Oct 16, 2008

လာရာ လမ်းများ (Seven Rays)


ရေးသူ- စစ်ငြိမ်းဒီရေ
(ဗဟုသုတ)


လူတွေဟာ လောကကြီးကို ရောင်ခြည်တန်း ခုနှစ်မျိုး သို့မဟုတ် လမ်းကြောင်း
ခုနှစ်မျိုးက ရောက်ရှိ လာတယ်လို့ အနောက်တိုင်း ရုပ်လွန် ဒဿနိကဗေဒ
(metaphysical) က ဆိုလို ပါတယ်။

zbirds7.jpg

(၁) ခေါင်းဆောင် ရောင်ခြည်တန်း (Leader Rays)
ခေါင်းဆောင် ရောင်ခြည်တန်း ဆိုတာ ရပ်ကွပ် ဆယ်အိမ်ခေါင်းက အစ
စကြာဝတေးမင်း အထိ ဆိုလို ပါတယ်။

(၂) သင်ကြားမှု ရောင်ခြည်တန်း (Preacher Rays)
မူကြိုဆရာ၊ ဆရာမ ကနေ လောကကြီးကို သင်ကြားတဲ့ ပညာရှိတွေ
အထိ ဆိုလိုပါတယ်။

(၃) နိုင်ငံရေး သမား ရောင်ခြည်တန်း (Political Rays)
ပိုစတာ ကော်သုတ်ပြီး လိုက်ကပ်ရတဲ့ မထင်မရှား နိုင်ငံရေးသမား ပေါက်စ
ကနေ ကမ္ဘာသိ နိုင်ငံသိ နိုင်ငံရေးသမားတွေ အထိ ဆိုလို ပါတယ်။

အထက် ဖော်ပြပါ ရောင်ခြည်တန်း သုံးမျိုးအား အကျိုးတရားကို ပြုလုပ်
သူ သို့မဟုတ် သီးသန့် လက္ခဏာ ကို တိုက်ရိုက် ဖော်ဆောင်သူ
(Rays of Aspect) လို့ ခေါ် ပါတယ်။




z7Ajna.jpg

(၄) အတွေးအခေါ် ရောင်ခြည်တန်း (Philosopy Rays)
ဘ၀နေထိုင်ပုံ အကြောင်းအရာများကို တွေးခေါ် စဉ်းစားသော သာမန်ရိုး
ကျ တွေးတောသူများ ကနေ သမိုင်းစာမျက်နှာ များပေါ်တွင် မှတ်တမ်း
အတင် ခံရသော အတွေးအခေါ် ပညာရှိတွေ အထိ ဆိုလို ပါတယ်။

(၅) သိပ္ပံပညာ ရောင်ခြည်တန်း (Scientist Rays)
“မီး” ကို စတင် အသုံးပြုနိုင်သူ၊ ရေနွေးငွေ့ကို အသုံးချတတ်သူ၊ လျှပ်စစ်
ကို ရှာဖွေ တွေ့ရှိသူ၊ နှလုံးရဲ့ အခန်း(၄)ကို စတင် သိရှိနားလည်သူ များ
ကနေ ယနေ့ နောက်ဆုံးပေါ် တီထွင် ဆန်းသစ်မှုဆိုင်ရာ ဆေးပညာနှင့်
အင်ဂျင်နီယာ ပညာရှင်များ အထိ ဆိုလို ပါတယ်။

(၆) ၀န်ထမ်း ရောင်ခြည်တန်း (Service Rays)
စနစ်တစ်ခု၊ ဘောင်တစ်ခု၊ ပုံစံချမှု တစ်ခု အောက်တွင် အသက်ရှင် ရပ်
တည်ရေးနှင့် မျှော်လင့်ချက် တစုံတရာ အတွက် သစ္စာရှိစွာ အမှုထမ်း
နေရသော အောက်ခြေ ၀န်ထမ်းတစ်ဦး၊ စစ်သား တစ်ယောက် ကနေ
ဒုတိယမြောက် အာဏာရှိဆုံးဟု သမှတ်ခြင်း ခံရသူ အထိ ဆိုလို ပါတယ်။

(၇) ဂန္ဓာရီ ရောင်ခြည်တန်း (Mistic Rays)
လောကီနှင့် လောကုတ္တရာ အကျိုးစီးပွားများ အတွက် ဘာသာရေး ကျင့်
စဉ်များကို ပုံစံ အမျိုးမျိုးဖြင့် ကျင့်ကြံနေကြသော သာမန်အဆင့် ကျင့်ကြံ
သူများ ကနေ ကောင်းကင်ဘုံနှင့် အဆက်ရမိသူများ၊ သူတော်စဉ်များ၊
ဝိဇ္ဇာမိုရ်များ အထိ ဆိုလို ပါတယ်။

အထက် ဖော်ပြပါ နံပါတ်စဉ် လေးမှ ခုနစ် အထိ ရောင်ခြည်တန်း လေးခု
အား တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ကို အကြောင်းပြု၍ ဖြစ်
သည့် အကျင့်စရိုက်၊ အရည်အသွေး များကို ဖော်ဆောင်သူ
(Rays of Attribute) လို့ ခေါ်ပါတယ်။


(ဤမျှသာ။)
(မှတ်ချက်။ ။ စာအုပ်မျိုးစုံမှ မှီငြမ်းပါသည်။)

1 comment:

Younggun said...

အဲဒီရောင်စဉ် ၇ မျိုးကို ရှာနေတာကြာပြီ။ ဖတ်ခွင့်ရတာ ကျေးဇူးပဲဗျို့။ တကယ်ကောင်းတယ်။ အများသိရင် ပိုကောင်းမယ်ဗျာ။ ဆရာမင်းသိင်္ခက ပြောဖူးတယ်။ ဗေဒင်မှာလည်း ဂြိုဟ် ၇ လုံးနဲ့ အလုပ်ကိုင်ကောင်းရှာသလို လူ့ဘဝအတွက်လည်း ရောင်စဉ်တွေနဲ့လာတယ်လို့ဆိုတယ်။ စဉ်းစားတွေးတောစရာပဲ။