Apr 7, 2008

ဒုတိယ ကျောင်းသားသပိတ် တိုက်ပွဲဝင်ခဲ့သူ လူထု ဒေါ်အမာ ကွယ်လွန်ခြင်း

zluuhtodam.jpg
မန္တလေးမြို့၊ ၃၂ လမ်း၊ ဂုန္တန်ဆေးရိုးဝင်းနေ ဦးထင်+ဒေါ်စု တို့၏ သမီး၊
နဂါးဒေါ်ဦး ၏ ညီမ၊ ဦးလှဖေ+ဒေါ်တင်တင်၊ ဦးကျော်စိန်+ဒေါ်ကြင်ကြင်၊
ဦးမောင်လေး+ဒေါ်ခင်လှမြင့်၊ဒေါက်တာ ဦးခင်မောင်အေး+ဒေါက်တာ
ဒေါ်ကြည်စိန် တို့၏ အမ၊ ဦးစိုးဝင်း၊ ဦးခင်ဂျက်ဝင်း+ဒေါက်တာ သန်းရင်
မာ (ဒေါက်တာ မြမဉ္ဇူ)၊ ဦးဖိုးသံချောင်း၊ ဒေါ်တင်ဝင်း၊ ဦးငြိမ်းချမ်း(ညီပုလေး)
+ဒေါ်တင်တင်ဝင်း တို့၏ မွေးသမိခင် မစုစုမာ၊ ကိုဘိုဘို၊ မဖြူပြာ၊ မလင်းလင်း
မွန်၊ မောင်အောင်ဘာလေ၊ မရွှေပြည်စိုး တို့၏ အဖွား
လူထုဦးလှ ၏ ဇနီး
လူထုဒေါ်အမာ (၉၃)နှစ် သည်
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း (၂)ရက်၊ ၇-၄-၂၀၀၈ (တနင်္လာနေ့) နံနက် (၀၈း၃၇)
နာရီအချိန်တွင်ဘ၀တပါးသို့ ကူပြောင်းကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော
ဥတုဇရုပ်ကလာပ်ကို ၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း (၄)ရက်၊ ၉-၄-၂၀၀၈ (ဗုဒ္ဓဟူးနေ့)
နံနက် (၁၀း၀၀) နာရီအချိန် အိမ်အမှတ် ၂၆၅၊ ၃၂ လမ်း၊ ၈၃x၈၄ လမ်းကြား နေအိမ်
မှ ကြာနီကန်သုဿာန်သို့ ပို့ဆောင်မီးသင်္ဂြီုဟ်မည် ဖြစ်ပါ၍ အသုဘရှု လိုက်ပါ ပို့ဆောင်
်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
ကျန်ရစ်သူ မိသားစု




လူထုဒေါ်အမာ ဘ၀ ဖြတ်သန်းမှု အကျဉ်း

၁၉၁၅ - မန္တလေးမြို့၊ ဂုန္တန်ရပ်၊ အဖ ဦးထင်- အမိ ဒေါ်စု တို့မှ နိုဝင်ဘာ ၂၉၊
တနင်္လနေ့မှာ မွေးဖွားခဲ့၊ မွေးချင်း ၁၂ယောက်၊ စတုတ္ထသမီး၊ အမည်ရင်းအမာ။
၁၉၂ဝ -၂၃ - တရုတ်တန်း အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ
ပညာသင်ခဲ့။
၁၉၂၃ - ၃၁ - အမျိုးသမီး နေရှင်နယ်ကျောင်းပျက်လို့ တတိယတန်းမှ နဝမတန်း
အထိ ABM ကျောင်းမှာ ဆက်လက် ပညာသင်။
၁၉၃၁ - ၃၃ - မန္တလေး ဗဟိုအမျိုးသားကျောင်းက ဆယ်တန်းအောင်။
၁၉၃၃ - ၃၅ - မန္တလေး ဥပစာကောလိပ်၊ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲယူ။
၁၉၃၆ - ရန်ကုန်တက္ကသိုလ် ဘီအေ အောက်တန်း။ အင်းလျားဆောင် သဟာယ
နဲ့ စာဖတ်အသင်း အတွင်းရေးမှူး၊ ဒုတိယ ကျောင်းသားသပိတ်ကြီးတွင် ပါဝင်။
အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု၊ ဆောင်းပါးများ
ရေး။ ကြီးပွားရေး ဦးလှနဲ့ စတင်သိကျွမ်း။ ကြီးပွားရေး မဂ္ဂဇင်းမှာ ကလောင်အမည်
ခင်လဝင်း၊ မြမဉ္ဇူတွေနဲ့ ရေးခဲ့။

၁၉၃၇ - ဘီအေ နောက်ဆုံးနှစ် စားမေးပွဲ ကျရှုံးပြီး ကျောင်းထွက်။ မန္တလေးမှာ မြန်မာ့
စက္ကူဆိုင် ဖွင့်။
၁၉၃၈ - Maurice Collis ရေး Trials In Burma ကို မြန်မာပြည်တွင် စစ်ဆေးခဲ့သော
အမှုအခင်းများ အမည်နဲ့ မြန်မာပြန် ထုတ်ဝေ။
၁၉၃၉ - ကြီးပွားရေး ဦးလှနဲ့( ၁၃နိုဝင်ဘာ)လက်ထပ်။
၁၉၄ဝ - Maurice Collis ၏ Sandamala ကို စန္ဒမာလာ အမည်နဲ့ နှစ်တွဲခွဲ မြန်မာပြန်
ထုတ်ဝေ။
၁၉၄၂ - ၄၄ - ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့နေထိုင်ပြီး
စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်။

၁၉၄၅ - လူထုဂျာနယ် (ဇူလိုင်) ထုတ်ဝေတဲ့အခါ လက်ထောက် ဘယ်ဒီတာ။
Ashihei Hino ရဲ့ Jh War and Soldier အပိုင်း ၄ က Wheat and Soldier ကို ဂျုံနှင့်
စစ်သားအမည်။Wanda Wasilewska ရဲ့The Rainbow ကို နှစ်ပိုင်းခွဲကာ သက်တန့်ရောင်
အမည် တို့နဲ့ မြန်မာပြန် ထုတ်ဝေ။
၁၉၄၆ - လူထုသတင်းစာ (၁၉၊ ဧပြီ) စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာ အဖွဲ့ဝင်။ ဖခင်
အောင်နိုင် ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင် ဆောင်ပါးရှင်။
၁၉၄၇ - လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလအဖွဲ့ရယ့်
အာဘော်နဲ့ထပ်တူ ရေးသား တိုက်ပွဲဝင်ခဲ့။
၁၉၄၉ - လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို
ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲခံရ။ Gunther Stein ရဲ့ The Challenge of Red China ကို
ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ အမည်ပေးပြီး နှစ်ပိုင်းခွဲ ဘာသာပြန်ထုတ်ဝေ။
၁၉၅ဝ - (ဧပြီ ၂၄၊ ၁၉၄၉)က ပိတ်ထားခဲ့ရတဲ့ လူထုသတင်းစာကို (၁၊ နိုဝင်ဘာ)မှာ
ပြန်လည်ထုတ်ဝေ။ (မေ၊ ၁၉၄၉) က ရပ်နားခဲ့တဲ့ လူထုဂျာနယ်ကို (သြဂုတ် ၁) မှာ ပြန်
လည် ထုတ်ဝေ။
၁၉၅၃ - ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ( ကိုပင်ဟေဂင် ၇-၆-၅၃) ဒုတိယ
အကြိမ် ကမ္ဘာ့လူငယ်နဲ့ ကျောင်းသားပွဲတော် (ရူပေရီးယား၊ ဘူခါရက်စ် ၂၅-၇-၅၃) ကို
တက်ရောက်။ Archie John Stone ရဲ့ In The Name of Peace ကို ငြိမ်းချမ်းရေးသို့
အမည်ပေးကာ ဘာသာပြန် ထုတ်ဝေ။ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရလို့ လူထု သတင်း
စာခေါင်းကြီးတွေ ကို တာဝန်ခံ ရေးသား။
၁၉၅၉ - (မေ၊ ၁၂) လူထုသတင်းစာ ချိန်ပိတ်ခံရ။
၁၉၆ဝ - (မေ၊ ၁ဝ) လူထုသတင်း ပြန်ထွက်။
၁၉၆၂ - (ဖေဖော်ဝါရီ၊ ၃) အေရိုဖလုတ်လေကြောင်း ဖွင့်ပွဲမှာ သတင်းစာဆရာ ကိုယ်စား
လှယ်အဖြစ် ဖိတ်ကြားခြင်း ခံရလို့ မော်စကိုသို့ သွားရောက်ခဲ့။
အပြန် မှာ အရှေ့ဂျာမနီ၊ ချက်ကို စလိုဗက်ကီးယားနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်များကို
လှည့်လည်။

၁၉၆၃ - ဥရောပခရီး စဉ်များကို ဆိုရှယ်လစ် တိုင်းပြည်များသို့ အမည်နဲ့စာအုပ် ပြုစုထုတ်
ဝေ။ C.Wright Mills ရဲ့ Listen ankees ကို အိုယန်ကီးတို့၊ Anna Lewis Strong ရဲ့ Cash
and Violance in Losa ကို ငွေနှင့်လက်နက် အမည်ပေးရေးသား ထုတ်ဝေ။
၁၉၆၄ - ပြည်သူချစ်သော အနုပညာသည်များ ပြုစုထုတ်ဝေ။
ဒီစာအုပ်နဲ့ ၁၉၆၄ခုနှစ်၊ စာပေဗိမာန် အနုပညာဆိုင်ရာ စာပေ ပထမဆု ရ။
၁၉၆၆ - Edgar Snow ရေး The Other Side of the Riber ကို ဘဝချင်း မတူသည့်
တရုတ်ပြည် အမည်နဲ့ဘာသာ ပြန်ပြီး နှစ်တွဲခွဲ ထုတ်ဝေ။
၁၉၆၇ - (ဇူလိုင်၊ ၇ ) လူထုသတင်းစာ ရပ်ဆဲခံရ။ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးများ
ကို ဖြည့်စွက် အမှာရေး ထုတ်ဝေ။
၁၉၆၉ - ရွှေရိုး ဘကလေး နှစ်တွဲခွဲ ထုတ်ဝေ။ (မတ်လ၊၃) မန္တလေး ကွန်သာယာ
ဗမာ့သဘင် စာတမ်းဖတ်။

၁၉၇ဝ - ရွှေမန်းတင်စာအုပ် ပြုစုထုတ်ဝေ။ မတ် (၃) မန္တလေး ကွန်သာယာ စာတမ်း
ဖတ်ပွဲမှာ ဗမာ့ဖတ်ကျီလုပ်ငန်း စာတမ်းဖတ်။
၁၉၇၂ - မန္တလေး နိုင်ငံတကာ စာအုပ်နှစ် စာတမ်းဖတ်ပွဲမှာ ကမ္ဘာ့အကြီးဆုံး စာအုပ်
စာတမ်းဖတ်။
၁၉၇၃ - အငြိမ့်စာအုပ် နှစ်တွဲခွဲ ထုတ်ဝေ။
၁၉၇၄ - ကမ္ဘာ့ အကြီးဆုံးစာအုပ် ကို ဒေါက်တာသန်းထွန်းက The Worlds Biggest
Book အမည်နဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆို ထုတ်ဝေ။
၁၉၇၅ - ရွှေဒေါင်းတောင် ဆောင်းပါးများ စာအုပ်ထုတ်ဝေ။
၁၉၇၆ - ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ် ထုတ်ဝေ။ (သြဂုတ်၊ ၁၉) ဟံသာဝတီ
သတင်းစာ စနေစာပေဝိုင်း စာတမ်း ဖတ်ပွဲမှာ အတ္ထုပတ္တိစာပေ စာတမ်းဖတ်။
၁၉၇၈ - (သြဂုတ်၊ ၂၁) လူထုဦးလှ၊ သား ကိုငြိမ်းချမ်း( ညီပုလေး) တို့နဲ့အတူ အထိန်း
အသိမ်းခံရ။ ၁နှစ် ၁လ ၁ရက်ကြာ။
၁၉၇၉ - (သြဂုတ်၊ ၂၂) အထိန်းအသိမ်းခံ ဘဝက ပြန်လွတ် Chester Ronning ရဲ့ A
Memoir of China in Revolution ကို တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်မှတ်မိ
သမျှအမည် နဲ့ဘာသာပြန် ထုတ်ဝေ။
၁၉၈၂ - နှစ်ပေါင်း ၄၃နှစ် ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းသည် လူထု ဦးလှ (သြဂုတ် ၇)
ကွယ်လွန်။

၁၉၈၄ - (မတ်၊ ၄) မန္တလေး မီးကြီးအတွင်း ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ
သိုလှောင်ရုံ၊ စာအုပ် သိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံး။
၁၉၈၅ - (နိုင်ဝင်ဘာ၊ ၂၉) အသက် ၇ဝပြည့်က စပြီး အမရပူရ တောင်လေးလုံးကျောင်း
မှာမွေးနေ့ပွဲ နှစ်စဉ် ကျင်းပ။
ချင်းတွင်းမှ ပင်လယ်သို့ စာအုပ် ထုတ်ဝေ။
၁၉၈၉ - (မေ၊ ၂၇) ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ငွေရတုပွဲ အမရပူရ
တောင်လေးလုံးကျောင်းများ ကျင်းပ။ မြန်မာ မဟာဂီတ စာအုပ်။ အာဖရိက ဝတ္တုတိုများ
စာအုပ် ထုတ်ဝေ။
၁၉၉ဝ - လူထုဦးလှနဲ့ ပူးတွဲ ရေးသားတဲ့ ဆေးလိပ်နဲ့ လူသား စာအုပ်ထုတ်ဝေ။
၁၉၉၁ - ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းပြီး မန္တလေးသူ မန္တလေး
သားများ အမည်နဲ့ စုအုပ်ထုတ်ဝေ။
၁၉၉၂ - ရနံ့သစ် မဂ္ဂဇင်းမှာ ဇမ္ဗူဒီပါ အောင်ထွန်း ကလောင်အမည်ခွဲနဲ့ နိုင်ငံတကာ
ဆောင်းပါးများကို ရေးခဲ့။
ထိုင်းးဝတ္တုတိုများ (၁) တို့ကို ထုတ်ဝေ။
၁၉၉၃ - မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ မန္တလေးဆိုင်ရာ ဆောင်းပါးတွေကို စုပေါင်းပြီး
ရတနာပုံ မန္တလေး၊ ကျွန်မတို့ မန္တလေး စာအုပ်။ ထိုင်းဝတ္တုတိုများ (၂) တို့ကို ထုတ်ဝေ။
၁၉၉၄ - သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ စာအုပ် ထုတ်ဝေ။
ရွှေဒေါင်းတောင် ဆောင်းပါး တွေကို ဂျပန်ဘာသာနဲ့ ပြန်ဆို ထုတ်ဝေ။ ပြန်ဆိုသူက
ဂျပန် အမျိုးသမီး Yasuko Dobashi ( မြန်မာနာမည် ဒေါ်ယဉ်ယဉ်မြ) ဖြစ်ပြီး ထုတ်ဝေ
တဲ့ စာအုပ်တိုက်မှာShinjuku Shiobo Co. Ltd ၊ စာအုပ်တန်ဖိုး ယန်း ၂၇၁၈။ ၇၉နှစ်
မွေးနေ့ အမှတ်တရ အဖြစ် ကျွန်မတို့ ငယ်ငယ်က ကိုယ်ရေးအတ္ထုပတ္တိ စာအုပ်ကို ရေး
သားထုတ်ဝေ။
၁၉၉၅ - မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်သားဟောင်းများ ဦးစီးထုတ်ဝေတဲ့
(၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ
အဖြစ် ဆောင်ရွက်။


(၂ဝဝ၄ ခုနှစ်တွင် ထုတ်ဝေသော လူထု ဒေါ်အမာရေး၊ စာအုပ်ဆိုင်က လူဝင်လူထွက်
စာအုပ်မှ ကူးယူ ဖော်ပြပါသည်)

No comments: