Feb 21, 2009

မထူးဇာတ် (၁)



ဒီမှာ မိတ်ဆွေ ….
လောကကြီးမှာ မနေချင်လို့
သေမယ်ဆိုရင်လည်း
ကျွန်တော့်ကို ဖြစ်ဖြစ်
ဗိုလ်သန်းရွှေကို ဖြစ်ဖြစ်
အဖော်ခေါ်သွားပါ
တစ်ယောက်တည်းတော့ မသွားနဲ့
................
ပုံ
မှတ်ချက်
ကဗျာ့ ဥပဒေသ
ကဗျာကို ဘာသာမပြန်ရ။ ။

- စစ်ငြိမ်းဒီရေ

9 comments:

ဆောင်းယွန်းလ said...

တန်ဖိုးရှိတဲ့သူကိုတော့ မခေါ်သွားပါဘူး...ဗိုလ်သန်းရွှေကိုပဲ ခေါ်သွားမှာပေါ့ဗျာ....


ကဗျာကြိုက်တယ် ကိုအောင်ရာ....

TNS said...

ဟေးးးးးးးးးးးးးးး ကိုအောင်
မဖြစ်မနေမို့ သေရမယ်ဆိုတောင်...
အဲဒီ ငနာကြီးနဲ့ တော့ မသွားချင်ဘူး...
မျက်နှာငယ်တယ်...
ကိုအောင်ဆို...တော်သေး။

အောင်သာငယ် said...

တမတ်စေ့နဲ့ လဲရမှာပေါ့လို့ ဘာသာ မပြန်တော့ပါဘူး...း)

Nyein Chan Aung said...

လက်သံပြောင်လှချေလားဗျာ။ ကိုအောင်တို့သွားရင် ကျနော်လည်း လိုက်ခဲ့ချင်တယ်ဗျို့..

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်ကဲ့ ကျနော့်ကဗျာလေးကို ကြိုက်တယ်လို့ အားပေး
တဲ့ ကျနော့်ညီအကိုတွေကို ကျေးဇူးတင်ပါတယ်။ ကဗျာ
နဲ့ ဓါတ်ပုံရယ်၊ ရေးသူနေရာမှာ မူရင်းအတိုင်း ကျနော့်
အမည်ရယ် ဖော်ပြပေးမယ်ဆိုရင် ထပ်ဆင့်ဖော်ပြလို့
ရပါတယ် ခင်ဗျာ။ ကျေးဇူးပါ။

မမသီရိ said...

စိတ်ကြီး လှချည်လား ကိုအောင်ရဲ့...း)

မေဓာဝီ said...

ကိုအောင် (ပျူနိုင်ငံ) ရဲ့ မထူးဇာတ် ရှိမှန်း ကျမ မသိလို့ ရှင့်။
ခေါင်းစဉ်ချင်း တူသွားတယ်။ စိတ်မရှိပါနဲ့နော် ...။

ကိုအောင်(ပျူနိုင်ငံ) said...

ရပါတယ် အမ၊ ခေါင်းစဉ်အမည်တူတာလေးပါ၊ ကော်မန့်
လာရေးသွားတဲ့ အတွက် ကျေးဇူး အမ။

စာချစ်သူ said...

ဒီလိုကဗျာမျိုးမှ ကဗျာ လို့သတ်မှတ်ရမှာ။ ကြိုက်တယ်ဗျာ... ကဗျာ့ဥပဒေကို ဘာသာမပြန်ရတဲ့..။ အားပေးတယ်