Jul 24, 2008

သူငယ်ချင်း တစု အပိုင်း(၂)


ရေးသူ- အောင်ခင်မြင့်

zbo aungkyaw.png
(ကိုအောင်ကျော် ရေ အလေးပြုလျက်ပါ)

“ငါတို့မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေရယ့် ဘ၀ကို နောက်မှ မေးလေ၊ ဘာဖြစ်
လို့လဲ ဆိုတော့ စိတ်ညစ်စရာ တွေ များလို့၊ နင်တို့ရော အဆင်ပြေကြလား အားလုံးပဲ”
“မှန်ကြောင် လိုင်းပေါ်မှာ ရှိလား ဆရာသမား၊ မလေးရှား မှာ ဘာတွေ လုပ်နေလဲ”
“ဘဏ်ကို ဒမြတိုက်ဖို့ ကြံနေတယ်၊ မြန်မြန် ချမ်းသာအောင်”

“ဟား … ဟား … ” (ရယ်သံများ)
“ငါ မလေးရှားက ဘောလုံးကွင်း တစ်ခုရယ့် နံဘေးက စာသောက်ဆိုင် တစ်ခုမှာ အလုပ်
လုပ်တယ်၊ လစာတော့ မဆိုးပါဘူး၊ နေတာ ကတော့ ၀လုံးပေါ့၊ အိုဗာစတေလေ၊ တရား
မ၀င်ဘူး”

“မှန်ကြောင် မင်းတို့ မလေးရှားမှာ တရားမ၀င် ခိုးပြီး အလုပ်လုပ် နေတဲ့ သူတွေကို
တရား ၀င်ဖြစ်အောင် အလုပ်လုပ်ခွင့် ပါမစ် ထုတ်ပေးတာမျိုး ငါနေတုံးက တစ်ခါ
လုပ်ပေးဘူးတယ် အခုရော”
“အဲလိုသာ လုပ်ပေးရင် မလေးရှားကို မြန်မာ တပြည်လုံး ရောက်လာ လိမ့်မယ်”

“ဟား … ဟား …” (ရယ်သံများ)
“မြန်မာနိုင်ငံသားတွေ ဘ၀ က အရှေ့တောင်အရှ နိုင်ငံတွေမှာ အောက်ခြေသိမ်း အလုပ်
တွေလုပ်ပေးဖို့ မွေးလာရ သလိုပဲ နော်”

“အရင်တုံးက စကားပုံက … ကျွန်မှာ ကုလား၊ မယား တောသူ … ၊ အခု အဲဒါ ပြောင်းသွား
ပြီး၊ .. ကျွန်မှာ ဗမာ … မယား အင်ဒိုနီးရှား … အဲဒါကို မယုံရင် နင်တို့ မလေးရှားကို လာ
ကြည့်၊ ဗမာ အလုပ်သမား အများစုက ဈေးပေါပေါနဲ့ အလုပ်လုပ်နေရတာ၊ အဲ့မိန်းမ လိုချင်
ရင် အင်ဒိုနီးရှားမ တွေက ပေါလို့၊ .. မယား အင်ဒိုနီးရှားလို့ ငါတို့က ခေါ်တာ”
“ရဲကြီး … ရဲထက် … လိုင်းပေါ်မှာ ရှိလား .. ဆော်ရီးနော် မှန်ကြောင် .. ဆက်ပြောလေ”

“မြန်မာပြည် ကို မြန်မြန် ဒီမိုကရေစီ ရစေချင်တယ်ဟာ .. ဒေါ်စု အစိုးရ မြန်မြန်တက် စေချင်
တယ် … အခု ဒီမိုကရေစီရ အခုပြန်မယ်ဟာ၊ တကယ်ပဲ၊ သူများတိုင်းပြည် မှာ မျက်နှာ
အငယ်ခံပြီး မနေချင်ဘူး ”




zHlaingcampus.jpg
(ပြည်လမ်းမှ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အ၀င်အ၀သို့)

“ငါလည်း မင်းလို့ပဲ စစ်တပ် ဆိုရင် မုန်းလို့၊ ရေတောင် စစ်မသောက်ဘူး၊ ဘုံပိုင်ခေါင်း
ဝမှာ ပါးစပ်တေ့ပြီး သောက်တယ်”

