Feb 8, 2009

ရက်ရာဇာ

အိပ်ယာအတုပေါ်က
မီးခိုးထုတ်သူများ
…..
ငါ့ပင်လယ်က တော်တော်ကြီးတယ် ….
ငါ … လွှင့်တင်ခဲ့တဲ့
မီးပုံးပျံတွေ
မိုးပျံပူဖောင်းတွေ
စွန်တွေ
….. တွေလည်း
ကံစမ်းမဲနဲ့ လွဲချောသွားတော့
............
သူတို့မရှုံးခဲ့ …
ငါလည်း မရှုံးခဲ့ …
သိတဲ့လူတွေ မှားတတ် … ။

ငါသာ
အုတ်နီခဲ တစ်ခဲဆိုရင်
ဘုရားကျောင်းကန်လည်း ဖြစ် …
မင်းအတွက်
ရေချမ်းစင်လည်း ဖြစ် …
သူ့ဖို့
အုတ်ဂူ လှလှလေးလည်း ဖြစ် …
ရပ်လိုက်ပြီ ဒီနေရာမှာ .....
ကံဇာတ်ဆရာရေ
တစ်၊ကိုး၊ကင်း မှတ်တိုင်ကျော်ပြီလား
မြို့နဲ့ဝေးရင်
အနုကြမ်းစီးမယ်။

ဒို့ရဲ့ ပေပေပွပွ နေ့ရက်များ
အိမ်မက်ထဲမှာ ရွှေထီးဆောင်းတယ်
အလှူအိမ်သွားပြီး ဖိနပ်လဲတယ်
အလကားရရင် လျက်ဆားလျက်တယ်
ဓါတ်လှေကားထဲ လေလည်မိတယ်
ကားခိုးစီးတော့ အချစ်နဲ့တွေ့တယ်
..….. မှာ
“ပေါ့ကျ” ကြိုက်သူများ
အိမ်မပြန်ခင် ကျွန်တော့်အတွက်
ယတြာချေဖို့ အတိတ်စိမ်းပေးပါ။ ။

-စစ်ငြိမ်းဒီရေ

7 comments:

ဆောင်းယွန်းလ said...

ငါသာ
အုတ်နီခဲ တစ်ခဲဆိုရင်
ဘုရားကျောင်းကန်လည်း ဖြစ် …
မင်းအတွက်
ရေချမ်းစင်လည်း ဖြစ် …
သူ့ဖို့
အုတ်ဂူ လှလှလေးလည်း ဖြစ် …
ရပ်လိုက်ပြီ ဒီနေရာမှာ .....
ကံဇာတ်ဆရာရေ
တစ်၊ကိုး၊ကင်း မှတ်တိုင်ကျော်ပြီလား
မြို့နဲ့ဝေးရင်
အနုကြမ်းစီးမယ်။
ရက်ရာဇာရောက်ဖို့.ဘယ်လောက်ကြာဦးမည်မသိ
ကဗျာကောင်းတယ်ကိုအောင်ရေ..အားပေးနေပါတယ်..
အဆင်ပြေရင် ကဗျာလေးတွေဆက်ရေးပါဦး....

Nyein Chan Aung said...

ငါသာ
အုတ်နီခဲ တစ်ခဲဆိုရင်
ဘုရားကျောင်းကန်လည်း ဖြစ် …
မင်းအတွက်
ရေချမ်းစင်လည်း ဖြစ် …
သူ့ဖို့
အုတ်ဂူ လှလှလေးလည်း ဖြစ် …
ရပ်လိုက်ပြီ ဒီနေရာမှာ .....
ကံဇာတ်ဆရာရေ
တစ်၊ကိုး၊ကင်း မှတ်တိုင်ကျော်ပြီလား
မြို့နဲ့ဝေးရင်
အနုကြမ်းစီးမယ်။

ဒီအပေါ်ပိုဒ် ကြိုက်တယ်။

ဒို့ရဲ့ ပေပေပွပွ နေ့ရက်များ
အိမ်မက်ထဲမှာ ရွှေထီးဆောင်းတယ်
အလှူအိမ်သွားပြီး ဖိနပ်လဲတယ်
အလကားရရင် လျက်ဆားလျက်တယ်
ဓါတ်လှေကားထဲ လေလည်မိတယ်
ကားခိုးစီးတော့ အချစ်နဲ့တွေ့တယ်
..….. မှာ
“ပေါ့ကျ” ကြိုက်သူများ
အိမ်မပြန်ခင် ကျွန်တော့်အတွက်
ယတြာချေဖို့ အတိတ်စိမ်းပေးပါ။ ။

ဒီအပိုဒ်လည်း ကြိုက်တယ်ဗျာ။ အားပေးလျှက်ပါ။ ကဗျာတွေလည်း အချိန်ရရင်ရေးပါ။

BLACK DREAM said...

စိတ်မကောင်းပါဘူး ကျွန်တော်က ကျစိမ့် :)

မမသီရိ said...

အနုကြမ်းတော့ မစီးပါ နဲ့ ရှင်...
......................
ဒို့ရဲ့ ပေပေပွပွ နေ့ရက်များ
အိမ်မက်ထဲမှာ ရွှေထီးဆောင်းတယ်
အလှူအိမ်သွားပြီး ဖိနပ်လဲတယ်
အလကားရရင် လျက်ဆားလျက်တယ်
ဓါတ်လှေကားထဲ လေလည်မိတယ်
ကားခိုးစီးတော့ အချစ်နဲ့တွေ့တယ်
.............................
အင်း...

Myo Win Zaw said...

တစ်ကိုး အပြီးပေါက်ပေါ့ ကင်းကတော့ မသိဘူး ကြိမ်းသေတာတော့ ကဗျာကောင်းတစ်ပုဒ်ဆိုတာရယ် နမိတ်ပုံတွေကြွရွနေတယ်

လင်းထက် said...

ကိုယ့်ကိုယ် ကိုအုတ်နီခဲလေး နဲ့နှိုင်းပြ သွားတဲ့ အပိုဒ်ကတော့ လန်းတယ် ကိုအောင်ရေ..

ဒေါင်းမင်း said...

ငါသာ
အုတ်နီခဲ တစ်ခဲဆိုရင်
ဘုရားကျောင်းကန်လည်း ဖြစ် …
မင်းအတွက်
ရေချမ်းစင်လည်း ဖြစ် …
သူ့ဖို့
အုတ်ဂူ လှလှလေးလည်း ဖြစ် …
ရပ်လိုက်ပြီ ဒီနေရာမှာ .....
ကံဇာတ်ဆရာရေ
တစ်၊ကိုး၊ကင်း မှတ်တိုင်ကျော်ပြီလား
မြို့နဲ့ဝေးရင်
အနုကြမ်းစီးမယ်။

....
အကြိုက်ဆုံးပဲဗျာ..အဲဒိအပိုဒ်းလေးကို
ကိုအောင်ကတောရေးလိုက်ရင်ရှယ်ပဲ
အားပေးနေတယ်အကိုရေ..