May 14, 2009

သိတယ်၊ မသိဘူး (၃)

ရေးသူ- စစ်ငြိမ်းဒီရေ

၅။
ပက်လက် လှန်ပြီး တံတွေးထွေး ပြိုင်ပွဲ တခုတွင် ဒိုင်လူကြီးဖြစ်သူသည်
အချက်ပြအလံကို ရှာဖွေလျက်ရှိသည်။
ပြိုင်ပွဲဝင်သူများမှာ-
ဖဲသုံးချပ် ကျွမ်းကျင်သူ …
ကုန်တိုက်နှင့်ရုပ်ရှင်ရုံတွင် နေရာရောင်းစားသူ …
အယောင်ဆောင် ရှောက်သီးဆေးပြား ရောင်းသူတို့ ဖြစ်ပါသည်။

“ငါနဲ့တွေ့ရင် ပြာကျသွားမယ်”
“ပါးစပ်ဟတာနဲ့ ဖင်ဝအထိ ပြောပြလိုက်မယ်”
“လက်ရှိကနေ လက်မဲ့ဖြစ်အောင် တတ်နိုင်တယ်ဟေ့”
(အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည် ရထားအတက်တွင်
ကျွတ်ကျ ကျန်ရစ်ခဲ့သော ဖိနပ်တဖက်အတွက် ကျန်ရှိနေသော ဖိနပ်အား
စွန့်လွတ်ခဲ့သည်။ မဟတ္တမဂန္ဒီ၏သမိုင်း)

………..

၆။
မ.၀.တ ရုံးတစ်ရုံးတွင် ခံဝန်ချက်လက်မှတ် လာထိုးသော လူငယ်တဦးက
ထောင်ကျဖက် မိတ်ဆွေလူကြီးတဦးအား မေးမြန်းပါသည်။
“လွတ်လပ်ရေး ရပြီးခါစ ဖ.ဆ.ပ.လ ခေတ်အကြောင်း စာအုပ်တွေရှိ
တယ်ဗျ၊ မ.ဆ.လ ခေတ်နဲ့ ပက်သက်ပြီး ဘယ်သူမျှ စာမရေးကြပါလား
…. သခင်တင်မြရဲ့ ဘုံဘ၀ လို စာအုပ်မျိုးပေါ့ …
တရုတ်-မြန်မာ အရေးအခင်းမှာ အထုတ်ခံရတဲ့ တရုတ်သွေးပါတဲ့
ဗိုလ်မှူးကြီးတန်ယုဆိုင်အပါအ၀င် တပ်အရာရှိ ဆယ်ဦး …
ဗိုလ်ချုပ်စိန်ဝင်း ကို ဘာကြောင့် ၀န်ကြီးချုပ်ရာထူးက အဖြုတ်ခံရလဲ …
မ.ဆ.လ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတင်ဝင်းညို
တို့ အုပ်စု ပါတီသန့်စင်ရေးမှာ ဘာကြောင့် အဖြုတ်ခံရလဲ …
သခင်ဝတင် ခေါင်းဆောင်သော ဗိုလ်နေ၀င်းဖြုတ်ချရေး အကြံအစည် ….
ထိုင်းအဆိုတော် ထုံချိုင်းသည် မြန်မာနွယ်ဖွား ဟုတ်မဟုတ် …. ”

…. “ဒါတွေက ဝေးပါသေးတယ်ကွယ် …. ရှစ်လေးလုံးတုန်းက ဦးနုရဲ့အစိုးရ
အဖွဲ့ကနေ ဘာကြောင့် နုတ်ထွက်ရသလဲ ဆိုတာတောင် လူတွေ သိပ်မသိကြဘူး၊
ဒေါက်တာသန်းထွန်းက လွှဲရင် ကျန်တဲ့သမိုင်းဆရာတွေက နီးရာဓါးရော၊ မနီးတဲ့ဓါး
ရော ကြောက်ကြတယ်လေ”
(ပထမကမ္ဘာစစ်အတွင်း ဂျာမဏီသူလျှိုမယ် မာတာဟာရီ(Mata Hari) သည်
ငယ်စဉ်က အိန္ဒိယနိုင်ငံရှိ ဘာသာရေးအစွန်းရောက် အုပ်စုတခုတွင်
ဝတ်လစ်စလစ်ဖြင့် ကပြဖျော်ဖြေသော ကချေသည် တစ်ဦးဖြစ်ခဲ့သည်။
အတ္ထုပ္ပတ္တိအဘိဓါန် )

(အလျဉ်းသင့်သလို ဆက်လက်ဖော်ပြမည်။)

1 comment:

ဂျူနို said...

တံတွေးကို ပက်လက်လှန်ထွေးတဲ့သူတွေ သိတယ်။ အယ် မသိဘူး။