ရေးသူ- စစ်ငြိမ်းဒီရေ
၁၉၉၆ ခုနှစ် နွေရာသီတွင် ဖြစ်ပွားခဲ့သော ဇာတ်လမ်း တစ်ခု။
ရန်ကုန် သူနာပြုတက္ကသိုလ်၊ ပိတောက်ဆောင်သည် သူနာပြု ကျောင်းသူများသာ
သီးသန့် နေရသော အမျိုးသမီးအဆောင် တစ်ခုဖြစ်သည်။
စာသင်နှစ် နောက်ဆုံးစာမေးပွဲကြီးရှိသောကြောင့် လေးထပ်ကျောင်းဆောင် တစ်ခုလုံးရှိ
ကျောင်းသူများ အားလုံး အိပ်ခန်းအပြင်တွင်ရှိသော ကော်ရစ်တာ တလျှောက်တွင်
စုပေါင်း စာကျက်နေကြသည်။ အိပ်ခန်းများ အတွင်းတွင် စာမေးပွဲအပြီး အိမ်ပြန်ရန်
ထုတ်ပိုးထားသော အထုတ်အပိုးများဖြင့် အပြည့် ဖြစ်နေသည်။
အပေါ်ဆုံးထပ်တွင် နေထိုင်သော ကျောင်းသူ မ …. သည် သူမ၏ လက်ကိုင်အိတ်
ကို ခြင်ထောင်ကြိုးအတွင်း ချိတ်ဆွဲပြီး အခန်းထဲတွင် တစ်ဦးတည်း အိပ်စက်နေ၏။
ရန်ကုန် သူနာပြု တက္ကသိုလ် အနီးရှိ လမ်းမတော်မြို့နယ် …. ရပ်ကွပ်မှ မူးယစ်
ဆေးဝါး သုံးစွဲသူ သူခိုး မောင်….. သည် အိမ်သာပိုက်လုံးမှ တွယ်တက်၍ ကျောင်း
ဆောင် ပေါ်သို့ ရောက်ရှိခဲ့သည်။
သူခိုးသည် အိပ်ခန်းအတွင်းတွင် တွဲလောင်းကျနေသော လက်ကိုင် ပိုက်ဆံအိတ်
ကို ဖြုတ်ယူဖို့ အစွမ်းကုန် ကြိုးစားသောအခါ …
ခြင်ထောင်ကြိုးသည် လက်ကိုင်အိတ်၏ အတွင်းမှထိုးပြီး နံရံကို ချည်နှောင်ထားသည့်
အဖြစ်ကို သူခိုး ခမြာ မသိရှာခဲ့ …
ခြင်ထောင် တလှုပ်လှုပ် ဖြစ်နေသောကြောင့် ကျောင်းသူ မ….. က အိပ်ချင်မူးတူးဖြင့်
“ဟဲ့ …… ဘယ်သူလဲ” မေးသံ အဆုံး
လက်ကိုင်အိတ် ဖြုတ်မရ၍ ချွေးပြန်နေသော သူခိုးက တုန်တုန်ရီရီဖြင့်
“ကျနော် နော် နော် …. ကျနော်ပါ … အမ”
“ဟဲ့ …. နင် … နင် … သူခိုး … သူခိုး …. လာကြပါအုံး … သူခိုး …. သူခိုး”
သူခိုး သည် ခြေဦးတည်ရာ အခန်းအပြင်ဖက်သို့ ပြေးထွက်မိသည်။
အခန်းအပြင်ဖက် ကော်ရစ်တာတလျှောက်တွင် စာကျက်နေသော ကျောင်းသူ
ပေါင်းများစွာနဲ့ သူခိုးတို့ ထိပ်တိုက်တွေ့ကြတော့သည်။
သူခိုးလည်း လှေကားအတိုင်း အသည်းအသန်းဖြင့် အဆောင်၏ အောက်ဆုံးထပ်
ထွက်ပေါက်ရှိရာသို့ ဦးတည်ပြီး ပြေးလွှားသည်။
အထပ် လေးထပ်မှ ကျောင်းသူပေါင်း များစွာလည်း သူခိုးကို ညာသံပေး၍
နောက်မှ ပြေးလိုက် နေကြသည်။
ရှေ့ဆုံးတွင် ပြေးလွှားနေရသော တစ်ဦးတည်းသော သူခိုး ….
နောက်တွင် အသည်းအသန်း လိုက်လာကြသော ကျောင်းသူများ ….
ထိုအခိုက် သူခိုးသည် ဥာဏ်အလင်းတန်း တစ်ခုကို မမျှော်လင့်ပဲ ပိုင်ဆိုင်
သွားသည်။
….. ငါနောက်မှာ လိုက်လာတာက အမျိုးသမီးတွေ ပါလား …..
ရုတ်တရက် ရှေ့ဆုံးမှ တစ်ဦးတည်း ပြေးလွှားနေရသော သူခိုး၏ခါးမှ ပုဆိုးသည်
ကျွတ်ကျသွားသည် …. ခါးအောက်ပိုင်းတွင် အောက်ခံဘောင်းဘီနှင့် တူသော
အရာ မပါရှိ ….
သူခိုးနောက်မှ လိုက်လာသော ကျောင်းသူ အုပ်စုကြီးသည် အသံမျိုးစုံ
ထွက်၍ ရပ်တန့်သွားသည်။
“ဟယ် … ဟင် … အို … အမလေး …. သေနာ …. အယုတ်တမာ”
အဆုံးသတ်တွင် သူခိုးသည် လုံးဝ လွတ်မြောက်သွားသည်။
ထိုအဖြစ်အပျက်များ ဖြစ်ပွားအပြီးတွင် ရန်ကုန် သူနာပြုတက္ကသိုလ်
ပိတောက်ဆောင်၏ နံရံ တနေရာတွင် အောက်ပါ အတိုင်း ရေးသား
ထားသည်။
ကျေးဇူးပြု၍
မည်သည့် သူခိုးမဆို လေးစားလိုက်နာရမည်
အတွင်းခံ ဘောင်းဘီပါမှသာ အဆောင်ပေါ်သို့ တက်ခိုးခွင့်ရှိသည်
ပိတောက်ဆောင်
ရန်ကုန် သူနာပြု တက္ကသိုလ်
(မှတ်ချက်။ ။ကျွန်တော့်ဇနီးသည်၏ ပြန်လည်ပြောပြမှု။)
(ဤမျှသာ။)
14 comments:
ဒီကိတ်စက ဘယ်လိုဖြစ်ပြီး ကိုယ်တွေ့ဖြစ်ရပ် ဖြစ်ရတာတုံးဗျ ကိုအောင်ရ.. ရီရတာတော့ တကယ်ပဲ။
ကျေးဇူး ကိုငြိမ်းချမ်း၊ ကျနော်က “မှတ်ချက်” ထည့်ဖို့
မေ့သွားလို့၊ ပြန်ထည့် လိုက်ပြီ။
ဟ ဟသူခိုးရဲ့ဥာဏ်ကကောင်းသားပဲ။
သူနာပြုဆရာမတွေကလဲဂျာ…. ဆေးရုံမှာ ဒါမျိုး မမြင်ဘူးတာ ကျနေတာပဲ။
“မကြားဝံ့ရှေ့နေ… မမြင်ဝံ့ ဆေးဆရာ” ဆိုတဲ့ စကားပုံတောင် ရှိတယ်မို့လား။
ဒီသူခိုးမို့ ဒါမျိုး လုပ်ရဲတာဗျိုး။ အနော်သာဆိုရင် လုပ်ရဲဘူး။ မတော်လို့ ကပ်ကြေးနဲ့ ဖမ်းညှပ်နေရင် ကိုယ်ကျိုးနည်းမယ်…. သားသားကြောက်ကြောက်။
ဦး ဦးေ ပါ က ကြောက်တယ်တဲ့။ မီးကတော့မထင်.....
ရီရတယ် ဒီပို့ စ်က...
ဟီး... :D
ကျွန်တော် လာရောက် ရယ်သွားပါတယ်...
Good writing, fun..make me remember my hostel days in RIT.
:)
ရယ်ရတယ် ကိုအောင်။
သူခိုးက တင်္ခဏုပတ္တိဥာဏ် အကောင်းသား။
သူနာပြုဆရာမတွေရဲ့ ပြဋ္ဌာန်းချက်ကတော့ စံနမူနာပါပဲ။ :D
စာဖတ်သွားတယ် .... ဆရာမလေးတွေ ရုတ်တရက်မို့ ရှက်သွားတယ်ထင်တယ်။.. ဟတ်ဟတ် :)
ဘယ်လိုပြောရမလဲမသိဘူး သူခိုးက ဉာဏ်ကောင်းတာလား။ အဆောင်သူတွေထဲမှာ ယောက်ျားလျာ တစ်ယောက်လောက်ပါရင် မလွယ်ဘူးနော်။
အစ်ကို ရေ... အားရပါးရ အော်မရယ်ရတာကြာလှပြီ....။
အစ်ကို လည်း ထာဝရပျော်ရွှင်နိုင်ပါစေနော်
hehe :D
ကိုအောင်...
စစ်ဘောင်းဘီရှည် ၀တ်ထားတဲ့ 
သူခိုးကြီးတွေကို...
မြန်မာပြည်က အမျိုးသမီးရေးရာအဖွဲ့ နဲ့ 
ဝိုင်းဖမ်းခိုင်းရင်......
ဘယ်လိုနေမလဲဗျ...။
သူနာပြုတွေဖြစ်နေပြီးတော့........ဟင်း ဟင်း
မိအောင်ဖမ်းပြီး ဖြတ်လွှတ်လိုက်ရမှာဗျ ဟ ဟ
Post a Comment