Dec 22, 2009

ထုံးတမ်း



အနီကဒ်မပါတဲ့ ဖဲဝိုင်းတစ်ခုမှာ
ဂျိုကာသုံးကောင်နဲ့ မဒေါင်းခဲ့တဲ့ လူတွေ
ကိုယ့်အလောင်းကို ကိုယ်ကိုယ်တိုင်
ရောင်းစားခဲ့ကြတယ် …။ ။


-စစ်ငြိမ်းဒီရေ

5 comments:

နွေဆူးလင်္ကာ said...

ထုံးတမ်းကဗျာလေး ဖတ်သွားပါတယ်။ ဂျိုကာသုံးကောင်ပါတိုင်း ဒေါင်းရမယ်ဆို ကျနော်ခိုးထားချင်ပါတယ်။

မေဓာဝီ said...

ဖဲမဆော့တတ်လို့ ကဗျာကို သိပ်နားမလည်ဘူး။ ဂျိုကာ ဘယ်နှစ်ကောင်ပါမှ ဒေါင်းတာလဲ? :)

Anonymous said...

စီဘောက်စ် ဖြုတ်ထားတာတော့ မောင်ရင် သဘောပါ၊
ဘာကြောင့် ဖြုတ်ရသလဲ ဆိုတာ ရှင်းပြဖို့ မလိုဘူးလေ၊
နေရာတိုင်းမှာ ချီးထုပ်တွေ ရှိတယ်ဆိုတာ လူတိုင်းက သိကြတယ်၊ ၈၈ သမိုင်းတို့ ၉၆ သမိုင်းတို့ မကျော်ဖြတ်
ခဲ့တဲ့ လူတွေ UN ကြောင့် နေရာစုံ ရောက်နေတယ် ဆိုတာ အားလုံး သိပါတယ်၊ ကိုယ့်က စေတနာကြောင့်
စာရေးတာပဲ ဖြစ်ဖြစ် ၀ါသနာကြောင့် စာရေးတာပဲ ဖြစ်ဖြစ် ကိုယ့်အလုပ်ကို စိတ်ဖြောင့်ဖြောင့်နဲ့ ဆက်လုပ် စေချင်တယ်၊ အထုပ်ရှုပ်တွေဟာ အချိန်တန်ရင် သူ့နေရာသူ သွားကြမှာပါ၊ ဆီဟာ ရေနဲ့ ရောလို့ မရပါဘူးကွယ်၊ ပြည်တွင်းမှာ မင်းရဲ့ ကျောင်းသားဘ၀ ပေးဆပ်ခဲ့မှုတွေကို အ.က.သ တွေရော မ.က.ဒ တွေပါ သိပြီးသာပါ။

ကိုကြီး

Anonymous said...

“ကိုအောင်” နာမည်နဲ့ ကျွန်တော့် စီဗုံးထဲမှာ စာလာရေး
သွားတယ်၊ IP ကို စစ်ကြည့်တော့ ကိုအောင် မဟုတ်မှန်း ကျွန်တော် သိလိုက်တယ်၊ သူတို့ တော်တော်
မနာလို ဖြစ်နေပုံရတယ်၊ အဲဒါပဲ ကိုယ့်ထက်သာရင်
မနာလို ဖြစ်တယ်ဆိုတာ၊ တော်တော် ဆိုးပါလား ...

TNS said...

ကဗျာ လာဖတ်ပါတယ်..
ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ပါစေ...း)