Mar 9, 2009

လက်ဆေးမိုး

စောလုံငယ်ရဲ့ နောင်တအရှိုး
လွမ်းမောဖွယ်ရာ အတိတ်ဇာတ်ဆိုး
သည်းခံစိတ်ဖြင့် ခွင့်လွှတ်ပြေဖို့
ခါတော်မှီ၏ လက်ဆေးမိုး။

ရုပ်ထုဟောင်းလည်း သန့်စင်ပါစေ
ရုပ်ထုသစ်များ သွန်းလောင်းခါရည်
စာခြောက်ရုပ်ငယ် ဆွေးဇာတ်ပေါင်းရင်
ငုနဲ့ ပိတောက်တို့ မွှေးထုံးပေါ့။

အရှုံးတွေကို မဆောင်ကြဉ်နဲ့
အမုန်းကိုလည်း ခြေရာဖျောက်ပြီး
အာဃာတများ ဆိတ်သုန်းကြွေကျ
ငုနဲ့ ပိတောက်တွေ ပွဲမြေခ။

ဇာတ်ကြီးသူတို့ လွမ်းနာပျောက်အောင်
ရုပ်ဆိုးသူရဲ့ ယိမ်းအကနဲ့
မြေဇာမြက်ကို ပျော်တော်ဆပ်ဖို့
ငုနဲ့ပိတောက်ပေါ် ခွဲဝေစို့။

မျက်ရည်မြစ်က ရာသီရထား
စီးခွင့်ပျောက်ဆုံး ပျံလွှားဌက်အား
တွေးပြီးစောင့်ခဲ့ သည်သကောင့်သား
အသစ်စက်စက် ငုနဲ့ ပိတောက်များ။


-စစ်ငြိမ်းဒီရေ


7 comments:

Nyein Chan Aung said...

သင်္ကြန် အကြောင်းဆိုရင် ဘယ်လို ဖွဲ့ဖွဲ့ ကြိုက်တယ်။

မမသီရိ said...

သင်္ကြန်က လိုသေးတယ် ကိုအောင်ရဲ့
လွမ်းနေပြီလား
ပိတောက်တွေ ငုတွေ
ပြီးတော့ လွတ်လပ်ပေါ့ပါးမှုတွေ..
.............

ဆောင်းယွန်းလ said...

ကဗျာလေးဖတ်ပြီး နှစ်ပေါင်းများစွာကွဲကွာနေရတဲ့ ငုနဲ့ပိတောက်မြေကို လွမ်းသွားပြီကိုအောင်ရာ

mirror said...

အစ်ကိုကြီးရေ...ငုတွေ၊ပိတောက်တွေကိုလွမ်းနေပြီထင်ရဲ့..။
နားလည်ကိုယ်ချင်းစာစွာနဲ့ ဖတ်သွားပါတယ်...။

လင်းဒီပ said...

ဟုတ်တယ်အစ်ကို လက်ဆေးမိုလေး လွမ်းလိုက်တာ..
အဝေးက သင်္ကြန်

လင်းဦး(စိတ်ပညာ) said...

လာဖတ်သွားပြီနော်...

" မျက်ရည်မြစ်က ရာသီရထား
စီးခွင့်ပျောက်ဆုံး ပျံလွှားဌက်အား
တွေးပြီးစောင့်ခဲ့ သည်သကောင့်သား
အသစ်စက်စက် ငုနဲ့ ပိတောက်များ "

ကြိုက်ပါ၏

အောင်သာငယ် said...

ငါ့ညီလည်း ငုနဲ့ ပိတောက်ကို လွမ်းတာမှ ဟုတ်ရဲ့လား.. လွမ်းရမယ့်သူ ရှိနေပြီထင်တယ်..