Aug 13, 2009

သန်းရွှေကြောင့် မိုးတွေခေါင်

ရေးသူ- စစ်ငြိမ်းဒီရေ

အောက်မြန်မာပြည် ရန်ကုန်မြို့တွင် မိုးများ နေ့စဉ်ဆိုသလို ဆက်တိုက်
ရွာသွန်းနေသော်လည်း အထက် မြန်မာပြည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း
တို့တွင် မိုးခေါင်နေသည်မှာ လေးလထဲသို့ ရောက်ရှိနေသည်ဟု သိရပါသည်။

ပြည်ပရောက် အထက်မြန်မာပြည်သား/သူ အပေါင်းတို့ ရေ ….
အဆင်ပြေမယ်ဆိုရင် ခင်ဗျားတို့ရဲ့မိသားစုနဲ့ ဆွေမျိုးညီအကို မောင်နှမ များကို
သတိရကြပါ။ တချို့ကျေးရွာများမှာဆိုရင် ကိုယ်ပိုင်လယ်ယာမရှိသော ဆင်းရဲသား
စာရင်းဌါးများမှာ အိမ်မွေး တိရစ္ဆာန် ဖြစ်သည့် ခွေး၊ကြောင်များကိုပင် သတ်ပြီး
စားနေရသည်ဟု ကြားနေရပါသည်။ ပဲမျိုးစုံ စိုက်ပျိုးသော ယာမြေအများစုသည်
ယခုအခါ လုံးဝ ပျက်စီး ဆုံရှုံးနေသည်ဟု သိရပါသည်။ ကိုယ်ပိုင် လယ်ယာမြေ
ရှိသူများပင် ၀မ်းစာ ပြဿနာ၊ အိမ်မွေး ကျွဲ၊နွား အစား အစာ ရှာဖွေရသော
ဒုက္ခများကို ခါးစီးပြီး ခံစားနေရပါသည်။ ကိုယ်ပိုင် လယ်ယာမြေ မရှိသော မိသားစု
များဆိုလျှင် ပြောဖွယ်ရာ မရှိ ဒုက္ခ အတိ ရောက်နေကြပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြင်ပသို့ ရောက်ရှိနေသော အထက် မြန်မာပြည်
သား/သူ အပေါင်းသည် မွေးရပ်မြေအပေါ် ငဲ့ညှာသနားသင့်ပါကြောင်း ...။

လူယုတ်မာ သန်းရွှေ၏ ထင်ရာစိုင်း စစ်အစိုးရကြောင့် သစ်တောအများအပြား
ပြုန်းတီးနေသော မြန်မာပြည်ရာသီဥတု၏ အနာဂတ်သည် စိုးရိမ်းဖွယ်ရာပင်။

No comments: