May 21, 2009

အင်းစိန်လမ်းမပေါ်က ထမင်းစရိတ်

ရေးသူ- စစ်ငြိမ်းဒီရေ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးထုတ်သည့်ကိစ္စ
စပ်လျဉ်း၍ အင်းစိန်လမ်းမပေါ်တွင် ယခုလက်ရှိ လုံခြုံရေးယူနေရသော
ဝန်ထမ်းများသည် နေ့စဉ် ထမင်းစရိတ် ကျပ်ငွေ တစ်ထောင် (၁၀၀၀)
သာ ရရှိသည်ဟု သိရပါသည်။ ရန်ကုန်မြို့တော် တပ်ရိက္ခာဖြန့်ဖြူးရေး
ဌါန၏ ၀န်ထမ်းတစ်ဦးက …..

“နာမည်ကြီးတဲ့ သူတွေနဲ့ ပက်သက်လို့ နယ်မြေလုံခြုံရေး တာဝန်ကျရင်
ထမင်းဖိုး တစ်ထောင် ပေးတယ်၊ သိပ်နာမည်မကြီးရင် ငါးရာပဲ ရတယ်၊
အားလုံးသိတဲ့ အတိုင်းပဲလေ ဒီခေတ်မှာ ကျောင်းဆရာမ သားသမီးက
မိဘ ဆင်းရဲလို့ ကျူရှင်မတက်နိုင်ဘူး၊ သူနာပြုဆရာမ မိဘက နေမကောင်း
ရင် ဆေးဝါး မ၀ယ်နိုင်ဘူး၊ အရင်က ဆယ်တန်းအောင်ရင် ဆေးတက္ကသိုလ်က
အမြင့်ဆုံး၊ အခု ရေကြောင်းသိပ္ပံ အမြင့်ဆုံး၊ ကမ်းပေါ်မှာ လုပ်စားစရာ ကုန်လို့
ရေထဲဆင်းရတဲ့ လူမျိုးပေါ့ဗျာ၊ “ကမ်းကုန်လို့ ရေထဲဆင်း” စကားပုံလိုပေါ့၊
ကမ်းကုန်အောင် ရက်စက်တတ်တဲ့ စနစ်ဆိုးရှိလို့ ကံတရားက နာဂစ်မုန်တိုင်း
မှာ ရေအောက်ထဲရောက်အောင် ပို့ပေးလိုက်တာများလား?”

………

4 comments:

သားထူး said...

ရေထဲဆင်းရတဲ့ လူမျိုးပေါ့ဗျာ၊ “ကမ်းကုန်လို့ ရေထဲဆင်း” စကားပုံလိုပေါ့၊
ကမ်းကုန်အောင် ရက်စက်တတ်တဲ့ စနစ်ဆိုးရှိလို့ ကံတရားက နာဂစ်မုန်တိုင်း
မှာ ရေအောက်ထဲရောက်အောင် ပို့ပေးလိုက်တာများလား?”

ကမ်းကုန်လို့ လမ်းဆုံမှာ ဂျမ်းပုံတို့တတွေ ရမ်းဆော်တာ
မင်းသိရင် ဖျားသွားမယ် သယ်ရင်းရေ...

ဂျူနို said...

ကမ်းကုန်လို့ မြေအောင်ဆင်းပြီး ခု အ၀ီစိကိုဆင်းနေပြီ။
ကြောက်တတ်တာ လွန်ရော ကြပ်ပြေးကနေ ခု သရဲပြေး ပြိတ္တာပြေး နဲ့ အသူတစ်ရာနက်တဲ့ အ၀ိစိကိုတဲ့။
မအယ်

ကလူသစ် said...

ထူးဆန်းထွေလာ အံ့ဘွယ်ရာတွေပဲကိုး :)

mek said...

ရောက်တယ် ကိုအောင် ရေ စီဘောက်ပျောက်နေလို့ 