Apr 2, 2008

မဟာအာရှ ဒေသ၏ ခမ်းနားသော တရားစီရင်ရေး စနစ်များ


ရေးသူ -စစ်ငြိမ်းဒီရေ


မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ က ရန်ကုန် ‘ငမိုးရိပ်‘
ချောင်းအတွင်း စစ်အစိုးရ ၏ အကြမ်းဖက် မှုကြောင့် ဒဏ်ရာ များစွာဖြင့် ပျံလွန်
တော်မူ နေသည့် သံဃာ တစ်ပါး ၏ မြင်ကွင်း ကို အင်တာနက် ပေါ်မှ တွေ့ မြင်ရ
သော အခါ စစ်အာဏာရှင် အစိုးရ တော်တော် ရက်စက် ပါလား ဟု ထင်မိ ပါသည်။
မကြာသေးခင်က ၂၀၀၈ ခုနှစ် မတ်လ အတွင်း တရုပ်နိုင်ငံ တိဘက်ဒေသ ဆန္ဒပြပွဲ
များတွင် သံဃာများအား တရုပ်အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ ဝင် များက ပြင်းပြင်း
ထန်းထန်း နိုပ်ကွပ် မှုများ ကို ထပ်မံ မြင်တွေ့ ရသော အခါ တရုပ် အာဏာရှင်များ
သည် မြန်မာစစ်အာဏာ ရှင်များ နှင့်ရက်စက်မှု ဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ခဲ့လျင် အဆင့်
မနိမ့်သူ များ ဟု ထင်မိ ပြန်ပါ သည်။

z septemgber.jpg
(၂၀၀၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ က ရန်ကုန် ငမိုးရိပ်ချောင်း အတွင်းက တွေ့
ရသော သံဃာ တစ်ပါး ၏ မြင်ကွင်း)




zzabc.jpg
(၂၀၀၈ ခုနှစ် မတ်လ တွင် တရုပ် တပ်ဖွဲ့ များကြောင့် ပျံလွန်တော်မူ နေသော တိဘက်
သံဃာတစ်ပါး )

အီရန် နိုင်ငံ နဲ့ ပက်သက်သော သတင်းတစ်ပုဒ် ကို ဒိန်းမတ် နိုင်ငံ ယုလန်ကျွန်းမကြီး
အနောက်ဘက် ဒေသ ထုတ် URBAN သတင်းစာရဲ့ ၁၅/၁/၂၀၀၈ နေ့ ထုတ် စာမျက်နှာ
၁၂ ပါ ဖော်ပြချက်တစ် ခု ကို တွေ့ မြင်သော အခါ ဘာပြော ရမှန်း မသိအောင်ပင် ဖြစ်မိ
ပြန်ပါသည်။ ယင်း ဖော်ပြချက်မှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကြီး
(Amnesty International) က အီရန် အစိုးရ၏ လူမြင်ကွင်း ရှေ့ ၌ ရက်စက်စွာ သေ
ဒဏ် အပြစ်ပေးမှု ကို ကန့် ကွက်သော သတင်းဆောင်းပါး တစ်ခု ဖြစ်ပါသည်။ အီရန်
နိုင်ငံ တွင် ကလေးနှစ်ယောက် မိခင် အိမ်ထောင်သည် အမျိုးသမီး တစ်ဦးနှင့် အခြားအိမ်
ထောင်ရှိ ကာမပိုင် ယောင်္ကျား တစ်ဦး တို့  လူမှုရေး ဖောက်ပြန်သောကြောင့် ၁၉၉၂
ခုနှစ် အတွင်း အများပြည်သူ မြင်ကွင်းတွင် ဆိုးဝါးသော ပုံစံဖြင့် သေဒဏ် အပြစ်ပေး ပုံကို
၃၂ မိနစ်ကြာ ဗွီဒီယို မှတ်တမ်း ရိုက်ကူး ထားသော အဖြစ်အပျက် တစ်ခု ဖြစ်ပါသည်။

ယင်းမှတ်တမ်း တင် ဗွီဒီယိုခွေ သည် ၁၉၉၄ ခုနှစ်တွင် အီရန်နိုင်ငံ ပြင်ပ သို့  ရောက်ရှိခဲ့
ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသား ခွင့် အဖွဲ့ ကြီး က နိုင်ငံတကာ ရှိ အစိုးရများ
နှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ အနေ ဖြင့် အီရန်နိုင်ငံ အစိုးရ အား ပြင်းထန်း
စွာ တောင်းဆို ကန့် ကွက်ပေးရန် အရေးကိစ္စ ဖြစ်လာပါသည်။ ယင်းမှတ်တမ်း တင် ဗွီဒီ
ယိုခွေ တွင် အိမ်ထောင်ရေး ဖောက်ပြန်မှု ကြောင့် သေဒဏ် အပြစ်ပေးခဲ့ရသော ကလေး
နှစ်ယောက် မိခင် ဖြစ်သူ အမျိုးသမီးအား အရှင် လတ်လတ် မြေကြီး ထဲတွင် မြေမြုပ် ပြစ်
သော မြင်ကွင်း ဖြစ်ပါသည်။

ထိုမြင်ကွင်း တွင် သေဒဏ် အပြစ်ပေး ခံရသော ထိုအမျိုးသမီး အား ကြိုးနှင့် တုပ်နှောင်း
ထားပြီ မြေကြီး ထဲတွင် ကိုယ့်တစ်ပိုင်း မြုပ်ထားကာ ကျန်ရှိနေသော အပေါ်ပိုင်း ကို
အမျိုး သမီး ၉ ဦး နှင့် အမျိုးသား ၂ ဦးပါဝင်သော အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့
ဟု ခေါင်းစဉ် တပ်ထားသော ဘာသာရေး တပ်ဖွဲ့ ဝင် များက မြေကြီး များဖြင့် ဖုံးအုပ်၍
သတ် ဖြတ် နေသော ဗွီဒီယို မှတ်တမ်း ဖြစ်ပါသည်။ ယင်းမှတ်တမ်း ကြောင့် နိုင်ငံတကာ
အသိုင်းအ၀ိုင်း က အီရန် အစိုးရ အား ပြင်းထန်းစွာ အပြစ်တင် ကန့် ကွက်သော ကြောင့်
အီရန်ပါလီမန် က ၂၀၀၂ ခုနှစ် မှစ၍ အများပြည်သူ မြင်ကွင်း ၌ ဆိုးဝါးသော ပုံစံဖြင့်
သေဒဏ် အပြစ်ပေး မှု များကို ရပ်ဆိုင်းမည် ဟု ကြေငြာ ခဲ့ပါသည်။
တရား စီရင်ရေး စနစ် တစ်ခု သည် အခြေခံ ဥပဒေ ပါ ဖော်ပြချက်များမှ ရေးဆွဲ ထား
သော ဥပဒေ ဖြတ်ထုံးများ ဖြစ်ပါသည်။ ထိုကြောင့် တရားစီရင်ရေးဥပဒေ၏ ရေသောက
်မြစ်ဖြစ်သော အခြေခံ ဥပဒေ သည် လူ့ အဖွဲ့ အစည်း တစ်ခုတွင် များစွာ အရေးကြီး ပါ
သည်။ယနေ့  မြန်မာနိုင်ငံ တွင် စစ်အစိုးရ က သူတို့  ကိုယ်တိုင် ရေးဆွဲ ထားသော အခြေ
ခံ ဥပဒေ ကို လူထု ထောက်ခံမှု ရစေ ရန် နည်းအမျိုးမျိုး ဖြင့် ကြံစည် လုပ်ဆောင် နေပါ
သည်။ စစ်အစိုးရ၏ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ထောက်ခံမှု ရရှိရေး အတွက် ဒါရိုက်တာ
တချို့ နှင့် သရုပ်ဆောင် တချို့ တို့ သည် အနာဂတ် ပြဿနာ များ ကို လုံးဝ မစဉ်းစားပဲ
အခွင့်အရေး များကို မျှော်လင့် ပြီး ပြည်သူ အား လိမ်ညာလှည့်ဖြား ရန် ရုပ်သံ ဇာတ်လမ်း
များ ရိုက်ကူးလျက် ရှိပါသည်။

အာဏာ ရလျင် ပြီးရော ဆိုသော မြန်မာ စစ်အာဏာရှင်များ အပါအ၀င် အာရှဒေသ က
အာဏာရှင်များ နှင့် ယင်း အာဏာရှင် များ၏ လက်ကိုင်တုတ်များကြောင့် အာရှတိုက်ရှိ
လူ့ အဖွဲ့ အစည်း အများအပြားတို့ မှာ ကံဆိုး မိုးမှောင် ကျလျက် ရှိပါသည်။

zzab.jpg
(၁၉၉၂ ခုနှစ် အီရန်နိုင်ငံ ၏ အများပြည်သူ မြင်ကွင်းတွင် အမျိုးသမီး တစ်ဦးအား အရှင်
လတ်လတ် မြေမြုပ် သေဒဏ် ပေးနေ ပုံ)

No comments: