ဆရာ မောင်သော်က/အင်းစိန်ထောင်အတွင်း ရေးဖွဲ့ )
aaz.jpg
ငါ့ဇာတ်စင် ငါထိုး
ဇာတ်ပိုးတော့ ထပြီလေ။

မကတတ် ကတတ်
ငါ့ဇာတ် ငါခင်း
ငါမင်း ငါဘုရင်ပေါ့
ထင်ချင်ရာ ထင်ပါဘိ
မင်း မကြည့်ချင်နေ။




စင်ပေါ်မှာ ကျွမ်းထိုးလို့ 
စင်ကျိုးပြီး သေပေစေ
နေသာသပ လေညာက။

စည်းမမှန် ၀ါးမမှန်
ကကြိုးတွေ မဟန်လို့ 
တပ်လန်ကာ
ကြည့်သူ ပြောပြန်တော့
ရုံကြေးတွေ အကုန်ရ
ဒါမှ ငါပ။ ။

(1991 ခုနှစ် ဇွန်လ အင်းစိန် အကျဉ်း ထောင် အတွင်း ကွယ်လွန် ခဲ့တဲ့ အမျိုးသား ဒီမို
ကရေစီ အဖွဲ့ ချူပ် ဗဟို အလုပ် အမှူဆောင် အဖွဲ့ ဝင် အငြိမ်းစား ရေတပ် အရာရှိ ဟောင်း
ဗိုလ်မှူး ဘသော် (ခ) စာရေးဆရာ မောင်သော်က ၏ ကဗျာ )

1 comment:

မြန်မာပြည်ကိုလွမ်းတယ် said...

ကိုအောင်ရေ..ကဗျာလေးလာဖတ်သွားပါတယ်
မျှဝေပေးလို.ဖတ်ခွင့်ရတာကျေးဇူးပါနော်