Jul 27, 2008

သူငယ်ချင်း တစု အပိုင်း(၃)


ရေးသူ- အောင်ခင်မြင့်

zyyay.jpg
(လွတ်လပ်ရေး ကျောက်တိုင်)

“ငါတော့ အဲလို လက်နက်ကိုင် ဖြေရှင်းမှုကို လက်မခံဘူး၊ ထားပါ တော့ စစ်အစိုး
ရနဲ့ ဒီမိုကရေစီ လိုချင်တဲ့ ပြည်သူတွေ၊ တဖက်နဲ့ တဖက် တိုက်ကြခိုက်ကြပြီး၊
အနည်း ဆုံးတော့ အပြစ်မဲ့တဲ့ လူတွေ သေကြေမယ်၊ သွေးချောင်းစီး စေတဲ့ ပုံစံမျိုး
မဟုတ်တဲ့ တခြား နည်းလမ်းတွေ ရော မရှိတော့ဘူးလား”
“နင်ကလည်း အခု နာဂစ် ဖြစ်လို့ သွေးချောင်းစီးရုံ မကဘူး ပင်လယ်ထဲပါ စီးနေပြီး”

“အာဏာရှင် စနစ် ကနေ ဒီမိုကရေစီ စနစ်ကို လွယ်လွယ်နဲ့ ကူးပြောင်းဖို့ ဆိုတာ
မြန်မာနိုင်ငံ လို လက်နက် အားကိုး အာဏာရှင် စနစ်ကို ခေတ် အဆက်ဆက်
အမွေ ဆက်ခံ ထားတဲ့ စစ်တပ်ကို ဒီလို လက်နက်ကိုင် နည်းလမ်းနဲ့ပဲ ရနိုင်မယ်
လို့ ငါတော့ ယုံကြည်တယ်”
“နိုင်ငံတကာ ဖိအားတွေ၊ သံတမန် နည်းလမ်းတွေ နဲ့ရော မဖြစ်နိုင်ဘူးလား”

“နင်တို့ အဲဒါ ခက်တာပေါ့၊ မြန်မာ စကားပုံရှိတယ်လေ၊ လူလိမ္မာသား ယဉ်ပါး ..
လူ မိုက်သား ရမ်းကား … ဆိုတာ၊ လက်ရှိ စစ်အာဏာရှင် က တစ်ပါတီ မဆလ
အာဏာရှင် ဦးနေ၀င်း စီက ဆင်းသက် လာတာလေ”
“အပျိုကြီး … တော်သွားပြီး .. တကယ် ပါ.. ဒီနေရာမှာ .. လုံးဝ .. ချီးကျူးတယ် ”

“ဟား .. ဟား … ” (ရယ်သံများ)
“မင်းတို့ တော်တော် တရားကျဖို့ ကောင်းတယ်နော်၊ ပြည်ပမှာ လည်း လွတ်ရာ
ကျွတ်ရာမှာ လည်း နေသေးတယ်၊ ပြည်တွင်းက ဒုက္ခ မျိုးစုံ နေ့စဉ် ခံစား နေရတဲ့
သူတွေ ကို စစ်တပ်ကို စည်းရုံးပြီး တော်လှန်ရေး လုပ်ခိုင်းတယ် … တကယ် ဟာ
တွေ .. ကိုယ့်ဘာသာ လာလုပ် ဆရာတို့ ဆရာမတို့”

“ဟား … ဟား … ” (ရယ်သံများ)
“ငါတို့လည်း လက်ပိုက်ပြီး မနေပါဘူးေ.. … ရယ်၊ ပြည်ပ ကနေ ပြည်တွင်း အတွက်
ကျရာ အမျိုးသားရေး ဖြစ်စဉ်မှာ ပါဝင် မှာပါ”




zuni.jpg
(ဘွဲ့နှင်းသဘင်ခန်းမ- ရန်ကုန်တက္ကသိုလ်)

“ဘယ်လို ပါဝင်မှာလည်း အင်တာနက် မှာ သတင်းဖတ်ပြီး၊ တီဗွီက လာတဲ့ အဖြစ်
ဆိုး တွေကို အမျှဝေ ပေးမယ့် ကူညီမှုမျိုးလား၊ … နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်
မြန်မြန် လာအောင် လုပ်ပေးပါဆိုတော့ .. ဟိုပြောလိုက် .. ဒီပြောလိုက်နဲ့ …
တယ်လေ .. ငါမပြောချင်ဘူး၊ မင်းတို့ အပြင်က တိုင်းပြည်ကို ချစ်ပါတယ် ဆိုတဲ့
လူတွေ တစ်ခုခု ကို အတိုင်းအတာ တစ်ခုအထိ တာဝန်ယူရင် ငါတို့လည်း အားရှိ
တာပေါ့”

“ဟဲ့ … .. ကြီး၊ သူငယ်ချင်း .. စိတ်ဓါတ် မကျပါနဲ့ဟာ .. ငါတို့ အားလုံး တက်ညီ
လက်ညီနဲ ကူညီရင် အတိုင်းအတာ တစ်ခုတော့ ပြေလည်မှာပါ၊ ဖြစ်မှာပါ”
“ဟုတ်တယ် .. … ကြီး၊ ငါတို့ ဘက်က လိုအပ်ချက်တွေ လည်း ပြောပါ၊ အား
မနားပါနဲ့”

“ငါ နည်းနည်လောက် ပြောကြည့်မယ်နော် .. မှားရင် .. ၀ိုင်း မရယ်နဲ့ …
ငါ တင်းတယ်”
“တင်းရင် လဲ လျှော့ မိေ.. ..၊ ဟား … ဟား” (ရယ်သံများ)

“ရဲရဲသာ ပြော မိေ.. ..၊ ဒီကောင်တွေ ကျောင်းမှာတုံး က နင့်ကို မရလိုက်လို့
အသဲကွဲပြီး .. အရက်ဆိုင်မှာ .. အကြွေးသွားသောက် တဲ့ ..အကောင်တွေ”
“အဲဒီတုံးက ငါတို့ အရက်ဆိုင်မှာ အကြွေးသွားသောက် တော့၊ နင်အဖေကို
တွေ့လိုက်သေးတယ်.. မူးလို့ … ခါးအောက်ပိုင်းမှာ … ပုဆိုး မရှိဘူး”

“ဟား … ဟား … ”(ရယ်သံများ)
“သေနာကောင် ငေ.. ..၊ မဟုတ်တာ လျှောက်မပြောနဲ့ ငါ့အဖေ အရက်လုံးဝ
မသောက်ဘူး .. ဘုရားနဲ့ တရားနဲ့ နေတဲ့သူ”
“ကဲ့ တော်ပါတော့၊ မြန်မာပြည် အကြောင်းတောင် ဘယ်နား ရောက်သွား သလဲ
မသိဘူး၊ နင်တို့ ပေါက်ကရ ပြောနေတာနဲ့”

“ငါ ပြောမယ် နော်၊ ငါအထင်တော့ နာဂစ်မုန်တိုင်း ဖြစ်တုံးက ပြည်ပရောက် မြန်မာ
တွေ ထဲမှာ၊ အင်မတန် ကပ်စီးနည်း ပါတယ် ဆိုတဲ့ သူတွေတောင် တော်တော် စိတ်
မကောင်းဖြစ်ပြီး၊ မရှိ ရှိတာ လှူကြ တန်းကြတယ်၊ မြန်မာပြည် တစ်ခုလုံး အခုလို
နှစ်ပေါင်း များစွာ ဒုက္ခရောက်နေတဲ့ ဘေးက တကယ်လွတ်မယ် ဆိုရင် လုပ်ပေးကြ
မှာပါ၊ ငွေရေးကြေးရေး လှူတန်းကြ မှာပါ”

“ဘယ်နေရာကို လှူရမှာလည်း ဘယ်သူတွေကို လှူရမှာလည်း၊ ပြည်တွင်းက နိုင်ငံ
ရေးနဲ့ ပက်သက်တဲ့ ထိပ်တန်း ခေါင်းဆောင်တွေ အားလုံး အခု ထောင်ထဲမှာလေ”
“ရှိပါတယ်၊ တော်လှန်ရေးကို လက်ဆင့်ကမ်း သယ်ဆောင်နေတဲ့ ကျောင်းသား
လူငယ် မျိုးဆက်တွေ အများကြီးရှိပါတယ်”