“မင်းတို့ အခုမှ ဒီစကားတွေ လာပြောနေတယ် ၉၆ ဒီဇင်ဘာ ပြဿနာ တက်တုံး က
ဆန္ဒပြပွဲ ပါကြ ဆိုတော့ မပါချင်ကြဘူး”
“ငါဆိုရင် အဲဒီတုံးက အိမ်က လူတွေ ကျောင်းအထိ ကားနဲ့ လာခေါ်သွားလို့ ပါ ဟာ
နင်က လည်း”

“ငါတို့ သူငယ်ချင်း အုပ်စုထဲမှာ မှန်ကြောင် တစ်ယောက်ပဲ မလေးရှား မှာ တရားမ၀င်
ဖြစ်နေတာ အဲဒါ ကျန်တဲ့သူတွေ အားလုံး ၀ိုင်းကူညီရင် ဒီကိစ္စ အေးအေးဆေးဆေးပါ ဟာ”
“နင်တို့ ကိုယ့်အသားထိမှ နာတတ်တဲ့ စိတ်ဓါတ်တွေ ဖျောက်ကြတော့နော်၊ ထိုင်း၊
မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နေရာစုံဘဲ မြန်မာပြည်သားတွေ ဒုက္ခ ရောက်နေ
ကြတာ”

“မင်းတို့ အပြင်မှာ နေတဲ့ သူတွေဘဲ ငြီးနေကြ၊ နာဂစ်ဖြစ်ခါစ က ရန်ကုန်မှာ ငါတို့
ဘာတွေ ဖြစ်နေလဲ သိလား”
“… … … လား ဘယ်တုံး က လိုင်းပေါ် တက်လာလဲ၊ ဒီမှာ လူအစုံဘဲကွ ပြောစမ်းပါအုံး”

“နာဂစ် ၀င်သွားခါစ က ညဘက်ဆို မီးတွေပျက်ပြီး မှောင်မဲနေတာပဲ၊ ငါတို့လင်မယား
နေတဲ့ တိုက်ခန်းက ငါးလွှာမှာ၊ ရေ လုံးဝ မလာဘူး၊ ဖင် ဆေးစရာ ရေတောင် မရှိဘူး၊
အရေးထဲ ကလေး ကလည်း နေမကောင်း၊ ဆေးခန်း သွားဖို့တောင် လမ်းတွေက
သစ်ပင်တွေ လဲပြီး ပိတ်ဆို့၊ ရွှေပေါက္ကံ မှာနေတဲ့ ငါ့ယောက္ခ ကြီးတွေ အိမ်က အမိုးတွေ
လန်သွားလို့ ဘာလုပ်လို့ ဘာကိုင် ရမှန်းတောင် မသိဘူး၊ ငါစဉ်းစား မိတယ်၊ ငါတို့
မြန်မာပြည်မှာ နေတာ ဟုတ်ရော ဟုတ်ရယ့်လား ငရဲပြည်များ ရောက်နေ သလားလို့”

“အေး ငါတို့လည်း CNN တို့ BBC World News တို့ ကနေ ကြည့်ရပါတယ် ”
“အဲဒီလောက် ဒုက္ခ ရောက်နေတာတောင် စစ်အစိုးရက နိုင်ငံတကာ အကူအညီ ကို
နာဂဖြစ်ဖြစ်ခြင်း လက်ခံဖို့ ငြင်းတာ တော်တော် စိတ်ကုန်ဖို့ ကောင်းတယ်”

“သူတို့ပထွေး တရုပ်အစိုးရ က ပြောတာတောင် မရဘူး၊ အဲဒါကြောင့် တချို့ ဒုက္ခသည်
တွေ ကယ်ဆယ်ရေး နောက်ကျလို့ ထပ်သေတာ အများကြီးတဲ့”
“ငါတို့ တိုင်းပြည်နဲ့ ငါတို့ လူမျိုး တခုခုများ မှားနေပြီးလား၊ ငါဆိုလိုတာက ဒီစစ်အစိုးရ
အရမ်းတော်ပြီး၊ ငါတို့ အရမ်းညံနေတာလား”

“အေး ငါလည်း အဲဒါဘဲ ပြောချင်နေတာ”
“ဟုတ်တယ် ငါလည်း ထောက်ခံတယ်၊ ငါတို့ ဒီပုံစံ အတိုင်း ဆက်သွားရင် ငါတို့ လူမျိုး
တွေ အနာဂတ် ဘာတွေဖြစ်ကုန်မလဲ၊ နင်တို့ စ ပြောကြ၊ ငါလည်း ၀င်ပြောမယ် အလှည့်
ပေး အုံးနော်”

“ငါတို့ ပြည်သူတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရင် ဒီစစ်အစိုးရ မခံနိုင်ပါ
ဘူး ဟာ၊ စစ်သား တစ်ယောက်ကို ပြည်သူတစ်ယောက် ဒါမှမဟုတ် မိသားစု
တစ်စု က သေအောင် သတ်နိုင်ရင် ဒီစစ်တပ် ဘယ်လို့မှ ခံနိုင်မှာ မဟုတ်ဘူး”
“လုပ်ပြီး နင်ကလည်း သူတို့က သေနတ်တွေနဲ့ လူတွေစီမှာ ဘာမှ မရှိဘူးလေ”

“အဓိက က စစ်တပ်ကွ၊ စစ်တပ်ထဲမှာ တန်ပြန် အာဏာသိမ်းပြီး ပြည်သူနဲ့ လက်တွဲ
ချင်တဲ့ သူတွေများ လာအောင် စည်းရုံးသင့်တယ်”
“ဟုတ်တယ်၊ ငါလည်း အဲဒါကို ထောက်ခံတယ်၊ ဗိုလ်ချုပ်တွေ အာဏာရူး နေတာ
အောက်ခြေက စစ်သားတွေ ဒီလောက် မရိုင်းပါဘူး ဟာ”

“နင်တို့ နိုင်ငံခြား ကနေ လျှောက်ပြီးပြောကြ၊ ဒီမှာ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ တုံးက
စစ်တပ်က အရာရှိတွေလည်း ဘုန်းကြီးတွေကို လမ်းပေါ်မှာ ရိုက်သတ်တာပဲ၊
စစ်သားတွေလည်း ပစ်တာပဲ၊ အထက်က ခိုင်းတိုင်း လုပ်မယ်ဆိုရင် ကိုယ့်အမေ
ကိုယ့်ပြန်သတ်ဆို ရင် သတ်မလား၊ စဉ်းစာကြည့်ကြ”

“စစ်တပ် ဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်၊ ဖျက်သိမ်းပြစ်လို့ တော့ မရဘူးဟ”
“အပျိုကြီး နင် ဘုမသိ ဘမသိဘဲနဲ့ ဆရာ ၀င်မလုပ်နဲ့၊ ဆွစ်ဇာလန် နိုင်ငံမှာ စစ်တပ်
လုံးဝ မရှိဘူး ရဲပဲရှိတယ်၊ အဲလိုမျိုး နေရာတကာ ဆရာ လုပ်တတ်လို့ နင် ခုချိန်ထိ
ယောင်္ကျား မရတာ”

“ဟား … ဟား .. ” (ရယ်သံများ)
“ သေ ... ...း ” (ဆဲဆိုသံ)
“နင်လည်း အခုထိ မိန်းမ မရသေး ပါဘူး ငေ… … ရယ်၊ ကဲ့ တော်ပါတော့”

“ကဲ့ပါ ရှေ့ဆက်ပြီး ငါတို့ ဘာလုပ်ကြ မလဲ”
“နင်တို့ မြန်မာသံရုံး သွားပြီး အခွန် မဆောင်ကြနဲ့၊ သူတို့က နင်တို့စီက ရတဲ့ ပိုက်ဆံ
နဲ့ ကျည်ဆံ ၀ယ်ပြီး၊ အထဲမှာ ရှိနေတဲ့ ငါတို့ ပြည်သူတွေ ကို သတ်နေတာ”

“အခွန်မဆောင်ရင် ပတ်ပို့စ် ကို ဘယ်လို သက်တမ်းတိုး မလဲ၊ နင်ပြောတော့ လွယ်တယ်”
“အဲဒါလည်း ဟုတ်တယ် င ေ… … ၊ မိေ.. … နဲ့ ငါ က မြန်မာ ပတ်ပို့စ်တွေ ကိုင်ထားတဲ့
မြန်မာနိုင်ငံသား ကွ၊ မင်းလို ဂျာမနီမှာ တရားဝင် နေထိုင်ခွင့်ရတဲ့ ဒုက္ခသည် မဟုတ်ဘူး”

