Mar 12, 2009

အောင်ဆန်းသူရိယ ဆပ်ဘဟားဒူးရွိုင်း

တင်ပြသူ - စစ်ငြိမ်းဒီရေ

sm1.jpg

၁၉၅၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ပြည်ပမှ ကျူးကျော်လာသော
ကူမင်တန် တရုတ်ဖြူတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခုခံရင်
တရုတ်ဖြူ စစ်သားအလောင်း တရာကျော်၏အလယ်တွင် တပ်သား
ဆပ်ဘဟားဒူးရွိုင်း ရဲဝင့်စွာကျဆုံးခဲ့ပါသည်။ ရဲဘော် ဆပ်ဘဟား
ဒူးရွိုင်းသည် ကျဆုံးချိန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြား
သော်လည်းကောင်း၊ ဧည့်နိုင်ငံသား မှတ်ပုံတင်ကဒ်ပြား သော်လည်းကောင်း
လုံးဝ မပိုင်ဆိုင်ခဲ့သော နိုင်ငံအပေါ် ချစ်မြတ်နိုး၍ သစ္စာရှိခဲ့သူ ဖြစ်ပါသည်။

sm2.jpg

ရဲဘော် ဆပ်ဘဟားဒူးရွိုင်း ကျဆုံးပြီးမှ ကျန်ရစ်သူ မိသားစုတို့သည်
မြန်မာနိုင်ငံ၏ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်းကို ခံရပါသည်။
ရဲဘော် ဆပ်ဘဟားဒူးရွိုင်းသည် နီပေါနိုင်ငံသား မိဘ၊ ဘိုးဘွားများမှ
ပေါက်ဖွားဆင်းသက်လာသူ ဟု သိရပါသည်။ သူသည် မြန်မာနိုင်ငံ၏
သမိုင်းတွင် နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား မရှိသူ သို့မဟုတ် နိုင်ငံသား
အဖြစ် အသိအမှတ်ပြုထားခြင်း မခံရခင် အချိန်တွင် နိုင်ငံတော်၏
အဆင့်မြင့်ဆုံးသော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို ရရှိသူ ဖြစ်
ပါသည်။ (အလျဉ်းသင့်ပါက နောင်တွင် သူ့သမိုင်းအား တင်ပြပါ့မည်။)

ပြည်ပအားကိုး ပုဆိန်ရိုး ဟု ပြောချင်နေသူများအတွက် တင်ပြပါသည်။

10 comments:

Nyein Chan Aung said...

သူ့အကြောင်း ကျနော်မသိဘူးဗျ။ မျှဝေပေးတဲ့အတွက် ကျေးဇူးပဲပါ ကိုအောင်။

Phyo Maw said...

အော်... မှတ်ပုံတင် မှတ်ပုံတင်။
ဒီခေတ်မှာ လူမဖြစ်တော့ သူလည်း အတု တစ်ခုလောက် မဆောင်ထားလိုက်ရရှာဘူးနော်

JulyDream said...

ကိုအောင်ရေ...
အရမ်းတန်ဖိုးရှိတဲ့ စာတွေပဲ ခင်ဗျာ။ ကျွန်တော် အဲဒီ အောင်ဆန်းသူရိယ ဘွဲ့ရတဲ့သူတွေရဲ့ သမိုင်းကို သိချင် ဖတ်ချင်တာ ကြာလှပေါ့။ ကျွန်တော့်မှာတော့ ဗိုလ်မှုးအေးချို၊ ဗိုလ်ကြီးတိုက်ချွန်းနဲ့ တပ်သားလှသောင်း စာအုပ်တွေတော့ ရှိတယ် ခင်ဗျ။ ကျန်တဲ့ သူတွေကို လက်လှမ်းမမှီဘူး ဖြစ်နေတာ။ အခုမှပဲ ဆပ်ဘဟားဒူးရိုင်း အကြောင်း သိရတော့တယ်။ အကျယ်ချဲ့ပြီး ရေးပေးလို့ရရင် ရေးပေးပါအုံးဗျာ။ စိတ်ဝင်စားလှပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

ကလူသစ် said...

တောက်.... မောင်အောင်.... မောင်အောင်...မင်း တယ်မိုက်ပါလား။ ရိုက်ချက်ကတော့ ပြင်းပါ့ကွာ။ :)

TNS said...

ကိုအောင်..
ဗဟုသုတပြည့်စုံပြီး စာပေနှံ့ စပ်သလို တန်ဘိုးရှိတဲ့ 
စာတွေတင်ပေးတာကျေးဇူးတင်ပါတယ်...။
အရင်က မကြားဘူး၊မဖတ်ဘူးခဲ့ပါဘူး..။
အခုကိုအောင်ရေးမှ သိခွင့်ရတာပါ..။
နိုင်ငံကိုတစ်ကယ်ချစ်တဲ့လူဘဲနော်...
တိတိကျကျ ကျနော့်အမြင်ပြောရမယ်ဆို..
နိုင်ငံဆိုတဲ့အမည်သတ်မှတ်ချက်ကိုချစ်တာထက်..
မိမိနေတဲ့မြေကိုတန်ဘိုးထားကာကွယ်တယ်လို့ 
မြင်မိပါတယ်...
အဲဒီစိတ်နဲ့ ချစ်ခြင်းက ပိုလေးနက်ပြီး ဂုဏ်ယူစရာကောင်းနေပါတယ်...။

ဆောင်းယွန်းလ said...

ဟုတ်လိုက်လေ ကိုအောင်ရာ...
ပြည်ပအားကိုး ပဆိန်ရိုးလို့ပြောနေသူတွေအတွက်..

မမသီရိ said...

နီပေါ လူမျိုးတွေ ဆစ်ခိ လူမျိုးတွေ
တပ်ရင်းလိုက် ဗမာ့ တပ်မတော် ထဲ ရှိခဲ့ တယ် လို့
မှတ်သား ရဖူး ပါတယ်

ဂျူနို said...

ရဲဘော်ရွိုင်း အကြောင်းကြားဖူးတယ်။ မြန်မာပြည်က ဂေါ်ရခါးလူမျိုးတွေက သူ့ အတွက်ဂုဏ်ယူကြတယ်။ စစ်ထဲမှာလည်း ဂေါ်ရခါးစစ်သားတွေ ရှိတယ်။ များသောအားဖြင့် သစ္စာရှိတယ် ရိုးသားတယ်လို့ နာမည်ရှိတာပေါ့။
တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ က ချင်းပြည်က ဂေါ်ရခါးရွာနားမှာ သီတင်းသုံးတယ်။ ဂေါ်ရခါးတွေက သူ့ ကို ဆွမ်းလောင်းတယ်လို့ ဆရာရာတော်က သူ့ စာအုပ်မှာရေးထားတယ်။

မအယ်

M.Y. said...

အသေးစိတ်ဖတ်ချင်သေးတယ်ဗျာ..ရှိသေးရင်ပေါ့..
မျှဝေတာ ကျေးဇူး ကိုအောင်

nweminthit said...

အမှတ်တမဲ့ရောက်မိတဲ့နေရာ တော်တော်များများရှီပါတယ်။ဒီနေရာက စိတ်ဝင်စားစရာတွေတွေ့တယ်။ရွိုင်းအကြောင်းလိုပေါ့။ဆက်ဖတ်ချင်ပါတယ်။