Nov 21, 2008

“ဓါးအိမ်ထဲက ဓါး’ ထုတ်ကြ”


သူတို့က အကျွန်ုပ်တို့ကို စစ်ကြေညာပြီ၊
စစ်ဆိုတဲ့ပွဲ စ’တင်ဖို့ အတွက်
ဓါးအိမ်ထဲက ဓါး’ ထုတ်ကြ … ။

စစ်အတွက် သူရဲကောင်း လိုတယ်
စစ်အတွက် ခေါင်းမာမှု လိုတယ်
စစ်အတွက် ခေါင်းဆောင်ကောင်း လိုတယ်
စစ်အတွက် ပံ့ပိုးမှု လိုတယ်
စစ်အတွက် နည်းဗျူဟာ လိုတယ်
စစ်တိုက်ဖို့အတွက် အရာရာ လိုတယ်
အရာရာ လိုတယ် ...
အရာရာ လိုတယ်။

မျက်ရည်တွေနဲ့ ရေချိုး ရဲ’ပါ
သွေးတွေနဲ့ ခြေဆေး ရဲ’ပါ
တုန့်ပြန်မှုနဲ့ ရက်စက် ရဲ’ပါ
ကျည်ဖူးတွေကို နမ်းရှိုက် ရဲ’ပါ
အတိုက်အခိုက်တွေကို သင်ယူ ရဲ’ပါ
စစ်အတွက် စစ်ပညာကို သင်ယူရဲ’ပါ
စစ်ပညာကို သင်ယူရဲ’ပါ
သင်ယူရဲ’ပါ …
သင်ယူရဲ’ပါ။

zgbattle.jpg

စစ်အတွင်းမှာ အနိုင်အရှုံး ရှိတယ်
စစ်အတွင်းမှာ အကျအဆုံး ရှိတယ်

စစ်အတွင်းမှာ မိဘမဲ့ ကလေးငယ် ရှိတယ်
စစ်အတွင်းမှာ မုဆိုးမ ရှိတယ်
စစ်အတွင်းမှာ ဒုက္ခသည် ရှိတယ်
စစ်အတွင်းမှာ တောကြောင် ရှိတယ်
စစ်အတွင်းမှာ အပျက်အစီး ရှိတယ်
စစ်အတွင်းမှာ စစ်သဘော ရှိတယ်
စစ်သဘော ရှိတယ် ...
စစ်သဘော ရှိတယ်။

မေတ္တာတရားကို ခဏ သိမ်းထားပါ
စာနာမှုကို ခဏ သိမ်းထားပါ
ဂုဏ်ဒြပ်ကို ခဏ သိမ်းထားပါ
ပိုင်ဆိုင်မှုကို ခဏ သိမ်းထားပါ
ငြင်းဆန်မှုကို ခဏ သိမ်းထားပါ
ဟန်ဆောင်မှုကို ခဏ သိမ်းထားပါ
ယဉ်ကျေးမှုကို ခဏ သိမ်းထားပါ
စစ်ကို ကြောက်တဲ့ အရာတချို့ကို ခဏ သိမ်းထားပါ
အရာတချို့ကို ခဏ သိမ်းထားပါ ...
ခဏ သိမ်းထားပါ။

စစ်အတွက်
မှော်ဆရာ’ မလိုဘူး၊ သူလျှို’ လိုတယ်
ကဝေ’ မလိုဘူး၊ အမာခံ’ လိုတယ်
သရဲ’ မလိုဘူး၊ အင်အား’ လိုတယ်
စုန်းပြူး’ မလိုဘူး၊ အရည်အချင်း’ လိုတယ်
စစ်အတွက် စစ်ပွဲ လိုတယ်
စစ်ပွဲ လိုတယ် …
စစ်ပွဲ လိုတယ်။

စစ်ပွဲ အတွက်
ဓါးအိမ်ထဲက ဓါး’ ထုတ်ကြ
ဓါးအိမ်ထဲက ဓါး’ ထုတ်ကြ
ဓါးအိမ်ထဲက ဓါး’ ထုတ်ကြ။ ။


-စစ်ငြိမ်းဒီရေ

8 comments:

ဆောင်းယွန်းလ said...

ကဗျာကအားမာန်အပြည့်ပါဘဲကိုအောင်ရေ...

ယောနသံစင်ရော် said...

ကိုအောင် .. ကဗျာဖတ်ပြီးပြီ
ဓါးအိမ်ကိုလည်း လွယ်ထားပြီးပြီ.......။
ပွဲစဖို့ပဲလိုတော့တယ်။ ။

(CBOX မှာ စာရိုက်တာ posting error ဖြစ်နေတယ် ဘာလို့လည်း?)

Dream Angel said...

ဦးပျူရေ ကဗျာ ဖက်ပြီး ကျတော်အားတော်တော်ရှိသွားတယ်ဗျာ
စစ်ပွဲထဲတော့ရောက်နေပြီ ဓါးထုတ်ကြဖို့ပဲလိုတော့တယ်

Nyein Chan Aung said...

အားမာန်အပြည့်ပါတဲ့ ကဗျာကောင်းတစ်ပုဒ်ပဲဗျာ
ငြိမ်းချမ်းအောင်

mirror said...

ဘယ်ကမှန်းမသိတဲ့ အင်အားများ...
နောက်ပြီး ကျက်သီးမွေးညင်းတဖြန်းဖြန်းထတဲ့အထိ....
လွှတ်ကြဲတဲ့ကဗျာ...သိပ်ကြိုက်တယ်
အားကျတယ်....

လေးစားခင်မင်လျက်
mirror

lann said...

ဓါးထုတ်ပြီး မုတ်ဆိတ်ရိတ်မှာလား။ အဟီး။

TNS said...

သူတို့ က အကျွန်ုပ်တို့ ကို စစ်ကြေညာပြီ....
စစ်ဆိုတဲ့ ပွဲ...စ”တင်ဖို့ အတွက်...
ပါးစပ်ပေါက်ကြီးတွေ ပိတ်ကြတော့ဟေ့။။။။။။။

ဒူကဘာ said...

ကျုပ်တို့ အဘိုးက ကျူးကျော်တာဆို ခြံစည်းရိုးပေါ် ပုစဉ်းနားရင်တောင် ထီ မထင်တတ်တာ၊ မတရားမှုတွေ ချုပ်ငြိမ်းဖို့ ကျုပ်တို့ရဲ့ မွေးရာပါ တာဝန်ပဲ မဟုတ်လား? ပြင်ရမှာပေါ့၊ ဆင်ထားတာပေါ့။