Dec 14, 2009

စစ်ရာဇ၀တ်ကောင် ဥာဏ်ဝင်း ဒိန်းမတ်ရောက်နေပြီ

ရေးသူ- စစ်ငြိမ်းဒီရေ

ပြည်သူလူထုအပေါ် အကြမ်းဖက်ပြီး စစ်ရာဇ၀တ်မှုတွေ ဆက်တိုက်
ကျူးလွန်နေတဲ့ န.အ.ဖ စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း
ဦးဆောင်တဲ့အဖွဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်သို့ ရောက်ရှိ
နေပြီ ဖြစ်ပါတယ်။



ကလိန်ကကျစ် ဥာဏ်ဝင်းနှင့် အဖွဲ့သည် လာမည့် ဗုဒ္ဓဟူးနေ့
(၁၆.၁၂.၂၀၀၉) ညနေပိုင်းနှင့် (၁၇.၁၂.၂၀၀၉)နေ့တွင် ကမ္ဘာ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံအတွင်း မြန်မာ့ နိုင်ငံရေး လက်ရှိ အခြေအနေ
တွေနဲ့ ပက်သက်ပြီး နိုင်ငံတကာက ခေါင်းဆောင်များကို လက်တွေ့
ဆောင်ရွက်နိုင်ခြင်း ကင်းမဲ့သော စကားလုံးများဖြင့် လိမ်ညာလှည့်ဖြားမှာ
ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရောက် ဥာဏ်ဝင်းနှင့်အဖွဲ့အား
ဆန့်ကျင် ဆန္ဒပြလိုသူများ အနေဖြင့် မြန်မာ့ဒီမိုကရေစီအရေး
ကြိုးပမ်း ဆောင်ရွက်နေသူ ကိုမြင့်ဝေ (NLD-LA) နဲ့ ဆက်သွယ်၍
(၁၆/၁၇. ၁၂. ၂၀၀၉)နေ့တို့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲ အစီအစဉ်များ
အကြောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။



ဒိန်းမတ်နိုင်ငံသို့ ရောက်ရှိနေသော န.အ.ဖ စစ်အုပ်စု၏ ထိပ်တန်း
လူယုတ်မာများ၏ စာရင်းမှာ ….

Nyan Win
Mister Ministry of Foren Affairs

Thant Kyaw
Director General
Internation Organization and Economic
Department
Ministry or Foreign Affairs

Nay Win
Ambassador
Dipomatic Mission of Myanmar to Denmark

Khin Minn
Second Secretary
Diplomatic Mission of Myanmar to Denmark

Htin Lynn Maung
Head of Branch
Ministry of Foreign Affairs

Sann Lwin
Director General, Planning and Statistics
Department/ Secretary, National
Commission for Environmental Affairs
Ministry of Foresty

Thein Tun
Acting Director General, Department of Meterology and Hydrology
Ministry of Transport

San Win
Joint Secretary, national Commission for Enviromental affairs
Ministry of Forestry


5 comments:

ကလူသစ် said...

ဘယ်သူနဲ့ဗျူးတဲ့သတင်း ဘယ်တုန်းကလဲမသိဘူး ကြားလိုက်တယ် ချမ်းသာတဲ့နိုင်ငံတွေက သိန်းထောင်နဲ့ချီပြီး အကူအညီပေးရင် အဘတို့က သဘာဝပတ်ဝန်းကျင်အတွက် အားတက်သရော လုပ်ပေးချင်လုပ်ပေးမှာပေါ့ဆိုသလားပဲ။ နားထောင်မိတာ မှားပါတယ်ကွယ် :((

နေမိုး said...

သတင်းက သေချာလို့လားဗျာ။ နောက်တစ်ခါ လာပြန်ပဟေ့ ဖြစ်နေပါဦးမယ်။ ဘယ်ကဘယ်လို သတင်းရတယ်လေး ဘာလေး ခိုင်လုံတဲ့ သတင်းရပ်ကွက်ကလား မခိုင်လုံတဲ့ ............။

အင်္ဂလိပ်လိုရေးထားတဲ့ သက်ဆိုင်ရာအမည်တွေက မှားနေသလိုပဲ။ တမင်တကာများ မှားထားသလား ထင်မိပါတယ်။

ဆီပုံးလေး ပြန်မတင်တော့ဘူးလား။ ဆွမ်းကြီးဝိုင်းလောင်းရအောင်တော့ အချိန်က ၀ါလည်းကျွတ်နေပါပြီ။ ဘလော့ဆိုတာက ဘုန်းကြီးကျောင်းလည်း မဟုတ်ပါဘူး။ သိပ်ရင်မခုန်ပါနဲ့ဗျာ အင်တုံနဲ့ရှော်နော် နိုင်ငံတကာမိသားစုကြီးပဲ။ ခေတ်နဲ့အညီပေါ့ဗျာ။ ဘယ်လိုလဲ မနှဲလေးလို ဘဲဥနဲ့ ပသရဦးမှာလား။းး))) ချစ်လို့စတာနော်။

ကိုအောင်(ပျူနိုင်ငံ) said...

အဲဒီစကားပြောခဲ့တဲ့ ညီလာခံ န.အ.ဖ ကိုယ်စားလှယ်
ဦးအုန်း တစ်ယောက် ညီလာခံက အပြန် ရာထူးတက်
ပြီး “ရေဝေးသုဿန်” ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အရာရှိချုပ် ဖြစ်သွားတယ်လို့ ကြားတယ် ကိုလူသစ်
...း)

ဒီသတင်းက ဒိန်းနစ်ရှ်ဘားမားက ရတာပါ မောင်နေမိုး
ရယ်။ သူတို့ရထားတဲ့ ညီလာခံအစီအစဉ်ဌာန မှတ်တမ်း
ထဲမှာ န.အ.ဖ ကိုယ်စားလှယ်တွေ ပေးထားတဲ့အတိုင်း
သူတို့ ပို့ထားတာ။ ဆီပုံးတော့ ပြန်မတင်တော့ဘူး
....း)

ဂျူနို said...

ဘယ်လို ဖြစ်ပြီး သူတို့က ဗီဇာရတာလဲ၊ သာမန် ပြည်သူက ဥရောပဗီဇာလိုရင် ဟိုစာရွက်လိုပါတယ် ဒီစာရွက်မပါလို့ပါနဲ့ဗီဇာရဖို့ မလွယ်ဘူး။

တကယ်ပဲ ....လည်း အဲ့လိုပဲ လာတယ်။ ပြောတော့ ပိတ်ထားတယ်တဲ့။

ဆောင်းယွန်းလ said...

စာလာဖတ်သွားတယ် ကိုအောင်ရေ...
ဥာဏ်ဝင်းရုပ်ကို ကြည့်ရတာ တော်တော်ကျက်သရေတုံးတာပဲ....အင်္ဂလိပ်လိုပြောတော့လည်း ငါးပိသံစစ်စစ်ကို လျှာသပ်ပြီး ပြောတဲ့ကောင်ဗျာ...လေ့လာမှုတော်တော်အားကောင်းပုံရတယ်