Aug 3, 2009

ခုတလော (တဂ်လို့ ရေးတဲ့စာ)

တွေးနေမိတာက
(၁)နတ်တွေအကြောင်း
(မြန်မာပြည် ဒီလောက် ဒုက္ခရောက်နေတာတောင် မကယ်ကြဘူး။)
(၂)မြန်မာပြည်အတွက် ငါ ဘာလုပ်နိုင်သလဲ
(မတွေးလဲပဲ ရောက်ရောက်နေတယ်။)
(၃)ပင်စင်ယူချိန်အထိ လုပ်နိုင်မဲ့ အလုပ်
(ဟိုအလုပ် တန်းစီလိုက်၊ ဒီအလုပ် တန်းစီလိုက်။)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လောကကြီးမှာ “လောဘကြီးတဲ့သူတွေပဲ နေလို့ရတယ်” ဆိုတာ တကယ်
ပါလား။

ကျန်းမာရေး
ကောင်းပါတယ်၊ အသက်ကြီးလာတော့ ငယ်ငယ်ကလို မျောက်ရှုံးအောင်
ဆော့ခဲ့တာတွေ မြင်ယောင်နေတယ်။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
ဟိုစာအုပ် လှန်လိုက်၊ ဒီစာအုပ် လှန်လိုက်။
(ဆရာမြသန်းတင့်၊ ဆရာနတ်နွယ်တို့၏ စာအုပ်များကြား။)

ရောက်ဖြစ်နေတာက
ဖိုးထူးတို့အိမ် (လမ်းပဲခြားတယ်။)

ရေးဖြစ်နေတာက
ရေးလိုက် ပြင်လိုက် ဖျက်လိုက် ပြန်ရေးလိုက်ပဲ နည်းနည်းပါးပါးပါ။

နားထောင်ဖြစ်နေတာက
မနက်စောစော ကျနော့်မိန်းမ တရားယူနေကြ တရားခွေ။

ရွတ်နေမိတဲ့ ကဗျာက
“ယုတ်မာသောကမ္ဘာမြေ၏ ကျိန်စာတွေကို ဟားတိုက်ပြီး အိမ်သာတွေသာ
ဆောက်ပြစ်ချင်သည်”
(အချိုးမကျသေးသော ကျနော့် ကဗျာအပိုင်းလေးတစ်ခု။)

ဖြစ်ချင်နေတာက
အများကြီးဘဲ …..

သနားနေမိတာက
မိုးမရွာတာ သုံးလကျော်နေတဲ့ မြန်မာပြည်အထက်ပိုင်းက လယ်သမားတွေရဲ့
ဘ၀ ….

လွမ်းနေမိတာက
မြန်မာပြည် …..

မေ့လျော့ပစ်နေမိတာက
RC 2 က ပျော်ပွဲစားခရီး လွမ်းစရာတွေ ….

ခါးသက်နေမိတာက
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မျက်နှာ

တမ်းတနေမိတာက
အမေနဲ့ တူလေးတွေ၊ တူမလေးတွေ …..

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်နဲ့ သိပ်မရင်းနှီးသူများ ရေးသော စာပေလက်ရာများ

ကြိတ်ပြီးအထင်သေးနေမိတာက
မရှိသလောက်ပါပဲ (ဘယ်သူကိုမျှ လျှော့မတွက်ပါဘူး။)

ဆန္ဒမရှိတဲ့နေရာ
Bramming (လက်ရှိ ကျနော်ရောက်နေတဲ့ တောမြို့လေးပေါ့၊ လူဦးရေ သန်းနဲ့
ချီတဲ့ ရန်ကုန်တို့၊ ကွာလာလမ်ပူတို့ကနေ လူဦးရေ သုံးထောင် ပါတ်ဝန်းကျင်
လောက် ရှိတဲ့ မြို့ ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ ခင်ဗျာ …. ။)

ဆန္ဒရှိနေတဲ့ကိစ္စ
များလွန်းအားကြီးတော့ ဘယ်ဟာ ပထမဆုံးလို့ ပြောဖို့ ခက်တယ်။

မုန်းတီးနေမိတာက
အာဏာရူးတွေကို ကာကွယ်ပေးနေတဲ့ ကံကြမ္မာ

ချစ်နေတာက
အိမ်က မိန်းမ

စိတ်ပျက်နေမိတာက
ကုလသမဂ္ဂ

စွဲလန်းနေမိတာက
ဂျက်ဆင်ရှေ့က ကြံရည်ဆိုင်။

လိုအပ်နေတာက
ထီ ပေါက်ချင်တယ်။

တောင်းနေမိတဲ့ဆု
ထီ ပေါက်ပါစေ။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငါနဲ့မတူ ငါ့ရန်သူ အယူအဆ ကျဆုံးပါစေ ….

ဝန်ခံချင်တာက
ကိုအောင်သာငယ် တဂ်လို့ ရေးတာပါ။ မရေးရင် အကိုကြီး ကိုအောင်သာငယ်
စိတ်ဆိုးမှာဆိုးလို့ ….။

… ဆက်ပြီး တဂ်ချင်ပါသေးတယ် အဆင်ပြေမယ်ဆိုရင် ရေးကြပါ။ တခြား
အလုပ်တွေ များနေရင်တော့ ခွင့်လွှတ်ကြပါ။ မရေးဖြစ်လည်း ရပါတယ်။
ဘလော့ဂါ ညီအကို မောင်နှမ ရောင်းရင်းများ ဖြစ်ကြသော …
-ကိုငြိမ်းချမ်းအောင်
-မမေဓါဝီ
-Vigor (ကျနော့်ထက် အသက်ကြီးခဲ့ရင် ကန်တော့ဗျာ)
-Young Gun
-မမသီရိ တို့အား တဂ် ပါသည်။

7 comments:

အောင်သာငယ် said...

ချစ်နေတာက
အိမ်က မိန်းမ

ငါ့ညီကြီး အမြင်မှန်ရနေပြီ...း)

ရေးပေးတာ ကျေးဇူးပါ ညီလေး

မေဓာဝီ said...

ကိုအောင်ရေ ...
ရေးပေးပါမယ်ရှင့် ...
မေးခွန်းတွေက များလို့ စဉ်းစားကာ နေရအုံးမယ် :)

Vigor said...

Same thinking, same thoughts. Good writing & love it.
Thank you.;)

ဆောင်းယွန်းလ said...

အိမ်ကမိန်းမဖတ်ပြီးပြီဆိုရင်တော့
ကိုအောင်တယောက် ဒီအချိန်ဆိုရင်
ဟင်းကောင်းစားနေရလောက်ပြီ

မမသီရိ said...

ရေးပေးပါ့မယ် ကိုအောင်.
ခဏတော့စောင့်ပေးပါ
ကျမ အလုပ်လေးတွေ အတော့ကိုများနေလို့ပါရှင်

ကိုအောင်ရေးတာလေးတွေ ဖတ်လို့ကောင်းပါတယ်

Younggun said...

မြန်မာပြည် အလယ်ပိုင်းမှာ မိုးခေါ်ပွဲတွေ လုပ်နေသလောက်၊ ရန်ကုန်မြို့ကြီး ရေထဲမြုပ်နေတာ အံ့သြစရာ မဟုတ်တော့ပေမယ့် အသက် ၇၀ ကျော် တောင်သူကြီးတစ်ယောက်ရဲ့ ညိုးနွမ်းနေတဲ့ မျက်နှာ..အော် ဘယ်သူကူနိုင် ကယ်နိုင်ပါလိမ့် အစ်ကိုရာ။

ကလူသစ် said...

လူဦးရေ ၃၀၀၀ပဲရှိတော့ ပျော်စရာကောင်းတာပေါ့ဗျ။ ငြိမ်းချမ်းနေမှာပဲ