“ငါ့ အမြင်က တော့ အားလုံး က တခုခု ကို သေသေချာချာ ပြတ်ပြတ်သားသား လုပ်သင့်
တယ်၊ အခု မြန်မာပြည်မှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ အတု လုပ်ပြီး စစ်တပ်က ရာသက်ပန်
အုပ်ချုပ်ဖို့ စနေပြီး၊ လာမဲ့ ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ လုပ်ပြီး၊ သူတို့က ဆက် အုပ်
ချုပ် တော့ မယ့် အနေအထား လုံးဝ ရှိတယ်၊ ဒေါ်စု နဲ့လည်း တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဖို့
သူတို့ မစဉ်းစားဘူး၊ ဒီပုံစံ ဖြစ်နေပြီး၊ ခုလို အချိန်မှာ ယူအမ် ဦးဆောင်ပြီး နိုင်ငံတကာ
ငြိမ်းချမ်းတပ်ဖွဲ့ လာရင်လာ ဒါမှမဟုတ် အမေရိကန် ဦးဆောင်တဲ့ နေတိုး စစ်တပ်
လာမှ ရတော့မယ်”

“ယူအမ်တပ် တို့ နေတိုးတပ် တို့ ဆိုတာ ငါတို့ ခေါ်ချင်တိုင် ခေါ်လို့ရတာ မဟုတ်ဘူးကွ၊
ဆူဒန်တို့ ရ၀မ်ဒါတို့မှာ တစ်ပတ်၊ နှစ်ပတ် အတွင်း လူတွေ သိန်းနဲ့ ချီပြီး အသတ်ခံရ
တာ တောင် ယူအမ်က ချက်ခြင်း တပ် မ၀င်ဘူး၊ နေ့ရွေ့ ညရွေ့ နဲ့၊ ဒါကို သန်းရွှေက
သိတယ်၊ ဒါကြောင့် ခုနက ငါပြောတာ စစ်တပ် ထဲမှာ ပြည်သူကို ချစ်တဲ့ အရာရှိတွေ အဲဒီ
လူယုတ်မာ အာဏာရူး သန်ရွှေ စီက တန်ပြန် အာဏာသိမ်းနိုင်ရင် ကောင်းမယ်လို့
ပြောတာ”

“စစ်တပ် ထဲမှာ ပြည်သူကို ချစ်တဲ့ အရာရှိတွေ ဘယ်နှစ်ယောက် လောက် ရှိနိုင်မလဲ”
“နင်တို့ ပြောသလို ရှိတယ် ထားအုံး၊ သူတို့ က ဘယ်လို အနေအထားမှာ ပြည်သူနဲ့
ဘယ်လို ပုံစံ လက်တွဲ မှာလဲ”

“အဲဒါ မာစတာ ကီးဘဲ၊ ငါ့အထင် ပြောရရင် လူထု က လမ်းတွေပေါ်မှာ ဆန္ဒပြပွဲ အကြီး
အကျယ် လုပ်လာမယ်၊ အောက်ခြေ အဆင့် အုပ်ချုပ်ရေး ပုံစံ ပျက်စီးမယ်၊ ဒီလိုကွာ
၈၈ တုံးက လေတပ်တို့ ရေတပ်တို့က စစ်သားတွေ ဆန္ဒပြ သူနဲ့ ပူးပေါင်းတာ မှတ်မိလား၊
အဲလို ပူးပေါင်းတဲ့ နေရာမှာ သူတို့ လက်နက်တွေကိုပါ တခါတည်း ယူလာပြီး လူထုနဲ့
ပေါင်းမယ်၊ လာပေါင်းတဲ့ စစ်သား အရေအတွက် က ထားပါတော့ ရာ ဂဏန်း ပေါ့၊ အဲဒီ
အုပ်စုက လူထုနဲ့ ပေါင်းမိပြီး မြို့ပေါ်မှာ ဒီမိုကရေစီ တပ်မတော်ဖွဲ့မယ်၊ အင်းအားက
သောင်းဂဏန်း သိန်းဂဏန်း မျိုး ဖြစ်လာမယ် ဆိုရင် အဲဒါ စ ချလို့ ရပြီး၊ တဖက်နဲ့ တဖက်
အကြီးအကျယ် ချလို့ အခြေအနေ တွေ ရှုပ်ထွေး လာရင် ယူအမ်တို့ နေတိုးတို့လည်း
ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး”

“အဲဒါမျိုး တကယ်လုပ်နိုင်ရင် မြန်မာပြည် ဒီမိုကရေစီ ရနိုင်တယ်ပေါ့”

(ဆက်လက်ဖော်ပြပါမည်)

2 comments:

sawdawna said...

In Switzerland has military, just like other europe country ..every male citizen has to work for military service.

ကိုအောင်(ပျူနိုင်ငံ) said...

စောဒေါန ခင်ဗျာ ဆွစ်ဇာလန်မှာ စစ်မှုမထမ်းမနေရစနစ်
လုံးဝမရှိသော ဥရောပနိုင်ငံတစ်ခုဖြစ်ပါတယ်