Nov 26, 2008

ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အခြေအနေ


ko htay kyoe.jpg

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံတ၀ှမ်း ဖြစ်ပွားခဲ့သည့်
လောင်ဇာဆီ ဈေးနှုန်း မြင့်တက်မှု ဆန့်ကျင့်ရေး၊ ကုန်ဈေးနှုန်း ကြီးမားခြင်း
ဆန္ဒပြမှုနှင့် ရဟန်းသံဃာတော်များ ပါဝင်သော ရွှေဝါရောင်ငြိမ်းချမ်းရေး
လူထု ဆန္ဒပြပွဲကြီးအား ဦးဆောင်သူ၊ ထောင်ဒဏ်(၆၅)နှစ် မတရား ချမှတ်
ခံထားရသူ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်
အား ယခု ရက်ပိုင်း (၂၅. ၁၁. ၂၀၀၈)(အင်္ဂါနေ့)တွင် ရခိုင်ပြည်နယ် ဘူးသီး
တောင် ထောင်တွင် အကိုဖြစ်သူ ကိုအောင်ကျော်ဦးနှင့် ညီမဖြစ်သူ
မခင်မိမိကြွယ် တို့မှ ထောင်ဝင်စာ တွေ့ခွင့် ရခဲ့ကြောင်း သိရပါသည်။

ပြည်သူချစ် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ ကျန်းမာရေး
အခြေအနေမှာ ကောင်းမွန်လျက်ရှိသည်ဟု သိရပါသည်။ ကိုဌေးကြွယ်

နှင့်အတူ ရန်ကုန် အင်းစိန်ထောင်မှ ထပ်မံပြောင်းရွေ့ခြင်း ခံထားရသော
ကိုပြည့်ဖြိုးလှိုင် အပါအ၀င် နောက်ထပ် ကျောင်းသားသူရဲကောင်း (၂)ဦး
ရှိကြောင်း သိရပါသည်။

zz88_generation.jpg


ဘူးသီးတောင် ထောင်အတွင်းရှိ သောက်သုံးရေ ရရှိမှုမှာ အင်မတန် ဆိုးဝါးလျက်
ရှိကြောင်း သိရပါသည်။ မိသားစုများ အနေဖြင့် ခက်ခဲကြမ်းတမ်းသော လမ်းခရီး
သွားလာရေးမှ တဆင့် သွားရောက်ရကြောင်း သိရပါသည်။ ဘူးသီးတောင်ထောင်
မှာ ဘူးသီးတောင် မြို့နယ်နှင့် မောင်းတော မြို့နယ်အကြားတွင် တည်ရှိသည်ဟု
သိရပါသည်။ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်
အား နောက်ထပ် ပြစ်ဒဏ်များ ထပ်တိုးခြင်း ရှိ/မရှိ ကို လာရောက် ပြောဆိုခြင်း
မရှိသေးဟု သိရပါသည်။

No comments: