Nov 15, 2008

စစ်အာဏာရှင် အကျဉ်းသား သံဃာ့အာဇာနည် စာရင်း

တရားလို/စွပ်စွဲခံရသူ/အကြောင်းအရာ(ပုဒ်မ)/အမှုနံပါတ်/တရားရုံး


(၁)ဒုရဲမှူးမျိုးသန့်/ဦးစန္ဒာသီရိ/၂၉၅-က/၅၀၅(ခ)/၂၄၂/၀၈/
အင်းစိန် အကျဉ်းထောင် သီးသန့်အထူးရုံး
(၂)ဒုရဲမှူးသန်းစိုး/ဦးပဏ္ဍိတ/၂၉၅-က/၅၀၅(ခ)/ ၃၈၃/၀၈/ အင်းစိန်
အကျဉ်းထောင် သီးသန့် အထူးရုံး
(၃)ဒုရဲမှူးသန်းစိုး/ဦးစန္ဒာသီရိ/၁၄၃/၁၄၇/၅၀၅(ခ)/၂၄၄/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၄)ဒုရဲမှူးမျိုးသန့်/ဦးပဏ္ဍိတ/၁၄၃/၁၄၅/၁၄၇/၅၀၅(ခ)/၂၄၃/၀၈/
အင်းစိန်အကျဉ်းထောင် သီးသန့်အထူးရုံး
(၅)ဒုရဲမှူးမျိုးသန့်/ ဦးကောဝိဒ/၁၄၇/၅၀၅(ခ)/၅၁၉/၀၈/ အင်းစိန်
အကျဉ်းထောင် သီးသန့်အထူးရုံး
(၆)ရဲမှူးမျိုးညွန့်/ဦးကေသာလ/ပုံနိုပ် ၁၇/၂၀/ ၇၁၁/၀၈/အင်းစိန်
အကျဉ်းထောင် သီးသန့်အထူးရုံး
(၇)ရဲအုပ်အောင်ကျော်စိုးဝင်း/ဦးစန္ဒာဝရ/၁၄၃/၁၄၅/၁၅၂/၅၀၅(ခ)/
၁၇/၀၈/ အရှေ့ပိုင်းခရိုင် အမှတ်(၇) တရားရုံး
(၈)ရဲအုပ်အောင်မြင့်ဦး/ဦးဇာဏေယျ/၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး


(၉)ရဲအုပ်အောင်မြင့်ဦး/ဦးဝိလာသဂ္ဂ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၀)ရဲအုပ်အောင်မြင့်ဦး/ဦးအဂ္ဂဓမ္မ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၁)ရဲအုပ်အောင်မြင့်ဦး/ဦးဣသာရိယ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၂)ရဲအုပ်အောင်မြင့်ဦး/ဦးနန္ဒ/ ၁၄၃/၅၀၅(ခ)/၂၉၅/၂၉၅-က/
ရ/၀၈/ တောင်ဥက္ကလာပမြို့နယ် တရားရုံး
(၁၄)ရဲအုပ်သန်းဌေးအောင်/ဦးဇဋိလ/ ၁၄၃/၁၄၅/၅၀၅(ခ)/၂၉၅-က/
၃၃၇/၀၈/ မရမ်းကုန်းမြို့နယ် တရားရုံး
(၁၅)ရဲအုပ်သန်းဌေးအောင်/ဦးဃောဘိတ/ ၁၄၃/၁၄၅/၅၀၅(ခ)/၂၉၅-က/
၃၃၈/၀၈/ မရမ်းကုန်းမြို့နယ် တရားရုံး

အထက် ဖော်ပြပါ သံဃာတော်များ အနက် အချို့သံဃာတော်များသည်
ငယ်စဉ် ဘ၀ ကတည်းက ကိုရင်ဝတ်ဖြင့် သာသနဘောင်သို့ ၀င်ရောက်
ခဲ့သော မြတ်ဗုဒ္ဓ၏ သားတော် (ငယ်ဖြူ)များ ဖြစ်ကြပါသည်။ ဆရာတော်
များ၏ မိသားစုများတွင် ဆရာတော်များ၏ လူဝတ်ဘ၀က အမည်စာရင်းပါ
ရှိ သော ပုံစံ(၁၀) ခေါ် မိသားစု သန်ကောင်စာရင်းများ မရှိတော့ပါ။ ကျန်ရစ်
သူ မိသားစုဝင်များ ထောင်ဝင်စာ လာတွေ့ရန် ယင်းပုံစံ(၁၀) လိုအပ်ပါသည်။

ဆရာတော်များ၏ မိသားစုများမှာ မြန်မာနိုင်ငံ ကျေးလက်ဒေသမှ ဖြစ်ကြောင်း
သိရ ပါသည်။ အင်းစိန် အကျဉ်းထောင် အတွင်း စားသောက်ရမှုမှာ များစွာ
စိတ်ပျက်ဖွယ်ရာ ကောင်းလှပါသည်။ တခါတရံ နံနက်စာ သည် နေ့လည်
၁၂-နာရီ ကျော်မှ လာလေ့ ရှိပါသည်။ ဆရာတော်များသည် ရဟန်းသိက္ခာဖြင့်
ပင် ရှိနေသောကြောင့် နေ့လည် ၁၂-နာရီ ကျော်လျှင့် ဆွမ်းဘုန်းပေးလို့
မဖြစ်နိုင်ပါ။ ထိုကြောင့် ထောင်ဝင်စာ လာမှ မုန့်ပဲသရေစာ အချို့ ရနိုင်ပါ
သည်။ ၂၀၀၇- ခုနှစ် စက်တင်ဘာမှ စ၍ ယနေ့တိုင် ထောင်ဝင်စာ လာမတွေ့
နိုင်သော စစ်အာဏာရှင် အကျဉ်းသား သံဃာ့အာဇာနည် များစွာ ရှိနေကြောင်း
သိရှိရပါသည်။

3 comments:

လင်းထက် said...

ရောက်တယ် ကိုအောင်ရေ သံဃာ စာရင်းလေး တွေဖတ်သွားတယ်ဗျာ နောက်ထပ်လဲ သိရသလောက် လူ သံဃာ စာရင်း လေးတွေ တင်ပြပေးပါနော် ...။

ပန်းခရမ်းပြာ said...

အာဇာနည်များရဲ့ စာရင်းကို စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ်။

mg kyi poae said...

ကိုအောင်ရေ..
ဟိုလူ့ငနွားတွေကတော့ ဘုန်းကြီးအတုလို့ ပြောနေဦးမှာပဲဗျ။ ဒီကောင်တွေကြောင့် သမိုင်းရိုင်းတယ်ဗျာ