Feb 24, 2008

တိုးတက်လာတဲ့ မြန်မာ့ ရုပ်ရှင်

မြန်မာပြည်က ဒါရိုက်တာကြီးများ ၀င်ငွေ ရရင် ပြီးရော ဆိုတဲ့ သဘောထားနဲ့ 
ကိုလိုနီ နယ်ချဲ့  ဆန့်ကျင့်ရေး ကားတွေ ရိုက်ကူး ရာ မှာ နည်းနည်း လောက်
တော့ သတိ ပြုကြ ပါအုံးဗျာ။ ဒို့ သွေးနဲ့  ရင်းတဲ့ ငါတို့ မြေ ဇာတ်လမ်းမှာ ကိုရန်အောင်
တို့  နန်းဆုရတီစိုး တို့  နေတဲ့ မြို့  က အိမ်မှာ တီဗွီ ကို မြင်တွေ့  ရပါတယ်။ ပြီး တော်
ဇာတ် ၀င် ခန်း တစ်ခု မှာ လဲ တီအီး 11 ကားတစ်စီး ကို တွေ့ ရပါတယ်။ မြန်မာပြည်
မှာ အင်္ဂလိပ် ကိုလိုနီ ခေတ်တွင် တီဗွီတွေ တီအီး 11 ကားတွေ ရှိနေတာ တော့
တော်တော် ကို ထူးဆန်း လှပါတယ်။ ပရိတ်သတ် ကို လဲ အားနာကြ ပါအုံး ဗျာ။

No comments: