Feb 25, 2008

စေတနာတွေ


ရေးသူ- စစ်ငြိမ်းဒီရေ

တခါတုန်း က တော မကျ မြို့ မကျ ဒေသ တစ်ခုမှာ နအဖ စစ်သား လူမိုက် တစ်
ယောက်ရယ်၊ နှစ်လုံး ထီ ကော်မရှင် ရောင်းတဲ့ ကြံဖွတ် တစ်ယောက် ရယ်၊ 109…
110.. အရန် မီးသတ် တစ်ယောက်ရယ်၊ သူငယ်တန်းကို သုံးနှစ်ကျလို့  ကျောင်းထွက်
ခဲ့တဲ့ ကြက်ခြေနီ တစ်ယောက်ရယ် သူငယ်ချင်း လေးယောက် ရှိခဲ့ပါတယ်။

တနေ တော့ ကြက်ခြေနီ သူငယ်ချင်း ဟာ မြွေ ကိုက် ခံ ရပြီး သေ ပါ လေရော။ ဒါနဲ့
ကျန်တဲ့ သူငယ်ချင်း သုံးယောက် လဲ စိတ်မကောင်းခြင်း များစွာနဲ့  ကွယ်လွန်သူ
သူငယ်ချင်း အသုဘ ကို လိုက်ပို့ ကျတာပေါ့။ သင်္ချိုင်းကုန်း မှာ အသုဘ ကို အခေါင်း
ပိတ် ချိန်လည်း ရောက်ရော အရန်မီးသတ် က စ ပြောတယ်။ ... သူငယ်ချင်း တို့
...သေသွားတဲ့ ဒို့ သူငယ်ချင်း ..နောက်ဘ၀ မှာ တစ်ခုခု ၀ယ်စားဖို့ ... ငါတို့  သုံး
ယောက်.. တစ်ယောက်ကို..ပိုက်ဆံ ငါးရာ စီ.. စုပြီး ထည့်ပေးလိုက်ရင်.. ကောင်း
မယ်ကွ။

ကြံဖွတ် လုပ်သူ သူငယ်ချင်း က လဲ...အေး ကောင်းသာဘဲ..မင်းအကြံ။ အဲဒီ အချိန်
မှာ စစ်သား သူငယ်ချင်း က ဘာပြောလဲ ဆိုတော့.....မင်းတို့  နှစ်ယောက်....တစ်
ယောက် ငါးရာစီ ငါကို ပေးလေ...ငါစီမှာ ဘဏ်က ချက်စာအုပ် ပါတယ်...1500 လို့
ငါရေး ပေးလိုက်မယ်....လို့ ဆိုပါတယ်။ ဒါနဲ့ပဲ နအဖ စစ်သား လုပ်သူက ကျန်
နှစ်ယောက် စီ က ငွေ 500 စီ ယူပြီး သူ့ အိပ်ထဲ ကို ထည့်လိုက်တယ်။ ပြီးတော်
1500 တန် ချက်လက်မှတ် ကို ကွယ်လွန်သူ ကြက်ခြေနီ သူငယ်ချင်း ရဲ့ အသုဘ
အခေါင်းထဲ ထည့်ပေး လိုက်ပါတော့တယ်။ ပြီးတော် သူက ပြောပါတယ်…ငါတို့
စေတနာတွေ......သူ သိမှာပါ...တဲ့။

1 comment:

ယောနသံစင်ရော် said...

ကိုအောင်ခင်မြင့် ဒီပို့စ်လေး ကိုကြိုက်တယ် စစ်ဗိုလ်စစ်သားဆိုတာ ဘယ်လောက်လူလည်ကျလည်းဆိုတာ ဟာသလေးနဲ့တင်ပြထားတာကောင်းလိုက်တာ...