Apr 2, 2008

ကိုသက်ဝင်းအောင် အမှတ်တရ(ဒိန်းမတ်)


thetwinaung.gif

ရေးသူ- အောင်ခင်မြင့်
(၀မ်းနည်းကြောင်းမှတ်တမ်း)

စစ်အစိုးရ ၏ လူမဆန်စွာ ညှင်းပန်းနိုပ်စက်မှုများကြောင့် ၂၀၀၆ ခုနှစ် အောက်တိုဘာလ

၁၆ ရက်နေ့ က မန္တလေး အကျဉ်းထောင် ထဲတွင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရစဉ် ကွယ်

လွန် အနိစ္စ ရောက်ခဲ့သော အကသ နှင့် ဗကသ ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်း

သား ကိုသက်ဝင်းအောင် ၏ ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားကို ဒိန်းမတ်နိုင်ငံ

ဘားမင်းမြို့ တွင် ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ကျင်းပ ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် ဒိန်းမတ်နိုင်ငံသို့ နိုင်ငံတကာ သာသန ပြု ခရီး ကြွချီ လာသော

ကျေးဇူးရှင် ပီနန် ဆရာတော် ကြီးနှင့်တကွ သံဃာတော် အရှင် သူမြတ်တို့ အား

ဆွမ်းခဲဘွယ် ၀တ္တူများကို ကွယ်လွန်သူ ကိုသက်ဝင်းအောင် အား ရည်စူး၍ ဒိန်းမတ်

နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက်သူများနှင့် ၁၉၈၉-၉၀

အကသ(အခြေခံ ပညာကျောင်းသားများ သမဂ္ဂ BESU) မှ အဖွဲ့ ဝင်ဟောင်းများ

ဖြစ်သော ကိုအောင်ခင်မြင့် နှင့် ကိုဝေမိုး တို့ မှ အမျှဝေ အလှူဒါန ပြုလုပ်ခဲ့

ပါသည်။







zabthetwa.jpg
zacthetwa.jpg
zaathetwa.jpg

No comments: