Jun 8, 2009

ယုတ်မာသော လှုံဆော်ရေးစာများ ဖြန့်ချီလျက်ရှိ

ရေးသူ- စစ်ငြိမ်းဒီရေ

လွန်ခဲ့သော (၇.၆.၂၀၀၉) တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ
မန္တလေးမြို့နှင့် အနီးတ၀ိုက်ရှိ အခြားထင်ရှားသော မြို့ကြီးများတွင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာအား
ထိခိုက်နစ်နာစေသော ဓါတ်ပုံနှစ်ပုံ ပါရှိသည့် လှုံဆော်ရေးစာများ ဖြန့်ချီခဲ့
ကြောင်း သိရပါသည်။ ယင်းလှုံဆော်ရေး စာရွက်များတွင် ဒေါ်အောင်ဆန်း
စုကြည်၏ ဓါတ်ပုံကို တဖက်တွင် ဇနီးသည်ဟု ခေါင်းစဉ်တပ် ဖော်ပြထားပြီး
အခြားတစ်ဖက်တွင် ဆံပင်ရှည်ရှည်နိုင်ငံခြားသားတယောက်၏ ဓါတ်ပုံကို
ခပ်မှုန့်မှုန့် ပြုလုပ်ထားပြီး “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်
ဒေါ်စုကြည်၏ နေအိမ်သို့ ခိုးဝင်ရန်ကြိုးစားသူ ခင်ပွန်းသည် အမေရိကန်
နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယမ် ယက်တော” ဟု ဖော်ပြထားကြောင်း
သိရပါသည်။

နောက်ဆက်တွဲ ….
(မန္တလေးမြို့က ပြည်သူတဦး၏ အမြင်)
“ကျနော်တော့ ဒီစာရွက်ကို ဆိုင်ရှေ့မှာ ရတာနဲ့ ဒေါသထွက်ထွက်နဲ့
တခါတည်း ဆွဲဖြဲလိုက်တယ်၊ မန္တလေးမြို့က ကြံ့ခိုင်ဖွံဖြိုးရေးဆိုတာ
စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း အရှိန်အ၀ါနဲ့ လုပ်ချင်တိုင်း လုပ်နေ
တာ၊ ဒီစာရွက်ကို ဘယ်လို ရသလဲ ဆိုတော့၊ လျှပ်စစ်မီးက အလှည့်ကျ
ရတာ၊ မီးလာနေတုန်း ထမင်းအိုး ထ တည်မယ် ဆိုပြီး မနက် ငါးနာရီ
လောက် အိပ်ယာက ထ လာတာ၊ လမ်းမပေါ်မှာ ဆူညံ ဆူညံ အသံတွေ
ကြားတော့ ထွက်ကြည့်ရင်နဲ့ ပေတရာပေါ်မှာ ကြဲချထားတဲ့ ဒီစာရွက်တွေ
ကို တွေ့ရတယ်။ အိမ်က မိသားစုကတော့ တနေ့ တနေ့ ထမင်းစားဖို့
ကုန်းရုန်းပြီး ရှာဖွေနေရတော့ နိုင်ငံရေးအကြောင်းတွေ သိပ်မသိကြပါဘူး၊
ညဖက် မီးလာရင် တီဗွီကလာတဲ့ ကိုရီးယား ဇာတ်လမ်းတွဲနှင့် နေတိုးတို့၊
မိုးအောင်ရင်တို့၊ ဟိန်းဝေယံတို့ ပါတဲ့ မြန်မာဇာတ်လမ်းခွေတွေ ဌါးကြည့်
ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး အသက်များများ ရှည်ပါစေ
လို ကျနော် နေ့တိုင်း ဆုတောင်းတယ်၊ သူသာ မပြောကောင်း မဆိုကောင်း
သေများ သွားရင် ကျနော်တို့ မြန်မာလူမျိုးတွေ ရိုဟင်ဂျာ ကုလားတွေလို
ပင်လယ်ထဲ လှေစီးပြီး ထွက်ပြေးရတဲ့ ဘ၀ကို ရောက်မှာ သေချာသလောက်ဘဲ”

1 comment:

Myo Win Zaw said...

ကိုအောင် ဆောင်းပါးတစ်ပုဒ်ရေးထားတယ် မှားရင်ပြင် သိတာရှိထပ်ဆောင်းကာ ဝေဖန်ချက်ပေးနိုင်ပါတယ် စီဘောက်မှာ ရေးလို့မရလို့ ဒီမှာအော်သွားတယ်