Jun 21, 2009

မစိုးရိမ်တိုက် ဆရာတော်ဘုရားကြီး၏ သာသနာပြုခရီးစဉ်



ရေးသူ- စစ်ငြိမ်းဒီရေ

သက်တော် (၇၆)၊ ၀ါတော် (၅၆) ရှိတော်မူသည့် မန္တလေးမြို့
မစိုးရိမ်တိုက် (တိုက်သစ်) ဆရာတော်ဘုရားကြီး
အရှင် ရာဇဓမ္မာဘိဝံသ သည် ပြည်ပသာသနပြုခရီးစဉ်ဖြင့်
ကြွချီလျက်ရှိရာ ယခုအခါ ခရီးစဉ်တထောက်အဖြစ် ဒိန်းမတ်
နိုင်ငံ ဘာမင်းမြို့(Bramming)၊ ဗုဒ္ဓရံသီ မြန်မာဘုန်းတော်ကြီး
ကျောင်းတွင် (၂၁-၆-၂၀၀၉)နေ့ ညနေမှ (၂၄-၆-၂၀၀၉)နေ့
နံနက်အထိ သီတင်းသုံးမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆရာတော် အရှင် ရာဇဓမ္မာ ဘိဝံသ သည် လာမည့် (၁၉-၇-၂၀၀၉)နေ့
တွင် သက်တော် (၇၆)နှစ် ပြည့်တော်မူမည်ဖြစ်ကြောင်း၊ ဒိန်းမတ်နိုင်ငံ
နိုင်ငံမှ တဆင့် ဂျာမဏီနိုင်ငံသို့ ဆက်လက် ကြွချီတော်မူမည်ဖြစ်
ကြောင်း သိရှိရပါသည်။

ဆရာတော် အရှင်သူမြတ် ရာဇဓမ္မာ ဘိဝံသ သည် လွန်ခဲ့သော
၁၉၉၁ ခုနှစ် ၀န်းကျင်က နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်
တွင် တစ်နှစ်ကျော် သီတင်းသုံးနေထိုင်ခဲ့ရသော မြတ်ဗုဒ္ဓ၏ သားတော်
တပါး ဖြစ်ပါသည်။

No comments: