Feb 17, 2009

ဆရာမြသန်းတင့် ကွယ်လွန်ခြင်း (၁၁)နှစ်ပြည့်



တင်ပြသူ- စစ်ငြိမ်းဒီရေ

“မြေ၀သုန်ရေ
ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို
ဆီးကြိုပေတော့”
(အော်ဒင်)

ဤနေ့ ဤရက် (၁၈-၂-၂၀၀၉)နေ့သည် အမျိုးသား စာပေပညာရှင်
ဆရာမြသန်းတင့် ကွယ်လွန်ခဲ့သည်မှာ (၁၁) နှစ်ပြည့်မြောက်ခဲ့ပါပြီ။
ခေတ်သစ်စာပေအပေါ်တွင် သြဇာကြီးမားစွာ ကိုယ်ကျိုးစွန့် အနစ်နာ
ခံ၍ ဦးဆောင်ဦးရွက်ပြုခဲ့သော စာပေဖခင် တစ်ဦးဖြစ်သည့်
ဆရာမြသန်းတင့်သည် ၁၉၉၈ ခုနှစ် ဖေဖ်ါဝါရီလ (၁၈) ရက်နေ့တွင်
ကွယ်လွန်ခဲ့ပါသည်။ ဆရာမြသန်းတင့်သည် အမှောင်လွှမ်းသော
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေါ် မ.ဆ.လ ခေတ်ဆိုးအောက်တွင်
အားမာန်သစ် တို့ကို သယ်ဆောင်ပေးခဲ့သော ပြည်သူတို့၏ အသဲစွဲ
အမျိုးသား စာပေ ပညာရှင် တစ်ဦး ဖြစ်ပါသည်။ ယနေ့ခေတ် အာဏာသိမ်း
စစ်အစိုးရ လက်ထက်တွင်လည်း ပြည်သူတို့အတွက် တန်ဖိုး
မြင့်မားလှသည့် စာပေ အလင်းရောင် တစ်ခုပင် ဖြစ်ခဲ့ပါသည်။

(စာရေးဆရာ ၀င်းငြိမ်း၏ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ သို့မဟုတ်
မြသန်းတင့်နှင့် တွေ့ဆုံခြင်း စာအုပ်မှ- စာမျက်နှာ-၂၆ မှ ၃၃ အထိ)

m41.jpg

m42.jpg

m43.jpg

m44.jpg

m45.jpg

m46.jpg

m47.jpg

m48.jpg

m50.jpg

(ဆရာမြသန်းတင့် ရေးသားပြုစုခဲ့သော စာအုပ်တချို့၏ မျက်နှာဖုံးများ။)

m51.jpg

m52.jpg

m53.jpg

m54.jpg

m55.jpg

m56.jpg

m57.jpg

m58.jpg

m59.jpg

m60.jpg

m61.jpg

(မှတ်ချက်။ ။မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ဆရာမြသန်းတင့်၏ ကျန်ရစ်သူ
မိသားစုနှင့်တကွ စာရေးဆရာ ဦးဝင်းငြိမ်းတို့အား ရိုသေစွာ တောင်းပန်
အပ်ပါသည်။ …. ကိုအောင် (ပျူနိုင်ငံ)… )

(ဤမျှသာ။)

5 comments:

ဆောင်းယွန်းလ said...

ဆရာမြသန်းတင့် ကွယ်လွန်ခဲ့တာ အဖိုးမဖြတ်နိုင်တဲ့
ဆုံးရှုံးမှုတစ်ခုပါဗျာ...
စာတွေလာဖတ်သွားပါတယ် ကိုအောင်ရေ..မျှဝေမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ....

Welcome said...

အမှတ်တရ ဖြစ်စေတဲ့အတွက်
ဂုဏ်ယူစွာဖြင့် ဂါရ၀ ပြုအပ်ပါတယ်။

--
wzwinzaw@gmail.com ပါ
မနေ့က e-Book ဒေါင်းမရခဲ့လို့ပါ။

မမသီရိ said...

စာမျက်နှာတွေ အကုန်လုံး မမြင်ရဘူး..
ကျမ ရဲ့ connection ကြောင့် ပဲလား..
ကိုအောင့် စာမျက်နှာများ ..တစ်ခုခု ဖြစ်နေသလား မသိ.. refresh လုပ်တော့လဲ ဒီအတိုင်း....
ဒါပေမဲ့ ဒီအမှတ်တရ..စာ အတွက် ကျေးဇူးပါ..

ဒါနဲ့ စကားမစပ်..
ဆရာကြီး မင်းသုဝဏ် နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာ
ရှားပါး စာပေတွေ များ ကိုအောင့် ဆီ ရှိနေသေးလား..
ရှားရှားပါးပါး တွေ ရှိတတ်လို့ မေးကြည့်မိတာပါ..
ဒီလ က ဆရာကြီး ရဲ့ နှစ်၁၀၀ ပြည့် မွေးလ လေ..
ရှိရင်..တစ်ခုခု လေး လုပ်ပါ အုံး.....

ခင်မင်လျက်

Nyein Chan Aung said...

ဆရာမြသန်းတင့်ဟာ တန်ဖိုးကြီးတဲ့ ပညာရှင်တစ်ယောက်ပါပဲဗျာ။ အခုလို အမှတ်တယ တင်ပေးတာ ကျေးဇူးကြီးပါတယ် ကိုအောင်ရေ။

ကိုရင်ညိန်း said...

ဆရာကြီးရဲ့ဈာပနပွဲတုန်းက ဆရာချစ်ဦးညိုက ငိုတယ်
“ ကျွန်တော့်မှာ အဖေနှစ်ယောက်ရှိတာ တစ်ယောက်တော့ သွားပြီး ” (သိပ်မတိကျနိုင်ပါ) တဲ့ ။ လောလောဆယ်တော့ အဲဒီဆုံးရှုံးမှုကို ဘယ်သူမှ အစားမထိုးနိုင်သေးဘူးဗျာ ။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ခုလို အလေးအမြတ်ပြုနေတဲ့သူတွေ
ရှိနေသေးသ၍ ဆရာကြီး ရှင်သန်နေဦးမှာပါ ။

ကျေးဇူးတင်ပါတယ် ။ အဆင်ပြေ ပျော်ရွှင်ပါစေဗျာ ။