Feb 13, 2009

ဒိန်းမတ်က မြန်မာပြည်သားတွေ ဘာလုပ်နေလဲ ???

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံ ၀န်ကြီးချုပ်က ပထမ အလွတ်သဘော အနေနဲ့ မြန်မာနိုင်ငံကို
စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ပြန်ရုတ်သိမ်းဖို့ ပြောပါတယ်။ ယခုနောက်
တစ်ကြိမ် ပါလီမန်မှာ အဆိုတင်သွင်းမယ်လို့ ထပ်ပြောနေပါတယ်။

ဒိန်းမတ်နိုင်ငံ အတွင်းမှာ နေထိုင်တဲ့ မြန်မာပြည်က လာတဲ့သူများလို့ ခေါင်းစဉ်
တပ်ထားတဲ့ လူပုဂ္ဂိုလ်များက ယနေ့အချိန်ထိ ယင်းကိစ္စနဲ့ ပက်သက်ပြီး တစုံတရာ
တုန့်ပြန့်မှု မတွေ့ရသေးပါဘူး။ အဖွဲ့အစည်းအနေနဲ့ ကြေညာဖွဲ့စည်းထားတဲ့
အဖွဲ့အစည်းများလည်း တစုံတရာ တုန့်ပြန့်မှု မတွေ့ရသေးပါဘူး။ ဒီလိုဆိုရင် ….
ဒီလိုဆိုရင် ….

နိုင်ငံရေး ဒုက္ခသည်များ၊ နိုင်ငံရေး ဒုက္ခသည် မိသားစုများ၊ နိုင်ငံရေးကြောင့် စွန့်ခွာ
ထွက်ပြေးလာကြသူများ၊ ဘာသာရေး ဒုက္ခသည်များ၊ လူမျိုးရေး ဒုက္ခသည်များ၊
ဒေသအတွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် လာရောက်ကြသူများ၊ ဒိန်းမတ်
နိုင်ငံအတွင်းသို့ ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်ပြီး ခိုလှုံခွင့်လျှောက်၍ နေထိုင်သူများ
ဘယ်လို အလုပ်တွေများပြီး ဘာတွေ ဖြစ်ပျက်နေသလဲလို့ မေးဖို့ ဖြစ်လာပါပြီ။

မြန်မာနိုင်ငံမှာ …. …. …
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံနေရဆဲပါ ….
နှစ်ရှည်ထောင်ဒဏ်များနဲ့ မတရားအပြစ်ပေးခံရတဲ့ အကျဉ်းသားအမြောက်အများပါ ….
နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမြောက်အများပါ ….
နာဂစ်မုန်းတိုင်းအပြီး နိုင်ငံတကာရဲ့ အကူအညီတွေကို ရသင့်တာာထက် လျှော့နည်းပြီး
ရနေကြတဲ့ ဒုက္ခသည် ပြည်သူတွေ အမြောက်အများပါ ….
စစ်အစိုးရရဲ့ စီမံကွပ်ကဲမှု ညံ့ဖျင်းလို့ အိမ်နီးချင်းနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ရွေ့ပြောင်း၊
ထွက်ခွာ အလုပ်လုပ်နေကြတဲ့ ပြည်သူတွေ အမြောက်အများပါ ….
ပြည်တွင်းစစ်ကြောင့် မိမိတို့ နေထိုင်ရာ ရပ်ရွာကို စွန့်ခွာပြီး တောထဲမှာ အနေဆင်းရဲ၊
အစားဆင်းရဲနဲ့ ပုန်းရှောင်နေရတဲ့ ရွာပုန်းရွာရှောင် စစ်ပြေးပြည်သူတွေ အမြောက်
အများပါ …..

အဲဒီလို … အဲဒီလို အဖြစ်အပျက်တွေ ရှိနေ၊ ဖြစ်နေတာတွေ ကြားက လက်ရှိဒိန်းမတ်
အစိုးရရဲ့ ၀န်ကြီးချုပ်က နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ရုတ်သိမ်းပြီး
အပြုသဘော ဆက်ဆံရေးကို ထူထောင်မယ်ဆိုတာ စိတ်ကူးယဉ်တာလား၊ အုတ်နံရံ
နဲ့ စကားပြောဖို့ စတိုင်သစ်ထွင်တာလား ….???

ဒိန်းမတ်ရောက် မြန်မာပြည်သားတွေအနေနဲ့ ကိုယ့်ဘ၀ကို ပြန်လည် ထူထောင်နေကြတာ
မပြီးဆုံး သေးဘူးလား … ???
ကိုယ့်အချင်းချင်း အမြင်မကြည်လင်မှုတွေ မပြီးဆုံးသေးဘူးလား …. ???
ကိုယ့်အယူဝါဒ ကိုယ့်ဆန္ဒပဲ လုပ်ကြတော့မှာလား … ???
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို လှည့်မကြည့်တော့ဘူးလား … ???
ဒေါ်အောင်ဆန်းစုကြည်ကို မေ့သွားကြပြီလား …. ???
ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ် အစရှိတဲ့ တော်လှန်ရေးခေါင်း
ဆောင်တွေရဲ့ ပေးဆပ်ခဲ့မှုကို သတိရော ရကြသေးလား …. ???
တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်သူငယ်ချင်းတွေရဲ့
မျက်နှာတွေကို ပြန်မမြင်ရောင်တော့ဘူးလား …. ???

