Mar 20, 2009

မထူးဇာတ် (၂)

ကုရာနတ္ထိ ဆေးမရှိလို့
ရောဂါပေါင်းစုံ ကျွမ်းဝင်နေရင်
….....
“ဒီမှာ မိတ်ဆွေ
တူရကီနိုင်ငံမှာ အသင်းတချို့ရှိတယ်၊
ကြားဖူးသလား?
အသေခံဗုံးခွဲပေးသော လူသတ်သမားတွေရဲ့
ကျန်ရစ်သူ မိသားစုတွေကို ကူညီထောက်ပံ့တဲ့ အသင်းဗျာ”
…......
ကဲ စဉ်းစားကြ
စဉ်းစားကြ
မီးဇာကုန်လို့ ဆီခမ်းရင်
လျှော့ဈေးပေးလဲ
ဘယ်သူမှ မ၀ယ်ဘူး
မြန်မြန် စဉ်းစားဗျို့။ ။

-စစ်ငြိမ်းဒီရေ

9 comments:

လင်းဒီပ said...

အင်း..:P

Phyo Maw said...

ခံစားရတယ်...
ဒီလိုထောက်ပံ့ကြေးမျိုးကို။

Nyein Chan Aung said...

ကိုအောင်ကတော့ လုပ်ချလိုက်ပြီ။ ဆွေးနွေးဖူးတယ်ဗျ အဲဒီအကြောင်းအရာ။

ဆောင်းယွန်းလ said...

ကိုအောင်ရေ ကျနော်တို့လူမျိုးတွေက သိပ်လိမ္မာတတ်ကြတာဆိုတော့ မထူးဇာတ်မရှိဘူးဗျ.
ပါးပါးနပ်နပ်နဲ့ သိပ်ကိုလိမ္မာကြတာကလား...
ခက်တော့ခက်သား

TNS said...

ကိုအောင်...
ကိုအောင့်ဘလော့ဂ်ကို သဘောကျတာ အဲဒါတွေပေါ့..။
သိပ်ကောင်းတယ်ဗျာ...။
တိုတိုရှင်းရှင်းနဲ့ အတွေးရသအများကြီးပေးနိုင်တယ်..။
ကဗျာတွေများများရေးပါဦး..။
စောင့်ဖတ်နေမှာပါ..။

မိုးမြင့်အောင် said...

ကဗျာဆရာနဲ့ပူးပေါင်းချင်တယ်။ ကြိုက်တယ်။ အုပ်စုလေးတစ်ခုလောက်ဖွဲ့လိုက်မလား။

မေဓာဝီ said...

အပြင်းစား မထူးဇာတ်ပါလား ... :)

လာဖတ်သွားပါတယ်။

မမသီရိ said...

ဆောရီး ကိုအောင်ရေ
အရောက်နောက်ကျတယ်
စိတ်ကူးလေးထဲက ကဗျာလေး ဖတ်ရတာ သဘောကျစရာပါ
တူရကိ က အသင်းလေး ကတော့
တကယ့်စိတ်ဝင်စားစရာပဲနော်
အဆင်ပြေပါစေ

ဂျူနို said...

ိုကိုအောင်ရေ မအယ်လည်း လေပေါနေတာ အကျိုးမရှိမှန်းသိနေပါပြီ။
လေပြွန်ယောင်လို့ ဆေးတောင်သောက်နေရတယ်။