Apr 21, 2009

သိတယ်၊ မသိဘူး (၂)

ရေးသူ- စစ်ငြိမ်းဒီရေ


၃။
အဝေးရောက် သွေးစည်ညီညွတ်ရေး ညီလာခံကြီးတခုကို
တတိယကမ္ဘာနိုင်ငံတခုတွင် ကျင်းပပြုလုပ်ပါတယ်။
အဖွဲ့အစည်းနောက်ခံသမိုင်း မရှိသူများ ...
ပြည်တွင်း၌ ဘာမျှမလုပ်ဘူးသူများ ...
မျက်စီစုံမိတ် မဲဖြင့် လူကြီးဖြစ်လာသော ဆွေမျိုးများ ...
ပျော်ပွဲစားခရီးအဖြစ် လာရောက်သူတို့က
Working Committee ကို ဖွဲ့စည်းကြပါတယ်။
“နာဂစ်ကို ကူညီမယ် ….
ဖိအားတွေ တိုးချဲ့မယ် ….
စတိန်မန့်တွေ များများထုတ်မယ် ….
အောင်ပွဲတွေ ခံတော့မယ် ….
…. အားလုံးကောင်းပါတယ်”

အဲဒီအစည်းအဝေးပွဲ နောက်ဆုံးခုံမှာ ထိုင်နေတဲ့ လူငယ်တဦးက
သက်ပြင်းတွေ တဟင်းဟင်း ချနေသူ တဦးကို မေးတယ်။
“အကို၊ လူချစ် လူခင်များတဲ့ သူတွေကို ဝေဖန်ချင်ရင်
ဘယ်လို လုပ်ရမလဲ”
“ကဗျာရေးတတ်အောင် ကြိုးစား ညီလေးရေ”

(ဂရိအတွေးအခေါ် ပညာရှင် ဒိုင်အိုဂျီးနီးစ်(BC.400- BC.325) ကို ဆိုင်းနစ်
များက ကူအွန်(Kuon) ဟုခေါ်သည်။အဓိပ္ပါယ်မှာ “ခွေး” ဖြစ်သည်။ဒိုင်အိုဂျီးနီးစ်
သည် နေ့ခင်းကြောင်တောင်တွင် လက်ဆွဲမီးအိမ်တလုံးဖြင့် “ရိုးသားသူ”ကို
ရှာဖွေလေ့ ရှိသည်။ - အတ္ထုပ္ပတ္တိအဘိဓါန်)
….

၎။
ဥာဏ်စမ်းပဟေဠိ မေးမြန်းခန်းတခုတွင် လူရွှင်တော်တဦးက
ကျောင်းသူတဦးကို မေးခွန်းတခု မေးပါတယ်။
“နယ်ချဲ့အင်္ဂလိပ်တွေရော၊ ဖက်ဆစ်ဂျပန်ကိုရော မတော်လှန်
ခဲ့တဲ့ ပြည်နယ်အဆင့်ရှိ တိုင်းရင်းသားအမည်တခုကို ဖြေပေးပါ”
“သမီး မသိဘူး … ရှင့်”
“သမီးရေ၊ အဖြေက …် လူမျိုးပါ။”
…..
ဦးကျော်စိုးဦး တယောက် သတင်းကြေညာမှု မှားယွင်းသဖြင့်
ရုပ်မြင်သံကြားအစီအစဉ်မှ နှစ်ပတ်ကျော် အနားပေးခံရတယ်။
ပြောရမည့် စကား ….
“ဒို့တာဝန် အရေးသုံးပါးကို ခါးဝတ်ပုဆိုးပမာ သဘောထားရမယ်”
သူ ပြောလိုက်ပုံက …
“ဒို့တာဝန် အရေးသုံးပါးကို ခါးဝတ်ပုဆိုးမပါ သဘောထားရမယ်”
…..
(ဆရာ ဆန်းထွန်း(မန်းတက္ကသိုလ်)က ဆရာမြသန်းတင့်ကို ပြောပါတယ်…
“ခုတော့ စာဖတ်နေတာပဲ၊ ခက်တာက ကျွန်တော်တို့ ရေးတဲ့ စာမျိုးကလဲ
ထမင်းစားလောက်အောင် မရတော့ ပိုဆိုးတယ်၊ ရေးပြီးသားတွေလဲ
ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်ကိုမှ မပို့ဖြစ်တော့ဘူး၊
ထုတ်ဝေသူကလဲ ဆရာတို့ သိတဲ့အတိုင်း ဖေတော့ မောင်တော့လောက်မှ
ထုတ်ချင်ကြတာ မဟုတ်လား” ….
-မြောက်ဘက်တောင်ကုန်းဒေသမှ အပြန် (ဆရာမြသန်းတင့်) )
…..

(အလျဉ်းသင့်သလို ဆက်လက်ဖော်ပြမည်။)

5 comments:

ဆောင်းယွန်းလ said...

ကောင်းတယ်ဗျ..မှတ်သားစရာတွေပါကိုအောင်ရေ

Upasaka said...

ွGreat!

နေမိုး said...

ဆရာေ၈ါင်း... ဘယ်လိုဖြစ်တာလဲဗျာ။ စာတွေလာဖတ်ရင်း စာလေးရေးထားခဲ့တာ အဲဒီလို လုပ်ရလားဗျ။ အေးဆေးပေါ့။ အချင်းချင်းတွေ မရက်စက်ပါနဲ့ဗျာ။

မိုးမြင့်အောင် said...

ကဗျာကို တကယ်ကြိုက်တယ်

စန္ဒီမိုးမြင့် said...

ဦးအောင်
စာတွေဖတ်ဖြစ်ပေမယ့် ကွန်မန့်တွေ မရေးဖြစ်တာ အတော်ကြာပါပြီ။
ဒီနေ့ တော့ သမီးအပြင်မှာတွေ့ဖူချင်တဲ့ သူထဲ မှာ ဦးအောင်လည်း တစ်ယောက်ပါနေပါတယ်
ဦးအောင် ကို မြင်တဲ့ သမီးရဲ့ အမြင်ကို ဝေဖန်တဲ့ပုံမျိုးလဲ ပေါက်နေတာမို့
နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်
ခင်မင်လျက်