ကဲ့ ... ဗျာ …
အခု အချိန်ပိုင်း၊ ရက်ပိုင်းမှာ ဒိန်းမတ်အစိုးရကတော့ စစ်အစိုးရအပေါ် နိုင်ငံတကာရဲ့
စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့ ပါလီမန်မှာ အဆိုတင်းသွင်းမယ်တဲ့ ဗျာ။
ခင်ဗျားတို့ …
ခင်ဗျားတို့ …
တစ်ခုခုတော့ အမြန်ဆုံး လုပ်သင့်ပါပြီ။
အမြန်ဆုံး လုပ်သင့်ပါပြီ။

7 comments:

ကလူသစ် said...

စိတ်လျော့ပါဗျာ။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာနေမှာပါ။ အမတ်တွေအထိ ထိထိရောက်ရောက် ပေါက်ရောက်တဲ့သူရှိလားဗျ။ အဖွဲ့အစည်းတွေကရော လူတော်တော်များများကို စည်းရုံးထားနိုင်သလား။ တရားဝင်လွတ်လွတ်လပ်လပ် ဆန္ဒပြပွဲတွေ၊ ကန့်ကွက်ပွဲတွေ လုပ်ခွင့်ရှိလား။ ရှိရဲ့သားနဲ့ ဘာမှမလုပ်ရင်လဲ ဘာမှမလုပ်ဘူးလို့ မှတ်လိုက်ပေါ့ဗျာ။

ဆောင်းယွန်းလ said...

တိုင်ပင်ညှိနှိုင်းပြီး စုစုစည်းစည်းလုပ်ကြရင် ဖြစ်မှာပါကိုအောင်ရေ..ရှိတဲ့လူတွေဝိုင်းဝန်း ဆွေးနွေးပြီး
အဖြေရှာရင်တော့ အကောင်းဆုံးအဖြေတစ်ခုကိုတွေ့မှာပါ...

ကိုအောင်(ပျူနိုင်ငံ) said...

အကိုတို့ရေ ဒိန်းမတ်မှာ ဆန္ဒပြခွင့် ရှိပါ့ဗျာ။ ၀ါရင့်
ဒီမိုကရေစီနိုင်ငံကြီးပါ။ အခု ရဲပါမစ်တောင်းအခုရတယ်။
လူတွေသာ ... လူတွေသာ ...

mg kyi poae said...

ကိုအောင်ရေ.. ကန့်ကွက်ဖို့ဆိုတာကပေါ့နော်...ဟိုလေ.. ဘယ်လိုပြောရမလဲဆိုတော့ပေါ့နော်.. ဟင်းဟင်း.. ပေါ့နော်.... ခစ်ခစ်..အဟွင်းဟွင်းပေါ့နော်...ပြောတော့လည်းပြောချင်တာပေါ့နော်.. ဒါပေမဲ့ပေါ့နော်..

ourstream said...

အရေးကြီးတာ ကိုယ့်လူမျိုးတွေ စားဝတ်နေရေးကအဓိက

FreedomFighter88 said...

စီးပွားရေးပိတ်ဆို့ မူ့ ကို မြန်မာပြည်သူတိုင်းလက်ခံကြ
တာမဟုတ်ဘူး ကိုအောင်ရေ့ ။ အဲဒီဒိန်းမှာရှိတဲ့မြန်မာ
ပြည်သားတွေတော့မပြောတတ်ဘူး USA မှာအဲဒီကိစ္စနဲ့ 
ပတ်သက်ပြီးအချင်းချင်းသဘောထားကွဲလွဲမူ့ တွေ
တော်တော်ဖြစ်ပြီးကွဲကြတာတွေရှိတယ်။ တချို့ ကစီးပွား
ရေးပိတ်ဆို့ မူ့ ကြောင့်မြန်မာပြည်သူတွေအလုပ်လက်မဲ့
ဖြစ်ပြီးငတ်ကြတာပဲရှိတယ်စစ်အစိုးရကိုဘာမှမထိခိုက်ဘူး
ဆိုတာတွေရှိသလို စီးပွားရေးပိတ်ဆို့ မူ့ ကြောင့်စစ်အစိုး
ရရဲ့ အုပ်ချုပ်မူ့ ယန္တယားကိုထိခိုက်နိုင်တဲ့နိုင်ငံရေးထိုးနှက်
မူ့ တခုလို့ ယူဆကြတယ်။
ဘယ်သူမှန်လဲဆိုတာကတော့ ပြည်တွင်းကလူတွေရဲ့ 
အများစုသဘောထားပေါ်မှာမူတည်မယ်ထင်တယ်။

mamalay said...

FreedomFighter88 ပြောတာ
ကျမလဲ ထောက်ခံ တယ်..
အဲဒီစီးပွားရေးပိတ်ဆို မှု ဆိုတာ ကြီး က အမှန် တကယ် ထိရောက်ရဲ့လား လို့
ပြန် သုံးသပ်သင့်ကြပြီ ထင်ပါတယ်..