Feb 17, 2009

သမိုင်းပြဿနာအတွက် စာအုပ်တချို့

ရေးသူ- စစ်ငြိမ်းဒီရေ

ကျနော်ထံတွင် E- Books တချို့ရှိပါသည်။ ကျနော် ပြုလုပ်ထားခြင်း မဟုတ်ပါ။
ဟိုနေရာ၊ ဒီနေရာတို့မှ ရှာဖွေပြီး ဒေါင်းလုပ် (Download) လုပ်ထားခြင်းဖြစ်
ပါသည်။ E-Books လုပ်သူတို့အား ကျနော် အားမပေးပါ။ သို့သော် သူတို့
အဲလို လုပ်၍သာ ကျနော်တို့ အခမဲ့ ဖတ်ခွင့်ရခြင်း ဖြစ်ပါသည်။ မူပိုင်ခွင့် ကိစ္စ
များ ဖြစ်လာလျှင် ပြဿနာသည် ရှုပ်သထက် ရှုပ်သွားနိုင်ပါသည်။ တချို့ပြဿနာ
များသည် စာအုပ် အကိုးအကားနှင့် ရှင်းပြမှ ရသော အခြေအနေများအထိ
ဖြစ်လေ့ ရှိပါသည်။

ဥပမာ- လူမျိုးရေး ပြဿနာများ၊ ဘာသာရေး ပြဿနာများ၊ သမိုင်းအစဉ်အလာ
နှင့် စပ်နွယ်သည့် အရေးကိစ္စများ၊ အခြေချ နေထိုင်မှုများ။

ဒုတိယ ဥပမာ ….
ကုန်းဘောင်ခေတ်၏ ဘကြီးတော်ဘုရားဟု ခေါ်သည့် ဘုရင်လက်ထက် အထိ
ကျနော်တို့နိုင်ငံ၏ အကျယ်အ၀န်း သို့မဟုတ် ကျနော်တို့ အမျိုးသားအင်ပါယာ
တွင် အာသံ၊ မဏိပူရ၊ ကပ်ချာ၊ ဂျိန်းတိယ၊ စစ်တကောင်းနယ်တို့ ပါဝင်ခဲ့ပါသည်။
ဒါဆို … ဒါဆိုရင် အဲဒီနယ်သားတွေရဲ့ ဘိုးဘွားတွေက ကျနော်တို့ဘိုးဘွားတွေနဲ့
ဆွေမျိုးသားချင်း တော်စပ်ကြပါသလား။ သူတို့ရဲ့ ရှုပ်ထွေးပွေလီတဲ့ ယဉ်ကျေးမှုတွေ၊
အမျိုးသားရေး ရေသောက်မြစ်တွေနဲ့ သမိုင်းမော်ကွန်းတွေရော ကျနော်တို့ ကင်း
ဝေးအောင် နေလို့ ဖြစ်နိုင်ပါ့ မလား။ အဲဒီဒေသတွေက ယနေ့ခေတ်မှာ အိမ်နီးချင်း
နိုင်ငံတွေက ပိုင်ဆိုင်သွားကြပါပြီ။ သူတို့ဟာ သူတို့ကိုယ် သူတို့၊ ကျနော်တို့ရဲ့
အဆက်အနွယ်လို့ ပြောခဲ့ရင်၊ အဲဒီပြောစကားကို မဟုတ်ပါဘူးလို့ ဘယ်လို
ငြင်းမလဲ။ ပထ၀ီနိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ ဂျီအိုပေါ်လက်တစ်မှာပဲ ဖြစ်ဖြစ်၊ သူတို့
နဲ့ ကျနော်တို့ရဲ့ သွေးမျိုးဆက်အဟောင်းသည် အရိပ်တစ်ခုတည်းအောက်မှာ
အတူတူ အသက်ရှင်နေထိုင် ခဲ့ကြဖူးပါတယ်။ သို့ပေမဲ့ ဦးနုခေတ် ကျနော်တို့
နိုင်ငံ ကောင်းစားစဉ်က တဖက်နိုင်ငံများ၏ ဆင်းရဲသားအလုပ်သမား မိသားစု
များရဲ့ တရားမ၀င် ၀င်ရောက်မှုကိုတော့ တားဆီးခဲ့တဲ့ သဘောတွေ ရှိခဲ့ပါတယ်။
အဲဒီ တရားမ၀င် ၀င်ရောက်မှုကနေ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား ရခဲ့သူတွေ
လည်း အမြောက်အများ ရှိခဲ့ဖူးပါတယ်။ သို့ပေမဲ့ တရားဝင်မှု ရှိ၊ မရှိ ဆိုတာကို
ဆင်းရဲသား အလုပ်သမားများ နေရပ်ဒေသ ရွေ့ပြောင်းမှုနဲ့ တိုင်းတာ စစ်ဆေး
သင့်ပါသည်။

တတိယ ဥပမာ …..
၁၉၆၀ ခုနှစ် ဇန်န၀ါရီလ အတွင်း ကျနော်တို့ မြန်မာနိုင်ငံက အိမ်နီးချင်း တရုတ်
ပြည်သူ သမ္မတနိုင်ငံကို ဒေသတချို့ ပေးခဲ့ရပါတယ်။ ကန်ဖန်၊ ဂေါ်လန်၊ ဖီမေါ်
အစရှိတဲ့ ကချင်ပြည်နယ်က ဒေသ သုံးခု။ ပန်ဟုံ၊ ပန်လောင် အစရှိတဲ့ ရှမ်းပြည်နယ်
က ဒေသ နှစ်ခုတို့ ဖြစ်ပါတယ်။ အဲဒီတုန်းက ပေးခဲ့ရတဲ့ သမိုင်းသည် မှန်သလား၊
မှားသလား ဆိုတာ ဒီနေ့ခေတ်မှာ ဝေဖန်ဖို့ ပြဿနာ အခက်အခဲတွေ ရှိပါတယ်။
စာပေ အကိုးအကားနဲ့ အထောက်အထားတွေ လိုပါတယ်။ ကျနော့်ဆီမှာလည်း
အချက်အလက်များများ မရှိပါ။

bb0sz1.jpg

အထက်ပါ သမိုင်းဆိုင်ရာ ပြဿနာများကြောင့် ရှေးခေတ် မြန်မာ့ နန်းတွင်း၏
အဖြစ်အပျက်များကို လေ့လာချင်သူအချို့ လေ့လာနိုင်ရန် ဆရာမကြီး
ဒဂုန်ခင်ခင်လေး၏ “ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး” စာအုပ်ကို ဖတ်ရူစေချင်ပါတယ်။
ဒီနေရာမှာ အပိုင်း(၁) Download နှင့် အပိုင်း(၂) Download ယူပါ။

(မှတ်ချက်။ ။Zip ဖိုင် ဖြစ်သောကြောင့် ကြော်ငြာအကွက်ပေါ်လျှင် ပိတ်လိုက်ပါ၊
အောက်မှာရှိတဲ့ Pdf ကို left click နှစ်ချက် နိုပ်လိုက်လျှင် ပွင့်ပါတယ်။)

စာပေသဘောတရားများ အကြောင်း ရေးထားတဲ့ ကွယ်လွန်သူ ဆရာမြသန်းတင့်
၏ “ပီကာဆို၏ ပဉ္စလက်မီးအိမ်” စာအုပ်ကိုလည်း ဖတ်ရူစေချင်ပါတယ်။
ဒီနေရာမှာ Download ယူပါ။

(Download ချလို့ အခက်အခဲဖြစ်နေသူများ အီမေးလ်ကို ဆက်သွယ်ပါ။
ko.aungdk@gmail.com )

(ဤမျှသာ။)

4 comments:

Welcome said...

အစ်ကိုရေ ဒေါင်းတာ access denied ဖြစ်နေပါရဲ့။

မမသီရိ said...

ဝေး...ကျေးဇူးတင်လိုက်တာ...
စာအုပ်တွေ က ခုတလော ဈေးကြီးတာ တမျိုး
ရှာရခက်တာ တမျိုး

ဝေမျှပေးတာ ကျေးဇူး ကမ္ဘာ နော်.. ကိုအောင်ရေ...

လင်းထက် said...

စာအုပ်တွေ ဝေမျှပေးတာ ကျေးဇူး ကိုအောင်ရေ..။

ကလူသစ် said...

e book လုပ်တဲ့သူက လုပ်ပြီးနေမှ၊ ကိုယ့်ဆီမှာလဲ download လုပ်ပြီးနေမှ မထူးပါဘူး။ မျှလိုက်ပါဗျာ။ တချို့စာအုပ်တွေက ရှားပါး၊ တချို့တွေက ရောက်နေတဲ့နေရာမှာ အလွယ်တကူဖတ်ဖို့ မလွယ်။ ဒါလေးတွေလဲ ရှိသေးတယ်မဟုတ်လား။ နောက်ပြီး အင်တာနက်သုံးပြီး e book ရှာဖတ်နေသူက နဲနဲလေးပါ။ print ထုတ်ပြီး ပြန်ရောင်းစားနေတာမှ မဟုတ်တာပဲ။ ကောင်းတော့ မကောင်းဘူးပေါ့လေ။ ငွေကြေးအားဖြင့်တော့ စာရေးဆရာ၊ ထုတ်ဝေသူ အတွက် အရမ်းကြီး နစ်နာမယ်မထင်ပါဘူး။