“လှူတယ်ဆိုတဲ့ စကားလုံးကြီး မသုံးစမ်းပါနဲ့ဟာ ဒါက ကိုယ့်အမျိုးသားရေး တာဝန်
ကိုယ့်နိုင်သလောက် ထမ်းဆောင်တယ်လို့ ခံယူစမ်းပါ”
“ကဲ့ ပြော တစ်လကို ဘယ်လောက် လှူရမလဲ .. အဲ မှားလို့ .. ဘယ်လောက် ထည့်
ဝင်သင့်လဲ … ငါတို့က ကိုယ့်ဘာသာတော့ တာဝန်ယူတယ် … သူများတော့ ..လိုက်
ပြီး မစည်းရုံးချင်ဘူး … ပြည်ပရောက် တဲ့ မြန်မာတွေ က လူသာ နည်းတာ …ညီညွတ်
တယ်ဆိုတာ …. တခါမှ မကြားမိဘူး”

“ငါပြောပြမယ် နင်တို့ သေသေချာချာ နားထောင် … ဟဲလို…အားလုံး ကြားတယ်နော်”
“ကဲ့ ကြားပါတယ် ဆိုနေမှ နင်ကလည်း တမှောက်”
“နင်တို့ကို ငါ ပုံပြင် တစ်ခု ပြောပြမယ် ….
တခါ တုံးက ၀ိုင်အရက်တွေ အလွန်ပေါတဲ့ ကျေးရွာ တစ်ခုမှာ ရွာသူကြီး က
ရွာသားတွေ ကို ပြောတယ် … ငါတို့ တစ်အိမ်ကို ၀ိုင်တစ်ပုလင်း စီ… ယူလာပြီး …
အိုးကြီး တစ်အိုးထဲမှာ စုပြီး လောင်းထည့်ကြမယ် … ပြီးတော် အဲဒီ အိုးကြီးထဲက …
အိမ်မျိုးစုံက မတူညီတဲ့… ကွဲပြားခြားနား စွာ ချက်လုပ်ထားတဲ့ … ၀ိုင်တွေ ကို
တစ်ယောက် တစ်ခွက်စီ ..ယူသောက် ကြည့်ရင် အရသာ မျိုးစုံနဲ့ … အရမ်းကောင်း
မယ် … အဲဒီ အစီအစဉ်ကို ဒီည လုပ်မယ် .. အိမ်တိုင်း ကိုယ့်အိမ်မှာ ချက်တဲ့ ၀ိုင်
အရက် တစ်လုံးစီ ယူလာခဲ့ လို့ ခိုင်းလိုက်တယ်။

အဲဒါ နဲ့ ညဘက်လဲ ရောက်ရော … သူကြီး လည်း သူ့အိမ်က ချက်လုပ်တဲ့ ၀ိုင်အရက်
ကို ယူမယ်လည်း လုပ်ရော … သူ့ခေါင်းထဲကို အိုင်ဒီယာ တစ်ခု ၀င်လာတယ် …
လူတွေ အကုန်လုံး … အိမ်တိုင်း ..အိမ်တိုင်း .. တစ်အိမ် တစ်ပုလင်း ၀ိုင်တွေ ယူလာ
မှာ… ဒီလို အနေအထားမှာ … ငါ … ပုလင်းထဲကို … ရေထည့်ပြီး .. စုပေါင်းအိုး ထဲ…
လောင်းထည့် လိုက်ရင် … ဒီလောက်များတဲ့ ၀ိုင် အရက် ပုလင်းပေါင်း များစွာ ထဲမှာ…
ငါ့ ရေ တစ်ပုလင်း မသိသာ ပါဘူး …. လို့ တွေး မိ တယ်။ ဒါနဲ့ သူကြီးလည်း ပုလင်း
ထဲ ရေထည့်ပြီး … ရွာသားတွေ အိမ် အလာ စောင့်နေ တာပေါ့။ မကြာခင်ဘဲ ရွာသား
တွေ တစ်အိမ် ကို ပုလင်း တစ်လုံးစီ ကိုင်ပြီး ရောက်လာ ကြတယ်။ သူကြီး အပါအ၀င်
ရွာ သားတွေ အားလုံး ပုလင်း ကိုယ်စီ နဲ့ အိုးကြီးထဲ စုပေါင်းပြီး လောင်းထည့် လိုက်
ကြတယ်။

.. အားလုံး လောင်းထည့် လည်းပြီးရော … သူကြီးက … ကဲ့ ငါအရင်ဆုံး … စမ်းသပ်တဲ့
သဘော အနေနဲ့ … ငါ စသောက်မယ် ဆိုပြီး …. အိုးထဲ တစ်ခွက် ခပ်ယူပြီး သောက်
လိုက်တယ်။ သူကြီး လည်း တစ်ခွက်ကုန်အောင် သောက်ပြီးရော …. ဟာ ဘာအရသာ
မှ မရှိပါလား … ဟေ့ .. မင်းတို့ လာသောက် ကြည့်စမ်း … ငါတော့ … ရေသောက် နေရ
သလိုပဲလို့ ပြောလိုက်တယ်။ ရွာသားတွေ လည်း တစ်ယောက် တစ်ခွက်စီ လာယူ
သောက်ကြည့် ကြတာပေါ့။ သူတို့လည်း သူကြီးလိုပဲ ရေ အရသာကို တွေ့ရှိရတယ်။
အဲဒီ အချိန်မှာ ရွာသား တစ်ယောက် က … အားရ ပါရ ရယ်မောပြီး… ကျနော် တို့
အားလုံး အကြံတူနေပြီး … အားလုံး ရေတွေပဲ ယူလာပုံ ရတယ်လို့ … ပြောတယ်။
အဲဒီတော့မှ သူကြီးလည်း အော် … လူတွေ အားလုံး … ငါလို ကြည်ပါပဲလား … လို့
တွေးမိ သွားတယ်။
… ငါပြောချင်တဲ့ ပုံပြင်လေး က ဒါပါပဲ၊ ငါတို့ အားလုံး ဒီပုံပြင်ထဲ က လို ရေတွေ ယူ
မလာ ဖို့၊ အရမ်း အရေးကြီးတယ်၊ တစ်ယောက်နဲ တစ်ယောက် တွက်ကပ် ပြီး ကပ်သီး
ကပ်ဖဲ့ တွေ မလုပ်မိဖို့ ငါ ဆိုလိုချင်တာပါ”

“ဟုတ်ကဲ့ပါ ကျေးဇူးရှင်၊ သဘောပေါက် ပါတယ် … ”
“ငါလည်း တစ်ခု တွေးမိတယ်၊ ကိုမင်းကိုနိုင်တို့၊ ကိုမင်းဇေယျကြီးတို့ အခုအဖမ်း မခံရ
ခင် ပထမ တခါ … သုံး … လေး လလောက် အဖမ်းခံရသေးတယ်လေ၊ ပြီးမှ ပြန်လွတ်
လာတာ၊ အဲလို သူတို့ အဖမ်းခံရ နေတဲ့ အချိန်မှာ … လွတ်ပေးဖို့ ကိုမြအေး ဦးဆောင်
ပြီး… စုပေါင်း လက်မှတ်ထိုး တောင်းဆို တာ မှတ်မိလား”
“မှတ်မိတယ်၊ ဘာဖြစ်လို့လဲ”

“ အဲလို အချိန်မျိုး ကတည်းက အခု နာဂစ် မုန်တိုင်း မှာ ကူညီသလို … ငါတို့ တတွေ
.. စုစု စည်းစည်း… ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ရင် ဆရာတော် ဦးဂမ္ဘီရတို့ ကိုဌေးကြွယ်
တို့ ကိုလှမျိုးနောင်တို့ ဦးဆောင် ခဲ့တဲ့ စက်တင်ဘာ တော်လှန်ရေး အောင်မြင်နိုင်
တယ်… ဒီ အာဏာရူး သန်းရွှေ အစိုးရလည်း ပြုတ်ကျ နိုင်တယ်”

“ငါတို့ ငွေကြေး တစ်ခုတည်းနဲ့ မဟုတ်ဘူး၊ မိမိဘာသာ လည်း အရည်အချင်းတွေ
ပြည့်ဝအောင် ပြင်ဆင်ထားသင့်တယ်၊ လက်လှမ်းမီရာကို လည်း ရသမျှ အင်းအား
တွေ စုစည်းထား သင့်တယ်၊ ငါတို့ တကယ်သာ အဲဒီလို ကြိုးစားပြီး လုပ်နိုင်ခဲ့ရင် ငါ
တို့ဟာ မွေးရပ်မြေ အတွက် တာဝန်ကျေတဲ့ နိုင်ငံသားတွေ အဖြစ် အသက်အရွယ်
ကြီးရင့် လာချိန်မှာ .. အဲဒီ ပီတိ ကို ရရှိကြမှာပါ”

“နာဂစ် ပြဿနာ ဖြေရှင်းရေးမှာ ရခဲ့တဲ့ အချင်းချင်း ရိုင်းပင်းကူညီရေး စိတ်ဓါတ်နဲ့
ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေ ညီညွတ်မယ် ဆိုရင် ဒီအာဏာရူး စစ်အစိုးရ
ကို တော်လှန်တဲ့ နေရာမှာ အများကြီး ဖြစ်နိုင်တယ်”
“လမ်းဘေး က လက်ခုပ်တီးပြီး အားပေးတဲ့ သူက ချီတက်တဲ့ အထဲ ပါဝင်မယ်၊ချီတက်
နေတဲ့ သူက နောက်ဆုံးမှာ လိုက်နေရာ က ရှေ့ဆုံးမှာ ရဲရဲဝင့်ဝင့် ရင်ဆိုင် ကျော်လွှား
မယ် ဆိုရင် ငါတို့ တိုင်းပြည် ရဲ့ အနာဂတ် အများကြီး ပြောင်းလဲ လာမှာပါ”

“ဒါဆို ဘယ်တော့ စပြီး ကူညီဖို့ ပြင်ဆင်မလဲ”
“မနက်ဖြန် စမယ်၊ … ဒီနေ့ ပြီးနိုင်တဲ့ အလုပ်ကို မနက်ဖြန် မရွေ့ ပါနဲ့ .. ဆိုတဲ့ စကား
ပုံ နင် ကြားဘူးလား မိေ… ”
“အဲ မနက်ဖြန်တော့ မလုပ်ပါနဲ့ ဟာ၊ ငါအလုပ်က နှစ်ပတ် တစ်ခါ ပိုက်ဆံရှင်းတယ်၊ ငါ့
ယောင်္ကျားက လကုန်မှ လစာ ရလို့၊ လကုန်ရင် .. ငါ ဖုန်းဆက်လိုက်မယ်လေ… ”
“ဟား … ဟား ..”(ရယ်သံများ)

“လကုန်မှ စမှာပါ၊ နင်ကလည်း၊ ကဲ့ အားလုံး သဘောတူလား၊ လကုန်ရင် အစီအစဉ်
စမယ်နော်”
“အိုကေ”
“အိုကေ၊ ဒါဘဲနော် ငါ ကလေး ကျောင်းသွားကြိုစရာ ရော၊ ဈေးဝယ်စရာ ရော ရှိလို့
လိုင်းပေါ်က ဆင်းတော့မယ်၊ မြန်မာပြည်ထဲက သူငယ်ချင်းတွေ အားမဲ့ရက် တို့တတွေ
အင်တာနက် ပေါ်မှာ ဒီလိုဘဲ စုပြီး စကားပြောကြမယ် နော်”

“အခုပြောတဲ့ အစီအစဉ် အတိုင်း လကုန်ရင် ငါဖုန်းဆက်လိုက် မယ်၊ အဆင်သင့် ပြင်
ထားကြနော် ”
“ရက်စ် … ”

(သူငယ်ချင်း တစု အင်တာနက်ပေါ်တွင် စုပေါင်း စကားပြောဆိုမှု ပြီးပါပြီး)

1 comment:

Han Thit Nyeim said...

ဝိုင်အစား ရေယူလာတဲ့ ပုံပြင်တော့ ကြိုက်တယ်ဗျာ